ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, July 16, 2013

တကယ်ဆိုရင် ဒီမိုကရေစီ ....မှာ အလုပ်သမားတွေ လယ်သမားတွေ အဖမ်းခံနေရတာက အာဏာရှင် ရှင်သန်ကြီးထွားလာခြင်း

မြန်ပြည်မှာ လယ်သမားတွေ အလုပ်သမားတွေ အဖမ်းခံ နေရတာ ဘယ်အချိန်မှာ ပြန်လွတ်လာနိုင်မှာလဲ...

နိုင်ငံရေးအကျဉ်းသားတွေလည်းမဟုတ်တော့ မျှော်လင့်ချက်မဲ့နေသလို...

လယ်သမားတွေ အလုပ်သမားတွေ ဘာကြောင့်အဖမ်းခံရတာလဲ...

အလုပ်သမားဆို ...အဖြေက လုပ်အားခ ခေါင်းပုံဖြတ်ခံနေရလို့ ...

ဆန္ဒပြ တာဖြစ်လာ အလုပ်ရှင်က စနစ်တကျနဲ့ ထောင်ဖမ်းလိုက်တာ.. သူတို့ တွေ ဘာလုပ်တာလည်းအခြေခံက လုပ်အားခက နေထိုင်စားသောက်ရေးမလုံလောက်တာ အဖြေ နောက်ဆုံးအလုပ်လုပ်ရင်းငတ်နေတော့...

အလုပ်ရှင်က ဥပဒေကြောင်းအရ တရားသလို လုပ်ပြီး အလုပ်သမားတွေ ဖမ်းနေတာပါ..အလုပ်သမားဖက်က ရပ်တည်သူတွေ ကိုပါ တဖြည်းဖြည်း စနစ်တကျ ဖြိုခွဲနေတာရယ်..

နောက်ဆို အနာဂတ်မြန်မာပြည် လုပ်သား ပြဿနာ ဖြစ်လာမှာပါ...လုပ်ခလစာကို စနစ်တကျ ကြည့်ပြီးမှ အလုပ်လုပ်လာမှာရယ်

ဖမ်းတတ်တဲ့ အလုပ်ရှင် ကို ရှောင်လာတော့မှာပါ...

ဒါတွေ ကို မီဒီယာတွေ နာစည်းနေတာ တွေ့ နေရတာက မီဒီယာ လူထု ဖိနှိပ်တာတွေ ရှိနေတာရယ်

မီဒီယာက ရေးရဲတာတွေ ပြန်ကြည့်လိုက်ရင် ရဲတွေ ပုလိပ်တွေ ကိုပဲ..

မီဒီယာ အကြောက်တွေ က စစ်တပ်ဆို မရေးရဲ လွတ်တော်ဆို မရေးရဲ ဟိုဟာမရေးရဲ ဒီဟာမရေးရဲ နဲ့ ..

ဘယ်ရေးရဲ မှာလည်း အကျိုးပြု ရေးတာမှ မဟုတ်တာ အပြစ်ရှာဖို့  ကူညီဖို့ လုံးလုံးမပါ..

မီဒီယာ က ကျောင်းမတတ်ရ ကလေးတွေ အတွက် စာသင်တဲ့ မီဒီယာ အခွေ တော့ မထုတ်ရဲ..
သူတစ်ပါးအဖြစ်ပြောဖို့  အများအကျိုးပြုဖို့  နည်းနည်း ထင်ယောင်ထင်မှား နာမည်ရလာတဲ့ လူတွေ အသုံးချ  မိမိ မီဒီယာနာမည်ရဖို့  ပဲလုပ်နေတာရယ်ပဲ တွေ့ တာများတာပါ

အခုဆို လယ်သမားတွေ ဘာကြောင့် အဖမ်းခံရသလဲ ဆိုရင်..
မွေးလာတာ လယ်နဲ့ ယာနဲ့  မိမိအလုပ်မိမိလုပ် ကိုယ်ထမင်း ကိုစား နေသူတွေ အဆင်မပြေရင် အကြွေးတင်တာ ကလွဲလို့  ဥပဒေချိုးဖောက်သူတွေ မရှိတာပါ..

အခုတော့ လယ်တွေ သိမ်းသူကသိမ်း ပြီးတော့ သိမ်းတဲ့သူ ကတရားစွဲလို့ ထောင်ထဲရောက်ရတာတွေပါ..

ဘယ်ပါတီ ဘယ်အဖွဲ့ အစည်းက မှ မကာကွယ်နိုင်တာပါ..

ပိုနေမြဲ ကျားနေမြဲ ပြန်မဖြစ်ရင်တောင်..

အိမ်ကျူးကျော် သူ က ကျူးကျော်ခံရသူ ကို လုပ်ချင်သလို လုပ်လို့ ရနေတာက အကာအကွယ်မဲ့ အာဏာရှင် ဒီမိုကရေစီ တဖြည်းဖြည်း ကြီးထွားလာတာပါ..

နောက်ပိုင်း မြန်ပြည် ဆန်မစား ရတော့မှာ အနာဂတ် မြန်မာပြည် ပြင်မရနိုင်တော့ပါဘူး...

အခုဆို ရန်ကုန် မြို့ ကို ညနေဆည်းဆာ အလှ မဖြောင်းဖြူးဖြစ်ခါ နီးသလို မုန်တိုင်းရှောင် သင်္ဘော တွေ အတွက် မလွယ်ကူ ဖြစ်လာတော့မှာပါ...

မြန်ပြည် ရေတွေလျှံ သောင်တွေ ပိုထွန်း ကမ်းတွေ ပြိုလာတော့မှာပါ..

ဒါတွေ က တွက်လို့ ရပါတယ် ဘာလုပ်ရင် ဘာဖြစ်မယ် ကြိုတွေးရမှာပါ..
ဒါပေမဲ့ မတွက်ပဲ နောက်ဆုံးတော့ အင်ဂျင်နီယာတွေ အပေါ် ပုံချတာတွေ ပါ..

အင်ဂျင်နီယာတွေ မှာ Safety  Factor ရယ် Report ဆိုတာ ရှိပြီးသားပါ...
အင်ဂျင်နီယာအပေါ် ဆရာတတ်သူတွေ ကတော့ လေစားလေလျော် နဲ့  နောက်ဆုံးမသိသလို အဆုံးသတ်တော့ အင်ဂျင်နီယာ တွေ အပေါ်ရောက်လာတာပါ..

အင်ဂျင်နီယာ ပြဿနာ က ဘယ်ဟာကို ဘယ်လောက်ဆို ပြီးသတ်မှတ်ချက် ရေးပေးပါဆို ပြီး လုပ်လိုက်ရင် တစ်ချို့ ပြဿနာတွေ လွယ်လွယ် ရှင်းသွားမှာပါ..
အဲဒီ သတ်မှတ်ချက်တွေ ကို လိုက်နာသူတွေ ပြဿနာ မရှိနိုင်သလို မလိုက်နာသူတွေ ကတော့ မလိုက်နာသလိုခံရမှာပါ...

လမ်းတွေ အရင်တုန်းက ဘာကြောင့် အကွေ့ အကောက်တွေ ပါတာလည်း သိသူတွေရောရှိရဲ့ လား...
အကွေ့ မှာ ဘယ်လောက်နဲ့  မောင်းရမှာရယ်...အချိန် အနည်းငယ် နောက်ကျတာ မိမိအသက်မိမိ ထိန်းကျောင်းတာပါ..

အာဏာရှင် မကြီးထွားလာရင် လူ အသေအပျောက်နည်းသွားမှာပါ...အမှန်တခြမ်း အမှားတခြမ်း ဖြစ်နေသရွေ့ ကတော့...ဆက်သာ တွေးကြည့်...

ငဝန်နဒီ

No comments:

Post a Comment