ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, July 25, 2013

ရန်ကုန် မြို့  ရဲ့  မွန်းကျပ်မှု အပြည့်နဲ့  ညနေဆည်းဆာ အနာဂတ် မဖြစ်စေလို

ရန်ကုန်မြို့  က ဆည်းဆာ က မွန်းမွန်းကျပ်လာသလို မြင်နေရလို့  ရေးမိတာပါ အမှန်တွေပဲလို့ မဆိုလိုပါဘူး
အခုအချိန်လေးမှာ ပြင်ဆင်ခွင့် ရှိမယ်ဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ ပေါ့...

အခုဆို မြစ်ကူးတံတားတွေ ထပ်ဆောက်မှာဆိုတာကြားရတော့ ကောင်းတာ ကို တွေ့ ရပါတယ်

နောက်ဖြစ်လာမည့် အနာဂတ်ကို မေ့ထားမယ်ဆိုရင်ပေါ့ ဆည်းဆာ ကို ဘောင်ခတ်ချင်ရင်ပေါ့

မြစ်ကူးတံတား ကရေအလျဉ် ကို နှောင့်နှေးစေတာသက်သက်နဲ့  မဟုတ်တာအမှန်ပါ..တကယ်ဆို နည်းပညာအသစ်တွေ မျှော်တွေးသူတွေ တိုင်းပြည်တိုးတတ်စေသူတွေ ဆိုရင် မြေအောက်ဥမှင် လမ်းဖောက်လုပ်ရမည့် အခြေအနေပါ..

ဘာဖြစ်လို့ လဲဆိုရင် ရန်ကုန်မြစ်ထဲမှာ အရေးပေါ်မုန်တိုင်း တွေ မြစ်ညှာ က ရေစီးများလာရင် အဟန့် အတားမရှိ စီးဆင်းနိုင်မှ ရန်ကုန်မြို့  ရေထဲမှာ ခဏတာ အေးချမ်းတာ ကို မနစ်သက်ပေမဲ့ ရေလည်လမ်းလျှောက်နေရမှာပါ..

အဓိက ကတော့ မုန်တိုင်းလာရင် ပင်လယ်က သင်္ဘောတွေ ခိုနားဖို့  နေရာ သတ်သတ် နေရာ မဆောက်ပေးနိုင်ချိန်မှာ..ရန်ကုန်မြစ်ထဲ ခဏတာ လာထားလို့ ရတာကို မေ့ထားလို့ မရတာပါ..တံတားကြီးပြီးသွားရင် မုန်တိုင်းလာလည်း လည်စင်းခံပေးရမည့် သင်္ဘော တွေ ကို ကြိုတွေးလို့ ရနေတာပါ..

အခုလည်း ရန်ကုန်မှာ အဆောက်အဦး ကို စနစ်တကျ နဲ့ ဆောက်ခွင့် မပေးတာတွေ က အရာရာဈေးတတ် နည်းပညာပျောက်ဆုံး စနစ်မကျ အဆောက်အဦးတွေ နေရာယူလာတာတွေ ကို မမြင်ချင်လည်းမြင်နေရတာပါ..

အစိုးရသစ်လက်ထဲ ဗလာသက်သက် ဖြစ်နေလို့ ကတော့ ရန်ကုန်မြို့  နေထိုင်သူတွေ အကြောင်းတစုံတရာဆို ဘုံပျောက်နေမှာပါ..

အခုဆို ရေမြောင်းတွေ ကျဉ်းနေတာတွေ အခုမှ ချဲ့ လည်းနောက်ကျတဲ့ စနစ်ဖြစ်တဲ့ အဆင့်ရောက်နေတာပါ..ရေခဏတာလှောင်ကန် မြေအောက် မှာရေခဏ ထားစရာ လိုကို လိုလာနေပါပြီ ရပ်ကွက်တော်တော်များများမှာ လုပ်ရတော့မှာပါ မိုးရွာတာနဲ့  မြစ်ရေက တိုး စီးစရာ ကနှေး ထွက်ပေါက် ကနည်း ရေက နေစရာမရှိလို့ လမ်းပေါ် ရောက်ကို ရောက်နေမှာပါ

မြန်မာပြည်မိုးရေချိန်နဲ့  ရေကိုလှောင်ထားစရာထားကိုထားရမှာဖြစ်ပြီး ပြန်ထုတ်တဲ့ စနစ်တွေပါ ထားရမှာပါ
နောက်ပြီး မြေအောက်ဓာတ်ကြိုးစနစ် ကို တဖြည်းဖြည်းလုပ်ရတော့မှာပါ အဲလိုမှ မလုပ်ရင် ဓာတ်လိုက်သေဆုံးတာတွေ များလာမှာပါ..

မြေအောက်စနစ် ရှိမှ မြေအောက်မှာဆို အရင်ကတည်းက ဓာတ်မလိုက်အောင်စီမံထားရတော့ ဓာတ်လိုက်တာ ထပ်ဖြစ်လာစရာမရှိအောင်ပါ..

လမ်းတွေလည်း ကုန်းကျော်တွေ ရှိနေတာ ရော မြေအောက်ဖြတ်လမ်း လူသွားလမ်းတွေ ပါ ဖောက်ဖို့ လိုလာတော့မှာပါ..အဲလိုမှ မဟုတ်ရင် လူတွေယာဉ်အန္တရာယ် များလာတာကို ကြိုကာကွယ်ဖို့ လိုနေမှာပါ

အိမ်တွေ အဆောက်အဦးတွေ ကတော့ မြို့ နယ်တွေပဲဖြစ်ဖြစ် အဆောက်အဦးသစ် ကို စနစ်တကျနဲ့  ၈ထပ် အနည်းဆုံးဆောက်ရမှာ ကို ပြဌာန်းဖို့ လိုပြီး ဓာတ်လှေကားပါ မပါမဖြစ်ရယ် လူဆင်းလှေကားကျယ်ကျယ် ပါ ပါရမှာပါ ဒါက အခု ၂၀၁၄ မတိုင်ခင် ဆောက်မည့် အဆောက်အဦးတွေ အတွက်ရယ် မြို့ နယ်တိုင်းမှာ ရုံးခန်း အဆောက်အဦးတစ်ခု ပါကို ပါရမှာဖြစ်ပြီး...လူနေတိုက်တွေ ၈ထပ်တိုက် ၅လုံးလောက်ရှိရင် စားသောက်ဆိုင် သတ်သတ်မှတ်မှတ် နဲ့  အများစားသောက်စရာနေရာ လုပ်ပေးဖို့ ရှိရမှာပါ...

၂၀၁၅ ကျော်ရင်တော့ တိုက်တွေ ကအနည်းဆုံး ၁၂ထပ် ကနေ ၁၅ထပ်လောက်ကို ဆောက်မည့် အခြေအနေ ကို ရောက်ရတော့မှာပါ..ကားပါကင် ကတိုက်သတ်သတ် ကို ဆောက်ရတော့မှာပါ..မြေအောက်သွင်းရုံနဲ့  မလုံလောက်နိုင်တော့ပါ

အဲလိုဆောက်တာနဲ့ အတူ ငလျင်လှုပ်လျှင် ခိုနားစရာလည်းဖြစ် ပန်းခြံတွေ ကလေးတွေ အတွက်အပန်းဖြေစရာလည်းဖြစ်မှာပါ...

မြို့ နယ်တိုင်းမှာလည်း ရေကူးကန်တွေ လေ့ကျင်ခန်းလေ့ကျင့်စရာ နေရာတွေ ထားရမှာပါ အဲလိုမှ တစ်ခုခုဆို လူတွေ အရေးပေါ် နားခိုရာနေရာလည်းဖြစ် ခိုလှုံစရာပါ ဖြစ်မှာပါ...

အဲဒါတွေ ကတော့ ရန်ကုန် ဆည်းဆာ လှပစေဖို့ ပါ.ညနေချမ်း မှာရန်ကုန်မြစ်ကနေ ပင်လယ်ဘက်အထိ လေညှင်းခံသင်္ဘောတွေ ညနေ ဆည်းဆာ အလှ မြစ်အလှ ကို ဖြောင့်ဖြောင်းဖြူးဖြူး သွားလာကြည့်ဖို့ အဟန့် အတားတွေ မရှိမှာဖြစ်မှာပါ..တိုင်းပြည်အလှဖော်ကျူး ဖို့ နေရာတစ်ခု ဖြစ်စေဖို့ သက်သက်ပါ..

နည်းအသစ်တွေသုံးပြီး လမ်းသစ်မဖောက်နိုင်ရင်တော့ ရန်ကုန်လှေစီး မြစ်ကြီး ဧရာကို တွေ့ ရမှာကားအစားထိုး လှေဆောင်ရမလို ဖြစ်နေမှာဆိုတော့ နည်းအသစ်တွေ စိုးမိုးသောရန်ကုန် ဖြစ်လာနိုင်ပါစေ...

ငဝန်နဒီ

No comments:

Post a Comment