ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, April 3, 2013

ဆက်သွယ်ရေးနှင်းသတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းများ ရောင်းချမည့် အစီအစဉ်




ဆက်သွယ်ရေး နှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ တန်ဖိုးနည်း မိုဘိုင်းဖုန်း များ ရောင်းချမည့် အစီအစဉ်

၁။၂၀၁၃ ခုနှစ် ၊ဧပြီလ (၂၄) ရက်နေ့ တွင် ပြည်နယ်တိုင်းဒေသကြီး အစိုးရအဖွဲ့ များ၏ အစီအစဉ် ဖြင့် စတင်ရောင်းချပါမည်။

၂။ရောင်းချမည့်ဈေးနှုန်းမှာ တယ်လီဖုန်း ခေါ်ဆိုခ(၃၀၀)ကျပ် ကြိုတင်ထည့်သွင်းပြီး မိုဘိုင်းဖုန်း SIM Card တစ်ခုအတွက် (၁၅၀၀ိ/)ကျပ်နှုန်းဖြစ်ပါသည်။လစဉ် မိုဘိုင်းဖုန်း(၃၅၀၀၀)ကို ပြည်နယ်နှင့်တိုင်းဒေသကြီးများသို့  ခွဲဝေရောင်းချသွားပါမည်။

၃။စတင်ရောင်းချမည့် မိုဘိုင်းဖုန်း အမျိုးအစားမှာ CDMA-800 MHz စနစ် မိုဘိုင်းဖုန်းများဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းလုံး သာမက နိုင်ငံရပ်ခြားသို့ ပါ ဆက်သွယ်ပြောဆိုနိုင်မည် ဖြစ်ပါသည်။ နောင်လ များတွင် GSM(2.27G), WCDMA(3G) မိုဘိုင်းဖုန်းများကို ဆက်လက်ရောင်းချသွားမည်ဖြစ်ပြီး ရောင်းချမည့် အစီအစဉ် ကို ထပ်မံကြေညာ ပါမည်။

၎။CDMA-800 MHz စနစ် စက်ပစ္စည်းများ တပ်ဆင်ခြင်းမရှိသေးသော ပြည်နယ်နှင့် တိုင်းဒေသကြီး များတွင် WCDMA 3G ဖုန်းများကို နှုန်းထားတူ (၁၅၀၀ိ/-) ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပါသည်။

၅။ ပြည်သူများ သက်သာသော နှုန်းထားဖြင့် အမှန်တကယ် အသုံးပြုနိုင်ရန်  ရည်ရွယ်၍ ရောင်းချခြင်း ဖြစ်ပါသဖြင့် ဖုန်းကဒ် ဝယ်ယူထားသော နေ့ မှစ၍ (၁၅)ရက် အတွင်း တယ်လီဖုန်း SIM Card တွင်  မူလထည့်သွင်း ပေးထားသည့် တယ်လီဖုန်းခေါ်ဆိုခ (၃၀၀)ကျပ် မကုန်မှီ တယ်လီဖုန်းသုံးစွဲသူသည် အနည်းဆုံး (၅၀၀၀) ကျပ် တန် ကြိုတင်ငွေဖြည့်ကဒ် ဖြင့်ငွေဖြည့်သုံးစွဲ ရမည်။  ဖုန်းကဒ်အား အခြားသူ တစ်ဦးဦးသို့  လက်ဆင့်ကမ်း ရောင်းချခြင်းမှ ကာကွယ်ရန် အတွက် (၁၅)ရက်အတွင်း အသုံးပြုခြင်း မရှိပါက အဆိုပါဖုန်းကဒ်သည် အလိုအလျောက် လိုင်းပိတ်သွားမည်ဖြစ်ပါသည်။

၆။ စက်ပစ္စည်းတန်ဖိုး စက်တပ်ဆင်မှု ကုန်ကျစရိတ်များကို တယ်လီဖုန်းပြောဆိုခများမှ ပြန်လည်စုစည်း ကောက်ခံရမည်ဖြစ်ပါသဖြင့် ဤတန်ဖိုးနည်း မိုဘိုင်းဖုန်းများကို လစဉ် ကြိုတင်ငွေဖြည့်ကဒ်ဖြင့် ပြောဆိုခ ကျပ် (၂၅၀၀) အနည်းဆုံး သုံးစွဲရန် သတ်မှတ်ထားပြီးဖြစ်ပါသည်။ နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကဒ်မှ (၅၀၀၀)ကျပ် ကိုအပြည့်မသုံးစွဲပါက အလိုအလျောက် ကျပ်(၅၀၀၀) ပြည့်သည်အထိ ဖြတ်တောက်သွားမည်ဖြစ်ပါသည်။ တယ်လီဖုန်းSIM Card တွင်ဖြည့်သွင်းထားသောငွေကုန်ဆုံးပြီးနောက် (၁၅)ရက်အတွင်း ငွေထပ်မံ ဖြည့်သွင်းခြင်းမရှိပါက အဆိုပါ ဖုန်းကဒ်သည် အလိုအလျောက် လိုင်းပိတ် သိမ်းသွားမည် ဖြစ်ပါသည်။

ရ။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့်အတူ အခြားလိုင်စင်ရ အော်ပရေတာများမှ နိုင်ငံတစ်ဝှမ်းလုံးရှိ ပြည်သူများ ဆက်သွယ်သုံးစွဲရန် လုံလောက်သော မိုဘိုင်းဖုန်း များကို တိုးချဲ့ တပ်ဆင်ပြီးစီးပါက မည်သည့် ကန့် သတ်ချက်မျှ မရှိတော့ဘဲ လွတ်လပ်စွာ ရောင်းချသွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။

Ministry of Information

No comments:

Post a Comment