ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, May 28, 2013

မော်တော်ယာဉ် တစ်သိန်းခုနစ်သောင်းကျော် အကောက်ခွန်ရှင်းလင်း ထုတ်ပေးပြီးဖြစ်

 အကောက်ခွန်ဦးစီးဌာန အနေဖြင့် မော်တော်ယာဉ် အစားထိုးစီမံချက် အပါအဝင် ပြည်ပမှ ဝယ်ယူတင်သွင်း လာသော မော်တော်ယာဉ်များအပေါ် လုပ်ငန်းစတင် ဆောင်ရွက်ခဲ့သည့် ၂၅-၁၀-၂၀၁၁ ရက်မှ ၂၀-၅-၂၀၁၃ ရက်အထိ ၁၉ လတာ ကာလအတွင်း အကောက်ခွန် လုပ်ထုံးလုပ်ငန်းများနှင့်အညီ ကျသင့်ခွန်များကို စည်းကြပ်ကောက်ခံ၍ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်စီးရေမှာ ၁၇၁၃၄၁ စီးဖြစ်ပြီး နိုင်ငံတော်အတွက် အခွန်ဘဏ္ဍာငွေအဖြစ် အကောက်ခွန် ၂၆၂၉၈၄ ဒသမ ၆၈ ကျပ်သန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၂၇၃၁၂၅ ဒသမ ၉၇ ကျပ်သန်း စုစုပေါင်း ၅၃၆၁၁၀ ဒသမ ၆၅ ကျပ်သန်းအား ကောက်ခံရရှိပြီးဖြစ်သည်။ အဆိုပါ အကောက်ခွန် (CD) နှင့် ကုန်သွယ်လုပ်ငန်းခွန် (CT) များ စည်းကြပ်ကောက်ခံ၍ ထုတ်ပေးပြီးဖြစ်သည့် ယာဉ်များအနက် ယာဉ်အို၊ ယာဉ်ဟောင်း အစားထိုးလဲလှယ်ရေး စီမံချက်အတွက် ၇၀၀၆၇ စီး၊ ကားအရောင်းပြခန်းများအတွက် ၃၈၅၂၁ စီး၊ သဘောင်္သားပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၁၈ စီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၂၈၆ စီး၊ ကုမ္ပဏီပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၇၂၈ စီး၊ ပြင်ပနေ အလုပ်လုပ်သူများ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၄၃ စီး၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၉၉၇ စီး၊ စစ်သံအမှုထမ်းပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၁၀၈ စီးနှင့် လွတ်လပ်စွာ ဝယ်ယူသူ ပါမစ်ဖြင့် တင်သွင်းမှုများအတွက် ၅၆၇၇၃ စီးတို့ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ "

No comments:

Post a Comment