ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Monday, December 31, 2012
၂၀၁၃ နှစ်သစ် မှာအေးချမ်းပျော်ရွှင် သာယာချမ်းမြှေ့  တိုးတတ်ကြီးပွားကြပါစေ
လက်တံတွေများများ နဲ့  ကြာရှည်စွာ အေးချမ်းစွာဖြင့် ကြာကြာ စံနိုင်ကြပါစေ။
နောက်တစ်နာရီဆို နှစ်သစ်ကူးပြီဆိုတော့
HAPPY NEW YEAR 2013
ငဝန်နဒီ
SUNSHINE CITY ဒီနေ့ အလည်အသွား အမှတ်တရ ၂၀၁၂ ဒီဇင်ဘာ ၃၁
ငါးပြတိုက် ရယ် အထပ် ၆၀ ကနေ မြင်ကွင်းတချို့ 
ဝင်ကြေး ကတော့ ဂျပန်ယန်း ၂၁၅၀ ယန်း
အထပ်၆၀ အတွက် ပါ ပါပြီးပါ။
အထပ်၆၀ သီးသန့် ဆိုရင် ၆၀၀
ယန်းကျော်
ငါးပြတိုက် ကတော့ ၁၈၀၀ ယန်း
အဆောက်အဦးက တနေရာစီပါ
ငဝန်နဒီ
နေရာရွေ့ တော့မဲ့လက်တန်လေး နောက်လေးနှစ်ကြာမှ အဲဒီနေရာ ပြန်ရောက်တော့မယ်
နောက်လေးနှစ်ကြာမှ အဲဒီနေရာလေး ကို ရောက်မှာ
တခါပြောင်းဖို့  တနှစ်စောင့် ရသလို ၂၁၀၀ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်အထိ အချိန်ပြပေးမည့်
ရပ်ရင်လှုပ်လိုက် ပုံမှန်အချိန် ကို ပြပေးသော နာရီလေး
လေးနှစ်ကြာမှ ဒီလိုပုံစံပြန်တွေ့ ရမည့် လက်တန်လေး
နှစ်ကူးတယ်ဆိုပေမဲ့ သူမှာတော့ လေးနှစ်တောင်ကြာသကိုး
ဖေဖော်ဝါရီ ၂၉ မွေးနေ့ ရှင်သူငယ်ချင်းသို့ 
ငဝန်နဒီ
Sunday, December 30, 2012
ရန်ကုန်စက်မှုတက္ကသိုလ် ဆရာပူဇော်ပွဲ မသွားရောက်နိုင်ပေမဲ့ အဝေးက ဂါရဝပြုလိုက်ပါတယ်
ဒီနေ့ တော့ ရန်ကုန်စက်မှုတက္ကသိုလ် မှာ ဆရာပူဇော်ပွဲ လုပ်ပါတယ်
အဝေးကနေ ဂါရဝပြုပါတယ်
၁၉၉၃ ဖေဖော်ဝါရီလ ၁၆ ရက်မှာ ရန်ကုန်စက်မှုတက္ကသိုလ် ကို ဒူးယားဆောင်မှာ နေပြီး သင်ယူခဲ့တာ မှာ သူများထက် တနှစ်ပို နေ တာရယ် တစ်မေဂျာလုံးမှာ တစ်ယောက်ထဲနေခဲ့တာ
၂၀၀၀ပြည်နှစ် မှာမှ ရေနံအင်ဂျင်နီယာ နဲ့  ဘွဲ့ ရ တော့ တယ်
သူငယ်ချင်းတစ်ယောက်ကတော့ ပြီးအောင်တောင် ပါမလာတော့ဘူး
ကျောင်း ကို တော်တော်ပျော်ခဲ့တာ အတူတူ တတ်ခဲ့ တဲ့ သူငယ်ချင်းကိုလည်း သတိတရ နဲ့  အတူစာသင်ပေးခဲ့သော
ဆရာများ ကိုလည်း ဂါရဝပြုလိုက်ရပါတယ်။
ငဝန်နဒီ
မြန်မာ့ရုပ်ရှင် ထူးချွန်ဆုပေးပွဲ အခမ်းအနား ကို အိုင်ဖုန်း ကနေ ကြည့် နိုင်ပြီ
http://www.ustream.tv/channel/mrtv4
အိုင်ဖုန်း ကနေကြည့်လို့ ရသလို
TVUNETWORKS က နေ TVU PLAYER သွင်းပြီး SKYNET ကနေပါ ကြည်နိုင်ပါတယ်
SKYNET က အနည်းငယ် နောက်ကျသောလည်း ကြည့်ရတာ ပိုကြည်ပါသည်။
နံပါတ်ကတော့ ၉၉၂၂၁ ကိုထည့်ရပါတယ်
ငဝန်နဒီ
Tuesday, December 18, 2012
2013 မှာမြန်ပြည် ဘာထူးလာမှာလဲ
၂၀၁၃ မှာမြန်ပြည် မှာ
နေစရာ ထူးထူးခြားခြား ဈေးမကျ
ဖုန်း ရောင်းရင်းမကုန် ဖြစ်နိုင်သဖြင့်
အင်တာနက် မိုဗိုင်း သီးသန့်  ထွက်နိုင် ဝိုင်ဖိုင် 3G
ကားပါမစ် စနစ် မဖျက်ချင်ပဲ ဖျက်ရတော့မည် ကားဟောင်း ၆ လပိုင်းကျော်လျှင်ဖျက်စရာကားမရှိတော့ ပုံမှန်ဆိုလျှင်
၂၀၀၈ အထက်ကားများသာသွင်းခွင့် ရှိသဖြင့် သွင်းခွင့်ပုံစံ ပြောင်းကို ပြောင်းလိမ့်မည်
မပြောင်းလျှင် ကားသစ်များဖြင့် ပိုကောင်းပေမည်
လစာ မတိုးသောလည်း အနေအစားခြောင်လှယ်နိုင်
အလုပ်ရရန် မပေါများနိုင်သေး
ပြည်တွင်းလုပ်ငန်းများအား ကာကွယ်ရန်သာရှိပြီး
ပြည်တွင်းလုပ်ငန်းသစ် အားပေးရန် ၂၀၁၃ ကုန်ခါနီး တိုးတတ်ပေမည်
လွှတ်တော် ထိုင်ခုံ မြဲအောင်ကြိုးစား ပေမည်
အမှားမရှိစေရန် မေးထူးခေါ်ပြောဖြင့် တဖြည်းဖြည်း တိုးတတ်ပေမည်
အခုဖြစ်နေသော အခြေအနေ အတိုင်းအခြေခံပေသည်
ငဝန်နဒီ
Sunday, December 16, 2012
ပို့ ကုန်တွေ လည်း ပို့ တာတော့ ပို့ တာပေါ့ ပြည်တွင်း လုပ်ငန်းငယ် တွေ အလုပ်လုပ်သူတွေ အကျိုးစီးပွားစောင့်ရှောက်ဖို့ လို
ဒီစာတွေ က မရေးချင်ပေမဲ့ ရေး ဖို့ လိုကို လိုလာပါပြီ အစိုးရက ပြည်တွင်း အလုပ်လုပ်သူ အကျိုးစီးပွား ထည့်မတွက်ပဲ ပို့ ကုန်တွေ ပို့ တာကို ကြည့်သင့်တာကြည့်ဖို့ လိုလာလို့ ရေးတာပါ
မြန်ပြည်မှာ တချို့ ဟာတွေ က အလေ့ကျ ထွက်တာလေး ကို လုပ်အားလေး ရင်းပြီး ငွေ ရှာသူတွေ ကို ကြည့်ဖို့ လို လို့ ပါ။
အခုမှ ပို့ ကုန်တွေ ရတယ်ဘာတယ် လျှောက်ပြောနေတာပါ ၁၉၉၄ ခုနှစ် က တည်းက နိုင်ငံတကာကို ပို့ လို့ ရနေတာပါ 
၂၀၀၀ မှာတော့ ကျောင်းပြီးတော့ အဲဒါကို လှောင်ပြီး ပို့ ဖို့ လုပ်တော့ ဘာသွားတွေ့ လည်းဆိုတော့ ငွေ အပြောင်းအလည်း က အရမ်းများသွားတာတွေ့ ရတာရယ်
စိတ်မကောင်းစရာတစ်ခုကိုတွေ့ လို့ ရပ်လိုက်ပါတယ်
လုပ်အားလေးရင်းပြီး ငွေရှာတဲ့ အဖိုးကြီး အဖွားကြီး က ကုန်ကြမ်းလိုက်ဝယ်တာ တစ်ခြားဘယ်သူမှ မရောင်းတော့တာကို တွေ့ တော့ အကူအညီ လာတောင်းပါတယ်
လှောင်ထားတာလေး ရောင်းပေးမလားပေါ့ တစ်ခြားမှာ မတန်တဆ ဈေးလည်းတောင်း ပြီးရင် နောက်ဆို မရောင်းတော့ဘူးတဲ့ ပြောလိုက်တယ်တဲ့
အဲဒါနဲ့ သူတို့ လုပ်နိုင်တဲ့ အရေအတွက်ရယ် ဝယ်နိုင်တဲ့ ငွေကြေးရယ် တနှစ်လုံး နောက်တစ်ကြိမ် အသစ်မပေါ်မချင်း လိုအပ်တဲ့ ကုန်ကြမ်း ရယ်တွက်ပြီး အချိန်မရွေး လာဝယ်လို့ ရတယ် ဈေးလည်းမတတ်ဘူး လိုသလောက်ရောင်းပေးမယ် လာသယ်ခ ပါ ပြန်ထည့်ပေးလိုက်တယ်
အဲဒီတစ်နှစ်တော့ ကူညီ လိုက်နိုင်ပြီး အဲဒီနှစ်ရဲ့  နောက်ဆုံး ပိတ် ဈေး ရယ်တွက်လိုက်တော့ မြန်မာတပြည်လုံး ထွက်တဲ့ အခြေအနေအရဆို မိမိတော့ အဆင်ပြေနိုင်ပေမဲ့
အဆင်မပြေဖြစ်မဲ့သူတွေ ကများမှာဆိုတော့ အဲဒါ ကို အဲဒီကတည်းကစွန့် လိုက်ပြီး အင်ဂျင်နီယာ လုပ်ထဲဝင်သွားလိုက်တော့တယ်။
အများငတ်မှ အကျိုးစီးပွားဖြစ်သဘောကျသူတွေ ကတော့ မြန်ပြည်မှာ ဘယ်လောက်ထွက်တာ ပြောနေမှာပါ..တကယ်တော့ စီးပွားဖြစ် အဆက်မပြတ်ပို့ နိုင်လောက်အောင် မထွက်တာ အမျိုးသား အကျိုးစီးပွားစောင့်ရှောက်သူတွေ ကြည့်ကို ကြည့်ရမှာပါ..
ငဝန်နဒီ
Saturday, December 15, 2012
Sorry ပြောဖို့ ဆိုတာထက် Within Law လုပ်ဖို့ လိုလာပြီ
အခုတလော ဆန္ဒပြတာတွေ က Sorry ပြောဖို့  ကိုပဲလုပ်နေတာထက် ဒီလို အဖြစ်မျိုးထပ်မဖြစ်အောင် ဥပဒေ မှာ တားမြစ်သင့်တာကို ဥပဒေမှာရှိဖို့ လိုတာ အရေးကြီးတာကို ဥပဒေမှာပြဌာန်းပေးဖို့ တောင်းဆိုရမှာပါ
Sorry ပြောပြီး လုပ်ချင်တာလုပ်လို့ ရမယ် ဆိုရင် နောက်လည်း ဒီလိုထပ်ဖြစ်လာမှာပါ
အခုဆို တဖြည်းဖြည်း မသိမသာဖြစ်အောင် အချိန်ဆွဲလုပ်ဆောင် တာရယ်
ဘာထပ်ဖြစ်လာမှာလည်း ပြဿနာ ကို ထပ်ဆွခံနေရတာပါ စနစ်တကျ တဖြည်းဖြည်း အစဆွဲထုတ် ပြည်သူတွေ ကို ဖိနှိပ်ဖို့ စဉ်းစား အချိန်ယူနေတာ ကို တွေ့ နေရလို့  ဒီစာ ကို ရေးတာပါ
နေရာတကာမှာ လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ဆီ ပို့ နေတာ ကတော့ ဥပဒေ ဖြစ်လာမှာ ကို စုံစမ်းရေး ဆိုပြီး ဖွဲ့ ပေးလိုက်တာပါ
ဒီနေရာမှာ ဥပဒေ ပြုတာဘယ်သူတွေ လဲပေါ့
လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်တည်းရေးတာမဟုတ်သလို သမ္မတ ကလည်း လုပ်လို့ မရပါဘူး
ပြည်သူရဲ့ ပိုက်ဆံ ကို လစာ ရယူထားသူ လွှတ်တော် ကိုယ်စားလှယ် အကုန်လုံးတာဝန်ပါ
နှာစီးနေလို့ မရပါဘူး
မိမိတာဝန် ကို မိမိ တာဝန် ယူမှ သာ လွှတ်တော် ကိုယ်စားလှယ် ဆိုတာ မိမိ ကိုယ်ကို့ တန်ဖိုးရှိမှာပါ
မိမိ တို့ လွှတ်တော် ကိုယ်စားလှယ် တာဝန် ယူချိန်မှာ ဘယ်ဥပဒေ ကို ပြန်ပြင်တယ် ဖျက်ပစ်တယ်
အသစ်ဘယ်ဥပဒေ ကို ရေးဆွဲတယ် ဆိုတာ ရှိရမှာပါ
နည်းအသစ်တွေ ရှိသလို ဥပဒေ အသစ် ဆိုတာ မရှိလို့ မရပါဘူး ဥပဒေ ကမထိန်းရင် နေရာတကာ မှာပြဿနာတွေ တစ်သီတစ်တန်း ဖြစ်လာမှာပေါ့
နည်းပညာ ဥပဒေ ကတော့ အသစ်ပေါ်လာပြီး
လက်နက်မဲ့ ငြိမ်းချမ်းစွာ တောင်းဆိုသူ ကို မီးလောင်တိုက်သွင်းတာကတော့ မြန်မာပြည်မှာ ဗိုလ်ချုပ်အောင်ဆန်း လက်ထက် က ငရဲခွေးကြီး လွတ်နေပြီ ရေးသလို အခုလည်း ငရဲမင်းကြီး မြန်မာပြည် မှာ ရောက်နေပြီလားပေါ့
ဒီလို တောင်းဆိုသူတွေ ကို ဘယ်လိုထိန်းမယ် ဘယ်လို ညှိမယ် ဘယ်လို လုပ်ဆောင်မယ် ဆိုတာ လွှတ်တော် မှာ တရားဝင် ဘယ်အဆင့်ဆင့် လုပ်ဆောင် ရမယ်ဆိုတာ ဥပဒေ ကတော့ ပေါ် ကို ပေါ်လာဖို့  လို ကို လိုနေပါပြီ
ဆန္ဒပြ ရင် ရလဒ် ကောင်း ဖို့ ထက် ဖြစ်ချင်တာ ထက် ဖြစ်သင့်တာတွေ အတွက် ကို ဖြစ်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ မြန်ပြည်သူ ပြည်သားတိုင်းတာဝန်ပါ
လမ်းပြ ရမှာက မြန်ုပြည်သူ ပြည်သား
ရေးသား ရမှာက မြန်ပြည်သူပြည်သား ပိုက်ဆံစား လွှတ်တော် ကိုယ်စားလှယ်
တရားဝင်ဖြစ်အောင် လုပ်ရမှာ က သမ္မတ တာဝန်
ဖြစ်လာမည့် ဥပဒေ ကို ဖြစ်အောင် ကာကွယ် စောင့်ရှာက်ရမှာက ကာကွယ်ရေး လက်နက်ကိုင် အဖွဲ့ အစည်း တာဝန်
အဲလိုသာသွားရင် မြန်ပြည်သားတွေ အေးအေးချမ်းချမ်းနေရမှာပါ
မြန်ပြည်မှာ အချိန်တွေ ဘယ်လိုပေါပေါ ဒီဇင်ဘာ လကုန် အထိ ကို မပြောလိုပေမဲ့
အဲဒီ အချိန်အတော်အတွင်းမှာ မြန်ပြည်သူပြည်သားတွေ ဒုက္ခဆင်းရဲရောက်တာ အယောက် တစ်ရာ မကတော့ပါဘူး
မြန်ပြည်စံတော်အချိန် တနာရီ မှာ မြန်ပြည်သားတစ်ယောက်ယောက် နားထင် အရိုက်ခံနေရတာပါ
သေတဲ့သူတွေလည်း ရှိရင်ရှိနေမှာပါ တိုက်ရိုက်တော့ ဟုတ်ချင်မှ ဟုတ်မှာပေါ့
အများပြည်သူ တွေ အတွက် အချိန် တစက္ကန့် သည် လူ အသက်တစ်ချောင်းပိုရှည် လုပ်ဆောင်ပေးသလိုဖြစ်သည် ကို မြန်ပြည် တာဝန်ယူသူတွေ သိမည်ဆိုရင် ဒီမိုကရေစီ ကို မြန်ပြည်ခြေလက်ဖြင့်ရေးသော တိုင်းပြည်ဖြစ်လာပေမည်။
အသေအပျောက် မီးလောင် ခံနေရသူ အတွက် စိတ်မကောင်းသော်လည်း သူတို့ သည် မြန်ပြည် ကို မြန်မာ့အမျိုးသားရေး စိတ်ဓာတ် မြှင့်တင်ပေးသူ နိုင်ငံခြားသား ကို နိုင်ငံခြား သားလို ထင်မှတ်အောင် လုပ်ပေးသူ များ ဖြစ်ပေသည်။တိုင်းတစ်ပါးမှာလာသူသည် ဘယ်တော့ မှာ မြန်ပြည်ပေါက် တိုင်းရင်းသားမဖြစ်လာစေရ ဖြစ်စေသူများသာ ဖြစ်သည်။
မိမိအမျိုးသားရေး အတွက် ပေးဆပ်သူများ ကို မိမိနိုင်ငံ က ကာကွယ်စောင့်ရှောက်မှုဥပဒေ ဖြစ်လာစေရန် သာ ရေးသားပါသည်။
မြန်ပြည်အမျိုးသားရေး စိတ်ဓာတ် မြန်မာနိုင်ငံသားတိုင်း ဖော်ဆောင်နိုင်ကြပါစေ။
ငဝန်နဒီ
မြန်ပြည်သားဖြစ်လာရင်ဖြစ်လာမယ် မြန်ပြည်ပေါက်တိုင်းရင်းသား ဘယ်တော့မှ မဖြစ်လာစေရ။
 ကမ္ဘာမကြေ ကို မြန်ပြည်သားတိုင်း ဆိုနိုင်ကြပါစေ။
အသေအပျောက် မီးလောင် ခံနေရသူ အတွက် စိတ်မကောင်းသော်လည်း သူတို့ သည် မြန်ပြည် ကို မြန်မာ့အမျိုးသားရေး စိတ်ဓာတ် မြှင့်တင်ပေးသူ တိုင်းတစ်ပါးသား ကို တိုင်းတစ်ပါး သားလို ထင်မှတ်အောင် လုပ်ပေးသူ များ ဖြစ်ပေသည်။တိုင်းတစ်ပါးမှာလာသူသည် ဘယ်တော့ မှာ မြန်ပြည်ပေါက် တိုင်းရင်းသားမဖြစ်လာစေရ ဖြစ်စေသူများသာ ဖြစ်သည်။
အမျိုးသား အကျိုးစီးပွား အတွက်ပေးဆပ်သူများ ကို ဂုဏ်ပြုရေးသားရပါသည်။
တိုင်းတစ်ပါးမှာ မွေးဖွားပြီး မြန်ပြည်ပြန်ရောက် နိုင်ပေမဲ့ မြန်မာ နိုင်ငံရဲ့  အမျိုးသားသီချင်း ကမ္ဘာမကြေ ကို ဆိုလို့ မရပါဘူး။
ငဝန်နဒီ
Monday, December 10, 2012
အင်တာနက်ဖိုး ဂျပန်မှာတောင် ဈေးတတ်လို့  မလွယ်
အခုဆို 4G LTE ဆိုပြီး အိုင်ဖုန်း ၅ ကို ရောင်းနေတာ အင်တာနက်ဖိုး ကို အစပိုင်း 7GB အထိ ကို ယန်း ၅ ထောင်ကျော် အထိ တတ်သွားတာ နောက်ပိုင်း 7GB မဟုတ်ပဲ ပြန်ပြင်သွားတာ ရှိပါတယ်
အခုတော့ ယန်း ၅ ထောင်ကျော် ကို ပြန်လျော့တဲ့ ပုံစံ ပြောင်းပြီး
ယန်း ၄ထောင်ကျော် အရင်အတိုင်း ရမည့် ပုံစံ လျော့ လာတာတွေ့ ရပါတယ်
ဘယ်လိုပဲလျော့လျော့
အိုင်ဖုန်း ၅ က လမ်းရှာရင်ပျောက်နေတုန်း ဆိုတော့ နည်းပညာ တချို့  တိုးလာတာ ဆိုပေမဲ့ 
LTE အရ အင်တာနက် က 100MB နှုန်း မရသေးတော့ မထူးသလို တကယ်တန်းသွားမေးရင် LTE တော့ LTE ပါပဲ နှုန်း က အတော်လေး လျော့ နေတာ ကို တွေ့ ရသလို အိုင်ပက်စ် မီနီဆို အင်တာနက် သတ်မှတ်နှုန်း မရေမရာ ပါ
တကယ်တန်း LTE က အပြည့် နီးနီး အင်တာနက် နှုန်း နဲ့  နေရာ တိုင်း ရပြီး
လမ်းပါမပျောက် ရင် အိုင်ဖုန်း ၅ က ဘယ်နေရာသွားသွား ဗီဒီယို ဖုန်း ခေါ်တာတွေ ရပြီး
အတော် ကို အဆင်ပြေမှာပါ
ဒီစာရေးရတာ မြန်ပြည်မှာ အင်တာနက်နှုန်း ထား အတွက်စဉ်းစားရင် အဆင်မပြေသေးသော အင်တာနက်နှုန်းထားတွေ အတွက်နိုင်ငံတကာမှာလည်း ရှိတာကို ရေးလိုက်တာပါ
ဈေးချပေးလည်း နည်းပညာ အရ မဝယ်သင့် သေးတာကို ပါ ရေးလိုက်တာပါ
အကောင်းအဆိုးက သူအရာနဲ့ သူပါပဲ
ကောင်းတယ်ထင် လုပ်သာလုပ် လူအများ ကို မထိခိုက်ရင်ပေါ့
မှန်တယ်ထင်ရင် လုပ်သာလုပ် လူအများ အကျိုး မယုတ်ရင်ပေါ့
အများအကျိုးကြည့် ရင်း တိုးတတ်သော မြန်ပြည် ဆက်သွယ်ရေးဖြစ်နိုင်ပါစေ
ယန်း ၁ထောင် ဆိုတာ ဂျပန်မှာ တနာရီ စာ အချိန်ပိုင်းလုပ်အားခပဲ ရှိတာပါ
အဲလို တစ်ထောင်ကို လွယ်လွယ် အကျိုးမရှိရင်မပေးချင်ကြပါဘူး
ငဝန်နဒီ
Saturday, December 8, 2012
လွှတ်တော် မှာ ပြည်နယ် တောင်းလို့  ရရင် နိုင်ငံတကာ ကပြန်တဲ့သူတွေ ရော ပြည်နယ်ရမှ ပြန်တော့မှာပေါ့
ပြည်နယ် တောင်းတာတွေ ရှိလာရင် နိုင်ငံတကာရောက်မြန်မာတွေ PR စနစ်တွေ ဘာတွေ မလို မြန်မာစကားလည်းတတ် သူတွေ ဆိုတော့ တိုင်းရင်းသား ဘာသာစကားလည်း တတ် ဆိုတော့ပြည် နယ်တောင်း သူ တွေ ရှိရင် တောင်း လို့ ရမှ ပြန်ပြီး
အစိုးရလည်း PR စနစ်တွေ ဘာတွေ အတွက် အလုပ်မရှုပ်ရတော့ဘူးပေါ့
မြန်ပြည် ကို ပြည်မ နဲ့ တောင်တန်း ဒေသ
နောက် တိုင်းနဲ့ ပြည်နယ်
နောက်ပိုင်း ပြည်သူတွေ ကို အသိမပေးထားသော တိုင်းတွေ. ပြည်တွေ ရှိလာပြီး ဒေသ တွေရော ရှိလာ
ဒီလို ဆိုရင် နောက်ဆုံး
လက်နက် နည်းနည်း ကိုင် လူများလာ ပြည်နယ်တောင်း မြန်ပြည် မှာ ပြည်တွေ ဖောင်း
လက်နက်သံတွေ တဖောင်းဖောင်း
ငြိမ်းချမ်းရေး က အဝေးဂျောင်း
မြန်ပြည်သာယာစေပြောင်း ဤစာကို ရေးရပါကြောင်း
ငဝန်နဒီ
Sunday, December 2, 2012
မြန်ပြည်သားတွေ ကို အကုသိုလ် မဝယ်ဘဲ အစိုးရ လက်ဆောင်ပေး
ဒီစာတွေ မရေးချင်ပေမဲ့ ရေးနေရပါတယ်
အကုသိုလ် များပါတယ်
ရေးကို မရေးချင်တာပါ
ဒါပေမဲ့ မြန်မာနိုင်ငံသားဆိုတော့ ဘယ်လိုပဲဖြစ်ဖြစ် ကောင်းတာပဲ ရေးချင်တာပါ အရင်က သရော်စာ ရေးပါတယ် အခု တော့ တိုက်ရိုက် နီးနီးရေးနေရပြီ
ရှက်စရာကောင်းတာတွေ က မြန်ပြည်သားတိုင်းကို ရိုက်ခတ်တာ သိသင့်သူတွေ သိဖို့ လိုလာလို့ ပါ
အခုဆို စုံစမ်းရေဖွဲ့ တာ အပြစ်ဘယ်သူ ကို ဝိုင်းတင်ကြမလဲ လုပ်ခိုင်းတာဖြစ်နေပါတယ်
ဘယ်လို ဖြစ်လို့  စနစ်တကျ တာတွေ ကို လုပ်ခိုင်းတာလဲပေါ့
မျက်နှာတွေ မီးလောင်သွားတော့
ဘယ်လောက်အထိ ဆိုးဝါးလည်း ဘယ်လို ကုရင် ရမလဲ အတွက် ဆရာဝန် ရယ်
အရေပြား အထူးကု ဆရာဝန် ရယ်
ဆာဂျယ် လုပ် ဆရာဝန် တွေ နဲ့ 
ဘယ် လောက် အထိ ထိ ခိုက်သလဲ ဆို တာ စုံစမ်းရမှာပါ
ဘယ်လို လက်နက်သုံးလို့  ဖြစ်ရတာလဲ ဆိုတာ
ကာကွယ်ရေး က လက်နက် စီစစ် ရေး လုပ်ကိုင်သူတွေ က စုံစမ်းရမှာပါ
ဘယ်လိုကြောင့် ဒီလို လက်နက်သုံးရတာလဲ
တာဝန်ရှိသူ ကဘယ်သူလဲ
ဘယ်သူ ကတာဝန်ပေးတာလဲ
ဘယ်သူ ကလုပ်ခိုင်းတာလဲ
အဲလို လူတွေ အပြင်
ဓာတုဗေဒ ကျွမ်းကျင်ပညာ ရှင်တွေ ပါ ကို ပါဝင်ရမှာပါ
ဘယ်လိုကြောင့် ဒီလောက် အထိဖြစ်ရတာလဲ ကို စုံစမ်းရမှာပါ
လုပ်ကိုင်ပုံ အဆင့်ဆင့် အတွက် အခုဖွဲ့ ထားသူတွေ က လုပ်နိုင်မှာပါ မေးယုံမြန်းယုံ ဆိုတော့
နောက်ပြီး အရင်းအမြစ်ပြဿနာ ကို ရှာရင်
ဒေသခံလိုလာပါတယ်
အကျိုးမပြုပဲ အိမ်ပျောက် အလုပ်ပျောက်ဖြစ်လို့ ဒီလိုဖြစ်လာတာပါ
ဘယ်လို လုပ်ပေးထားလဲ ဆိုတာ ရှိရပါမယ်
ဘယ်သူ အကျိုးအမြတ်ရသလဲ
ပြည်သူတွေ ဘာ အကျိုးပြုသလဲ
တိုင်းပြည် ဘာရသလဲ
နည်းပညာ ဘာရသလဲ
ပတ်ဝန်းကျင် က အသံဆူညံမှုဘယ်လောက်လဲ
ဓာတု ဓာတ်ခွဲ မှု မှတ်တမ်းမှတ်ရာ
ပတ်ဝန်းကျင် ကို ဓာတ်ခွဲ ကြည့် ဖို့  လိုပါတယ်
ဘူမိဗေဒ ပညာရှင် က ရေမြေ သဘာဝ ကို အကျိုးပြုမပြု
ငလျင်လုပ်တာ ပထဝီ အနေအထား ပုံမှန် ကြောင့်လား မဟုတ်ရင် ဘာကြောင့်
သံလိုက်စက်ကွင်း ဖြစ်ပေါ်မှု အားပေးဖြစ်သလား
အဆောက်အဦး တွေ တောင်တွေ ဘယ်လောက်ဖြို ရတယ်
ဘယ်လေက်ပြန်ရတယ်
အကျိုးအမြတ် သေချာရဲ့ လား
မြစ်ရေတွေ စစ်ကြည့် သူ ရှိလား
ရေသတ္တဝါ တွေ အသေ အပျောက် ရှိလား
ပြီးမှ ဆက်လုပ်တာတွေ စုံစမ်းတာတွေမေးလို့ မြန်းလို့ ရမှာပါ
ပါးစပ်နဲ့ မေးရမည့် ကိစ္စတွေ မဟုတ်သလို
ပါးစပ်တွေနဲ့  လုပ်ခဲ့လို ဒီလောက်ဖြစ်ကုန်တာ
မစစ်တတ်ရင် နိုင်ငံတကာ ကအသိပညာရှင် အတတ်ပညာရှင်တွေ ဌားရမ်းပြီး စစ်ဆေးရင် အဖြေကောင်းကောင်းထွက်လာမှာပါ
လုပ်နေသော တိုင်းပြည် ပညာရှင် မဟုတ်သူတွေ ကို ခေါ်မှ အမှန်ထွက်မှာပါ
မှန်ကန်သော စစ်ဆေးမှုဖြစ်ရန်သာ ရည်ရွယ်ပါသူ
အကျိုးပြုနိုင်ပါစေ
ငဝန်နဒီ
စုံစမ်းရေးတော့ ဟုတ်နေတာပဲ ၃၁ ဒီဇင်ဘာ နောက်ဆုံး ဆရာဝန် မပါ ဓာတု ပညာရှင်မပါ ဘာစစ်မှာလဲ စကားများ အပြစ်တင် ဖို့ ဖွဲ့ တာလား
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတရုံး
အမိန့်ကြော်ငြာစာ
အမှတ်၊ ၉၂/ ၂၀၁၂
၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်
(၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်)စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်လျက်ရှိသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေ အမှန်ဖော်ထုတ်နိုင်ရန်အတွက် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-
(က) ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ်
(ခ) ဦးလွန်းသီ အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်
(ဂ) ဦးသန်းမြင့် အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်
(ဃ) ဒေါ်ခင်စန်းလှိုင် အဖွဲ့ဝင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်
(င) ဦးဇော်မြင့်ဖေ အဖွဲ့ဝင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၅) မဲဆန္ဒနယ်
(စ) ဦးခင်မောင်ရီ အဖွဲ့ဝင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် (၆) မဲဆန္ဒနယ်
(ဆ) ဦးအောင်ကြည်ညွန့် အဖွဲ့ဝင်
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
မကွေးတိုင်းဒေသကြီး၊ အမှတ် (၄) မဲဆန္ဒနယ်
(ဇ) ဦးခင်မောင်ဆွေ အဖွဲ့ဝင်
ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
(ဈ) ဦးမျိုးညွန့် အဖွဲ့ဝင်
အထွေထွေအတွင်းရေးမှူး
ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ
(ည) ဒေါက်တာဝင်းမောင် အဖွဲ့ဝင်
Chairman, Myanmar Environmental Institute
(ဋ) ဦးကျော်တင့်ဆွေ အဖွဲ့ဝင်
သံအမတ်ကြီး (ငြိမ်း)
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
(ဌ) ဦးမောင်မောင်အေး အဖွဲ့ဝင်
Senior Consultant on Social Assessment
Myanmar Environmental Institute
(ဍ) ဦးစိုးသိန်း (ခ) မောင်ဝံသ အဖွဲ့ဝင်
စာရေးဆရာ
(ဎ) ဦးဝင်းထိန် အဖွဲ့ဝင်
ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန
သတ္တုတွင်းဝန်ကြီးဌာန
(ဏ) ဦးမြင့်ဆွေ အဖွဲ့ဝင်
ညွှနကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန
လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
(တ) ဦးတင်မြင့် အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန
(ထ) ဦးလှမောင်သိန်း အဖွဲ့ဝင်
ဒုတိယညွှန်ကြားရေးမှူးချုပ်
ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
(ဒ) ဒေါက်တာဒေါ်ကေသီလွင် အဖွဲ့ဝင်
ပါမောက္ခချုပ် (တာဝန်)၊ နည်းပညာတက္ကသိုလ် (သံလျင်)
သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
(ဓ) ဒေါက်တာဒေါ်မာလာအောင် အဖွဲ့ဝင်
ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
ပညာရေးဝန်ကြီးဌာန
(န) ဦးအောင်နိုင်ဦး အဖွဲ့ဝင်
Myanmar Peace Center
(ပ) ဦးပေါ်ဦးထွန်း (ခ) မင်းကိုနိုင် အဖွဲ့ဝင်
(၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့
(ဖ) ဦးကိုကိုကြီး အဖွဲ့ဝင်
(၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့
(ဗ) ဒေါက်တာမြင့်သိန်း အဖွဲ့ဝင်
ညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင်ကျန်းမာရေးဌာန
ကျန်းမာရေးဝန်ကြီးဌာန
(ဘ) ဦးနေဦး အဖွဲ့ဝင်
ဒုတိယညွန်ကြားရေးမှူး
စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
ပြည်ထဲရေးဝန်ကြီးဌာန
(မ) ဦးဝင်းကြည် အဖွဲ့ဝင်
ဌာနကြီးမှူး၊ ထုတ်လုပ်မှုလုပ်ငန်းများဌာနကြီး
မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်
(ယ) ဒုတိယဗိုလ်မှူးကြီးအောင်သန်း အဖွဲ့ဝင်
ကာကွယ်ရေးဝန်ကြီးဌာန
(ရ) ဦးဗိုလ်သန်း အဖွဲ့ဝင်
ကံကုန်းရွာ၊ ကျောက်မျက်ကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(လ) ဦးအောင်ဇော်ဦး အဖွဲ့ဝင်
ဝက်မှေးရွာ၊ ရွာရှည်ကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(ဝ) ဦးဘိုဌေး အဖွဲ့ဝင်
တုံရွာမ၊ တုံကျေးရွာအုပ်စု
ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
(သ) ဦးစစ်မြိုင် အတွင်းရေးမှူး
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များ
အပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်စေရေးတို့အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြု တင်ပြရမည်-
(က) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံ တကာ ပြဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများ
အသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ၊
(ခ) ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ်ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊
(ဂ) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက်
အကျိုး ရှိ/ မရှိ၊
(ဃ) ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်းများ၊
(င) ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာ တော်များအား ထိခိုက်ဒဏ်ရာ ရသည့်အပေါ် သုံးသပ်ချက်၊
(စ) ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်/ မသင့်၊
(ဆ) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊
(ဇ) ကော်မရှင်၏ အထွေထွေ သုံးသပ်တင်ပြချက်နှင့် အကြံပြုချက်များ။
၃။ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ထမ်းဆောင်စဉ် အုပ်ချုပ်ရေး
ကိစ္စများအား သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တာဝန်ခံဆောင်ရွက်ပေးရမည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်
ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို
ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်သမ္မတရုံးနှင့်
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဖြည့်ဆည်း ပေးရမည်။
၎။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည်စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်
ရာတွင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်
စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက် အရောက် အစီရင်ခံတင်ပြရမည်။
ပုံ
သိန်းစိန်
နိုင်ငံတော်သမ္မတ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
Saturday, December 1, 2012
လူမရှိလို့ သံဃာတော်များ ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းတိုင်း ရဲမှူးကြီးဦးစန်းယု တောင်းပန်
1 Dec, 2012 6:15 PM
သြ၀ါဒခံယူပွဲပြီးဆုံး
စစ်ကိုင်းတိုင်း ရဲမှူးကြီး ဦးစန်းယုက မိမိတို့ အနေဖြင့် အကြိမ်ကြိမ် တားဆီးခဲ့ ပါကြောင်း၊ လူများက သံဃာတော်များကို အကာကွယ်ယူပြီး ဆက်လက် လုပ်ဆောင်ခဲ့ကြောင်း၊ သပိတ် စခန်းများအား ဖြိုခွင်းချိန်တွင် လူများမရှိကြဘဲ သံဃာတော်များသာ ကျန်ရှိတော့ကြောင်း၊ ထို့ကြောင့် သံဃာတော်များ ထိခိုက် ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ထို့အတွက် စိတ်မကောင်းဖြစ်ရပြီး တောင်းပန် ပါကြောင်း ပြောသွားခဲ့သည်။
သတင်း - ဓါတ်ပုံ ။ ။ Eleven Media Group
ရဲတပ်ဖွဲ့ဝင်များဓမ္မာရုံအတွင်းဝင်ရောက်လာကြစဉ်
လာရောက်စောင့်ကြည့်နေသောမုံရွာမြို့ခံများ
(မီသတ်ဗူးတွေလှူတာလားမသိ)(အရင်ကတော့ သူရိန် မီးသတ်ဆေးဗူး ဆို နာမည်ကြီးပေါ့)
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ကပြောတယ် မြန်မာ သံဃာတော်တွေ ကို မီလောင်တိုက်သွင်းတာ တရားဝင်စွာလုပ်ဆောင်တာပြောပြီ
http://www.youtube.com/watch?v=msFZh5u1-6w   အဲဒီနေရာမှာတော့ မြန်မာပြည်က သံဃာတော်တွေ ကို ပစ်တာတွေ မီးလောင်တိုက်သွင်းတာတွေ ကို တွေ့ ရမှာပါ
အောက်မှာကတော့ တရုတ်က အဲလိုလုပ်တာ တရားဝင် လုပ်လို့ ရတာကို လုပ်တာပါ မီးလောင်တိုက်သွင်းတာ အမှန်တရားလို့ ပြောနေသလိုဖြစ်နေပါတယ်။
မနေ့ ကတည်းက အဲဒါကို သိနေကြားနေပါတယ် အခုမှ အတိအကျ သေချာသွားမှ တင်တာပါ..
အဲလောက်တောင် ဖြစ်တာကို ဝမ်းသာအားရချက်ချင်း သတင်းထုတ်တာအတွက် စိတ်မကောင်းစွာနဲ့ မြန်ပြည်သားတွေ တိုင်းသိသင့်တဲ့သမိုင်းကို သိအောင် ကူးယူတင်ပြလိုက်ပါတယ်။
http://www.youtube.com/watch?v=QldzP3cmbro
Riot police violently broke up thousands of demonstrators protesting against the expansion of a mine in Burma on Thursday. The Monywa Copper Mine is jointly owned by a Chinese weapons manufacturer and the Burmese military-owned Union of Myanmar Economic Holdings Ltd.
Witnesses say truckloads of police arrived at camps near the mine in the Sagaing region in the northwest of Burma, also known as Myanmar. Pictures taken by the Democratic Voice of Burma (DVB), during the demonstration show riot police carrying shields and guns at the camp.
Local farmers, monks and activists say mine operators are forcing them off their land for the $1 billion expansion. They say more than 7,800 acres of land have already been confiscated. There's also been growing resentment against the expansion of Chinese companies in Burma, and the events on Thursday pushed tensions to new heights.
During a press meeting today, China's Foreign Ministry spokesman said the Chinese company is acting within the law.
[Hong Lei, Spokesman, Chinese Foreign Ministry]:
"The relocation, compensation, environmental protection and other issues involved with this project were jointly settled through negotiations by the Chinese and Myanmar (Burma) sides and meet Myanmar's (Burma's) laws and regulations."
The mine is run by a unit of China North Industries Corp, a leading Chinese weapons manufacturer, under a deal signed in June.
In September, protestors told Reuters that four of 26 villages at the project site had already been displaced, along with monasteries and schools.
မြောက်ကိုရီးယားလက်နက်သင်္ဘောအစိုးရနှင့် ပတ်သတ်ခြင်း လုံးဝမရှိဟုဦးဇော်ဌေးက ငြင်းဆို မြန်မာပြည် ပုဂ္ဂလိက စိုးမင်းထိုက် ကုမ္ပဏီကနျူကလီးယား ထုတ်မှာလား
မြောက်ကိုရီးယားမှ စိုးမင်းထိုက် ကုမ္ပဏီသို့ တင်ပို့သော လက်နက်အဆင့် ထုတ်လုပ်နိုင်သည့် ပစ္စည်းများပါ သင်္ဘောကို ရှာဖွေခဲ့ကြောင်း ဂျပန်သတင်းစာ၏ ဖော်ပြချက်သည် ကုမ္ပဏီနှင့်သာ ဆိုင်မည်ဖြစ်ပြီး အစိုးရနှင့် ပတ်သတ်ခြင်း လုံးဝမရှိဟု သမ္မတရုံး ညွှန်ကြားရေးမှူးပြောကြား...
=========================================
မြန်မာနိုင်ငံအတွက် မြောက်ကိုရီးယားမှ လက်နက်အဆင့် ထုတ်လုပ်နိုင်သည့်ပစ္စည်းများ တင်ဆောင်လာသည့် သင်္ဘောအား ဂျ...
ပန်ဆိပ်ကမ်းတွင် ရပ်နားစဉ် ၀င်ရောက်ရှာဖွေခဲ့ကြောင်း ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းတွင် သတင်းဖော်ပြထားသည်။အဆိုပါသတင်းပါ အကြောင်းအရာများနှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတရုံး
ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြန်လည် ငြင်းဆိုထားသည်။ " အကယ်၍ ဒီသတင်းမှန်တယ်ဆိုရင်တောင် အဲဒီသတင်းမှာပါတဲ့ သက်ဆိုင်ရာ ကုမ္ပဏီနဲ့သာ ဆိုင်ပါလိမ့်မယ်။ မြန်မာအစိုးရနဲ့ ပတ်သက်ခြင်း လုံးဝမရှိပါဘူး" ဟု နိုင်ငံသမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ငြင်းဆိုထားသည်ဟု ရန်ကုန်တိုင်းမ် ဂျာနယ်တွင် ဖော်ပြထားသည်။
ဂျပန်သတင်းစာ အဆာဟိရှင်ဘွန်းက ယူရေနီယမ်သန့်စင်ခြင်း သို့မဟုတ် ဒုံးကျည်ထုတ်လုပ်ခြင်းအတွက် အသုံးပြုနိုင်သော ပစ္စည်းများကို မြောက်ကိုရီးယားက တရုတ်မှတစ်ဆင့် မြန်မာသို့ သင်္ဘောဖြင့်ပေးပို့ရန် ယခုနှစ်တွင် ကြိုးပမ်းခဲ့ကြောင်း ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား၏ ယခုလုပ်ရပ်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို ချိုးဖောက်ရာရောက်မည် ဖြစ်သည်ဟုလည်း သုံးသပ်ထားသည်။
ယင်းသင်္ဘောတွင် သတ္တုပိုက်လုံး ၅၀ ခန့်၊ အထူးပြုလုပ်ထားသော အလူမီနီယံ အလွိုင်းဘား ၁၅ ခုခန့် တို့အပါအ၀င် အခြားပစ္စည်းများကို တင်ဆောင်လာခြင်းဖြစ်ပြီး ယင်းပစ္စည်းများမှာ အနည်းဆုံးအားဖြင့် နျူကလီးယားလက်နက် စီမံကိန်းအတွက် လိုအပ်သော စက်ဒလက်များ ပြုလုပ်ရာတွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထိုင်ဝမ် ရေကြောင်းကုမ္ပဏီတစ်ခုက တာ့လျန်တွင် ဇူလိုင်လ ၂၇ ရက်က စင်ကာပူ၌ မှတ်ပုံတင်ခဲ့သော တန်ချိန် ၁၇၁၃၈ တန်ရှိသော Wan Hai 215 သင်္ဘောပေါ်တွင် ယင်းပစ္စည်းများ တင်ဆောင်လာခဲ့သည်ဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။ သြဂုတ်လ ၉ ရက်တွင် ယင်းပစ္စည်းများကို တရုတ်နိုင်ငံ၊ Shekou ၌ တန်ချိန် ၂၇၈၀၀ တန်ရှိ Wai Hai 313 သင်္ဘောသို့ ရွှေ့ပြောင်းခဲ့သည်။ သြဂုတ်လ ၁၄ ရက်တွင် ယင်းသင်္ဘောသည် မလေးရှား၌ သင်္ဘောပြန်ပြောင်းရန် စီစဉ်ထားပြီး သြဂုတ်လ ၁၅ ရက်တွင် ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ကပ်ရန် စီစဉ်ထားကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုက ကုန်သေတ္တာအတွင်း ပါဝင်သည့် ပစ္စည်းများနှင့်ပတ်သက်ပြီး သံသယရှိသောကြောင့် မလေးရှားတွင် သင်္ဘောလွှဲပြောင်းမှု မလုပ်ရန် ထိုင်ဝမ်သင်္ဘောကုမ္ပဏီအား တောင်းဆိုခဲ့သည်။
Wai Hai 313 သည် တိုကျိုဆိပ်ကမ်းသို့ သြဂုတ်လ ၂၂ ရက်နေ့တွင် ဆိုက်ကပ်လာခဲ့သည်။ တိုကျိုအကောက်ခွန်၊ စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် အခြားအေဂျင်စီများက အရာရှိများက ကာဂိုကို စစ်ဆေးခဲ့သောအခါ မေးခွန်းထုတ်ဖွယ်ရာ ပစ္စည်းများ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အမေရိကန်၏ တောင်းဆိုချက်အရ သြဂုတ်လ ၂၂ ရက်တွင် တိုကျိုဆိပ်ကမ်း၌ ကပ်ထားသော ယင်းသင်္ဘောကို ဂျပန်တာဝန်ရှိသူများက စီးနင်းရှာဖွေခဲ့ပြီး ယင်းသင်္ဘောပေါ်ရှိ ပစ္စည်းများအား သိမ်းဆည်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်များက အဆာဟိသို့ ပြောကြားခဲ့သည်။ ယင်းသင်္ဘောပေါ်တွင် တွေ့ရသော အလူမီနီယံ အလွိုင်းဘားများ၌ DPRK ဟု တံဆိပ်နှိပ်ထားသဖြင့် ယင်းသင်္ဘောသည် မြောက်ကိုရီးယားမှ စတင်ထွက်လာခြင်း ဖြစ်မည်ဟု တာဝန်ရှိသူများက ကောက်ချက်ချခဲ့သည်။ သို့သော် ယင်းသင်္ဘော၏ မှတ်တမ်းများ သို့မဟုတ် သင်္ဘောသားတို့၏ မူရင်းအကြောင်းအရာများကိုမူ စုံစမ်းစစ်ဆေးသူများက အတည်မပြုနိုင်သေးကြောင်း သတင်းရင်းမြစ်များက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားမှ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ သယ်ယူလာသည်ဟု သံသယရှိသော သင်္ဘောများမှ ကာဂိုများကို အစိုးရက စစ်ဆေးခွင့်ရှိသော အထူးဥပဒေတစ်ရပ်ကို ဂျပန်အစိုးရ ပထမဆုံးအကြိမ် အသုံးချခဲ့ခြင်း ဖြစ်သည်။
ယင်းပစ္စည်းများကို ရန်ကုန်အခြေစိုက် ကုမ္ပဏီတစ်ခုဖြစ်သည့် စိုးမင်းထိုက် ကုမ္ပဏီအတွက် သယ်ဆောင်လာခြင်းဖြစ်ကြောင်း သိရပြီး ယင်းကုမ္ပဏီသည် မြန်မာစစ်ဘက်က အပေါ်ယံဗန်းပြထားမှု တစ်ခုဖြစ်ကြောင်း အမေရိကန်အစိုးရက ယုံကြည်ထားသည်ဟုလည်း သတင်းတွင် ဖော်ပြထားသည်။ တရုတ်နိုင်ငံ၊ တာ့လျန်အခြေစိုက် ကုမ္ပဏီတစ်ခုနှင့် အဆာဟိသတင်းစာ အင်တာဗျူးတစ်ခုတွင် ယင်းကုမ္ပဏီက အလူမီနီယံ အလွိုင်းဘားများကို မြန်မာသို့ပို့ရန် ကြိုးစားခဲ့ဖူးကြောင်း အတည်ပြုခဲ့သည်။ ကုမ္ပဏီ၏ တောင်းဆိုချက်အရ မိမိတို့ကုမ္ပဏီသည် ယင်းသင်္ဘောပိုင်ရှင်ဖြစ်ခဲ့ကြောင်း၊ ယင်းသင်္ဘော အဖမ်းခံရကြောင်း ကြားသိရပြီး အဘယ်ကြောင့် အဖမ်းခံခဲ့ရသည်ကိုမူ မသိခဲ့ရကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် အလူမီနီယံ အလွိုင်းဘားများကို တရုတ်မှတစ်ဆင့် ရရှိခဲ့သည်ဟု ဂျပန်အစိုးရ တာဝန်ရှိသူများက ယုံကြည်ထားပြီး မြောက်ကိုရီးယားတွင် ယင်းပစ္စည်းများ ထုတ်လုပ်နိုင်သော နည်းပညာ မပိုင်သေးကြောင်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားသို့ ယင်းပစ္စည်းများ ပေးပို့ရန် တရုတ်စစ်ဘက်က အတည်ပြုချက် ပေးခဲ့ဖွယ်ရှိသည်ဟု ဂျပန်အစိုးရက ယုံကြည်ခဲ့သည်။
မြန်မာသည် တစ်ချိန်က ကြိုးပမ်းခဲ့သော နျူကလီးယားလက်နက် စီမံကိန်းရည်မှန်းချက်များကို စွန့်လွှတ်လိုက်ပြီဟု အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က ယုံကြည်ထားသည်။ သို့သော် ယခုတွေ့ရှိထားသော အလူမီနီယံ အလွိုင်းဘားများသည် ဒုံးကျည်များထုတ်လုပ်ရာတွင် အသုံးပြုနိုင်ခြေရှိသည်ဟု တာဝန်ရှိသူများက မသင်္ကာဖြစ်နေသည်။ မြန်မာသည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ပြဿနာများအတွက် ရည်ရွယ်ပြီး တာတိုပစ်ဒုံးကျည်များ ထုတ်လုပ်ရန် ယုံကြည်ရသည်ဟု တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
နိုဝင်ဘာလ ၁၉ ရက်တွင် ရန်ကုန်သို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား လာရောက်ပြီး သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် အိုဘားမားက မြန်မာနှင့်မြောက်ကိုရီးယားအကြား စစ်ရေးဆက်ဆံမှုအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားနှင့် ဆက်ဆံမှု ရပ်ဆိုင်းရန် မြန်မာအပေါ် အမေရိကန်က ဖိအားပေးမှုအား ပြုံယမ်းက ဝေဖန်ခဲ့သည်။
တွေ့ရှိမှုများကြောင့် ဂျပန်၊ အမေရိကန်ပြည်ထောင်စု၊ မြောက်ကိုရီးယားတို့အနေဖြင့် ၄င်းတို့၏ နျူမပြန့်ပွားရေး မူဝါဒကို ပြန်လည်သုံးသပ်ရမည့် အနေအထားသို့ ရောက်သွားခဲ့သည်။
မြောက်ကိုရီးယားသည် လိုအပ်သော အလူမီနီယမ် သတ္ထုစပ်များကို အခက်အခဲမရှိ ထုတ်လုပ်နိုင်သောကြောင့် နျူစက်ရုံအတွက်သုံးသည့် စက်ဒလက် အမြောက်အများကိုလည်း ယခုအချိန်တွင် ပိုင်ဆိုင်ထားပြီဟု ယူဆဖွယ်ရှိနေသည်ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလတွင် မြောက်ကိုရီးယားက ယုံပြောင်ရှိ နျူဆက်စပ်ပစ္စည်း စက်ရုံတစ်ခုရှိ စက်ဒလက်အမြောက်အများကို အမေရိကန်ပညာရှင်အဖွဲ့ကို ပြသခဲ့သည်။ သွားရောက်ကြည့်ရှုခွင့် ရခဲ့သူများအဆိုအရ စက်ဒလက် ၂၀၀၀ ခန့်ရှိပြီး အခြေအနေအရပ်ရပ် ပြည့်စုံပါက တစ်နှစ်အတွင်း အဆင့်မြင့်သန့်စင်ပြီး ယူရေနီယမ် ကီလိုဂရမ် ၄၀ အထိ ထုတ်လုပ်နိုင်ရန် လုံလောက်သည့် အနေအထားတွင်ရှိကြောင်း တွေ့ရှိခဲ့သည်။
မြောက်ကိုရီးယားသည် နေရာအနှံ့အပြားတွင် မြေအောက်ယူရေနီယမ် သန့်စင်စက်ရုံများ ထပ်ဆောင်းတည်ဆောက် လည်ပတ်နေသည်ဟု အမေရိကန်နှင့် တောင်ကိုရီးယား ထောက်လှမ်းရေးများက သံသယရှိနေသည်။
''မြောက်ကိုရီးယားဟာ ဘယ်တော့မှ သူ့ဖဲချပ်တွေ အကုန်လှန်ပြမှာ မဟုတ်ပါဘူး။ တစ်ခြားဆက်စပ် စက်ရုံတွေ အများကြီး ရှိနေပါဦးမယ်'' ဟု တောင်ကိုရီးယားအစိုးရ သတင်းရင်းမြစ်တစ်ဦးက ပြောကြားခဲ့သည်။
ဗုံးအတွက် ပလူတိုနီယမ် ထုတ်ပေးရန်လိုသော ဓာတ်ပေါင်းဖိုများနှင့် ယှဉ်လျှင် စက်ဒလက်များ မည်သို့ရွှေ့ပြောင်းနေသည်ကို ထောက်လှမ်းရေးဂြိုဟ်တုမှ စောင့်ကြည့်ရန်မှာ နေရာအရွယ်အစား သေးငယ်ခြင်းကြောင့် ခက်ခဲသည့်ကိစ္စ ဖြစ်သည်။
မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံအကြား စစ်ဘက်ဆက်ဆံရေး ရှိခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရရွှေမန်းက မကြာသေးမီကာလအတွင်း ဂျပန်အစိုးရ အရာရှိများကို ပြောခဲ့သည်မှာ မြောက်ကိုရီးယားသည် ယခင်က မြန်မာနိုင်ငံမှ မှာယူထားခဲ့ပြီးဖြစ်သော လက်နက်အချို့ကို တင်ပို့ရန် ရှိနေသေးသည်ဟု ပြောကြားထားခဲ့သည်ဟုလည်း အဆာဟိရှင်ဘွန်းက ဖော်ပြထားသည်။ သို့ရာတွင် မြန်မာနိုင်ငံသည် မြောက်ကိုရီးယားမှ နောက်ထပ်လက်နက်သစ် မှာယူထားခြင်း မရှိတော့ကြောင်းလည်း လွှတ်တော်ဥက္ကဋ္ဌက ပြောခဲ့သည်ဟုဆိုသည်။ ၂၀၁၁ ခုနှစ် နွေဦးမှစတင်ပြီး မြန်မာနှင့် မြောက်ကိုရီးယားအကြား စစ်ရေးအရ လဲလှယ်လွှဲပြောင်းမှုများ မရှိတော့ဟု မြန်မာအရာရှိများက ပြောကြားထားခဲ့သည်များနှင့် မူကွဲလွဲလျက် ရှိသည်။
၂၀၀၈ ခုနှစ် နိုဝင်ဘာလက စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးအဖြစ် သူရဦးရွှေမန်းက သွားရောက်ခဲ့စဉ်တွင် စစ်လက်နက်ပစ္စည်းများ မှာယူခဲ့ဖူးသည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားက ယူဆထားသည်။ သွားရောက်ခဲ့သည့် နေရာများတွင် မြောက်ကိုရီးယား ဒုံးကျည်ဆက်စပ် စက်ရုံများလည်း ပါဝင်ခဲ့သည်။
ဇန်န၀ါရီလတွင် တရုတ်မှတစ်ဆင့် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာသော သင်္ဘောတစ်စင်းတွင် ပါရှိလာသည့် ကာဂိုသည် မြောက်ကိုရီးယားနိုင်ငံ နမ်ပိုဆိပ်ကမ်းမှ လာခြင်းဖြစ်ပြီး မြန်မာစစ်ဘက်နှင့် ပတ်သက်သော အဖွဲ့အစည်းတစ်ခုမှ မှာယူခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည်။
''ဒီကုန်သေတ္တာမှာ လက်နက်ထုတ်လုပ်ဖို့ အဓိကကျတဲ့ စက်ပစ္စည်းတွေ ပါပါတယ်။ မြန်မာနဲ့မြောက်ကိုရီးယားအကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ မပြတ်တောက်သေးပါဘူး'' ဟု ရန်ကုန်ရှိ သံတမန် သတင်းရင်းမြစ်တစ်ဦးက ပြောကြားထားသည်ဟုလည်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည့် စိုးမင်းထိုက် ကုမ္ပဏီသည် လွန်ခဲ့သည့် နှစ် ၂၀ ၀န်းကျင်ခန့်အတွင်း တရုတ်နိုင်ငံထုတ် စစ်တပ်သုံး ထရပ်ကားများအပါအ၀င် စစ်တပ်သုံးပစ္စည်းအချို့ကို တင်သွင်းမှုများလုပ်ဆောင်ခဲ့သည်ဟု ယင်းကုမ္ပဏီနှင့် နီးစပ်သည့် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရသည်။ ထို့ပြင် မြန်မာနိုင်ငံ၌ အခြားကုမ္ပဏီလုပ်ငန်း အကြောင်းပြ စစ်တပ်သုံးပစ္စည်း ၀ယ်ယူတင်သွင်းသည့် ကုမ္ပဏီအချို့ရှိနေသေးကြောင်းလည်း သိရသည်။
အဆာဟိ ရှင်ဘွန်းသတင်းတွင် ပါရှိသော မြောက်ကိုရီးယားမှ တင်ပို့သော ကုန်သေတ္တာကိစ္စနှင့် စပ်လျဉ်း၍ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၏ ရှင်းလင်း ပြောကြားချက် အပြည့်အစုံ
၁။ အဆိုပါ ဖြစ်စဉ်မှ ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဖြစ်ပေါ်ခဲ့သော ကိစ္စရပ်ဖြစ်ကြောင်း ဖော်ပြထားပြီး ဂျပန်
အစိုးရထံမှ တရားဝင် ထုတ်ဖော်ပြောကြားခြင်း မဟုတ်ကြောင်း တွေ့ရှိရပါသည်။ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့်လည်း နိုင်ငံတော်သမ္မတကြီးအနေဖြင့် မကြာသေးခင်ကပင် ကမ္ဘောဒီးယားနိုင်ငံ အာဆီယံထိပ်သီအစည်းအဝေးတက်ရောက် စဉ် နှစ်နိုင်ငံတွေဆုံဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည် ဖြစ်၍ မြန်မာ-ဂျပန်ဆက်ဆံရေး အခြေအနေကောင်းများကို တွေ့ရှိနိုင်မည် ဖြစ်ပါသည်။
၂။ ၁၈-၁၁-၂၀၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော သတင်းထုတ်ပြန်ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်(၂/၂၀၁၂) တွင်လည်း အောက်ပါအတိုင်း အတိအလင်း ဖော်ပြထားပြီး ဖြစ်ပါသည်-
(က) ပြည်ထောင်စုအစိုးရအနေနှင့် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ International Atomic Energy Agency ၏နောက်တိုးလိုက်နာရန်အချက်အလက်များ (Additional Protocol) ကို လက်မှတ်ရေးထိုးနိုင်ရန်နှင့် ၁၉၉၅ ခု Small Quantities Protocol ၏ ထပ်မံပြင်ဆင်ချက်ကို လက်ခံနိုင်ရန် နိုင်ငံတော်သမ္မတကြီးက အတည်ပြုပြီးဖြစ်ရာ လွှတ်တော်သို့ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါသည်။ (လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်မှလည်း လက်မှတ်ရေးထိုးရန် သဘောတူထားပြီး ဖြစ်၍ လက်မှတ်ရေးထိုးနိုင်ရန် ယခုအခါ ဆက်လက်ဆောင်ရွက်လျက် ရှိပါသည်။)
(ခ) မြန်မာနိုင်ငံအနေဖြင့် IAEA စတင် ဖွဲ့စည်းသည့် ၁၉၅၇ခုနှစ်တည်းက အဖွဲ့ဝင်အဖြစ် ပါဝင် ခဲ့ပြီး ၁၉၉၂ခုနှစ် ဒီဇင်ဘာတွင် အဏုမြူလက်နက်မပြန့်ပွားရေးဆိုင်ရာစာချုပ် (Non-Proliferation Treaty, NPT) ကို လည်းကောင်း၊ ၁၉၉၅ခုနှစ်တွင် NPT ၏ နောက်တိုး သဘောတူညီချက် ဖြစ်သည့် Small Quantities Protocol စောင့်ကြည့်ထိန်းသိမ်းရေး စာချုပ်နှင့် အရှေ့တောင်အာရှ အဏုမြူလက်နက် ကင်းစင်ရေးစာချုပ် (Southeast Asian Nuclear-Weapon-Free Zone Treaty) များကိုလည်းကောင်း၊ ၁၉၉၆ခုနှစ် တွင် နျူကလီးယားစမ်းသပ်မှုတားဆီးရေး သဘောတူညီချက် (Comprehensive Nuclear Test Ban Treaty) တို့ကိုလည်းကောင်း လက်မှတ်ရေးထိုး ထားပြီး ဖြစ်ပါသည်။
(ဂ) ပြည်ထောင်စုအစိုးရအနေနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ ကုလ သမဂ္ဂလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်အမှတ် ၁၈၇၄ ကို လိုက်နာဆောင်ရွက်ရန်လည်း အခိုင်အမာ ဆုံးဖြတ်ချက်ချထားပြီး ဖြစ်ပါသည်။
၃။ ယခင်က သုတေသနနျူကလီးယားဓါတ်ပေါင်းဖို တစ်ခု တည်ဆောက်ရန် စီစဉ်ဆောင်ရွက်ခဲ့သော်လည်း နိုင်ငံတော်၏ ငွေကြေးတတ်နိုင်မှု၊ နည်းပညာ စသည့်လိုအပ်ချက်များကြောင့်လည်းကောင်း၊ နိုင်ငံတကာ အသိုင်း အဝိုင်းမှ အထင်အမြင်လွဲမှားမှုများ ဖြစ်ပေါ်စေခဲ့ခြင်းကြောင့်လည်းကောင်း နိုင်ငံတော်သမ္မတကြီး ဦးဆောင်သော အစိုးရလက်ထက်တွင် ယင်းသုတေသနစီမံကိန်းကို စွန့်လွှတ်ထားပြီး ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် အခွင့်အခါ ကြုံတိုင်း ရှင်းလင်း ပြောကြားလျက် ရှိကြောင်း အထင်အရှား တွေ့ရှိနိုင်ပါသည်။
သို့ပါ၍ အဆာဟိရှင်ဘွန်းသတင်းစာပါ သြဂုတ်လ ၂၂ ရက်နေ့နောက်ပိုင်း ဖြစ်ပေါ်တိုးတက်မှုများအား ပြန်လည် လေ့လာကြည့်လျှင် ဂျပန်နိုင်ငံဝန်ကြီးချုပ်နှင့်တွေ့ဆုံဆွေးနွေးမှု၊ နိုင်ငံတကာခေါင်းဆောင်များနှင့် စဉ်တိုက်ဆက်တိုက် တွေ့ဆုံမှုများ၊ အမေရိကန်သမ္မတအိုဘားမား မြန်မာနိုင်ငံသို့ လာရောက်သွားခဲ့မှု စသည့် ကြီးမားလှသော ဖြစ်စဉ် ဖြစ်ရပ်များစွာ တွေ့မြင်နိုင်ခြင်းကြောင့် အဆာဟိရှင်ဘွန်းသတင်းစာပါ ဖော်ပြချက်နှင့်စပ်လျဉ်း၍ စဉ်းစားသုံးသပ် နိုင်မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားလိုပါသည်။
Ref;Asahi Shinbum
-----------------------------------------------------------------------------
EMG
ရက်စက်ကြမ်းကြုတ်ပြီး ဗြောင်လိမ်ပြီ ရေနဲ့ ပဲလောင်းတာတဲ့ ဒဏ်ရာက အထက်အမိန့် တဲ့
ရက်စက်ကြမ်းကြုတ်ပြီး ဗြောင်လိမ်တဲ့ အကြမ်းဖက်နှိမ်နင်းသူ (ရုပ်သံ)