ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, November 13, 2012

အင်တာနက် ဘာဖြစ်လို့ ဈေးသက်သာစေချင်လာလဲဆိုတော့

အင်တာနက် ဈေးသက်သာတာ က ဘာကို အကျိုးပြုမှာလည်းပေါ့

မိုဘိုင်းဖုန်း နဲ့ အင်တာနက် ဈေးသက်သာရင်

မြန်ပြည်ရှိ ပညာ ရှာလိုသူတွေ မြန်ပြည်မှာရော နိုင်ငံတကာမှာပါ ထဲထဲဝင်ဝင် ခြေဆန့် လို့ ရလာမှာပါ

မြန်ပြည်ပညာရေး အဆင့်တစ်ခု ကို လှမ်းဖို့ အတွက် ခြေလှမ်းဖြစ်လာမှာပါ။

နယ်တွေ မှာဆို ဆရာ မရှိလို့  မိမိဖာသာမိမိ စာအုပ် ကို နားလည်အောင်ကြည့် ကျက်ပြီး ၁၀ တန်းကို ၁၉၉၀ ခုနှစ်က ရွှေဂွန်း က ဒဿမတန်းကျောင်းသား RIT ကို ရောက်အောင် တစ်ချို့ ဘာသာရပ်တွေ ကို ကျက်မှတ်ရင်း အင်ဂျင်နီယာဖြစ်သွားခဲ့တာ အများထက် ပိုကြိုးစား ရတာပါ။သူငယ်ချင်း ရွှေဂွန်း ကို အမှတ်ရမိသေးတယ်။

ကိုယ်တိုင်လည်း ရေနံအင်ဂျင်နီယာနဲ့ ကျောင်းပြီးတော့ Master တန်းတတ်ချင်လို့  သွားမေးတော့ မိမိပိုက်ဆံနဲ့ ပဲဖြစ်ဖြစ် တတ်လို့ မရဘူးတဲ့ ။အစိုးရဝန်ထမ်းမဟုတ်ရင် မရဘူးတဲ့။

အဲဒီအချိန်မှာတစ်ချို့ တွေကတော့ နိုင်ငံတကာ မှာ မာစတာတန်းသွားတတ်ဖို့ သူ့ အဆက်အသွယ်နဲ့ သွားနေကြတာပေါ့။ သွားမေးလို့ ကတော့ နည်းလမ်းမပြောပြချင်ကျဘူးလေ။

အဲလိုနဲ့  ရေနံအင်ဂျင်နီယာ အလုပ် ကို မန်းရေနံမြေ မှာ နှစ်နှစ် အလုပ်လုပ်ပြီး  အင်တာနက် ကနေနေ စင်ကာပူ ကကျောင်း ကို စာရွက် တွေပရင့်ထုတ် အင်တာနက် ကစာတွေ ဖတ် ပြီး ကျောင်း အတွက် လျှောက် လိုက်တာ Master  တန်းတတ်ဖို့ ရလိုက်ပါတယ်။

မြန်ပြည် ခဏပြန်တော့ ကိုယ်လိုပဲ မာစတာတန်းတတ်ဖို့ အကြိမ်ကြိမ်ကြိုးစားရင်း     ကြိုးစားသူ နှစ်ယောက် ကို အင်တာနက်ကနေ ကျောင်းလျှောက်တာပြောပြရင်း သူတို့ လည်း နောက်တစ်တန်းမှာ မာစတာတန်းတတ်ခွင့်ရပြီး မာစတာ တွေ တောင်ပြီးသွားလို့  နိုင်ငံခြားမှာ အခြေချနေလေရဲ့ ။

အင်တာနက် မရှိလို့  မာစတာတန်း ကို ကျောင်းပြီးလို့  ၄နှစ်လောက်ကြာမှ တတ်လို့ ရပါတယ်။

အင်တာနက် ကနေ ကျောင်းသားတွေ စာတွေဖတ်လေ့လာမယ်ဆိုရင် အချိန်သက်သာ ပြီး အစစ အရာရာ အဆင်ပြေမှာပါ။

၁၀ တန်းကျောင်းသား တွေ ဆရာမရှိပေမဲ့ အင်တာနက်ဈေးသက်သာရင် စာ ကို ဘယ်လို ဖတ်လို့ လေ့လာလို့ ရမှာပါ။

မြန်မာပြည် က စကိုင်းနက်တောင် အင်တာနက် ရှိရင် ဘယ်နေရာမှာမဆို ကြည့်လို့ ရနေပါပြီ။

နယ်ဘယ်လောက်ဝေးဝေး အင်တာနက် ဈေးသက်သာ လာတာနဲ့ အမျှ ပညာတတ်တွေ ပညာလိုလားသူတွေ အတွက် အကောင်းဆုံး ဈေးသက်သာစွာနဲ့  ပညာဆည်းပူးလို့ ရနိုင်သောနေရာဖြစ်ပါတယ်။

ဖုန်းပြောတာတွေ ထက် ပညာရချင်သူတွေ အတွက် အရေးပါသော အရာတစ်ခု ဖြစ်ပြီး နိုင်ငံ အကျိုးပြုဖို့ က များသော အင်တာနက် ပါ...

ဒါကြောင့် အင်တာနက် ဈေးသက်သာ မှ မြန်ပြည် တိုးတတ်မှု ကို မြန်ဆန်စေမှာပါ။

မြန်ပြည်သားတိုင်းလက်ထဲ သတင်းအချက်အလက်တွေနည်းပညာတွေ လျင်မြန်စွာရောက်နိုင်ပါစေ။

ငဝန်နဒီ

No comments:

Post a Comment