ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, July 14, 2013

မြန်ပြည် ဆက်သွယ်ရေး မှ တိုးတတ်သော အသိပညာ ရစေဖို့ 

မြန်ပြည် မှာ ဆက်သွယ် ရေးတွေ တိုးတတ်အောင် နည်းအသစ်တွေ စနစ်အသစ်တွေ ကျင့်လာတာ တွေ့ ရတော့ အတော်လေးကောင်းတာ ကို တွေ့ ရမယ်ထင်ပါတယ်..

အခုရေးမှာကတော့ မြန်ပြည်သား တွေ အတွက်ရေးတာသက်သက်ပါ..
ဆက်သွယ်ရေး လုပ်တာ ကိုပြော ဖို့  မဟုတ်သလို ဘယ်သူတွေ ရတာ ကို လည်း ပြောစရာ မရှိပါ..

တစ်ရှိတာက မြန်ပြည်သားတွေ ရတာ ကို အကျိုးရှိစေချင်တာပါ..

ဆက်သွယ်ရေး က ကမ္ဘာမှာ ၂၀၁၅ ဆိုရင် 5G ကထွက်လာတော့မှာရယ်

ကိုယ်ပိုင်ဂြိုလ်တု ငယ်တွေ တစ်ဦးတည်းသုံးတာတွေ ကို မြန်မာ မျိုးဆက်သစ်တွေ လုပ်နိုင်စေဖို့ ပါ..

အင်တာနက် ကို ကိုယ်ပိုင် လုပ်လို့ ရတာတွေ ရှိနေတာကို တရားဝင် နည်းလမ်းတွေနဲ့  ထိုးဖောက် နိုင်စေဖို့ ပါ...

ဒေတာ ပို့ တာတွေ မိုင် ၃၀ ကနေ မိုင် ၅၀ ကျော် မိုင်၆၀ လောက် အထိကို အင်တာနက် မပါ  ပို့ လို့ ရတာတွေ ကို အစိုးရဆီရယ် ခွင့်ပြုချက်ယူသင့်သူတွေ ဆီကနေ ခွင့်ပြုချက် ရယူ လုပ်ဆောင် နိုင်ဖို့ ပါ..

အခုဆို အင်တာနက် ကို မြန်မာတွေ အသုံးချနိုင်တာတွေ က အင်တာနက် ကို ပိတ်ပင်သော အဖွဲ့ တွေ ပေါ်မလာစေဖို့  မြန်ပြည်သားတိုင်း သိဖို့  လိုပါလိမ့်မည်..

နိုင်ငံတကာ ဖုန်းခေါ်ကဒ်တွေ ကိုလည်း မြန်ပြည်သားတွေ လွယ်ကူစွာ လုပ်ဆောင် လာနိုင်သလို တိုင်းပြည်ကျော် ဖုန်းကဒ်ငွေဖြည့်တာ က အစစ လုပ်လို့ ရတာရယ် နိုင်ငံရဲ့ ပေါ်လစီကို ကျော်လုပ်တာမျိုးမလုပ်ပဲ ခွင့်ပြုချက်ရယူ နည်းသစ်တွေ ရှာစေချင်တာပါ..

ကျောင်းတွေ မှာ အင်တာနက် ကို လွယ်လွယ်သုံးလို့ ရတဲ့စနစ်တွေ ဖြစ်လာရင် အကောင်းဆုံးပါ...

တက္ကသိုလ်ကျောင်းင်းထဲရောက်တာနဲ့  အင်တာနက် မိနေတာမျိုး အထက်တန်းကျောင်းတွေမှာလည်း အင်တာနက် ကို စနစ်တကျသုံးတာတွေ ရှိစေချင်တာရယ်

မူလတန်းဆရာ ဆရာမ တွေ ကအစ အင်တာနက်သုံးပြီး စာဖလှယ်တာတွေ လုပ်ဆောင်နိုင်တာတွေ ရှိလာစေဖို့ လိုလာပါတယ်..

အခုဆို စာအုပ်တွေ ကို အပြင်မှာ ပုံနှိပ်ခွင့် ရလာသလို ကလေးတွေ ကို ပညာပိုတတ်စေဖို့  အင်တာနက် သုံးလုပ်ဆောင်တာက ဗဟုသုတ ဖလှယ်ဖို့  ကောင်းပေမဲ့ မီဒီယာ အသုံးချ ပညာရေးတိုးတတ်အောင် လုပ်ရမှာတွေ ကို ဆက်သွယ်ရေးစနစ် က အထောက်အကူ ပြုမှာပါ..

နောက်တစ်ခု က မြန်မာပြည် မှာ ဖုန်းတွေ ကို လော့စ်လုပ်တဲ့ စနစ် လုံးလုံးဖြစ်မလာစေဖို့ ပါ..အဲဒီစနစ်မရှိမှာ ဈေးသက်သာသုံးလိုသူ က ဘယ်ဖုန်း ကိုမဆို ဈေးသက်သာစွာ ရနိုင်တာပါ..
Jailbreak ဖောက်တာကလည်း ကမ္ဘာမှာတရားတယ်လို့  ပြောထားပြီးသားပါ..

အဲအဆင့်မရောက်အောင် အစကတည်းက Locked စနစ် ဖုန်းတွေမှာပါမလာစေတာအကောင်းဆုံးပါ..

စာအုပ်တွေ ပုံနှိပ်ခွင့် ရ လာတော့မှာဆိုတော့ ကျောင်းစာသင်တာတွေ ကို ဗီဒီယိုရိုက် ခွင့်ပြုချက်ရယူ ကလေးတိုင်းကြည့်ပြီး ကျောင်းမတတ်ရသူတွေ လည်း ကြည့်ပြီး စာသင်သလို ဖြစ်လာစေချင်တာပါ..

အဲတာကို ကြည့်ပြီးနားမလည်တာတွေ ကို အင်တာနက်ဖုန်းသုံးပြီး လိုတာ အနည်းငယ် လုပ်လိုက်တာနဲ့ 
ကျောင်းမရောက်နိုင်သော ကလေးတွေ အဲလိုနည်းတွေ နဲ့ စာတတ်ဖို့  ဖြစ်ချင်တာပါ..

အင်တာနက် က ရုပ်မြင်သံကြား က ရေဒီယို က ဖြစ် နိုင်တယ် ဆိုပေမဲ့ အခြေအနေ အချိန်အခါ ရွေးသူတွေ အတွက် အဆင်မပြေပါဘူး

အခွေများများ ထုတ်နိုင်လေ မြန်မာပြည်သားလေးတွေ စာအရေးအဖတ်တော့ တတ်လာပြီး အတန်း တတ်ဖို့  နောက်ထပ်စဉ်းစားလို့ ရမှာပါ..

ကလေးတွေ လမ်းဘေးကနေ အခွေလေးကြည့်ပြီးစာတတ်လာလည်းကောင်းတာပါပဲ..

ဘယ်လိုဘာတွေ လုပ်နေသူတွေ ဘယ်လောက်လုပ်လုပ် မိသားစု အရေးဖြေရှင်းနေသော ကလေးအတွက်
ဆက်သွယ်ရေး ကောင်းတာနဲ့  ကလေးစာတတ်ဖို့  လွယ်လာမှာပါ...
စာမတတ်သူ လူကြီးတွေ ရှိရင်လည်း စာတတ်လာနိုင်မှာပါ..

ဆက်သွယ်ရေး မှသည် ပညာရေးပါထောက်ပံမှု ပါရနိုင်ပါစေ...


ငဝန်နဒီ

No comments:

Post a Comment