ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, July 4, 2013

မြန်ပြည် အနေအထား နဲ့  အပြုအမူ အနေအထိုင် အပြအလှ

မြန်ပြည်သားတွေ ကတော့ မိမိ နိုင်ငံ အခြေအနေ အရ ယဉ်ကျေးမှု အနေအထိုင်တွေ ရှိပါတယ် ..အပြုအမူရောပါသလို အပြ တို့  အလှ တို့  ဆိုပေမဲ့

အခြေအနေပေါ် မူတည်ပြီးအမျိုးမျိုးရှိနေပါတယ်..

ဒီစာ ကို ရေးတာမှာ ဘယ်သူ့ ကိုမှ မရည်ရွယ်သလို အနေအထိုင် က အပြုအမူ က တစ်ချို့ ကိုဖော်ပြတာကို ဆိုလိုချင်တာပါ..မရေးချင်ပေမဲ့ရေးရတာက တစ်ချို့ ကို နမူနာရေးရတော့ အပြုသဘောရေးတာလို့ ထင်စေချင်ပါတယ်..

အကျိုးရှိစေချင်လို့ ရေးတာပါ သူတစ်ပါးကို ထိခိုက်ဖို့ မဟုတ်ပါ မလုပ်မိစေရန် ရယ်သာ..လုပ်လျှင်လည်းမိမိသဘောသာ..တားဖို့ မရေးပါဘူး လွတ်လပ်စွာ လုပ်ဆောင်နိုင်ပါသည်...မိမိအပြုအမူ မိမိ စိတ်အခြေအနေပါ..

အလှအတွက် ပြ သလို ပြရာမှာ တစ်ခါ က အဆောင်မှာနေတုန်း က ဒူးယားဆောင် နှစ်ပတ်လည် ညစာစားပွဲ အတွက် အဆောင် ကျောင်းသားတွေ လုပ်နေတုန်း အဆောင်က တစ်ယောက်က နေ့ လည် ၁ နာရီလောက် အချိန် မှာ ထမင်းစားဆောင်ထဲ ကို စွပ်ကျယ်လက်ပြတ် နဲ့  နှစ်ပတ်လည်ပွဲ အတွက် အားတတ်သရော လုပ်နေတုန်း...
အဆောင်မှူး ဆရာ ဦးဝင်းမြင့် က စွပ်ကျယ်နဲ့  Dinning Room ထဲမလာရဘူး ထမင်းစားချိန် မဟုတ်လဲ မိမိအပြုအမူ ကို အခုလို အင်ဂျင်နီယာကျောင်းသားဘကတည်း က ထိန်းရမှာလို့ ပြောလိုက်ပါတယ် ဘောင်းဘီတိုနဲ့ မဝင်ရတာတို့  တစ်ခြား ပြောတာတွေ ရှိပေမဲ့  ဆုံးမစကားတွေ က အခုတစ်ချို့ သောသူတွေ အတွက် နိမ့်ချသလိုဖြစ်မှာစိုးလို့  မရေးတော့ပါဘူး

အဲလိုနဲ့  နောက်ရက် တွေ မှာ ထမင်းစားခန်းထဲ ထမင်းစားနေတုန်း ရန်ကုန်စက်မှုတက္ကသိုလ် ကို ပေါင်းကူး ရောက်လာသူတွေ က ပုဂံ ကို ဇွန်းနဲ့ ခေါက်ပြီး အဆောင်စားပွဲထိုးကို ထမင်းအုပ်တောင်းတာတွေ့ ရတော့..
ဆရာပြောတဲ့စကားတွေ က တစ်ချိန်မှာ အပြုအမူ အနေအထိုင်တွေ က မိမိ စိတ်အခြေအနေရယ် မိမိပတ်ဝန်း ကျင် ကိုထင်ဟပ်ပါလားကို တွေ့ လိုက်ရတော့ အဲဒီနေ့  ထမင်းအမြန်စားပြီး ပြန်လာခဲ့ရပါတယ်

သွားပြောရင် သူတို့ ကို ပြောတဲ့သူ အမှားဖြစ်မှာအသေအချာပါ..စားပွဲထိုး ကိုပြောသံကြားလိုက်ရတယ်
အရင်က နေခဲ့တဲ့နေရာမှာ အဲလိုလုပ်ခဲ့တာတဲ့..

ဒါကြောင့် သင်ကြိုက်နှစ်သက်သလို လုပ်နိုင်ပါသည် သင်အခြေအနေကို သင့်အပြုအမူ ကထင်ဟပ်စေသလို သင်ဘယ်လိုပတ်ဝန်းကျင်က ကြီးပြင်းလာတာကို ပါ ပြောနေမှာပါ..

သင်ကိုသင် သာမြှင့်တင်ရာ၏.

ငဝန်နဒီ

No comments:

Post a Comment