ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, February 10, 2013

မြန်မာ စကားလုံးများ ကို ဖောက်သောက်အရည်ဖျော်ကြည့်ခြင်း

မြန်မာစကားလုံးစော်ကား ကို ပယင်းရည်ထဲထည့်လိုက်တော့ ဝေဖန်စာတွေ ကို စော်ကားတာလို့ သုံးလာတာတွေ့ လို့  ဒီစာတွေရေးဖြစ်လာတာပါ

မြန်မာ စကားလုံးတွေ ရဲ့ ဖော်ဆောင်ဖို့ ဆိုတာထက် တစ်ချို့ သော အသုံးအနှုန်းတွေ က တစ်မျိုးတွေ ဖြစ်နေတာပါ

စာတွေ ဝေဖန်ရေးသားတာ ကို အစော်ကားခံရတယ် လို့ သုံးထားတာတွေ့ ရတော့ စာ ကခုန်ပေါက်ပြီး ငယ်ထိပ်တတ်ရိုက်နေလို့ လားပေါ့

စော်ကားတယ် ဆိုတာသုံးဖို့  အပြုအမူ ကိုယ်ထိလက်ရောက် အပြောအဆို အဲဒီမှာ အပြောအဆိုဆိုလို့  အသံပါ ပါမှ စော်ကားတယ် ဆိုတာ ကို သုံးလို့ ရမှာပါ

စာရေးတာလေးနဲ့ စော်ကားခံရတယ် လို့ သုံးလာတယ်ဆိုရင် နိမ့်ကျသော အတွေး ကို အရင်တွေးတတ်သူတွေရဲ့ အထင်အမြင် ပညာရည် အနည်းငယ် လိုနေတတ်သလို လူကြီးလူကောင်း ဆန်ဖို့  အနည်းငယ် လိုနေသေးတာပါ

စော်ကားတာကို ဘယ်သူတွေ လုပ်တတ်သလဲ ရိုင်းပြသောပတ်ဝန်းကျင်က သူကသာလုပ်တတ်ပါတယ်
အဲတာ ကို လက်တုံပြန်ရင် ပြန်လုပ်တဲ့သူပါ ရိုင်းပြတာကို အသိအမှတ်ပြုသလို မိမိကိုယ်တိုင် ရိုင်းပြသူနဲ့ တတန်းထဲဖြစ်သွားတတ်ပါတယ်

လူကြီးလူကောင်း အတတ်သိသူတွေ က ဒီလိုရိုင်းပြသူတွေ ကို ဘယ်လိုဖြေရှင်းရင်ကောင်းမလဲ ကို စနစ်တကျဖြေရှင်းတတ်ရပါမယ်

တစ်ခါ က အဖြစ်အပျက်က သူ့ ပတ်ဝန်းကျင်မှာ ပုံမှန်ပြောနေကျ စကားပဲ ဒါကို လူကြီးလူကောင်း မိမိကိုယ်ကိုယ်ထင်သူက သွား ဆရာတတ်ပြီး အပြောခံရတာကို ပြန်ပြီး ရိုင်းစိုင်းသော အပြုအမူ လုပ်လိုက်တာ တော်တော် ကို ရုပ်ဆိုးစေတာပါ သွားသင့်မသွားသင့် ဖြေရှင်းသင့်မဖြေရှင်းသင့် အခြေခံ ကဘာလည်း ကို နားလည်အောင်လုပ်ပြီးမှ ဖြေရှင်းသင့်ပါတယ်

မြန်မာစကားလုံးတွေ က တစ်လုံးထဲနဲ့  ကျပ်နေတာ ရှိတတ်သလို ပြောရရင်   ..စ..  ဆိုတာက ခင်မင်လို့ စတာလား အစ က စ လား အစ ဆွဲထုတ်တဲ့ အစ လား ဒါတွေ ကို အမျိုးမျိုး နားလည်မှ ဖြစ်မှာပါ

ရှိ တို့ ဖြစ် တို့ ဆိုတာလည်း ဒီလိုပါပဲ ကြည့်သူဘက် က မူတည်ပေမဲ့ သေချာတာတွေ ရှိနေတာပါ

ရှိ ဆိုတာက ရှိ လို့ ပါလာတာနဲ့  အဲနေရာဝန်းကျင်မှာ အခြေအနေပါ ဖြစ်ဆိုတာ က ပြီးသွားတာလည်းဖြစ်နိုင်သလို နောက်ဖြစ်မှာလည်း အခြေအနေ မတူတာပါ

ပြီးတော့ အရာဝတ္ထု ကရှိ ပေမဲ့ ဖြစ်မှာတော့ အရာဝတ္ထု ကို ပြောမရတော့တာပါ

တစ်ခါ က ရေးခဲ့တဲ့ ကျားသီလ ဆို အသားစားကျား က သီလ လို့ သုံးလိုက်တော့ လုံးလုံး မသက်ဆိုင်သော အသုံးအနှုန်း ကို ရေးလိုက်တာပါ

ဘယ်တော့မှဖြစ်မလာတဲ့အရာကို ဆိုလိုချင်တာပါ ဥပုသ် ဆိုတာ တခါတရံမှ လုပ်ရပေမဲ့ သီလက အမြဲတမ်းရှိသင့်တဲ့ အရာဆိုတော့ ကျားသီလ လို့ ရေးတော့ ပြးဒါးတစ်လမ်းသံတစ်လမ်း ဖြစ်ပြီး မယုံကြည်စေချင်တာကို ရေးချင်တာကို မယုံကြည်နဲ့ ပြောရင် ပြဿနာရှိနိုင်သလို အသုံးအနှုန်း ကို ပြောင်းသုံးလိုက်တာပါ

အခုလည်း သဒ္ဒါတွေ ဘာတွေ ပြောနေ တာမဟုတ် မြန်မာက ရစ်ပြီဆိုရင် အရစ်ကိုကြောင်းတတ်လွန်းလို့ 
အသရေဖျက်မှုလုပ်မရတော့ ဝေဖန်ရေး က ပုတ်ခတ်ရေးသားတာလို့ ပြောရမှာကို မဆိုင်ရာဆီလူး လုပ်လိုက်တာတွေ့ တော့ စဉ်းစားမိလိုက်တာ အချိန်တွေ ပိုနေလား လမ်းမှန် အတွက် ဆူးစ ကို ထွင် လိုက်သင့်သလားပေါ့

ကောင်းတာတစ်ခုတွေ့ လိုက်ပါတယ် သူတစ်ပါးကိုထိခိုက်ရေးသားသူတွေ အနည်းနဲ့ အများ ဆင်ခြင်သွားတာကိုတွေ့ ရတော့ တစ်မျိုးကောင်းသွားပါတယ်

တကယ်တော့ လောကနတ် ဟာ မိုးနတ်မင်းနေနတ်မင်းစစ်ခင်းတော့ ခြေထောက်နဲ့ လကွင်းတီးပြီး အေးချမ်းအောင်လုပ်တာကိုသတိရမိပါရဲ့ 

အချိန်အတိုင်းအတာတစ်ခုမှာတော့ ကောင်းတာဖြစ်နိုင်လာသလို မကောင်းတာဖြစ်နိုင်လာတာပါ
ဘယ်အခြေအနေ ကိုမဆို ကောင်းအောင်လုပ်တတ်သူလက်ထဲရောက်ရင် ကောင်းဖို့ ဖြစ်နိုင်သလို မကောင်းတာကို စိတ်မွေး မကောင်းတာပဲ ထင်တတ်သူက အရာရာကို မကောင်းဖို့ ပဲ စဉ်းစားနေတော့ မကောင်းတာကို ကောင်းသူတွေ က လက်မခံချင်လည်း လက်ခံ လိုက်ရတာကို တွေ့ ရင် တွေ့ ရမှာပေါ့

သမိုင်းကွေးတာ နောက် တစ်နှစ်နှစ်နှစ်လောက် ဆို ပြန်ဖားရတော့မှာသိလာနိုင်သလို အဲလိုလူအတွက် နေရာ မရှိဖို့ သတိရှိရတော့မှာပါ ကောင်းသူတွေ သူကြောင့် မကောင်းတဲ့အထဲပါရတော့ နစ်နာတွေ မဖြစ်တာအကောင်းဆုံးပါ

မြန်မာစာ ကစာစီစာကုံးလိုပေါ့

စကားလုံးတွေဘယ်လိုရှိရှိ နိဒါန်း ကနိဒါန်း ပါပဲ စာကိုယ် ကစာကိုယ်ပါပဲ နိဂုံး က အေးလျောလျော ပြီးလို့ မရဘူးလေ

အကြောင်းအရာတစ်ခု အခြေခံတဲ့ မေးခွန်းတစ်ခု

စကားပုံကို အခြေပြုတဲ့ မေးခွန်းတစ်ခု

ရာသီတွေ အတွက် ဖွဲ့ နွဲ့ တဲ့ အကြောင်းအရာ တစ်ခုအဲ ဒီသုံးခု ကလွဲပြီး

စာစီစာကုံး ကမေးမရသလို သူအရာနဲ့ သူ ဘယ်လိုရှိရှိ တစ်ခုခုလွဲပြီဆို ပြည့်ဝမှုလိုသေးသော အတွေးရှိသူလက်ထဲ မှားယွင်းသော အကြောင်းအရာ ရောက်သွားလို့ နေမှာပါ

ဘယ်တတ်နိုင်မလဲ သူ့ သဘောကိုး

မြန်မာစကားလုံး ကို မြန်မာလို နားလည်ဖို့  မဆုံးသောခရီးလမ်း ဂိတ်ဆုံးမရှိသံသရာလည်ပတ်ရင်း
မြန်မာကို မြန်မာလိုပြောပြီး မြန်မာလို ပြန်ရှင်းတာ မြန်မာလိုက ရှင်းနေတာပဲ ပြီးမှတလွဲ

ငဝန်နဒီ



No comments:

Post a Comment