ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, January 27, 2013

ဂျပန် မှာ ကျောင်းပြီး အလုပ် ရှာသူတွေ ဖြတ်သန်းမှု

ဒီစာ ကို ရေးတာ က မြန်မာပြည် မှာ ဂျပန်စာ တတ်ရင် ဂျပန်မှာ အလုပ်လုပ်ရမယ်ဆိုတာတွေ ရေးတာ တွေ့ နေရလို့  ရေးရတာပါ

စိတ်ပျက်ဖို့ ရေးတာမဟုတ်ပါ ဖြတ်သန်းရဲ တဲ့ စိတ်ဓာတ် မွေး လာနိုင်ဖို့ ပါ

ဂျပန်စာ မတတ်လဲ အလုပ် ကတော့ ရပါတယ် ဂျပန်မှာ ဂျပန်စာမတောက်တခေါက်နဲ့  ဖြတ်သန်းနေတာ တပုံကြီးပါ

စာတတ်မှရယ် မဟုတ်ပါဘူး

ဒါပေမဲ့ ဂျပန် မှာ ဖြစ်တတ်တာတွေ ကို ရေးပြချင်ပါတယ်

ကျောင်းပြီးသူတွေ ကျောင်းပြီး တော့ အလုပ်ရှာပြီး အဆင်မပြေသူတွေ တပုံကြီးပါ အသိတယောက် မွန်ဂို တစ်ယောက်ဆို တနှစ်ကျော်ပါပြီ ကျောင်းပြီး လို့  အလုပ်ရှာနေတာ အလုပ်မရရင် စတေးမရှိတော့ လို့  မိခင်နိုင်ငံ ပြန်ရတော့မှာပါ

အဲဒါက ကျောင်းပြီး စ အဖြစ် ကျောင်းပြီးတော့ အလုပ်လုပ်နေသူကြတော့ အလုပ်က လစာ နည်းလို့ ဆို ပြီး အစပိုင်းနှစ်တွေ ကတော့ ပြဿနာ မရှိပေမဲ့ အလုပ်တွေ ပို ပါးလာ လစာပိုနည်းလာတော့

လူဝင်မှုကြီးကြပ်ရေး က ဗီဇာ သက်တမ်း ကို တစ်လပဲ တိုးပေးပြီး လစာ နဲ့  စားဝတ်နေရေး အဆင်မပြေနိုင်ဘူးဆိုပြီး ပြန်လွတ်တာပါ

ရတဲ့ ဗီဇာ နဲ့  လုပ်တဲ့ အလုပ်လွဲနေလို့  ပြန်ပို့ တာတွေ ရော ရှိနေတာပါ

ပြန်မပို့ ပဲ အခွင့်အရေး ပေးပြီး အလုပ်ပြောင်းခိုင်းတာတွေ လဲ ရှိပါတယ် အဆင်ပြေတဲ့ သူရှိသလို မရှိသူတွေ လဲ ရှိပါတယ်

ဂျပန် မှာ အခွန် တွေ ကျန်းမာရေး အတွက် ပေးရတာတွေ ကတော့ ပင်စင် အတွက် တွေ ရှိနေတာပါ

ဂျပန် ရောက်စ ဆိုသူတွေ ကို တရားဝင် အခွန် က တနှစ် အတွင်း ကို ၂၀ ရာခိုင်နှုန်း ကို ဆောင်ရတာပါ
ယန်း သောင်း ၂၀ ကျော် ရသူဆို ယန်း ၅သောင်း ဆောင်ရတာပါ

အဲဒါပြီးတော့ အလုပ်ကဝင်ငွေကောင်းရင် ကောင်းသလို ကျန်းမာရေး အတွက် က ဂျပန်ယန်း ၂သောင်းကျော် တွေ ဆောင်ရတာပါ

နေထိုင်ခွန် တွေ မြို့ နယ်ခွန် တွေ က ယန်း ၈သောင်း ရယ် ယန်း ၁၁ သောင်းကျော် ရယ် ဆောင်ရတာပါ

အဲဒါ ပင်စင် အတွက် မပါသေးပါဘူး

အခွန်က တနှစ် အတွင်းပြီးသွားလို့  ၂၀ ရာနှုန်းမဆောင် ရလို့ သက်သာသွားမယ် မထင်ပါနဲ့  အာမခံတွေ
ဘာတွေ ပင်စင်တွေ အတွက် တနှစ် ကို ယန်း သောင်း ၈၀ လောက် ကို ဆောင်ရတာပါ အဲဒါတွေ က တော်ရုံ ဝင်ငွေ လေး ကို ကောက်တာတွေ ရေးပြတာပါ များရင် များလာသလို ပိုဆောင်ရတာပါ

အဲလိုမဆောင်ချင်ရင်တော့ အမျိုးမျိုးပြောပြီး သက်သာအောင် လုပ်လို့ တော့ ရပါတယ် အခွန်ဆောင်တဲ့ သူကတော့ သူ့ အလုပ်ရှင် က သူ အိုဗာစတေး ဖြစ်တာ ကို ရဲဖမ်းတာ ကို ပြန် ထုတ်ပေးပြီး ဗီဇာ ပြန်လုပ်ပြီး အဆင်ပြေအောင် လုပ်တာ ကို လည်း အမျိုးမျိုးတွေ့ ရပါတယ်

အခွန်ဆောင် တော့ နိုင်ငံခြားသား က နိုင်ငံခြားသားလို နေလို့ ရတာပေါ့

ရဲလာရင် ရဲ ရဲ့  ကဒ် ကို ပြမှ နိုင်ငံခြားသားကဒ် ကို ပြရတာပါ ရဲ ကို သေချာအောင် မေးမြန်းလို့ ရတာ ဂျပန် မှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် လောကမှာ အခက်အခဲလေးတွေ ဖြတ်သန်းရင် ကြီးပြင်းရတာ ပျင်းစရာမကောင်းဘူးပေါ့

အခက်အခဲဆိုတာ ခဏပါ အချိန်တန် ဖြတ်ပြီးသွားတာရယ် ကျော်သွားလို့ ရတာရယ်ပါ

နည်းတွေ ရှိနေပါတယ် နည်းလမ်းသိပြီး ဖြတ်သန်းနိုင်ကြပါစေ။

ငဝန်နဒီ

No comments:

Post a Comment