ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, March 13, 2013

ဒီမိုကရေစီ ဘတ်စ်ကား ဖယ်ဒရယ် မီးရထား

ဒီမိုကရေစီ ဘတ်စ်ကား က အမိုးပြောင်ပြောင် အကာမရှိလို့  ခြင်းထဲ နဂါးထည့် သယ်တာရမရ သွေးတိုးစမ်းနေတုန်း

ဖယ်ဒရယ် မီးရထား က မောင်းဖို့ ကြည့်လိုက်တော့

သံလမ်းကမရှိဖြစ်နေတာ

သေနတ်ကျည်တွေ ကို ရထားလမ်းမှာသုံးဖို့ အခု မှ စကျို တာ ယမ်းတွေက စိတ်မချရသေးလို့ 

အဖြူရောင်ကောင်းကင်ကပျောက် မိုးသားပြာပြာတွေ အစား ညနေဆို တိမ်နီနီတွေတောက် နေတာ

တောမီးလောင် တောကြောင်လက်ခမောင်း
ခတ် လိုက်တာ

ငြိမ်းချမ်းရေးတေးဆိုဌက် အဖြူရောင်ဆိုတာ ထက် အမည်းဖက် လု နေတာ အခုမှ ပဲသိတော့တယ်

ရာဇဝင် ကရာဇဝင်ပါ ကြာရင် ဒဏ္ဍာရီ ဆိုပေမဲ့
ရာဇဝင်သမိုင်း ရိုင်းတာ ဆည်းဆာ အလှပျက်တယ် ဆိုပေမဲ့

အမှောင်အားကိုး ကိုလူဆိုးတို့ 
မြေကို အရည်ကျို သောက်လို့ 
ဗျစ်ဆိုင် ရောက်တာထက် ပချုပ်ဆိုင် မှာ လေပြေသွေး ၂၀၁၅ ကို တာတာပြလို့ 
ဝတန်း ပျောက်တာမဆန်းပါဘူး

သမ္မတ က အရပ်သားကို အယုံအကြည်မရှိဘူးကိုး

ငဝန်နဒီ

မတ် ၁၃ ရန်ကုန်စက်မှုတက္ကသိုလ် အမှတ်တရ

No comments:

Post a Comment