ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, February 26, 2012

ဒေါင်ကြီး

အရင် ကတော့ သူ့ ကို ငပဲ့ လို့ ခေါ်ကြပါသည် အမည်ပြောင်ပေါ့...

နစ်နာစိတ် မကောင်းစိတ်တွေနဲ့ တော့ မဟုတ်ပါ...

ဒီလို နဲ့  သူတို့ တွေ ရေနံအင်ဂျင်နီယာ ဘာသာရပ်သင်ယူနေသူတွေ ဆိုတော့ စာမေးပွဲဖြေပြီးတာနဲ့  ချောက် ကို ဖီးလ် ဆင်းဖို့ သွားကြရပါတယ်..

အဲ ကိုရောက်တော့ ငပဲ့ က အရပ်ကမြင့်မြင့် နဲ့ ဆိုတော့ ဟိုကမိန်းကလေးတွေ က လှည့်ကြည့်လှည့်ကြည့် နဲ့ ဆိုတော့
ဘေးက သူငယ်ချင်းတွေ က ငပဲ့ ကို မင်းတော်တော် ဆော်ကြည်တာပဲ ပြောနေတုန်း

ကြည့်နေသောမိန်း ကလေးတွေ က အနားနားနီးလာတော့

ဟဲ့ ဒေါင်ကြီး ဟက်နေတာပဲနော်..

ငပဲ့လည်းသဘောတကျကျ နဲ့ ပေါ့

အဲလိုနဲ့ ဟိုမိန်းကလေး ကဆက်ပြောလိုက်တာကတော့

အယ်ဆေးရှင်း ကြီး ကြနေတာပဲနော်တဲ့

ငပဲ့လည်း မြန်မြန်ပြန်လာတော့ ဘေးက သူငယ်ချင်းက အဲတာကိုပါကြားတော့...

သူငယ်ချင်းတွေလည်းစုံရော ငပဲ့ ကို ဒေါင်ကြီးလို့ ခေါ်ကွ ဆိုပြီး မြှောက်ပေးလိုက်တာ အခုထက်ထိ ဒေါင်ကြီးဆိုရင် ငပဲ့တစ်ယောက် ချောက်ကို သတိတရနဲ့ ပေါ့...

ငပဲ့ကနေ ဒေါင်ကြီးဖြစ်သွားလေရဲ့ ..

အဝေးရောက် အခွန်ဆောင် သူတွေ ကားသွင်း လို့ ရပြီ

အခွန်ဆောင်ထားသူတွေ ကားသွင်းလို့ ရပါပြီ ...ဒေါ်လာ ၁၀၀၀၀ အကောင့် ပြရမှာပါ အခွန်ပေးဆောင်ပြီးဖြစ်ကြောင်းတွေ နည်းနည်းပါးပါးတော့ တင်ပြရမှာပါ...

အခုမှ ကားက ဝင်တာ အစီးရေ ၃သောင်းကျော်ကျော်လောက်ပဲ ရှိသေးတာပါ...

သင်္ဘောသား တွေ ကလည်း ၃၀၀၀ ဝန်းကျင်ကျော်ကျော်လောက်ပဲ သွင်းတာ

ဘယ်မောင်းဆို ထရပ်ကားရယ် ဘတ်စ်ကား တွေ ကို ကင်းလွတ်စွာ သွင်းခွင့်ရပါပြီ

အခု အခွန်ဆောင်သူတွေ ကတော့ ၂၀၀၇ ကနေ ၂၀၁၂ မော်ဒယ်တွေ သွင်းလို့ ရပါတယ်...

ကားကတော့ သွင်းတာတော့ ဟုတ်ပါပြီ ဆီစားသက်သာ သောကားတွေ ကို မည်သူမဆို လွတ်လပ်စွာ သွင်းခွင့်ပေးပြီ အခွန်စနစ်တကျ ကောက်ရင် မြန်မာပြည် ကြွေးမြန်မြန် ကျေမယ်ထင်ပါတယ်...

ဆီတစ်လီတာ ကို ကီလိုမီတာ ၃၀ ကျော်အထိရတဲ့ ကားတွေ ဆို ပတ်ဝန်းကျင်ထိန်းသိမ်းရေးရော အရာရာ အတွက် တော်တော် ကောင်းတာပါ...မြန်မာပြည်မှာ ကားကောင်းတွေ တွေ့ ရတော့မှာပါ...

မြန်ပြည်လူဦးရေ သန်း၆၀ အတွက် ကား က အစီးရေ သန်းချီသွင်း မှာပါ... နိုင်ငံခြားကြွေးမြီတွေ ရှိနေလို့ သာ ထိန်းပြီးခွင့်ပေးနေတာကို တွေ့ ရပါတယ်...

တကယ်တော့ ဆီစားသက်သာ ကားတွေ ရယ် ပြင်ဆင်ရနည်းသော ကားကောင်းတွေ ကမှ မြန်ပြည်က နိုင်ငံခြားငွေအသုံးလျှော့ကျမှာပါ...

ကားကောင်း လေ နိုင်ငံခြားကို ပေးရသောငွေ တဖြည်းဖြည်း သက်သာမှာပါ...

ကားတွေ ပြီးရင်တော့ ရထား သွင်းတော့မယ်ထင်တယ်...ပတ်ပလစ် ထရန်စပို့  ကောင်းရင် ကိုယ်ပိုင်ကားဝယ်သုံးရသူတွေ နည်းသွားမှာပါ...Taxiကလည်း ငွေကြေးတည်ငြိမ်ပြီး စက်နဲ့ ပိုက်ဆံဖြတ်ရတဲ့ စနစ်တွေ တွင်တွင်ကျယ်ကျယ် သုံးလို့ ရရင် တော်တော် အဆင်ပြေသွားမှာပါ..ဒါကလည်း ကားလမ်းလည်းကောင်းမှပါလေ...

Saturday, February 25, 2012

ဒီနေ့ ပဲနော်

ကလေးတစ်ယောက် သူမိခင် ကို ကစားစရာလေး လိုချင်တော့ ပူဆာနေတာ

သူ့ မိခင် က ခုနကဆိုင်ကနေလည်း ဝယ်လာပေးတာရှိနေတော့
ထပ်လည်း ဝယ်မပေးချင်တော့ဘူးလေ..

ကလေး ကထပ်ပူဆာပါလေရော

ကလေးမိခင် ဒီတစ်ခုပြီးရင် ထပ်ထပ်ပြီး ဝယ်မပေးရအောင် ဆိုပြီး ပြောချင်နေပါပြီ

မဝယ်ပေးလို့ လည်းမရဖြစ်နေပြီ...အချိန် ကလည်း ညနေ ကနေ ညဘက်ရောက်လု နီးနေပြီး

မိခင်က ဒါနောက်ဆုံးပဲနော် လို့ ပြောလိုက်ပြီး ဝယ်ပေးမယ်ပြောလိုက်တော့...

ကလေး က ချက်ချင်းပဲ

ဒီနေ့ ပဲနော် ထပ်မပူဆာတော့မှာ မနက်ဖြန်မပါဘူးနော်..

မိခင်လည်း ဘာမှ မပြောတော့ပဲ ဝယ်ပေးလိုက်ရတော့သည်...သူထပ်ပြောလျှင် မနက်ဖြန်အတွက် ပါထပ်ဝယ်ပေးရမှာ စိုးရိမ်သောကြောင့်သာတည်း။

သတင်းရယ် စာရယ် ရေးဖြစ်တာက

သတင်းတွေ ကတော့ မှန်တာတွေ ရှိသလို မှားတာတွေ လည်း ရှိနေမှာပါ...သတင်းရေးသူ က ဘယ်ဘက်ကနေ စာရေးတာလည်း ရှိနေတာကိုး တကယ် ဆိုရင် ဘက်မလိုက်ပဲ ရေးတာတွေ ရှိရင် အကောင်းဆုံးပါ...

တစ်ချို့ သတင်းတွေ ဆို မှန်တာမမှန်တာ ထက် တစ်ချို့ တွေ အတွက် အကာအကွယ် ဖြစ်တာမျိုးဆို တင်လိုက်ရတာပါ..မှားတာတွေ ရှိရင်တော့ နားလည်ပေးနိုင်ကြပါစေ...

အခုဆို ဂျပန်မှာငလျင်လှုပ်ဖို့ က ၄ နှစ် အတွင်း ရ ရစ်တာစကေး အထက် ကို ၇၀ ရာခိုင်နှုန်းဖြစ်နိုင်တယ်ဆိုပဲ..မှန်တာမမှန်တာထက် ကြိုတင်ကာကွယ်သင့်တာတွေ ကာကွယ် နိုင်အောင် တင်ရမှာပါ မဖြစ်လာရင် သတင်းအမှား တင်သလို ဖြစ်မှာပါ...

ဒါပေမဲ့ တင်ရမှာပါ..မပြေးသောကန်ရာ ရှိစေချင်တာပါ

စာတွေ ရေးဖြစ်တာကတော့ သိတာတွေ ကို ရေးလို့ ရသရွေ့ ရေးနေတာပါ...

နိုင်ငံရေးလို့ ထင်ရင်မှားပါလိမ့်မယ်..တွေ့ နေရသော အဖြစ်အပျက်သက်သက်ရယ်သာ.

စာရေးတာတွေ မှာ အဆီအညှော် မတည့်တာတွေ ရှိနေမှာပါ..လက်တန်းချရေးတာအပြင် သူတစ်ပါး ကို မထိခိုက်မိအောင်ရေး ရတာဆိုတော့ ရှောင်ရင်း ဆင်ဆာ ကိုယ်ဟာကို ဖြတ်ရင်း လိုရင်းရောက်ဖို့ မနည်း ရေးရတာတွေ ရှိနေတာပါ...
တစ်ခု ရှိတာကတော့
အကျိုးပြုဖို့  အတွက် ရေးတာရယ် ကောင်းမှုကိုလိုလားစွာနဲ့  ရေးသားနေတာပါ...

မြန်မာ အလုပ်သမားတွေ သမိုင်း ကို မြန်မာ အလုပ်သမားတွေပဲရေးရတာပါ

တိုင်ရီ အလုပ်သမားတွေ ကိစ္စ ကို အခုထက်ထိတိုင် အဆင်မပြေသေးပါဘူး

ဒီနေရာ မှာ တစ်ချို့  ကူညီ ကြတာတွေ ရှိပေမဲ့ နိုင်ငံတစ်ကာ အကူအညီ ကကောင်းတယ် ပြောသူတွေ အတွက် တွေ့ ရတာကတော့

အလုပ်သမားအရေး ဆိုတော့ နိုင်ငံတကာ နဲ့ ပတ်သက်တာ ILO ရုံး ရှိတယ်ဆိုတော့ ဘာလုပ်ပေးသလဲဆိုတော့ ထူးထူးခြားခြား လုပ်တာ မတွေ့ ရပါဘူး

ကူညီတာ လည်းမတွေ့ ရသလိုပဲ မသိရတာဘဲလား မသိချင်ယောင်ဆောင်နေတာပဲလား လုပ်လို့ မရတာပဲလား

မြန်မာပြည် ကို ကူညီပါတယ်ဆိုတဲ့ NGO တွေ ကရော လူသားချင်းစာနာတာတွေ ဘယ်ရောက်ကုန်ပြီလည်း လစာထုတ် အယောင်ပြကူညီတာတွေ ဆိုနေတာလား

ဘယ်လိုပဲဖြစ်ဖြစ် မြန်ပြည် လုပ်သားတွေ သူသမိုင်းကို သူရေးမှာပါ...သူတို့ အတွက် ပဲရေးတာမဟုတ်ပဲ အများအတွက်ပါ ဖြစ်လာနိုင်ပါစေ...

သူတို့ တွေ အတွက် အဆင်မပြေတာတွေ ရှိနေမှာပါ သူ တို့ သမိုင်းကတော့ သူတို့ ကိုယ်တိုင်ရေးနေတာပါ...
သူတို့ အရေး ကို မြန်ပြည်က တာဝန် ရှိတဲ့ မြန်ပြည်လွှတ်တော်ကနေ ဆုံးဖြတ် နိုင်ပါစေလို့ မျှော်လင့်ရမှာပါ...

ဒီနေရာမှာ ဆီရီးယား ပြည်သူတွေ သေတာ နိုင်ငံတကာ က UN လည်း မကူညီနိုင်တာတွေ့ နေရသလို မြန်ပြည်သမိုင်း ကို မြန်ပြည်သားတွေ ကပဲရေးနေမှာပါ..

နိုင်ငံတကာ ကသူတို့  အကျိုးအမြတ် မရ ရင် မကူညီနိုင်တာတွေ့ နေရတာပါ.

တခုခုဆို သူတို့ မူအရလိုလို ဟိုလိုလို ဒီလိုလို နဲ့  မကူညီကြပါဘူး...မြန်ပြည်သားတွေ ကလည်း ကိုယ်ရာဇဝင် ကိုယ်တင်နိုင်မှာပါ...

..မြန်ပြည်လုပ်သားတွေ အခက်အခဲတွေ ကို အဆင်ပြေစွာ ဖြတ်သန်းနိုင်ကြပါစေ..

Friday, February 24, 2012

အတို အထွာ အသစ်

အိုင်ပက် ၃ က ၃လိုင်းလောက်ထွက်မည် ဆိုနေသည်.

နီကွန်က D800 နှင့် D800E ကို ထုတ်လုပ်နေသည်.. ၃လပိုင်းတွင် D800 ထွက်မည်ဖြစ်ပြီး အရောင်းဆိုင်တစ်ချို့ တွင် အော်ဒါမှာ နိုင်ပေသည် ။ယန်း ၂၉သောင်းစွန်းစွန်း ဘော်ဒီသီးသန့် ...မှန်ဘီလူးပါအပါ ၃၉၆၀၀၀ယန်း ကျပေမည်။

D800E ကို ၄ လပိုင်းတွင်ထွက်မည် ဖြစ်သည်။

အက်ပယ်စ်မှ နောက်ပိုင်းထွက်မည့် ဆော့ဝဲလ်သည် အက်ပယ်စ် ဖုန်း ကွန်ပျူတာ အိုင်ပက်စ်အိုင်ပေါ့စ်တတ်စ် တို့ ပါချိတ်ဆက်သုံးနိုင်သည် ကို ထွင်ပေမည်...

မိုက်ခရိုဆော့ ကလည်း လာမည့် ၂၉ ၇က်နေ့ တွင် ဝင်းဒိုး အိပ်စ် ကို ထုတ်ပေမည်...လက်နှင့်ထိရသော ကွန်ပျူတာအတွက် ပို အဆင်ပြေမည်ဟုပြောသည်...

လက်နှင့်ထိ ပြီး ရှင်းပြနိုင်သော တီဗီ ကို ရှပ်စ် မှ ထုတ်လုပ်လိုက်ပြီး ဝိုင်ဖိုင်စနစ်ကို ပို အသုံးဝင်ပေမည်..

ဖုန်းအားသွင်းသည်ကို ကြိုးမဲ့ထုတ်ထားသောလည်း မတွင်ကျယ်သေးပါ...ဖုန်းတွင်တတ်ရသော အထိုင်အနည်းငယ်ကြီးနေသေးသည်...

ဆမ်ဆောင်း မှ ထွင်းဖောက်မြင်ရသော တေဘယ်လက်စ် ကို ထွင်ထားနိုင်ပြီဖြစ်သည်...

၎ဂျီ စနစ် ကို ကမ္ဘာပေါ်တွင် စမ်းသပ်သုံးစွဲနေပါသည်...

နာရီတို့ သည် အချိန်တိုက်စရာ မလိုတော့ပေ...သူ့ အလိုအလျှောက်ပြန်တိုက်ပေးသော စနစ် နှင့် တစ်နေ့ နှစ်ချိန် အချိန် ညှိပေးသောစနစ် တို့ က အတော်ပင်အသုံးဝင်ပေသည်...

မျိုးဆက်သစ် လူငယ်များနေ ရာ ရယူနိုင်ပါစေ...

အခုဆိုရင် မြန်မာပြည် နည်းနည်းလေးတော့ ပြောင်းလာသလိုရှိလာပါသည်...

လူငယ်များ ကို သိပ်မတွေ့ ရပါ...အခြေအနေအရ လေလော..
နေရာ ယူခွင့် မရရွေ့ လော တွေးစရာ ရှိလာသည်...

လူငယ်ဘာသာဘဝ အရဆိုလျှင် အေးအေးဆေးဆေး ဖြတ်သန်း ထိုးဖောက်လိုကြပါသည်.

ဆွဲဆောင်မှု မရှိသော အခြေအနေအရ သော်လည်းကောင်း နေရာ မပေးနိုင်မှု အခြေအနေအရ သော်လည်းကောင်း တွေ့ ရသည်

နေရာကောင်းရမှ နေရာ ပေးလျှင် ထိုလူငယ်အတွက် ရေပေါ်ဆီခတ်စားသူလို ကြာလျှင် အဆင်မပြေဖြစ်ပေမည်..ထိုကြောင့်အဆင်မပြေဖြစ်မှ ထိုကြောင့် နေရာ မပေးတာဟုဆိုပေမည်...

တကယ်ဆိုလျှင် အခက်အခဲ မရှိတရှိ ကို ပါ ကျော်လွှားစေခြင်းဖြင့် လူငယ်ကို ရင့်ကျက် နားလည် သိမြင် ခြင်းကသာကောင်းပေသည်..

တော်တော် များများ က လူငယ်များကို အသုံးချခံ သက်သက် နေရာပေးရန် မလို ဆိုသည် ကို တွေ့ နေရသည် မှာ စိတ်မကောင်းစရာပေ..

တခါတရံ ကန့် သတ်ချက်များပြားသည် ကို အပြစ်ဆိုနေသည် ကို တွေ့ ရလျှင် လူငယ်များ ကို အသုံးချ ဓားစာခံ သုံးရန် နည်းလမ်း ရှာ ပေမည်..အလိုအလျှောက် အဆင်ပြေစွာ ပြီးသွား ၍သာတော်တော့ သည်။

လူငယ်များ ကို အသုံးချ ယုံသက်သက် ဆိုလျှင် ကြာလျှင် မည်သည့် အခြေအနေပင်ဖြစ်စေ အလိုလို အဆင်မပြေမှုများရှိပေမည်...

မြန်ပြည် အနှံတွင် လူငယ် ပေါင်း မြောက်မြားစွာ ရှိပါသည် ...နေရာ ကောင်းရယူထားသော အပေးခံရသောလူငယ် ကို ရေတွက်လျှင် ရာဂဏန်းတောင် ရှိမည်မထင်...

ထိုသို့ ဆိုလျှင် ကြာလျှင် မြန်မာ ပြည်သည် အာဏာ ရှင်မဆန်သော်လည်း တဖက်သတ်ဆန်သော အယူအဆများ ကို ကိုင်စွဲသော အတွေးအခေါ်သစ် မလင်းလက်နိုင်ဖြစ်ပေလိမ့်မည်...

ငယ်ရွယ်သူ အတွေးသည် တစ်ခါတစ်ရံ၌ မကောင်းသည်များ ရှိသော်လည်း ထိန်းသိမ်း အသုံးချတတ်လျှင် တိုးတတ်မှု လမ်းစ ရှိပေမည်..

အချိန် အရ တွက်လျှင် လူငယ်ဘဝ ဖြတ်သန်းချိန်သည် အလွန်တိုတောင်းလှပေသည်...ထိုအချိန်တို ကို ပေးဆပ်ခြင်းသက်သက်ထက် ရဲရင့် မှု တတ်ကြွမှု တို့ ကို ရှင်သန်စေပြီး နေရာကောင်း ကို လမ်းညွှန် ပြယုံနှင့်ပင် လူကြီးများအတွက် အရံ အတား သာမက စွမ်းအားဖြစ်နေပေမည်...

ထိုစွမ်းအား တို့ သည် နောင်တွင် အားကိုး အားထားပြုရာ အရင်းအမြစ် အခြေခံပင်ဖြစ်ပေမည်..

ငယ်စဉ် က ကျောက်သင်ပုန်းကျောက်တံ အသုံးချခဲ့ရသော်လည်း နောင်တွင် ကျောက်သင်ပုန်း အကြီးကြီးပေါ်တွင် လက်ဖြင့်စာရေးနိုင်လာပါသည်...

မြေဖြူခဲကြောင့် ဆရာဆရာမ များ စိတ်မညစ်ရတော့ပေ..ဆော့စ်ပင်လည်းမင်အကုန်ခံနိုင်စရာ မလိုတော့ပေ...

စာတစ်မျက်နှာ သင်ရန်ကြာချိန်တွင် စာတစ်အုပ်နီးနီး သင်လို့ ရလောက်အောင် အချိန်သက်သာလာပေလိမ့်မည်..

ဤသို့ သော်အယူအဆများ ကို အတွေးများ ကို လူငယ်ထံတွင်သာများပြီး လူကြီးများ အပင်ပန်းခံစဉ်စားမည်မဟုတ်ပေ...

သို့ သော် လူငယ်အတွက် အခွင့်အလမ်း အရိပ်ကောင်း အမှီကောင်း မရှိလျှင် ထိုလူငယ်အတွက် အရင်းအနှီး က သူ့ လူငယ်ဘဝ၏ တဝက်ကျော်ကျော်ကို ပေးဆပ်ရပေမည်...

လူကြီးများ က လူငယ်များ ကို တွဲခေါ်ရင်း အရိပ်ကောင်း အမှီကောင်း ပေးနိုင်ကြပါစေ။ ။

၈၈၈၈ ကျောင်းသား ကိုကိုကြီး ရဲ့  ဘဝနဲ့ ရင်ဘတ်ကအသံ အငြိုးမဲ့ သံစဉ်

ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာ စောင့်ကြည့် တာထက် မြန်ပြည်သူတွေ စိတ်ချယုံကြည် ဖို့ က ပို အရေးကြီး

သိပ်မကြာခင်လာတော့မယ့် လွတ်လပ်နေရာတွေ အတွက် စီစဉ်နေတဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကို နိုင်ငံတကာ က စောင့်ကြည့်ခွင့်တောင်းတာတွေ က မယုံသင်္ကာ ရှိလို့ တောင်းတာတော့ ဟုတ်ပါပြီ တကယ်ဆိုရင် မြန်ပြည်သူတွေ ယုံကြည်အောင်လို့  လုပ်ပြနိုင်တာက မှ ပို အရေးကြီးတာပါ...

မယုံကြည်လို့  မဲ မထည့်ချင်သူတွေ မထည့်ချင်လည်း ရရမှာပေါ့...

ကြိုတင်မဲဆိုတာ ရှိဖို့ မှ မလိုအပ်တာ... အဲဒါမျိုးတွေ ရှိနေရင် နိုင်ငံတကာ စောင့်ကြည့်လည်း အပိုပဲ လိမ်မှာသိရဲ့ သားနဲ့ ...

မြန်ပြည်သူတွေ ကပိုသိတော့

တကယ်ဆိုရင် အကုန် CCTV ကင်မရာနဲ့  မဲရေတွက် တာ ကို ရိုက်ထားပြီး MRTV မှာ ဘယ်မဲဆန္ဒနယ်က ပါဆိုပြီး ပြန်ပြမယ် ဆိုရင် မြန်ပြည်သူတွေ နည်းနည်းတော့ ယုံလာမှာပေါ့...

အလိမ်ခံရတာတွေ များလာတော့ နည်းနည်းဖြစ်ဖြစ်လိမ်မှာပဲ ဆိုတာကြီး ကို လုံးလုံး ဖျောက် မရသေးခင်တော့ အလုံးစုံ ဘယ်လိုလုပ်ပြပြ အကုန်လုံးပုံပြီးတော့ ယုံတာတော့ မဖြစ်နိုင်သေးတာပါ..

နိုင်ငံတကာ ဘယ်အဖွဲ့ ပဲဖြစ်ဖြစ် လာကြည့် လည်း လိမ်ချင်ရင် လိမ်လို့ ရတာပဲ အဲလိုတွေ လုပ်တာထက် မြန်ပြည်သူတွေကို တိုက်ရိုက် ပြသ မဲထည့်ခွင့် ရတာကမှ မြန်ပြည် ဒီမိုကရေစီ စစ်မှာ အပြင် မြန်ပြည်အတွက် လုပ်တာပါ ဆိုတာ ပေါ်လွင်လာတော့မှာပါ...

တကယ်ဆိုရင် မြန်ပြည် အတွက် လုပ်မယ်ဆိုရင် မြန်ပြည်သူတွေ ကို အရင် ဦးစားပေးနိုင်ပါစေလို့ ရည်ရွယ်လျက်

Sunday, February 19, 2012

အူမဲ့ ပန်းပွဲတော် ၄ ရက် ၂ လ မှ ၂၆ ရက် ၂ လပိုင်း အထိ Umegaoka station



၁၉ ရက်နေ့  ဖေဖော်ဝါရီ လ ၂၀၁၂ ခုနှစ် အေးချမ်းသော သစ်ရိပ်ဝယ် ...အပွင့် ဝေဖို့  အတွက် အရွက်တွေ ကြွေ ရစမြဲ ဆို တော့ စိတ်မကောင်းပေမဲ့ ...ကလေးငယ်လေး လေထဲ လွင့်မျော နေတာ ကို ပါ မိမိ ရရ..အကျနာ မှာ သိရက်နဲ့ လေ..အဝေးက ကြည့်နေရသော်လည်း.. မှတ်မှတ်ရရ ရှိစေ ရန်...

ဓာတ်ပုံတွေ က စကားပြောနေမှာပဲလေ... နေအဝင် လှေကားထစ် အဆင်း...

နေ ကဝင်သွားခါနီး အထိ အလင်းပေးသလို နောက်ရက် ဆို သူပုံမှန် အတိုင်း ပြန်ထွက် လာတတ်တာပါ...သဘာဝ ကို တားမရဘူးလေ..သူ့ ဝတ္တရား မပျက်ပဲလေ...

Saturday, February 18, 2012

တားတယ် .... မတားဘူး လွတ်ထားမယ်

လစာတိုးတာကိုတော့ အကြောင်းပြပြီး တားနိုင်တယ်

ဆီဈေး ၂၀၀ ကျပ် တတ်တော့ မတားနိုင်ဘူး... ၂၀၀ကျပ်ဆို အခွန် က ၂၀ ကျပ် သို့ မဟုတ် ၁၀ ကျပ်ရရမှာပါ...

မရရင် လာဘ်စားနေတယ် ..

တစ်နေ့ ကို ဂါလံ သိန်းချီ မှာ အခွန် က သန်းချီရရမှာ...အဲဒီပိုက်ဆံတွေ ဘယ်ရောက်သလဲ...

ဝန်ထမ်းလစာ မတိုးနိုင်ဘူးကို တားနိုင်တယ် ဆို ရင်.. ဆီဈေးတတ်တာ တား နိုင်ရမှာပေါ့...

မတားတာဆို ရင် လာဘ်စားတာတို့  အခွန်ငွေ တွေ ကို ဖျောက်နေတာတွေ ပါ..

အဲဒီပိုက်ဆံ စာရင်းပျောက်မှာတော့ မြန်မာပြည် အကြွေးများတာဘာဆန်းလည်း...မထူးဆန်းပါဘူး...

လစာ မတိုး တာ လာဘ် ဆက်စားပါ.. ဈေးတတ်ချင်သလို တတ်ပါ... အခွန် ကို စည်းစနစ် တကျ မကောက်နိုင်သေးတာပါ...

အကောင်းအဆိုးတွဲနေတာပါ... လစာမတိုးရင် ဈေးနှုန်းတွေ ကို ထိန်းနိုင်ရမှာပါ..အခွန်စနစ် စနစ် ကျရမှာပါ...မဟုတ်ရင်တော့

ဥပဒေ မသတ်မှတ်နိုင်သေးပါ...ကို ဆိုလိုနေတာပါ...

အဲလိုဆိုရင်တော့ ဝမ်းရေး အတွက် စာရိတ္တတွေ ပြတင်းပေါက် ကနေ ကဆုန်ပေါက် ခုန်ဆင်းသွားလေရဲ့ ...

တိရိစ္ဆာန်တွေ အိမ်နောက်ပေါက် ကနေ ပြေးဝင်မှာ ကို ကြိုဆိုနေရမှာပဲလေ...နည်းလမ်းမှ မရှိသေးတာ...

အင်တာနက် စွဲလမ်းမှုပြဿနာ.

တကယ်ဆိုရင် မြန်မာပြည်မှာတုန်း ကတော့ အင်တာနက် သုံးရဖို့ အရေး မီးလာတာစောင့်ရ ချိတ်ဆက်ရတာကို စောင့် ရ တယ်လီဖုန်း လိုင်းကောင်း တာကို စောင့်ရနဲ့  ကသိကအောက်ဖြစ်ရပါတယ်...

နိုင်ငံတကာ မှာကော တစ်ချို့ တွေ ကပြောတယ် ခဏလေးအင်တာနက် မသုံးရတော့ဘူးဆို ရင် တော်တော် အဆင်မပြေသလိုတွေ့ ရတာပါ...

အင်တာနက် စွဲလမ်းမှု ပြဿနာပါ...

တကယ်တော့ မိမိ ပတ်ဝန်းကျင် မှာ လူတွေ မအားတာတွေ ကိုယ်ကိုတိုင် အားတဲ့ အချိန် က သူများနဲ့ မတိုက်ဆိုင်တော့ ကိုယ်ပြောချင်တာ ကိုယ်ရေးချင်တာတွေ ကို အချိန်မရွေးလုပ်လို့ ရတဲ့ အင်တာနက် ကို စွဲလမ်းတာကြတာပါ...

အဲလို ဖြစ်လာရင် အိုင်ဖုန်းတို့  စမတ် ဖုန်းတို့ သုံးရင် အဆင်ပြေပါတယ် အဲတာတွေ နဲ့ လည်း စာရေး စာတင်လို့ ရတဲ့ အပြင် ဖုန်းတွေ ပါ သက်သာစွာ ခေါ်လို့ ရတာပါ...

နမြောပြီး ငြီးတွားနေရင်တော့ မိမိ စိတ်ချမ်းသာမှု မကြည့်ပဲ စိတ်ညစ်ခံ လက်ခံနေတာပါ။

အဲတာလေး ကို တွေ့ တော့ ရေနံ အင်ဂျင်နီယာ ဘာသာရပ် သင်တုန်း က အတန်းဖော် တစ် ယောက် ငပဲ့ က ဘောပင်လှည့် တာ လက်တစ်ဖက် ထဲနဲ့ လှည့် တာ တွေ့ တော့ တော်လိုက်တာကွာ ပြောလိုက်တော့
အဲနောက်တစ်ယောက် ပုသိမ်သား ဂိုင်စီပေါက် က ...ဘာ ကို တော်တာလဲပေါ့

ဘောပင်လှည့်တာ တော်တာ ပြောတာ ဆိုတော့

အဲဒါတော့ မပြောနဲ့ လေ...သူတို့ နေတဲ့ တိုက်ခန်း က ဘောလုံးလည်း ကန်မရ ပြေးမရ အိမ်ပေါ်က အိမ်အောက်ဆင်း လမ်းပေါ်ဆိုတော့...

ဆော့စရာမရှိ တော့ ဘောပင်ပဲလှည့်နေရတော့ ဒီလောက်တော့ ရရမှာပေါ့ မရရင်လည်း ငပဲ့ ဘာမှ ဆော့စရာ ရှိမှာမဟုတ်ဖူး။

ငပဲ့ ကလည်း ပြောတော့ ဂိုင်စီပေါက်.. မင်းအလှည့် ကျမှ မင်းသိမယ် ဆိုပြီး ကျိန်းနေလေရဲ့ ...

အခုလည်း နိုင်ငံခြားရောက်သူတော်တော် များများ ကတော့ အင်တာနက် လေး သုံးပြီး စိတ်သက်သာရာရှာ နေသူတွေ များများ လာတာကို တွေ့ နေရပါတယ်...

တကယ်စဉ်းစားကြည့်ရင်လည်း မိမိ အလုပ်ပြီးတော့ သူများ အလုပ်ပြီးတာနဲ့ တိုက်အုံးမှ သူမအား ကိုယ်မအား နဲ့ နောက်ဆုံးတော့ အင်တာနက် ပဲ သုံးနေကြရတာပါ..လုပ်လို့ ရတာတွေ လုပ်မရတာနဲ့ လုပ်လို့ ရတဲ့ အင်တာနက် ကို စွဲလမ်းလာကြတာပါ..

ဘယ်လိုပဲဖြစ်ဖြစ်လေ အကျိုးရှိရှိ အသုံးချနိုင်ကြပါစေ...

Thursday, February 16, 2012

သုံးလအတွင်း တနိုင်ငံလုံး အပစ်ရပ်မည်ဟု မီးရထားဝန်ကြီး ဦးအောင်မင်း ပြော

ကိုပေါက်

မဇ္ဈိမ
တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးများကို သုံးလအတွင်း ပြုလုပ် ပြီးစီးသွားမည်ဟု မီးရထားဝန်ကြီး ဦးအောင်မင်း က ပြောသည်။

ဗုဒ္ဓဟူးနေ့က နိုင်ငံခြားသတင်းဌာနနှင့် ပထမဆုံးအကြိမ် အင်တာဗျူးရာတွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည့် ဗိုလ်ချုပ်(ဟောင်း) ဦးအောင်မင်း က ထိုသို့ပြောဆိုလိုက်ခြင်း
ဖြစ်ကြောင်း ရိုက်တာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

တိုင်းရင်းသားလူမျိုးများနှင့် ဖြစ်ပွားခဲ့သည့် နှစ်ပေါင်း ၆၀ နာတာရှည်ဝေဒနာကြီးအား ယခင်အစိုးရ အဆက်ဆက်က
ဆေးမမှန်၍ မကုစားနိုင်ခဲ့ကြောင်းလည်း ဦးအောင်မင်း က ပြောသည်။

“ကျနော်တို့ တိုင်းပြည်မှာ အခြေအနေတွေ ပြောင်းနေပြီး ဒီအရေးကိစ္စဟာလည်း ပြောင်းလဲသွားပါပြီ။ ကျနော်တို့
ဆေးကို ရှာဖွေတွေ့ရှိနိုင်ပါပြီ” ဟု ဦးအောင်မင်း က ဆိုသည်။

လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့အနက် ၉ ဖွဲ့နှင့် အပစ်ရပ်ရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မကြာမီ လအနည်းငယ် အတွင်းမှာလည်း ကချင်လွတ်မြောက်ရေးတပ် (KIA)အပါအ၀င် ၆ ဖွဲ့နှင့် အပစ်ရပ်နိုင်လိမ့်မည်ဟု ဦးအောင်မင်း က ပြောသည်။

မတ်လ ၁ ရက်နေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် အပစ်ရပ်ရေး လက်မှတ်ထိုးနိုင်မည်ဖြစ်ကာ လက်နက်ကိုင်အဖွဲ့ငယ် ၅ ခုကလည်း လက်နက်ချရန် အဆင်သင့်ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် ငြိမ်းချမ်းရေး ခြေလှမ်းသုံးရပ် ချမှတ်ထားသည်။ ပထမဦးစွာ အပစ်ရပ်ပြီးနောက်
နိုင်ငံရေးသဘောတူညီချက်များနှင့် နေရာပြန်ချရေးများ ပြုလုပ်မည်ဖြစ်ပြီး ၎င်းနောက် ပါလီမန်တွင်း အထူးညီလာခံ ကျင်းပ၍ အဖွဲ့အသီးသီးနှင့် ရေရှည်သဘောတူညီချက်များ အခိုင်အမာ ချမှတ်သွားရန်ဖြစ်သည်ဟုဆိုသည်။

ဤအစီအစဉ်အားလုံးမှာ ၂၀၀၈ အခြေခံဥပဒေအောက်မှ ဆောင်ရွက်သွားရန်ပြီး တိုင်းရင်းသားအဖွဲ့များ
တောင်းဆိုထားကြသည်မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်သည်။

Wednesday, February 15, 2012

အခြေခံ ပြေလည် မှ ရေရှည် ပြေလည်မှာပါ...ညှိတယ် ဆိုတာ ခဏ..

တစ်လောက အလုပ်မဆင်းပဲ လစာ တိုးဖို့ လစာတိုးတောင်းတာတွေ တစ်ချို့ အချက် အလက်တွေတောင်းဆိုတာတွေ ရှိလာတာ ကို တွေ့ ရပါတယ်...

တကယ်တော့ တစ်ခါ ကရေးဖူးပါတယ် ...

အခြေခံ အတွက် လို တဲ့ လုပ်အားခ လစာကို ဥပဒေ သတ်သတ် မှတ်မှတ် သတ်မှတ်ပေးဖို့ လို တာပါ...

တစ်ချို့  အချက်တွေ ကို စည်းကမ်းဖြေလျော့ဖို့ ပြောတာတွေ တွေ့ ရတော့ မြို့ နယ် အဖွဲ့ နဲ့ ပေါင်းပြီး သတ်မှတ် ထားတွေ ရှိတာတွေ့ ရတော့..ဒီလိုဆိုတော့ ညှိလည်း အဖွဲ့  အစည်းတွေ ပါဝင်ပတ်သက်ပြီး မပြေတစ်ပြေ အခြေအနေတစ်ခုနဲ့ အပေါ်ယံ ပြေလည်အောင်လုပ်ကြမှာပါ...

ခဏတာ အဆင်ပြေမှုဘဲ ရမှာပါ..

တကယ် အခြေခံ ကို ကြည့်ပြီးဖြေရှင်းမှ ရမှာပါ...

ဒီမို ကရေစီ ဖော်ဆောင်နေသော နိုင်ငံ ဆိုရင်တော့ ဥပဒေကြောင်း ကနေ သတ်မှတ် နိုင်မှ တော်ရာ ကြမှာပါ။

အခြေခံ စားသောက်ဈေး ကို ကြည့် ရင် အခု စပါးတွေ ဝယ်နေပါတယ် အရံဆန် အတွက်ပေါ့..
စပါး ၁၀၀ ကို ကျပ် ၃၃၀၀၀၀ ဆိုတော့ ဆန်ဈေး က တစ်တင်း (၁၆ပြည်) ကို အနိမ့်ဆုံး ၁၁၀၀၀ ကျပ် ကျမှာပါ..ဒါတောင် လုံးတီးဆန်ဆန် ကိုပဲ မှာပါ..

တကယ် အလုပ် လုပ် နိုင်သော သူတစ်ယောက် က တစ်လ ကို ဆန်တစ်တင်း နီးနီး စားသုံးတာပါ..တစ်နေ့ ထမင်း သုံးနပ်လောက် စားတာကိုး...

ဒါဆို ထမင်း ဖိုးကြီးပဲ တစ်နေ့  ကို ၃၅၀ ကျပ်လောက် ရှာရမှာပါ နေစရာ မပါသေးပါဘူး ဟင်း အတွက်လည်း မပါသေးပါဘူး ဟင်း အတွက် က ထမင်းဖိုးထက် အနိမ့်ဆုံး နှစ်ဆ နဲ့ ပဲ တွက် ရင် ၇၀၀ ကျပ် လို ပါတယ်..

ဒါဆို ထမင်းဖိုးနဲ့  ဟင်းဖိုးတင် ၁၀၅၀ ကျပ် ကြနေပါပြီ..ဒါက နေ့ တိုင်း အလုပ်လုပ် ရင်ပြောတာပါ..

တစ်ပတ် ကို တစ်ရက် နှစ် ရက် နားရင် တစ်နေ့  ကို အနိမ့်ဆုံး ၁၅၀၀ ကျပ် ရှာ ကို ရှာရမှာပါ..နေဖို့  မပါသေးဘူး ...နေ ဖို့  က တစ်ရက် ကို ၅၀၀ ကျပ်ဝန်းကျင်ကနေ ၁၀၀၀ ကျပ် နီးနီး မှာ ရှိပါတယ်..အဲလို မှ မနေ ရင် ကျန်းမာရေးရော အလုပ်လုပ် နိုင်ရေး ပါ အဆင်မပြေပါဘူး...
ဒါဆိုတော့ တစ်နေ့  ကို ကျပ် ၂၀၀၀ လောက် ရမှ ဖြစ် မှာပါ..

ကျန်းမာရေး စောင့်ရှောက် မှု။အနာဂတ် နောင်ရေး မိမိ မျိုးဆက် အတွက် ဝမ်းရေး ဒါတွေ အတွက် ကို ပါ မရေ ရာမသေချာရင်တော့ ဘယ်လိုအဆင်ပြေတယ်ပြောပြော ပြဿနာတွေ ရှိနေမှာပါ...

ကျန်းမာရေး အနာဂတ်ရေး အတွက် အနိမ့်ဆုံး ၁၀၀၀ ကနေ ၂၀၀၀ နီးနီးလိုနေတာပါ..ဒါဆို ရင် အနိမ့် ဆုံး တစ်ရက် ကို လစာ ၃၀၀၀ ကျပ် ကနေ ၄၀၀၀ ကျပ် ရမှ ဖြစ်မှာပါ...

ကုန်ဈေးနှုန်း မထိန်းနိုင်သေးသော အချိန် မှာ ဆို ရင် အဲဒီ အတွက် ဝင်ငွေ ရဲ့  ၁၅% ကနေ ၂၀% အထိ ပေါင်းထည့် ရပါမယ် အဲ လိုဆိုတော့ တစ်နေ့ ဝင်ငွေ ၃၇၀၀ ကျပ်ကနေ ၄၈၀၀ ကျပ်လောက် ကို ရမှ ဖြစ်မှာပါ...

အဲ လိုမှ မဟုတ် ရင် အလုပ်ရှင် က သူသတ်မှတ်တဲ့ ဈေးဖြစ်ဖို့  အဖွဲ့ အစည်းတွေ ကို လာဘ်ပေးလာဘ်ယူ လုပ်ပြီး သူပေးသလောက်နဲ့ ဖြစ်အောင် လုပ်နေမှာပါ...

အဲဒီ မှာ အလုပ် ရှင် ရဲ့ ခေါင်းပုံဖြတ် မှု. အဖွဲ့ အစည်းတွေ လာဘ်ပေးလာဘ်ယူ မှုတွေ ရှိကို ရှိနေမှာပါ...

မြန်မာ တွေ အဲလိုဖြစ်ခံရတာ နှစ် ကြာရှည်နေပါပြီ...မျှတတဲ့ ပြေလည်မှု ကို ဖြစ်စေချင်ပါတယ်..နှစ်ဦးနှစ်ဖက် ရေရှည် လုပ်နိုင်မဲ့ ဝင်ငွေ အကျိုး အမြတ် ကို တွက် ဖို့ လိုပါတယ်..

အဲလိုမှ မတွက် နိုင်သေးဘူးဆိုရင် မြန်မာ ဟာ ဘယ်အချိန်ပဲဖြစ် ကြွေးချမ်းသာ နိုင်ငံ ဖြစ်နေ မှာပါ...

လုပ်အားတွေ နိုင်ငံ တကာ ကို အလကားပေးပြီး ကြွေးတွေ ယူပြီး ရင်းယူနေရမှာပါ...

နိုင်ငံ လုပ်အား ကို ထိုးကြွေး နေတာတွေ ကို နိုင်ငံတကာ ရင်းနှီးမှုတွေ ဝင်လာတာနဲ့ အမျှ ဥပဒေသတ်သတ်မှတ်မှတ် ရှိဖို့ ရယ်..

ကျန်းမာရေး တာဝန်ခံမှု ကို အပိုင်းလိုက်ခွဲဝေ ခြင်းရှိမှ နိုင်ငံသားတွေ ကျန်းမာရေး အတွက် ကောင်းလာမှာပါ..

အထက်ပါ ငွေကြေး မှာ အရံဆန်ဈေး ကို အခြေခံ ၍ တွက်ထားခြင်းဖြစ်ပါသည်..

တကယ်ဆို ရင် တစ်နေ့ လုံး လုပ်အားခ တစ်ရက် ကို အမေရိကန် တစ်ဒေါ်လာတာင် မရှိပါဘူး...

တစ်နာရီ ကို ၀.၅ ဒေါ်လာ တောင်မရှိတဲ့ အပြင် ၁၅ မိနစ် ကို အလကား မတ်တင်း လုပ်ပေးနေသလိုမျိုးကြီးပါ...

ခိုတာတွေ ကပ်တာတွေ ရှိလာမဲ့ အပြင် ညစ်တာတွေ တတ်လာမှာ စိုးရပါတယ်..စိတ်ဓာတ်တွေ မသိမသာ အဖျက်ခံနေရမှာပါ...

တကယ် ဆိုရင် နေ့ တိုင်းဟာ ချစ်ခြင်းတွေ ပြည့်နေတာပါ..

မွေးလာတုန်းကတော့ မိဘတွေ ရဲ့ ချစ်ခြင်း ပတ်ဝန်းကျင်ရဲ့ အကြင်နာ တရားတွေ မေတ္တာတွေ ရခဲ့ကြတာပါ...ချစ်တဲ့နေ့ တွေ သီးသန့် သတ်မှတ် စရာ မလိုခဲ့တာတွေ့ ရပါတယ်...

နောက်တော့ လည်း ကိုယ်ကိုတိုင်မှာ ချစ်ခြင်းမေတ္တာ တရားတွေ အကြင်နာတွေ ရှိလာတာပါ..မွေးဖွားတတ်လာတတ်သလို မကုန်ဆုံး နိုင်လောက် ရှိလို့ ရတာပါ...

အမုန်းတရားဆိုတာ ဘယ်လိုမှန်း ကို မသိသလို သိစရာ ကို မလို တာပါ...

အဲလို လူ အတွက် ချစ်ဖို ဆိုပြီး နေ့ သီးသန့် သတ်မှတ်နေစရာ မလိုတော့ တာပါ...

အမုန်းအလွှာ ကို ဖုံးအုပ်ဖို့ သက်သက် သို့ မဟုတ် မေ့နေသော ချစ်ခြင်း ကိုပြန်လည် နိုးထဖို့ သက်သက် ဆိုရင်တော့ မကောင်းပါဘူး ...

ချစ်ခြင်း ကို မွေးဖွားကြည့်ပါ အတိုင်းအဆမဲ့ ရှိနေတာပါ...

စိတ်လည်း တော်တော် ချမ်းသာလာမှာအပြင် စိတ်ချမ်းမြှေ့ မူကို ပေးစွမ်းမှာပါ...

တတ်နိုင်သလောက် ချစ်ခြင်း တွေ ကို မွေးဖွားနိုင်ကြပါစေ...

ထိုင်း နိုင်ငံ ဘန်ကောက် တွင် ဗုံးပေါက် ဖောက်ခွဲသူ အီရန် နိုင်ငံသား

ထိုင်းနိုင်ငံ ဘန်ကောက် မှာ မနေ့ က ၁၄ ရက်နေ့ ဖေဖော်ဝါရီလ မှာ ဗုံးပေါက်ကွဲမှုဖြစ်ပါသည်..သူကိုယ်တိုင်ခြေထောက် နှစ်ဖက်စလုံးပြတ်သွားပြီး ပြင်းထန်စွာ ဒဏ်ရာ ရရှိပါတယ်..အီရန် နိုင်ငံသားဖြစ်ပါတယ်...

ဒီဗုံးဖောက်ခွဲ မူနဲ့ ပတ်သက်ပြီး နိုင်ငံတကာ မှာပါ သတိထားစရာ ရှိလာပါတယ် နောက်ထပ် လေဆိပ် တစ် ခုကို ပါ ပစ်မှတ်ထားတာရှိနေပါတယ် လေဆိပ်တစ်ခုမှာလည်း မသင်္ကာစရာ အီရန် နိုင်ငံသား တစ်ယောက် ကို ထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်...ဆက်စပ်မှုရှိမရှိတော့ မသိရသေးပါဘူး...

Tuesday, February 14, 2012

တာမွေတွင် မီးလောင် အိမ် ၄ လုံး ၄ခြမ်း မီးလောင်ခံရ

မူရင်း ရန်ကုန် (မဇ္ဈိမ)

တာမွေ မီးလောင်မှု ၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်
မျိုးသိဏ်း | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၄ မိနစ်


အင်္ဂါနေ့မနက်ပိုင်းက တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း တာမွေ မီးသတ်တပ်ဖွဲ့ရုံးအနီး တာမွေကြီး (ခ) ရပ်ကွက် အတွင်း မီးလောင်မှု ဖြစ်ပွားရာ အိမ်လေးလုံးမှာ လုံးဝလောင်ကျွမ်းသွားပြီး အခြားလေးလုံးမှာ တဝက်စီ မီးလောင်ပျက်စီးသွားသည်။

နံနက် ၉ နာရီတွင် မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းသည့် အဆိုပါ မီးလောင်မှုကို တာမွေနှင့် တိုင်း ဗဟိုမီးသတ် အပါအဝင် အခြား ၁၁ မြို့နယ်မှ မီးသတ်ဌာနများ၊ စည်ပင်မီးသတ်ဌာန တို့မှ မီးသတ်ကားစီးရေ ၃၄ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီး၊ အထောက်အကူပြုယာဉ် ၃ စီး သုံး၍ မိနစ် ၄ဝ ကြာ ငြှိမ်းသတ်ခဲ့ရသည်။

အိမ်အမှတ် ၃၆၉ ၊ မီးဖိုဆောင် မှ နံနက် ၉ နာရီခန့်တွင် စတင်လောင်ကျွမ်းသောမီးကြောင့် နေအိမ်လေးလုံး မီးလောင်ခဲ့သည်။

Sunday, February 12, 2012

မလေးရှားနိုင်ငံ ရွှေမြန်မာများ အထူး သတိပေး အပ်ပါသည် ....

အထူး သတိပေး အပ်ပါသည် ....
http://kyawkyawthet.blogspot.com/ ...မှ...
ယနေ့ မလေးရှား နိုင်ငံရှိ ကေအယ်မြန်မာဆိုင်များတွင် နံနက်အချိန် နှင့် နေလည်ပိုင်း အချိန်တွင် အော်ပရာစီ( စစ်ဆင်ရေး) များဝင်ရောက် စစ်ဆေး ဖမ်းဆီးနေကြောင်း သတင်း ရရှိပါသည်။ မလေးရှားနိုင်ငံ နေရာတိုင်းတွင် အော်ပရာစီ( စစ်ဆင်ရေး) လုပ်ငန်းများ စတင်အကောင်အထည် ဖော်နေပြီ ဖြစ်ပါသည်။

သို့ ဖြစ်ပါ၍ စနေနေ့ တနင်္ဂနွေနေ့ နှင့် တစ်ခြားရက်များတွင် ရွှေမြန်မာများ ကေအယ် အနီးတစ်ဝိုက် နှင့် လူစည်ကားသော နေရာများသို့ သွာလာပါက မိမိ၏ ပတ်စပို့ နှင့် အထောက်အထား တစ်စုံတရာ မရှိပဲ သွားလာခြင်းကို သတိပြုသင့်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်။

အဖမ်း အဆီး ကိစ္စများနဲ့ ပက်သက်ပြီး သတင်းများ ကို လက်လှမ်းမှီ သလောက်တင်ပြ ပေးပါမည်။ အရေးကြီးသော မလေးရှားမှ သတင်းများကို ကျွန်တော်ရဲ့ အီးမေး nayzawlin1@nayzawlin.com - nayzawlin1@gmail.com ကိုပေးပို့၍ မလေးရောက် ရွှေမြန်မာများ အတွက် သတင်း ကဏ္ဍမှ တင်ပြ အကူအညီပေး နိုင်ပါသည်။

ငဝန်နဒီ ကစာတွေ ကို ဘယ်လိုဖတ် မှာလဲ...ဖတ်ချင်သလို ဖတ်

ငဝန်နဒီ မှာ သတင်းတွေ တစ်ချို့ အကြောင်း အရာတွေ ရေးတော့ အမျိုးမျိုးထင်ကြမယ်...

သတင်း ကို သတင်းလိုဖတ်ရာဝယ်...

လူငယ်တွေ လာရင် ဟိုကသတင်း ကို ပုံစံတစ်မျိုးနဲ့ ပြန်ရေးတာလို့ ထင်ပြီးဖတ်ရော..တကယ်တော့ အတတ်နိုင်ဆုံး ဘက်မလိုက်တဲ့ အတွေးလေးနဲ့  ပြန်ရေး အကြောင်းအရာ တစ်ခု အဖြစ်အပျက်တစ်ခု အနေ ရေးတာပါ...

နိုင်ငံရေး စိတ်ဝင်စားသူ လာတော့ ဘာမှ မသိဘဲ ရေးပြန်ပြီ...သိတာမသိတာတော့ မသိဘူး နိုင်ငံရေး သတင်းတော်တော်များတင်ချင်သူ စိတ်ဝင်စား သူ ကို နိုင်ငံရေး သတင်းတင်ဖို့  အမှန်တစ်ရား အတွက် သတင်းတင်စိတ် ရှိအောင် စိတ်ဝင်စား သူတွေ ကို သင်ပေးပြီး သူတို့ ဟာသူတို့  ရပ်တည်ပြီးနေရာ တစ်ခုရောက်အောင် လုပ်ပေးပြီးသူတို့ ဝက်စ်ပေ့စ် တွေနဲ့ ဖြစ်နေတော့ မှ ဒီ ငဝန်နဒီ ကို ရိုးသားစွာ လုပ်နေတာပါ...အတွေးတွေ အယူအဆ အသစ်တွေ ဆန်းသစ် ကြည့်နေတာပါ...

နည်းပညာစိတ်ဝင်စားသူ လာတော့ ဘာတတ်လို့ ရေးတာလဲပေါ့ ထင်မယ်..

သိတာတွေ ကိုယ်တိုင်စမ်းသပ် သုံးစွဲ ပြီးမှ ရေးတင်တာပါ..တစ်ချို့ ဟာတွေ ဆို မူပိုင်ခွင့် တွေ ကို သတိထားနေရတော့ တင်ချင်သလို တင်မရလို့ ပါ..သိရဲ့ သားနဲ့ မတင်ရတာတွေ ရှိနေတာပါ...

တစ်ခါက ယူနီကုဒ် ရေးဖို့ ပြောတော့ နိုင်ငံတစ်ကာသုံး လိုကိုတွေ ကို ရှင်းပြချင် တာဖြစ်ပါတယ်...ဒါပေမဲ့ စိတ်ဝင်စားသူ မရှိနိုင်တာ များတာရယ် အမှတ်တမဲ့ နေချင်သူတွေ များတော့ မတင်တာပါ...

ကွန်ပျူတာကို ၁၉၉၀ မတိုင်ခင်လောက်ကတည်း က ပုသိမ်မြို့  မှာ သင်သေးတာ နာရီရဲ့ ပရိုဂရမ် ရေးနည်းတွေ ပါအခုဆို လက်ပတ်နာရီ အချိန်တိုက်စရာ မလို ထားချင်သလို ထားထား လိုချင်တဲ့ အချိန်ပတ် ချက်ချင်း အချိန်မှန်ပြန်ရောက်တဲ့ စနစ် သိလာသော်လည်း.. ရေနံ အင်ဂျင်နီယာ ကျောင်းတတ်တော့ ဖော်ထရမ် ၇၇ နဲ့  ပရိုဂရမ်တွေ ရေး စီပလပ် တွေ သုံးဖြစ်ပေမဲ့ အင်တာနက် ကို တော့ စင်ကာပူမှာကျောင်းတတ်ဖို့ ကြိုးစားရင်း အဆောင်ပါ NTU Nanyang Heights ကို ၂၀၀၄ လောက်ကတည်း က အွန်လိုင်း ကနေ ငြား ကျောင်းပါ အွန်လိုင်း ကနေ ဖတ်ပြီး ကျောင်းကို တတ်ခွင့်ရပြီး စင်ကာပူ လေဆိပ် ကို စင်ကာပူ ဗီစာ တုံး မထုပဲ လာတော့ ဘယ်သူ မှ လာမကြိုရဲ ပေမဲ့ ကိုယ်တိုင် ပါ့စ်စပို့ စာအုပ်မှာ စင်ကာပူ တုံး ဘာ မှ မရှိဘဲ စင်ကာပူလေဆိပ် ကို ဖြတ်သန်း လာတာပါ...နည်းပညာတွေ ရေးတတ်တာမဟုတ်ပါ မိမိ ကိုယ်တိုင်ဖြတ်သန်း လာတဲ့ အတွေ့ အကြုံတွေ ရေးတာ သိလို့ မဟုတ်ပါဘူး

ဂျပန်ရောက်တော့ ကွန်ပျူတာ အဟောင်းတွေ ဝယ် ပြန်ဆင် ဈေးပေါ်ပေါ်နဲ့ ရောင်း နည်းလေး သိသင့်သလောက် သိရော ရပ်လိုက်တဲ့ သူပါ ဒါကြောင့် ဒီမှာရေးတာတွေ အဆီအငြော် တည့် မှာ မဟုတ်ပါဘူး...

ကောင်းမယ်ထင်တာတွေ သိတာတွေ အမျိုးစုံ တင်နေတာပါ..

နမူနာ တစ်ခုပြောချင်တာ က အသိတစ်ယောက် အိမ်သွားတယ် ဆိုပါတော့ ကလေးတစ်ယောက် စားပွဲမှာကစားနေတာကို အမြင်မတော် လို့  ပြုတ်ကျမှာ စိုး လို့ တားလိုက် ရင်...

အင်ဂျင်နီယာ အတွေး က ဆေ့စ်တီးဖက်တာ အရတားတာပေါ့..

တားသင့်တယ်ပေါ့...

အိမ်ရှင်မ က ...ငါ့ ကလေး ကို လာပြောရအောင် အဓိပါယ် မရှိလိုက်တာ..

ကလေးအဖေ က သူ့ ကလေးလေး မဟုတ်ပဲနဲ့  ငါတစ်ယောက်လုံးရှိတာ ကို ငါတောင်မပြောတာ မကြည်လင်တော့ပါဘူး

ကလေး က နဂိုကလည်းဆော့နေကြ ဘယ်က မကောင်းဆိုးဝါးလည်း ဆိုပြီး တွေး နေ မှာပါ...

သူရှုထောင့်နဲ့ သူ မှန်နေတာပါ... ...

ပြီးခဲ့တဲ့ သတင်းဆို ကွယ်လွန် လို့ ရေးမှ နားဝင်ချို မှာပါ...ဒါပေမဲ့ သူအိမ်မှာသေတာမဟုတ် သလို သက်တောင့်သက်တာ မဟုတ်နိုင်သလို ဘယ်လို သေမှန်းတောင် မသိတာဆို တော့ ဘာကြောင့် မှန်း မသိသေတာဆိုတော့ သေဆုံးလို့  သုံးတာ ဖြစ်သင့်တာလို့ ရေးလိုက်တာပါ...တစ်ချို့ သူတွေ အမြင်နဲ့ ဆို တော်တော် လွဲနေမှာပါ...

ဒါကြောင့် ငဝန်နဒီ စာတွေ ကို ဘယ် ရှုထောင့် က ဖတ်လည်း ကို ငဝန်နဒီ မသိတဲ့ အတွက် ဖတ်ချင်သော အတွေးနဲ့ ဖတ်သွားနိုင်ပါတယ်...

ငဝန်နဒီ

အဆိုတော် Whitney Houston အသက် ၄၈ နှစ်တွင် သေဆုံး


အမေရိကန် အဆိုတော် နှင့် သရုပ်ဆောင် Whitney Houston အသက် ၄၈ နှစ်တွင် Log Angeles တွင် သေဆုံးသွားပါသည်။

Whitney Houston ကို Beverly Hilton Hotel မှာ ဧည့်သည် အဖြစ် တည်းခိုနေစဉ် ၂၃း၅၅ GMT အချိန် မှာ သေဆုံးနေတာကို တွေ့ ရတာပါ..ဘယ်အကြောင်းကြောင့် သေဆုံးတာ ကို မသိရသေးပါဘူး...။

ဘီဘီစီ

Saturday, February 11, 2012

panasonic ပဲ သုံးဖြစ်တော့မယ် ထင်တယ်...Service အရမ်းကောင်းလို့ ပါ...

အိမ် မှာဝယ်ထားသော ဘိုထိုင်အိမ်သာ ရေပန်းမလာတော့လို့  အသစ်ဝယ်ရတော့မယ် ထင်နေတာ panasonic ဆိုတော့ service center ဆီ ဖုန်းဆက် ပြီး ပြော လိုက် တော့ ဘယ်ပစ္စည်းလည်း မီးပူလား ကွန်ပျူတာလား ဘာစက်လဲ မေးတော့ အိမ်သာ ကမုဒ် လည်းဆိုရော ဟုတ်ပြီ စာရွက်တွေ မေးတော့ မရှိတော့ ဘူး မနည်းပြန်ရှာ ရအုံးမယ်ဆိုတော့ ရတယ် မလိုဘူး အမျိုးအစားပြော မော်ဒယ် ပြောဆို ပြီး နံပါတ်တွေ မှတ်ပြီး ဘယ်နေ့  ဘယ်ရက် လာပြင်မယ် ပြောတယ်...

လာပြင်တဲ့သူလာတော့ အထဲ က အိုင်စီလိုဟာလေး ပျော်သလို ပျော့နေတော့ လဲ ဖို့ လိုတယ်ဆိုပြီး သူ့ စင်တာကို ထပ်ဆက်ပြီး
ပြောတော့ ဟိုမှာချက်ချင်း မရှိသေးဘူး ရောက်မယ့်ရက်ပြောပြီး လာပြင်မဲ့ ရက် တစ်ခါထဲပြောတော့ အားတဲ့ရက်နဲ့  တိုက်ပြီး လာပြင်တော့ ဆားကေ့စ်ပြား တစ်ချပ်လုံး အသစ် တပ်ပေးသွားတယ် ..

ပြီးတာနဲ့ ပြင်တဲ့သူ က သူဖုန်းလေးနဲ့  ပရင့်တာသေးသေးလေး နဲ့  တကယ်ကို သေးသေးလေး လက်ဖဝါးစာလောက်ပဲ ရှိတာ စာရွက်ပရင့်ထုတ်ပြီး ဟမ်းကောရိုက်ပေးတယ် ဂျပန်တွေ က လက်မှတ် မထိုးကြပါ ဟမ်းကော သာသုံးကြတာပါ

ပြီးတော့ ပြင်တဲ့ အိမ်ရှင် ကနေ ဟမ်းကောတောင်းပေမဲ့ အလုပ်မှာပဲထားတော့ လက်မှတ်ထိုးပေးလို့ ရတာနဲ့  လက်မှတ်ထိုးပေးလိုက်တယ်...ပိုက်ဆံတစ်ပြားမှ မပေးရတဲ့ အပြင်

ကျေးဇူးတင်ပါတယ် ပြောတော့..သူ ကတောင် တောင်းပန်သွားသေးတယ်...တကယ် ကို တာဝန်ကျေ ပါပေတယ် panasonic ....


ဂျပန်မှာ panasonic ဆိုရင် နည်းနည်းတော့ ဈေးမသိမသာ ကြီးတာတော့ ရှိပါတယ် ဒီလိုဝန်ဆောင်မှုတအားကောင်းတာတွေ့ လိုက်ရတော့ တော်တော် အံသြသွားတယ်..ဒါကြောင့်ကိုး မှတ်ချက်ပြုမိတော့တယ်..

တစ်ခုရှိတာက..ဂျပန်မှာ တီဗီကို english လို Menu နဲ့ မှ ဆိုရင်တော့ Sharp တစ်ခုပဲရှိနေတာပါ...တစ်ခြားအမျိုးအစားတွေ မှာမရနိုင်တာပါ...

အရှင်ဂမ္ဘီရ ပြန်လွတ်....ဦးပဉ္ဇင်းအား ဒီမိုကရေစီ စနစ်သစ် ဆွမ်းစားပင့်ပြီးမှ ပြန်ကြွ

ကိုကျော်ကျော်သိန်း
ဗွီအိုအေ

သောကြာနေ့မနက် ၂ နာရီ ပတ်ဝန်းကျင်မှာ အာဏာပိုင်တွေက လာခေါ်သွားတဲ့ အရှင်ဂမ္ဘီရကို သောကြာနေ့ညဘက်မှာ မဂ္ဂင်ကျောင်းတိုက်ဆီ ပြန်ပို့ပေးခဲ့ပါတယ်။ အာဏာပိုင်တွေက ဘာ့ကြောင့် လာပင့်သွားတယ်၊ ဘယ်ကိုခေါ်သွားတယ်၊ ဘာတွေပြောဆိုခဲ့ကြတယ် ဆိုတာတွေကို တိတိကျကျ မသိရသေးပေမဲ့ သူ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး ကျန်းကျန်းမာမာလည်း ရှိနေပါတယ်လို့ ပြန်ရောက်လာပြီးတဲ့နောက် အရှင်ဂမ္ဘီရက ဖုန်းဆက် မိန့်ကြားခဲ့ကြောင်း အစ်မတော်ဖြစ်သူ မခင်သူဌေးက ပြောပါတယ်။ သောကြာနေ့ ညဥ့်နက်ပိုင်းမှာ ကိုကျော်ကျော်သိန်းက မခင်သူဌေးကို ဆက်သွယ် မေးမြန်းတဲ့အခါ အရှင်ဂမ္ဘီရ ပြန်ရောက်နေပြီ ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့ပါတယ်။

“၁၀ နာရီလောက်က ကျမဆီကို ဖုန်းဆက်ပါတယ်။ ဥပဉ္ဇင်းက လွတ်လာပြီဆိုတဲ့ အကြောင်းကို ဖုန်းဆက်ပြီး ကျမကို ပြောပါတယ်။ သောကြာနေ့ည ၁၀ နာရီပါ။”

ဥပဉ္ဇင်းကို လာခေါ်သွားတာ ဘယ်နေ့ ဘယ်အချိန်ကပါလဲခင်ဗျာ။ -

“သောကြာနေ့မနက် ၂ နာရီလောက်ကပါ။ လယ်တီ ကျောင်းတိုက်ကနေ လာခေါ်သွားတာရှင့်။”

ဘုန်းကြီးက သူ ကျောင်းကို ကောင်းကောင်းမွန်မွန် ပြန်ရောက်ပါပြီတဲ့။ ရောက်ပြီဆိုတာနဲ့ အဲဒါ ဥပဉ္ဇင်း ဘယ်ကို ခေါ်သွားတာလဲ ဆိုတော့ သူက မဟန ဆရာတော်ကြီးတွေနဲ့လည်း တွေ့ပြီးပါပြီတဲ့။ ဥပဉ္ဇင်းကို ကောင်းကောင်းမွန်မွန် ဆက်ဆံရဲ့လားဆိုတော့ ဆက်ဆံပါတယ်တဲ့။ အဲဒီလိုပဲ ပြောပါတယ်။ ဆရာတော်ကြီးတွေနဲ့တော့ အေးအေးဆေးဆေးပါပဲ တဲ့။”

ဒါဆို အစ်မနဲ့ စကားပြောပြီးတဲ့ နောက်ပိုင်းမှာ ဥပဉ္ဇင်း ဂမ္ဘီရက မဂ္ဂင်ကျောင်းတိုက်မှာ သတင်းပြန်သုံးပြီးပေါ့နော်။ -

“ဟုတ်ပါတယ်။”

မဂ္ဂင်ကျောင်းတိုက်ကို သူတို့ လာပို့သွားတာလား။ ဒါမှမဟုတ် ဦးပဉ္ဇင်းက ကိုယ့်ဘာသာကိုယ် ပြန်ကြွလာတာလား။ -

“သူတို့ ပြန်လာပို့တာလို့ ပြောတယ်။”

အရှင်ဂမ္ဘီရ ရဲ့ အစ်မတော်ဖြစ်သူ မခင်သူဌေးပါ။

အစိုးရအပြောင်းအလဲ ဖြစ်ခဲ့ပြီးတဲ့နောက် ဇန်န၀ါရီလ ၁၃ ရက်နေ့က လွှတ်ပေးခဲ့တဲ့ နိုင်ငံရေး အကျဉ်းသားတွေထဲမှာ ပါဝင်ခဲ့ပြီး မြောင်းမြထောင်ကနေ ပြန်လည် လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

စကားချပ်...

ဒီမိုကရေစီ စနစ်သစ် မှာ အာရုံဆွမ်း ပင့်တာနေ မှာပါ ပြောတဲ့ သက်ဝင်းရေ ...နေ့ ဆွမ်းပါ ပါသွားလို့  ကြာသွားတာဖြစ်မှာပါ..ဘာပဲဖြစ်ဖြစ်လေ... အဆင်ပြေပြေ ပြီးဆုံးသွားတာ စိတ်ချမ်းသာစရာပါ...

ဒီင်္မိုကရေစီ သွားရင်း အဆင်မပြေသော အထုံးလေးများ လျော့နည်းနိုင်ပါစေ..

Friday, February 10, 2012

တစ်လတောင်မခံ တဲ့ မြန်ပြည်ဒီမိုကရေစီ မြန်လိုက်တာ...

။အရှင် ဂမ္ဘီရကို အာဏာပိုင်များ ခေါ်ဆောင်သွား
၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဦးဆောင် သံဃာတပါး ဖြစ်သည့် အရှင် ဂမ္ဘီရသည် ယနေ့ နံနက် ၂ နာရီခန့်က ခေတ္တ သတင်းသုံးနေသည့် သင်္ကန်းကျွန်းမြို့နယ် လယ်တီ ၀ိပဿနာ ဘုန်းတော်ကြီးကျောင်းမှ တိုင်းရဲ အဖွဲ့ကလာရောက် ခေါ်ဆောင်သွားကြောင်း သတင်းရသည်။ (ဧရာဝတီ)

ဦးဂမ္ဘီရ သည် ဇန်န၀ါရီ လ ၁၃ ရက် နေ့ က ရွှေဝါရောင် သံဃာ့ လှုပ်ရှား မှု တွင် ဦးဆောင် ပါဝင်ခဲ့
သဖြင့် ထောင်ဒဏ် နှစ်ရှည် အပေး ခံရကာ ဇန်န၀ါရီလ ၁၃ ရက်နေ့  တွင် မြောင်းမြ အကျဉ်းထောင်
မှ ပြန် လည် လွတ်မြောက် လာခဲ့ သည်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီမိုကရေစီ အသီးအပွင့် တွေ မြင်ရတော့မယ်ထင်တာ...ကြာတောင်မကြာသေးဘူး လွတ်လာတာ တစ်လတောင် မရှိသေးဘူး.... စိတ်မကောင်းစရာပါ... ဘယ်သူမှားတယ် မှန်တာထက် မြန်မာပြည်ဒီမိုကရေ စီ တော်တော် မြန်တာပဲ...

စိတ်တော့ မကောင်းပါဘူး အားလုံး အဆင်ပြေစွာဖြင့် ပြေလည်နိုင်ပါစေ။

Thursday, February 9, 2012

အင်တာနက် ရယ် အိုင်ပက်စ် အိုင်ပေါ့စ်တော့ပ် အိမ်ဖုန်းရယ် သုံးပြီး အင်တာနေရှင်နယ် စမတ်ဖုန်းတွေ ကို ဖရီးခေါ်ရအောင်...

ဖုန်းခေါ်ခတွေ သက်သာအောင် နိုင်ငံခြားတိုင်းပြည်တွေ ရောက်နေသူတွေ အင်တာနက်သုံးပြီး စကားပြောရပေမဲ့ အင်တာနက်သုံးနေသူက စမတ်ဖုန်းသုံးသူတွေ ကို ဖုန်းခေါ်လို့ ရတာတွေ ရှိပေမဲ့ တစ်ချို့ တွေ က အများသုံး ဝိုင်ဖိုင်တွေ ကို သုံးပြီး ပရီပိတ်ကဒ်ဖုန်း သို့ မဟုတ် အိမ်ဖုန်း နံပါတ်လေး ကို အသုံးခဏချပြီး စမတ်ဖုန်းတော်တော်များများကို အိုင်ပက်စ် အိုင်ပေါ့စ်တော့ပ် တွေနဲ့  ဖရီးခေါ်လို့ ရတာ ပါ...

ပရီပိတ်ကဒ်ဖုန်း နဲ့  အိမ်ဖုန်း ကတော့ အဲလို ခေါ်ဖို့ အတွက် ဆော့ဝဲလ်သုံးတဲ့ နေရာက ကုဒ်နံပါတ်ပေးတာကို နားထောင် ပြီး အတည်တစ်ခါပြုရုံ လေးနဲ့  အိုင်ပက်စ် အိုင်ပေါ့စ်တော့ပ် တွေနဲ့  ဖရီးခေါ်လို့ ရတာ ပါ...

ဝိုင်ဖိုင်ရှိနေရာတိုင်းကနေ ခေါ်လို့ ရတာပါ..၃ဂျီ ရှိတာနဲ့ လည်းခေါ်လို့ ရပါတယ်...အိုင်ပက်စ် တစ်ချို့ က ၃ဂျီ နဲ့ အဆင်ပြေပေမဲ့ စမတ်ဖုန်းတိုင်း ကို ခေါ်မရတာပါ...ဒီမှာတော့ ဘယ်စမတ်ဖုန်း ကို မဆို ခေါ်လို့ ရပါပြီ...မက်စိပ် ပါ ပို့ ထားလို့  ဓာတ်ပုံ တွေ ပါ ပို့ လို့ ရတာပါ...

အဲဒီဆော့ဝဲလ် ကတော့ ဗိုင်ဗာ နဲ့ ပါ...အဲမှာတစ်ခု ခက်တာလေးကတော့ မက်စိပ်လက်ခံတာပါ...ဂျပန်မှာဆို အေယူဖုန်းဆိုရင် အတူတူပါပဲ မက်စိပ် လက်ခံမရတာပါ...အပေါ်က နော့ဂတ်စ်ကုဒ် ကို နှိပ်လိုက်မှ ဖုန်း ကို ခေါ်တာပါ အဲဒီနံပါတ်လေး ကို မှတ်ထားပြီး အတည်ပြုလိုက်ရင် အဲဒါရပါပြီ...နောက်ပိုင်း ဘာမှလုပ်စရာမလိုပဲ ချက်ချင်း လိုသလို မက်စိပ် ပို့ ပို့  ဖုန်းခေါ်ခေါ် ဖရီး ရတာပါ...

အိုင်ပက်စ် နဲ့ ဖုန်းခေါ်လို့ ရတာ မခက်ပေမဲ့ ၃ဂျီ ရှိတော့ အဆင်ပြေပေမဲ့ အိုင်ပေါ့စ်တော့ပ် ကနေဆိုရင် ဝိုင်ဖိုင်နဲ့ မှ... အဆင်ပြေမှာပါ....နိုင်ငံတကာ စမတ်ဖုန်းသုံးနေသူကလည်း ဗိုင်ဗာထည့်ထားတဲ့ ဖုန်း နံပါတ်ခေါ်လိုက်တာနဲ့ အိုင်ပက်စ် အိုင်ပေါ့စ်တော့ပ် တွေမှာ အသံလာမြည်ပေးပြီး ဖရီးခေါ်လို့ ရတာ ပါ..

အိမ်ဖုန်း ကို ဗိုင်ဗာ ကနေ ခေါ်လိုက်တာပါပဲအိုင်ပက်စ် အိုင်ပေါ့စ်တော့ပ် တွေမှာ အသံလာမြည်ပေးမှာပါ... ပရီပိတ်ကဒ်ဖုန်း ကို ခေါ်ပေမဲ့ အိုင်ပက်စ် အိုင်ပေါ့စ်တော့ပ် တွေမှာ အသံလာမြည်မှာပါ...

မြန်မာလိုပဲရေးရလို့  တစ်မျိုးဖြစ်ပေမဲ့... နိုင်ငံတကာ မှာ နိုင်ငံတိုင်း ခွင့်ပြုမပြု ကို မသိ တဲ့ အတွက်ပါ။ ။

Tuesday, February 7, 2012

ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ ခရီးစဉ်

www.burmese.dvb.no နှင့် http://www.lankamsma.org/ တို့ မှရယူတင်ပြပါသည်။


ကိုးသိန်း အားကစားကွင်း ဟောပြောမည့် အခမ်းအနား






ကျောင်းကုန်းမှ ကြိုဆို

Saturday, February 4, 2012

၂၀၁၁ အကြောင်း အဆက်..

စာမရေးဖြစ်တာ ကြာလာတော့ ဟက်စ်ကာ ကလည်း ဝင်..တကယ်တော့ ဘယ်ဆော့လ်ဝဲ နဲ့ မှ ကာကွယ်ထားတာမရှိပါဘူး ဝင်ချင်သလို ထွက်ချင်သလိုရပါတယ်...ပျက်တော့လည်း အသစ်ရတာပေါ့...မြန်မာပြည်ကသူတွေ ပြင်တာတော်သလို ကော်ပီရိုက်လည်း သိပ်တော့ မလိုသေးပါဘူး...

၂၀၁၁ ကို ဆက်ရေးရမှာက ကောင်းတာ တစ်ခုကတော့ ကျောက်သင်ပုန်း ကို အသက်ကြီးလာတဲ့အထိ ကိုင်ခွင့်ရလာတာပါ..အဲဒါကို အသက်သွင်းပေးသူကတော့ Steve Job သူကိုယ်တိုင်တော့ ၂၀၁၁ နှစ်ကုန်ကို ဖြတ်သန်းခွင့်မရတော့ပေမဲ့...သူလုပ်ခဲ့တဲ့ အရာတွေ လူတွေ ကို ဆက်သွယ်မှုကို အမျိုးမျိုး လမ်းပြသွားတာပါ...

မျက်မမြင်တွေ အတွက် အသံနဲ့ အမိန့် ပေးလို့ ရတာကို လုပ်ပေးခဲ့တယ်...
လက်ချောင်းလေးတွေ ထောက်ရုံလေးနဲ့ စာရေးလို့ ရအောင်လုပ်ပေးခဲ့တယ်...

စက်တွေသယ်နေရတာတွေ ကို သက်သာအောင် ကိုယ့်ဆီမှာ ရှိတဲ့ စက်တွေ အားလုံးမှာ သုံးလို့ ရအောင်ပါလုပ်ပေးသွားတာ..ကွန်ပျူတာကို သေးသေးလေး ကိုင်ရသလိုဖြစ်အောင်လုပ်ပေးသွားတာပါ...
ဖုန်းလေး သီချင်းနားထောင်စရာလေးတွေ ကနေ အလုပ်ခွင် လုပ်ငန်းရှင်းပြတာတွေကို လုပ်နိုင်အောင်လုပ်ပေးသွားတာပါ...

ကောင်းတာလေးတွေ ရေးပြီးတော့ ...

စိတ်မကောင်းစရာကတော့ သူရဲ့ မှုပိုင်ခွင့် နစ်နာမှုတွေ ရှိနေတာရယ် ၂၀၁၁နှစ်ကုန်ကို မဖြတ်သန်းဘဲ လောကကို စွန့် ခွာသွားတာစိတ်မကောင်းစရာပါ...

မြန်ပြည်မှာတော့ အစိုးရ နည်းနည်းပြောင်းသွားသလို ...

ကလေးတွေ ကို လူမဆန်စွာနှိပ်စက်တာတွေ ပါ...ဘာဖြစ်တာလည်းဆိုတော့..ကလေးတွေ စာမသင်ရမဲ့အရွယ်မှာ စာသင်ကျောင်းဝေးနေတာပါ..

စာမသင်ရတော့ အနည်းငယ်မယဉ်ကျေးတာတွေ ရှိမှာပါ..ဒါကို ပြောမရတော့ နှိပ်စက်တာတွေ ဖြစ်လာတာဖြစ်မှာပါ..နှိပ်စက်သူတွေ လူစိတ်မရှိတာဘာဖြစ်လို့ လည်းဆိုတော့..
နိုင်ထက်စီးနင်း ခေါင်းပုံဖြတ် အခွင့်ထူးခံတွေ စံစားချိန်မှာ အဲဒါတွေ အတုယူမိနေတာပါ...

လမ်းပေါ်မှာ လူသတ်သူတွေ အခွင့်အရေးရနေတာကို အားကျတာဖြစ်တာဖြစ်ပါလိမ့်မယ်...

အခုတော့ တဖြည်းဖြည်းသက်သာသွားမယ်ထင်ပါရဲ့ ...ဒီမိုကရေစီခြေလှမ်းစလှမ်းနေတယ်လို ဆိုလာလို့ ပါ...

နောက်တစ်ခုကတော့ တစ်ချို့ တွေ မိမိကိုယ်ကိုယ် အဆုံးသတ်တာကို လုပ်ကြတာပါ...
တကယ်တော့ မြန်မာတွေ နိုင်ငံတစ်ကာမှာ တစ်သီးတစ်ခြားနေရင်း မကောင်းသူတွေ တစ်ချို့ ကြောင့် အဲလိုဖြစ်တာတွေ ရယ်...
မြန်မာပြည်မှာပြတဲ့ ဇာတ်လမ်းတွေက အဲလိုဖြစ်အောင်ပို့ ဆောင်နေတာပါ...

အခုဆိုလည်း ဘဝအနည်းငယ်အဆင်မပြေဖြစ်ဖူးသူတွေ စတိတ်ရှိုးလက်မှတ်ကို အခန်းစီစဉ်ပေးမယ်ဆိုပြီး သူတို့ လိုဖြစ်အောင် အဖော်ခေါ် ဆွဲဆောင်လက်မှတ်ရောင်းတာတွေ ရှိနေတာပါ...သူတို့ အတွက်မထူးပေမဲ့ မိကောင်းဖခင်သားသမီးတွေ အတွက် လမ်းကြောင်းပေး အဖော်ခေါ်နေတာ စိတ်မကောင်းစရာပါ...

မိမိကိုယ်ကိုယ် စိတ်ပျက်လို့ ပဲဖြစ်ဖြစ် အဆင်မပြေရင် သူငယ်ချင်းတွေ အဖော်အပေါင်းတွေ ရှိတာကို မမေ့သင့်ပါဘူး သူတို့ ဟာ အမှီကောင်းဟုတ်ချင်မှ ဟုတ်မှာဆိုပေမဲ့ အမှီကောင်းပေးနိုင်သူတွေ မှာ မိမိရဲ့ အခက်အခဲကဘာမှ မဟုတ်သလို အလွယ်တကူ ကူညီလို့ ရနိုင်တာပါဘဲ...

တစ်ခုတော့ရှိပါတယ် မိမိ ကိုယ်တိုင်ရိုးသားဖို့ လိုပါတယ်...

နောက်ဆုံးအနေ မှ မရတော့ဘူးဆိုရင် အလုပ်လည်းမရှိ အစားအစာလည်းမရှိ ဘဝခက်ပါတယ်ဆိုသူတွေထက်ခက်တဲ့သူတွေ ကမ္ဘာပေါ်မှာ ရှိနေတာကို ပြန်သတိရပြီး...သင့်အသက်ရှင်နေမှုမှာ အဲလိုလူထက်စာရင်တော်သလို ကူညီချင်စိတ်မမွေးလိုက်ရင် သင့်ရဲ့ စိတ်တွေ အနည်းငယ်ပြောင်းသွားပြီး အသက်ရှင်ခွင့်လိုလားလာမှာပါ...

တကယ်တော့ သင့်အတ္တတွေ အရမ်းများနေလို့ ပါ..ပရဟိတစိတ်လုံးလုံးမရှိသူတွေ လုပ်တဲ့အလုပ်ပါ...ငွေရှိမှ ပရဟိတလုပ်လို့ ရတာမဟုတ်ပါဘူး...လူကြီးတစ်ယောက်ကို ကူညီတာပဲဖြစ်ဖြစ် ကလေးတစ်ယောက်ကိုဖေးမတာပဲဖြစ်ဖြစ် ဒါတွေဟာ ပရဟိတတွေပါ...ငွေမလိုပါဘူး...ထိုင်စရာကူညီပေးတာတွေရောပေါ့...

မကောင်းစိတ်တွေဝေးသွားမှာပါ...မကောင်းမှုတွေ ကို ၂၀၁၁ မှာထားပြီး ၂၀၁၂ နှစ်သစ်မှာစိတ်သစ် လူသစ်အတွေးသစ်များရှိနိုင်ကြပါစေ။