ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, May 17, 2013

နွေ မှာ ရေခမ်းလည်း မပူပင်ရဖို့  ရေကို စနစ်သစ် ဖြင့်သိုလှောင်ခြင်း ပိုက်လိုင်း သွယ်တန်းဖြန့် ဝေနိုင်ကြဖို့ 

မြန်ပြည်မှာ နွေပူ မှာ ရေခမ်းတာတွေ ကြားရတော့ ရေအတွက် ပြဿနာတွေ နှစ်တိုင်းဖြေရှင်း နေတာတွေ တွေ့ ရတော့ ဘာတွေ သွားသတိရသလဲ ဆိုတော့ တေးရေး စိုင်းခမ်းလိတ် ရေးတဲ့ ရန်ကုန်မှာသာတဲ့လ အလကား ကိုဖြစ်တာကို သတိရမိပါတယ်...

ဓာတ်အားလိုင်းတွေ ရွာတွေ အပေါ်ကသွားတယ် မီးဆိုတာ မမြင်ဖူးသူတွေ အတွက် ရေးတဲ့စာသားလေးပါ..အခုလည်း ရေနံပိုက်လိုင်းတွေ တိုင်းပြည်ကို ဖြတ်သာသွားတော့မယ် ရေငတ်နေတဲ့သူတွေ အတွက် ပိုက်လိုင်းကတော့ မမြင်နိုင်အဝေးဆီမှာသာ...

ရေအတွက် ရေတွင်းတူး တာနဲ့ ပြေလည်မလား ဆိုတော့ ပြုပြင်ထိန်းသိမ်း တဲ့စရိတ်တွေ နဲ့  မြေအောက်ရေခမ်းခြောက်မှုတွေ က ရေတွင်းတူးတာနဲ့ မပြေလည်နိုင်တာပါ..

မြေလွှာတွေ ရေ ကို မထိန်းသိမ်း နိုင်တာ တွေ က လယ်မြေတွေ စပါးပင်ပျောက်တာတွေ များလာတာရယ် အပင်စိမ်းစိမ်းတွေ ရွှေအိုရောင် ပေါ်လစ်တင်ခံနေရတာတွေ က မြန်ပြည်သားတွေ ရေငတ်ရတဲ့ အကြောင်းအရင်းတွေပါ...

အဲလိုဆိုတော့ ရေ ကို လှောင်တာရယ် ဖြန့် ဝေတဲ့ စနစ် ကို သုံးမှ ပြေလည်နိုင်တော့မှာပါ...

ရေလှောင်ဖို့ ဆိုလို့  ဆည်တွေ တော့ ဆောက်ကြပြီး ရေလှောင်ကန်တွေ ဘာဖြစ်လို့ မဆောက်ကြတာလဲ တစ်ခုခုတော့ လိုနေသလိုပါ...

ရေလှောင်ကန်တွေ ရှိရင် ရေလှောင်ရမည့် လိုအပ်တဲ့ ပမာဏ ကိုသိပြီး ရေဖြန့် ဝေဖို့ ကို စနစ်တကျ လုပ်ဆောင် လာနိုင်ရင် အကောင်းဆုံးပြေလည်မှာပါ...

ရေလှောင်ကန်တွေ မလာခင် မလုပ်နိုင်ခင်မှာ ပလပ်စတစ် လေးထောင့် အကန့် တွေ အအေးပုလင်းထည့်တဲ့ ကဒ်တွေ ကို အသုံးချပြီး မြေကျင်းတူး ပလပ်စတစ် တာလပတ်စတွေ နဲ့  ကန်လိုလုပ်ပြီး မြေကြီး ပြန်အုပ်ထားပြီး ရေကို မိုးတွင်းမှာ ဖြစ်ဖြစ် ရေလှောင်ထားရင် အနည်းနဲ့ အများတော့ အသုံးဝင်မှာပါ..ငွေကုန် အနည်းငယ်သက်သာပြီး ရေလှောင်လို့ လွယ်ကူတဲ့ နည်းပါ...တခြားစနစ်တွေတော့ ရှိသေးသော်လည်း ငွေ ကုန်များတဲ့ နည်း တွေ ကများတော့ မရေးတော့ပါဘူး

မြန်မာပြည်မှာတော့ ပင်လယ်ရေက ရေသန့် ရအောင်လုပ်တဲ့စက်လည်း ထိန်းသိမ်းပြုပြင်ခြင်းမလုပ်တတ်ကြသလို အခုလို လှောင်ဖို့ ရေးရတာ ပြေလည်မှု မပေးနိုင်တာလည်းဖြစ်နိုင်ပေမယ့်

ရေလှောင် ကန်တွေ မြို့ နယ် အလိုက်လုပ်ပြီး ဖြန့် ဝေ တာတွေ တာဝန်ယူသူတွေ ရှိလာတဲ့ တစ်နေ့ တော့ ပြဿနာတွေ သေးသေးလေးဖြစ်သွားမှာပါ...

ရေ ကို အဓိက ဖြေရှင်းခြင်း က တိုင်းပြည် ကလူတွေ နေရာတိုင်း မီး မလင်းပေမဲ့ ရေလေးတစ်ပေါက်တော့ သောက်နိုင်အောင် လုပ်ပေးနိုင်သော တာဝန်ယူ သူတွေ လေထွားတော့မယ် ၂၀၁၅ မတိုင်ခင် ပေါ်ပေါက်လာနိုင်ပါစေ။....

ငဝန်နဒီ

No comments:

Post a Comment