ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, July 13, 2013

ဂျပန် မှာ သက်တမ်းတိုးလျှင် ၂ လ ကြိုတင် တိုးလျှင် ကောင်းပါသည်

ဂျပန် မှာ နေထိုင်သူတွေ အတွက် အရင်က ဆက်ရေးပါမည်လို့ ရေးထားတာကို တွေ့ သမျှ အဖြစ်အပျက်တွေ ကို ကြားသမျှ အချက်အလက်တွေ ကို သိသလိုလေး တွေပါ..

ထပ်ပြီးသေချာတာလေးပါ..
( အလုပ်လုပ်ခွင့်ဖြင့် နေထိုင်သူတွေ မိမိလုပ်နေသော အလုပ် မဟုတ်ပဲ အချိန်ပိုလုပ်တာရှိလျှင် နောက်ထပ်သက်တမ်းတိုးလျှင် သက်တမ်းတိုးမပေးပဲ ပြန်ခိုင်းတာတွေ ရှိနေပါသည်..အစစ သတိရှိတာအကောင်းဆုံးပါ)..

မြန်မာတွေ ဂျပန်မှာ အလုပ်လာလုပ် မှာတွေ ရယ် နေထိုင်နေသူတွေ ရယ် အတွက် နေထိုင် ဖို့ သက်တမ်းတွေ တိုးရတော့ အရင်ကဆို ၂ လ ကြိုတိုးပါလို့ ရေးထားပေမဲ့ ကြိုမလုပ်တတ်သူတွေ အတွက် အခုတော့ အဲဒီ ၂ လ အတွင်း မှာ လုပ်ဆောင်တာတွေ အဆင့်ဆင့် ရှိနေတော့

၂ လ ကြိုတင် တိုးတာ အကောင်းဆုံးပါ..
မိမိနေထိုင်တာ သက်တမ်းပြည့်ဖို့  ၂ လ မတိုင်ခင် သက်တမ်းတိုးဖို့  လျှောက်ရပါမည်
အဲဒီအချိန် မှာ အရင်လို လိုအပ်သော စာရွက်စာတမ်းတွေ ကို စီစစ် တောင်းယူ ပြီး လုပ်ဆောင်နေကြောင်းစာရွက် ထုတ်ပေးပါသည်။

ထိုစာရွက်တွင် အရင်လို စာရွက်တွေ နဲ့ မတူ အနည်းငယ်ကွဲပြားသွားပါသည်
သင်နေထိုင်ခွင့် ကဒ် သက်တမ်းကုန်ဆုံးသောနေ့ သည် သင်သည် ဂျပန်နိုင်ငံတွင် နေထိုင်ခွင့်မရှိ ကို ရေးသားထားပါသည်...

ထိုစာနှင့် အတူ သင်ထံသက်တမ်းတိုးခွင့်ရသော စာရွက် ရှိနေလျှင် နောက် ၂ လအထိ သက်တမ်းတိုးနိုင်ပါသည် ကို ရေးထားပါသည်..

အထက်ပါနှစ်ချက် ကွဲပြားသည်ကို သတိပြုသင့်ပေသည်...

သက်တမ်းတိုး လျှောက်တင်ပြီးလျှင်လိုအပ်စာရွက်စာတမ်းပေးပြီးလျှင်တောင်းသောစာရွက်များပေးပြီးသည် နှင့် ပြီးဆုံးသည် မဟုတ်ပေ သတိထားစရာရှိပါသည်
ထိုအချက်မှာ..
နောက်ထပ် နှစ်ပတ် ပတ်လည်ခန့် တွင် လိုအပ်သော စာရွက်စာတမ်းများဆိုပြီးတောင်းတတ်ပါသည်...

လျှောက်လွှာတင်စဉ် ပါသွားသောလည်း မတောင်းပေ..ထိုစာများမှာ မိမိ မြို့ နယ်တွင် နေထိုင်ကြောင်းတို့  အခွန်ပြေစာ တွေ ကို စာအိတ် နှင့် တကွ တောင်းတာပါ..အခွန် ကြေလည်းတောင်းပါသည်
အခွန် မကြေသေးသူ များရှိပါက မြို့ နယ် တွင် မေးပြီး ဆောင်ပြီးသော စာရွက် ကို ယူဆောင်ပေးပို့ သည်က ပိုကောင်းပေလိမ့်မည်

ထိုစာရွက်စာတမ်း ပြန်ပို့ ပြီးလျှင် နောက်ထပ် နှစ်ပတ်ခန့် စောင့်လျှင် သက်တမ်းတိုးခွင့်ရကြောင်းစာ ရောက်လာပါလိမ့်မည်..

နောက်တစ်ချက် သတိထားစရာရှိပါသည်..

ထိုစာသည် မိမိသက်တမ်းတိုးရမည့်ရက် နီးသောလည်း မရောက်လာလျှင် သက်တမ်းတိုးပေးသော နေရာကို တစ်ခါ ထပ်သွားပြီး စုံစမ်းရပါမည်

မိမိသက်တမ်းတိုးရက် ကျော်သွားလျှင် သင်သည် ဂျပန်တွင် နေထိုင်ခွင့် မရှိဖြစ်သည်ကို သတိပြုသင့်ပေသည်

ထိုကြောင့် ကြိုတင်စုံစမ်း မေးမြန်းပြီး လိုအပ်လျှင် ထပ်လုပ်စရာရှိသူ ကထပ်လုပ် ပြီး မလိုအပ်သူ က စာပို့ ပေးလိုက်သည် ဆိုသောလည်း သက်တမ်းတိုးရန် မဖြစ်မနေ လိုအပ်ပါက သက်တမ်းတိုးခွင့် ပါရပြီးသူ ဖြစ်ပါက တစ်ပါတည်းသက်တမ်းဆိုးခွင့်ရအောင် ပြောဆိုပြီးအကူအညီတောင်းလျှင် သက်တမ်းတိုးခွင့်ရနိုင်ပါသည်။

သို့ မဟုတ်လျှင် သင်သည် နေထိုင်ခွင့် ကျော်လွန် နေထိုင်သူဖြစ်ပြီးမှ သက်တမ်းတိုးသူ ဖြစ်ပေလိမ့်မည်။

ထိုသို့ မဖြစ်စေရန် ၂ လ ကြိုတင်သက်တမ်းတိုးလျှင် ထိုအခက်အခဲများ တွေ့ ကြုံ ရန် နည်းပေလိမ့်မည်...

ဂျပန်တွင် နေထိုင်သူများ အရာရာ အဆင်ပြေ နိုင်ကြပါစေ...

ငဝန်နဒီ

No comments:

Post a Comment