ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Saturday, October 19, 2013
ရဲ က ဒါကြောင့် ရဲမှ မရဲတာကိုး
ရဲ စစ်တစ်ယောက်ရင်ဖွင့်ထားတာလေး ဖတ်တာလေး က အတိုချုပ်ရင်
၁။ အူမတောင့်ချင်တယ် 
   (သီလစောင့်ချင်စိတ် ရှိတာအမှန် လစာလောက်ရင်ပေါ့)
၂။ အလုပ် ကုန်ကျစရိတ် သီးသန့် မရှိ မရ။
(လာဘ်စားဖို့ တွန်းပို့ ခံရသော စီမံမှု နည်းတာလေးပါ)
၃။နေစရာ အိမ်ရာ မရ။(ဝန်ထမ်း ရဲ့ နေရေးကို ထည့်မထားသော နိုင်ငံ စီမံမှုပြဿနာ )
ရဲ ကမရဲ မတော့
အရပ်သားကတော့ ဘာရောင်တုန်း ရှာတုန်း မြင်သေးဘူး
ငဝန်နဒီ
(သတင်းလေးတစ်ခု ဖတ်ရင်း မှတ်ထားတာလေးပါ )
Thursday, October 17, 2013
မြန်ပြည် အားပေးချက်ကတော့
မြန်ပြည် မွေးကျွေး မြန်မာမယ် လေး ကမ္ဘာမှာ
ပြိုင်ပွဲ ဝင်တော့မှာ ဆိုတော့
မြန်ပြည် က အားပေးလိုက်တာ
နိုင်ငံတကာလို မီးရှုး မီးပန်းတွေဖောက် အားပေးတာ မြန်ပြည် အားကျမခံ အားပေးလိုက်တာ
တိုင်းပြည်နေရာစုံ ဟိုနားပေါက်ဒီနားပေါက် နဲ့ 
မနည်းပြန်ထိန်းနေရတယ်
အဲဒီလောက် အားပေးစရာမလို ဘူး လူတွေ သေကုန်မှဖြင့် တဲ့
လက်ဖျားခါလောက်အောင်အားပေးတာ
ရှိတာလေး နဲ့  ဂုဏ်ပြုတာပါတဲ့။  
(အေးချမ်းသာယာ နေထိုင်စေရန် ရည်ရွယ်လျက်)
မြန်ပြည်မွေးသူ မြန်ပြည် ကျေးဇူးဆပ်နိုင်ပါစေ။
ထိတ်လန့် မှုကို ရယ်မောမှုဖြင့် သက်သာ နိုင်ကြပါစေ။
ငဝန်နဒီ 
Wednesday, October 16, 2013
အများသုံးမည့် အဆောက်အဦး မြန်ပြည်သား လုပ်ခွင့်ရမယ် ဆိုရင်ဖြင့် မြန်ပြည်အင်ဂျင်နီယာ ဆောက်နိုင်သောအရည်အသွေး
ဒီစာ ကိုရေးတာ မြန်ပြည်အင်ဂျင်နီယာလုပ်နိုင်တာကိုရေးမှာပါ.. နိုင်ငံခြားသားနဲ့ ယှဉ်လို့ ရတာရေးမှာပါ..ဒါပေမဲ့ မြန်မာအင်ဂျင်နီယာ အပေါ်မှာ ပညာမှောက် လူကြီး တွေ မရှိနေဖို့ လိုတာပါ ဘာဖြစ်လို့ လည်း ဆိုတော့
မိုးလေ၀သ ကို ဖြုတ်လဲတတ်လို့ ရတဲ့ အင်ဂျင်နီယာ မြန်ပြည်မှာ မွေးဖွားခွင့်မရသေးလို့ ပါ..
အဆောက်အဦး ကို တင်ပြပါပြီ ဘယ်လို တင်ပြမှာလည်း
Civil ကဆောက်ရမှာဆိုတော့ အဆောက်အဦး ကို ဆောက်လုပ်ရေးသုံး software နဲ့ တင်ပြနိုင်ရမှာပါ..ဒီဇိုင်းကလည်း ဘယ်ပုံစံ ဘယ်နှစ်ခုနှစ် ကို ကိုယ်စားပြု စနစ် ကို ဖော်ပြနိုင်ရမှာပါ...
3D Auto Cad နဲ့ တင်ပြတာကို ပြောတာမဟုတ်ပါဘူး
အဆောက်အဦးခံနိုင်ရည် ငလျှင်ဒဏ် ဘယ်လောက်အထိခံနိုင်တာကအစတွက်တာရယ် တစ်ထပ်ချင်းခံနိုင်ရယ် ပြိုရင် ဘယ်နေရာ က စဖြစ်နိုင်တာ အဲဒါ ကို ဘယ်လိုခံနိုင်ရည်နဲ့ ဆောက်ထားတာ ဘယ်လိုသုံးထားတာ သဘာဝပတ်ဝန်းကျင် ကို ဘယ်လို ကာကွယ်ထားတာတွေ နဲ့ တင်ပြနိုင်ရမှာပါ
ပုံစံနမှုနာ မှာ မီးဘေးကို သဘာဝဒဏ် ကို ဘယ်လို အကွာအဝေးနဲ့ ဘယ်လို လုပ်ထားတာ အပင်တွေဘယ်လိုစိုက်ထားတာ ရေစိမ့်ဝင်နယ်မြေ တွေ ဘယ်လိုလုပ်ထားတာ ရှိရမှာပါ
အဆောက်အဦး ကို မျက်မမြင်လာရင် သူတို့အတွက် အမှတ်အသားတွေ ဘယ်လိုစီစဉ်ထားတာတွေ ရှိရပါမယ် မျက်မမြင်ဖတ်တဲ့ အဆောက်အဦးပုံစံငယ်ကို တပါတည်း လုပ်ထားရပါမယ်
မသန်မစွမ်းလာမည့်လမ်းကို အဆင်ပြေချောမွေ့ အောင်ဘယ်လိုလုပ်ထားတာ ရှိရပါမယ်
ဓာတ်လှေကားမှာ မသန်မစွမ်း လက်တန်းတွေ အိမ်သာမှာ လက်တွန်းလှည်းဝင်နိုင်သော အကျယ်အ၀န်း ရှိဖို့ လိုပါတွေ လမ်းမှာရော အိမ်သာမှာရော အလွယ်တကူ တစ်ခုခုဆို မည်သူမဆို ခေါ်ဆိုနိုင်သော စနစ်တပ်ဆင်ထားရပါ့မယ်
အဆောက်အဦးမှာ စပရိမ်စနစ်တွေ အောက်ခြေခိုင်တဲ့အပြင် ငလျှင်တွေ ခံနိုင်အောင် လုပ်ထားရပါ့မယ်
လေပြင်းဘယ်လမ်းကြောင်းတွေ လာနိုင်တာကို အဆောက်အဦး ဒီဇိုင်းက ကြိုတင်ကာကွယ်စနစ်လုပ်ထားရပါမယ်
အပူများဒေသဆို အေးအောင် အဆောက်အဦး မှာကြိုတင် ပြီးအေးစေတဲ့ ပစ္စည်းတွေ စနစ်တွေ တပ်ထားရမှာပါ...
လေ၀င်လေထွက်ကို အပေါက်သေးတွေနဲ့ ထိန်းတဲ့တစ်တွေတပ်ထားရပါမယ် ဒါမှ မီးပျက်တာတွေ ကို သတိထားစရာမလို အအေးဓာတ်ရနေမှာပါ
မီးတွေ ကို LED တွေ တပ်ဖို့ လိုသလို သက်သာအောင် လူရှိမှပွင့်မှောင်မှပွင့် တာတွေ ဖုန်းကနေ အပိတ်အဖွင့်လုပ်လို့ ရသော လေအေးပေးစက်တွေ မိမိ အဝေးရောနေလည်း အင်တာနက် ပိတ်လို့ စစ်လို့ စနစ်တွေ ပါရပါမယ်
သူထက်အရေးကြီးတာက စနစ်တကျလုပ်ထားသော control စနစ်တွေ တစ်ထပ်ကို ဘယ်နှစ်လုံး ဘယ်လိုတပ်ထားတာ ကိုသုံးရပါမယ်
Breaker ကိုပြောတာမဟုတ်ပါ တစ်ခုခုဖြစ်တာကို စနစ်တကျလိုက်နိုင်သော ထိန်းချုပ်နိုင်သောစနစ်ပါ
လှေကားတွေ ကလည်း ၅ယောက်ရင်ဘောင်တန်းပြေးဆင်းလို့ ရသော အရေးပေါ်လှေကားတွေ ၀ရန်တာ မှာလည်း အံဝှက် အရေးပေါ်လှေကားတွေ ပေ၃၀ မှာတစ်ခု အထပ်တိုင်းမှာတပ်ထားရပါမယ်
မီးဘေးအတွက် အလိုအလျှောက်ရေဖြန်းစနစ် အပူချိန် ၇၀ ကျော်ရင် ကာကွယ်လို့ရသော အရေးပေါ်တံခါးတွေ မီးဒဏ် ၁နာရီခံနိုင်သောသံမဏိ ကိုသုံးထားရပါမယ်
မီးအတွက် ရေလှောင်ကန် ကို အစကတည်းက ပါရပါမယ် အလိုအလျှောက် အင်ဂျင်နဲ့ အလုပ်လုပ်သောစနစ် တပ်ထားရပါမယ်
မီးအလင်းအတွက် နေရောင်ခြည်စနစ်ရော ပုံမှန်စနစ်ရော အင်ဂျင်စနစ်ရောတစ်ပါတည်း ထည့်သွင်းထားရပါ့မယ်
မီးအလင်းသက်သာစေအောင် နေရောင် ကို အားထားပြီးတိုက်ရိုက် နေရောင်မထိပဲ အလင်းရောင်အောက်ခြေအထိ အလင်းဝင်စနစ် ကို စလုပ်ကတည်းကပါရပါမယ်
ရေကလည်း ရေသန့် စနစ်ထွက်တွေ ရေလှောင်ကန်တွေ တစ်ပါတည်းပါ မီးသတ်ကန်သတ်သတ် ပါရပါမယ်
မီးအတွက် မီးသတ်ဗူး အရေးပေါ်သုံး အခန်းတွင်းပစ်သွင်းမီးငြိမ်းသော မီးသတ်ဗူး အထပ်လိုက်အခန်းလိုက် သီးသန့် ထားရပါမယ် ရိုးရိုးမီးသတ် ဆေးဗူး မဟုတ်ပါဘူး ပစ်လိုက်တာနဲ့  အခန်းထဲမီးကို ရေမလို ငြိမ်းပါတယ်
မီးအတွက် ကြိုတင်ကာကွယ်သော မီးခိုး အလန်း တစ်မျိုး အပူ အလန်း တစ်မျိုး ဓာတ်ငွေ့ အလန်းတစ်မျိုး အဲဒီ ၃ မျိုး ကို ပေ ၃၀ မှာ ၃ ခု တပ်ဆင်ရပါမယ်.. ထို့ အပြင် ဓာတ်ငွေ့  အရေးပေါ် ဆင်ဆာ ကို လည်း ဓာတ်ငွေ့ သုံးနေရာ တွေ အနံထွက်သောနေရာတွေ မှာထပ်တပ်ထားရပါ့မယ်..ရိုးရိုးဓာတ်ငွေ့  အလန်းနဲ့ မတူပါ ဓာတ်ငွေ့ အတွက် သာသီးသန့် ထုတ်ထားတဲ့ စက်ပါ...
အဆောက်အဦးမှာ ဓာတ်ငွေ့ ပိုက်လိုင်း ကို စနစ်တကျ တပ်ဆင်ရပါမယ် ငလျှင် ပြင်းအား ၅ ဆို အလိုအလျှောက် ပိတ် စနစ်တွေ တစ်ပါတည်း တပ်ထားရပါမယ် ပိုက်လိုင်းသီးသန့် လိုင်းမဆွဲလျှင် မီးလောင်ရန်လွယ်ကူပေလိမ့်မည်..
အမှိုက်ပစ်စနစ် ကိုလည်း အပေါ်မှ ပစ်ချရန် အပေါက် နှင့်စနစ်တကျ ကြိတ်ချေ စနစ် ကိုပါသုံးထားရပါမယ်တစ်ခါတည်း သေးနိုင်သမျှသေးအောင်လုပ်စနစ် ပြန်လည်သုံးပစ္စည်းများကိုလည်း စနစ်တကျ ဖျက်သိမ်းစနစ် ထားပြီး ပို့ စနစ် လုပ်ရပါမယ်
အညစ်အကြေး ကတော့ ဖိုင်ဘာ ကန်တွေ ကိုစနစ်တကျ စစ်ကန် ၃ ဆင့်မှ ၆ ဆင့် အထိပါစနစ်တွေ ငလျှင်ဒဏ်တွေ သဘာဝဘေးတွေ ကျရောက်သောလည်း မကွဲပျက်နိုင်အောင်စီမံစနစ်တွေ ထည့်သွင်းရပါ့မယ် မြေလွှာထဲ မ၀င်အောင် ကြိုကာကွယ်ရပါမယ်
ကလေးကစားကွင်း အပန်းဖြေခန်းတွေ ကားပါကင်တွေ စက်ဘီးပါကင်တွေနားနေခန်းတေ စားသောက်ခန်းတွေ စည်းဝေးခန်းတွေ လုံခြုံရေး အခန်းတွေ စီမံခန့် ခွဲးရေး အခန်းတွေ ကင်မရာတပ်ဆင်ပြီး ကြော်ငြာလို့ ရသောအခန်း သတိပေးစနစ်တွေ တစ်ပတည်းတပ်ထားရပါမယ် ပါဝင်ဆောက်ထားရပါမယ်
အမြှင့်ကနေ အောက် ကို ဆင်းရာတွင် အကာအကွယ် ပစ္စည်းတွေ လုပ်ထား ကိရိယာတွေ တပ်ထားရပါမယ်
အရေးပါလူကြီး များ က ဖုန်းမှတစ်ဆင့် အရေးပေါ်ကြည့်ရသော အင်တာနက် စနစ်တွေ အဆောက်အဦးတစ်ခုလုံး အင်တာနက် စနစ်တွေ တပ်ထားရပါမယ်
မီးကိုလည်း တစ်ဖက်ကပျက်လျှင် တစ်ဖက်ကပြန်ဝင်စနစ် အလိုအလျှောက်တပ်ထားရပေမည်...
ှအဆောက်အဦးအတွင်း မတော်တဆစွန်းထင်း မှုအတွက် Air Wash ကိုလည်း ပြုလုပ်ထားပေးရပါမယ်
အခြောက်လျှော် ကို ပြောတာမဟုတ်ပါ ion တွေ ကို အသုံးပြုလျှော်တာကို ပြောတာပါ..သဘာဝ အတွက် လိုတာတွေတော့ ထပ်မရေးတော့ပါဘူး လေနဲ့ သွားမိုဘိုင်း တွေ မပါသေးပါဘူး ဘီးမပါတာကိုပြောတာပါ..
ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံခြားသားဆောက် လို့  အဲဒါတွေ တစ်ခုခု မပါရင်...
မြန်မာလက်နဲ့ မြန်မာ့မြေ အုပ်စိုးနိုင်ပါစေ...
မိုးကြိုးလွဲ မတတ်တာ သတိထားမိမလားတော့ မသိဘူး မိုးကြိုးလွဲ ရှိနေရင် မသမာသူတွေ မိုးကြိုးရှာမရ မဖြစ်လေအောင်သာ 
င၀န်နဒီ
Tuesday, October 15, 2013
မြန်ပြည် အင်ဂျင်နီယာတွေ နိုင်ငံခြားတွင် အလုပ်ရှာရမည် မြန်ပြည်ကအလိုမရှိဟု ကရင်ပြည်နယ်ဝန်ကြီးပြော
မြန်ပြည်ကမြန်ပြည် အင်ဂျင်နီယာကျောင်းကြီးပိတ်လိုက်ရတော့မှာပေါ့
သမ္မတ ကပြန်ခေါ် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံအတွက်ပြန်လုပ်ဖို့ ခေါ်
သို့ သော် ပြည်နယ်ဝန်ကြီးက မြန်ပြည်အင်ဂျင်နီယာ အလိုမရှိလို့ ပြောပြီ 
အောက်ကသတင်းလေးကိုကြည့်
မင်းသုတ- ကရင်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးသံဒိုင်သည် ဘုရားသုံးဆူမြို့မဈေး အသစ်ပြန် လည်တည်ဆောက်ရေး တွေ့ဆုံပွဲပြုလုပ်ခဲ့ရာတွင် လက်ရှိမြန်မာစည်ပင်အင်ဂျင်နီယာများ အရည်အချင်းမရှိ၍ တစ်ဖက်နိုင်ငံထိုင်းအင်ဂျင်နီယာဖြင့် ဈေးသစ်တည်ဆောက်မည်ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် ဘုရားသုံးဆူမြို့ ပြည်ထောင်စုခန်းမ၌ ဈေးကော်မတီဝင်များ၊ ဈေးဆိုင်ပိုင်ရှင်များနှင့် နှစ်ထပ်ဈေးသစ်တည်ဆောက်ရေးအတွက် တွေ့ဆုံပွဲပြုလုပ်ခဲ့ ရာ ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ကြီးက “ ကျနော်ဝန်ကြီးဖြစ်တဲ့လက်ထက်မှာ အဆင့်မြင့်ဈေးကို စေတနာနဲ့ ဆောက်လုပ်ပေးချင်ပါတယ်၊ ထိုင်းကန်ထရိုက်နဲ့ဆောက်လုပ်တာကတော့ မြန်မာကန်ထရိုက်တွေက အဆင့်မရှိလို့ပါ၊ လက်ရှိ စည်ပင် အင်ဂျင်နီယာတွေ အရည်အချင်းမရှိလို့ ဖြုတ်ပစ်ရမယ်ဆိုပါရင် တစ်ယောက်မှကျန်မှာမဟုတ်ပါဘူး” ဟု ပြောသည်။
ထို့အပြင် ၂၀၁၅ တွင် အာဆီယံကုန်သွယ်မှုဇုန်ပြုလုပ်ပါက ယခုဈေးကြီးအဆင့်မမီတော့ကြောင်း၊ ဆောက် လုပ်မည့်ဈေးသစ်သည် ငွေကျပ်သိန်း ၄ ထောင်ကျော်သာကုန်ကျမည်ဖြစ်သဖြင့် မိမိနေထိုင်သည့် ပြည်နယ် ၀န်ကြီးနေအိမ်တစ်လုံးစာမျှ တန်ဘိုးမရှိပါကြောင်း၊ မိမိတို့ပြည်နယ်ဝန်ကြီးအိမ်တစ်လုံးတန်ဘိုးမှာငွေကျပ် သိန်း ၅ ထောင်ကျော်ကုန်ကျခဲ့ကြောင်း၊ အိမ်တစ်လုံးစာတန်ဖိုးပင်မရှိသည့် ဈေးသစ် ဆောက်လုပ် ခြင်း အား သဘောမတူခြင်းမှာ သုံးဆူမြိုသားများ အဆင့်မရှိ အတွေး အခေါ်မရှိ၍ဖြစ်ကြောင်းဆက်လက် ပြော ကြားခဲ့သည်။
http://burmese.bnionline.net/index.php/news/imna.html
လွတ်လပ်သောမွန်သတင်းအေဂျင်စီ ကတင်ထားတာလေးပါ
Monday, October 14, 2013
Apple ရဲ့  ကမ္ဘာ တစ်ဝန်းနည်းပညာဖြင့်နေရာ ရယူခြင်း
Apple iphone က အစက ထူးခြားတာ သိပ်မများပေမဲ့
iMessage  နဲ့  အခမဲ့ ကမ္ဘာတလွှား နေစယူလာ တာကနေ
FaceTime နဲ့  ဖုန်းတွေ အင်တာနက်သုံးတာနဲ့ အရုပ်ရော အသံပါ ကမ္ဘာမြေ ဘယ်နေရာ ရောက်ရောက် 3G နဲ့  ဆက်သွယ်လို့ ရအောင်လုပ်ထားတာပါ
အခုတော့ အင်တာနက်ကို iPhone ကနေ ခွဲဝေသုံးတာ ကို ပိတ်ပင်လို့ မရအောင် အင်တာနက် ကွန်ယက် ကမ္ဘာ ကို လွယ်လွယ်နဲ့ ဖုန်းရှိရုံ လေးနဲ့ အင်တာနက် ရအောင် လုပ်ဆောင် လုပ်ထားတာတွေ့ ရပါတယ်
နောက်မျိုးဆက်မှာတော့ လက်ပတ်နာရီလို သေးသေးလေးနဲ့  ကမ္ဘာကို မျက်ခြေမပြတ်ကြည့်နေလို့ ရအောင်အင်တာနက် ကို လက်ထဲမှာ နေရာမယူပဲ ဆက်သွယ်လို့ ရအောင် လုပ်လာနိုင်တော့မှာပါ
ငဝန်နဒီ
Sunday, October 13, 2013
Iphone 5s က အိမ်သုံး အင်တာနက် ကိုပိတ်ပြီးမည်သည့် ကွန်ပျုတာနှင့်မဆိုချိတ်ဆက်သုံးနိုင်
Iphone က မိုဘိုင်းဖုန်း ရဲ့ နည်းပညာ ကို သက်တောင့်သက်သာ ဖြစ်အောင် လုပ်လာသလို နည်းပညာမှာ နေရာတစ်ဆင့်ချင်း ယူလာ နေတာထက် ပိတ်တာတွေ ဖောက်ထွက် လာတာပါ
မနေ့ က ရေးတာက အင်တာနက် ကို စနစ်တကျ တားတာကို မဖြစ်သင့်လို့  ရေးမှတ်တာပါ
ဒါပေမဲ့ ဒီနေ့ တော့ တားတာကို ဖောက်ထွက်ဖို့ ဝယ်သုံးပြီး တန်အောင် သုံးသင့် တာကို အများပိုက်ဆံ သက်သာအောင် နည်းစနစ်တကျ သုံးစေချင်တာပါ
Iphone 5s က အင်တာနက် 100Mbp ထိသုံးလို့ ရတာကို ဂျပန်မှာ 75 Mbp အထိပဲသုံးခွင့်ရသေးတာပါ
Data က 7GB အထိပဲသုံးလို့ ရတာပါ အင်တာနက်က မြန်တော့ ခဏနဲ့ ပြည့်သွားနိုင်တာပါ
မသုံးတဲ့ application တွေကို ပိတ်ဖို့  ဝန်မလေးပါနဲ့ 
Location On တွေကို မလိုတာတွေ ပိတ်ပါ
အိပ်ချိန်မှာ DATA ကို ပိတ်တာ တွေလုပ်ပါ
ဘယ်လို တန်အောင်သုံးမလည်းဆိုတော့ Hot spot ထုတ်ပြီး ကွန်ပျူတာ နဲ့ တွဲသုံးတာနဲ့ 
အိမ်မှာသုံးနေတဲ့ အင်တာနက် လိုင်းကို ပိတ်လိုက်လို့ ရပါတယ် ပိုက်ဆံ ယန်း ၃၀၀၀ အထက်သက်သာသွားမှာပါ
ကွန်ပျူတာမှာ ပုံမှန်ကြည့်နေကျတွေကို အလွယ်တကူ မှတ်ထားပါ မလိုအပ်ပဲ CLEAR မလုပ်ပါနဲ့  ဒေတာ အတတ်သက်သာအောင်လို့ ပါ
ထိန်းသုံးရင်း 7 GB နဲ့ လောက်မှာပါ ပုံမှန် သုံးသူတွေ အတွက် လုံလောက်တာထက် အိမ်ကအင်တာနက်ပိတ်လိုက်ပြီး အင်တာနက်ဖိုးပါသက်သာသွားမှာပါ
လမ်းမှာ WiFi အလိုအလောက်ချိတ်လို့ ရတဲ့နေရာမှတ်ထားပြီး Update လုပ်သင့်တာလုပ်ပါ
Iphone 5s က အင်တာနက်ကို ဖုန်းကနေပိုင်ဆိုင်ဖို့ ကြိုးစားထားတဲ့စနစ်ကို လုပ်ထားတာပါ
iMessage နဲ့  ဖုန်းတွေ ကို တကမ္ဘာလုံး သုံးရအောင်လုပ်ထားတာပါ
FaceTime နဲ့  အဝေးကလူ အနီးရောက်အောင်လုပ်ထားတာပါ
Hotspot နဲ့ ပညာ ဝေသုံးတာကို လုပ်ထားတာပါ
အင်တာနက်ကို iphone 5s က Unlockedလုပ်မရအောင်လုပ်ထားတာပါ
နောက်ပြီး locked လုပ်ထားတာကို တရားဝင် jailbreak ဖောက်တာလို့ ပြောလိုက်တာထက် Hotspot ကို Unlocked လုပ်မရတာ iphone 5s က ဖောက်ထွက်လိုက်သလို
အင်တာနက် ကို အပိုင်သိမ်းဖို့ လှမ်းလာတာကို အားပေးနိုင်ကြပါစေ။
ပိတ်တာကို တားတာကို သုံးရင်းဖောက်ထွက်နည်းသစ်တွေ့ နိုင်မှာပါ။
အိုင်ဖုန်း ကို Locked လုပ်လို့ မရတဲ့ နည်းတွေနဲ့  နောက်မျိုးဆက် ဘယ်နိုင်ငံက အိုင်ဖုန်းမဆို Unlocked ဖုန်းဖြစ်နိုင်ပါစေ
ငဝန်နဒီ
Saturday, October 12, 2013
အိုင်ဖုန်း ၅အက်စ် ရွှေရောင် ရတော့ရပါရဲ့  အင်တာနက် ၇ ဂစ်ပဲဆိုတော့ မလိုရေးချမလို
အိုင်ဖုန်း ၅အက်စ်ရွှေရောင် မှာထားတာရလို့ သွားယူတော့ အရင်ပြောတာတစ်မျိုးအခု တော့ အင်တာနက် 7 GB ပဲရမယ်ဆိုတော့ ပုံမှန်ယူနေကျနေရာ ကနေ ယူမလို့  မယူဖြစ်တော့ပါ
သွားမှာတုန်းကဆိုင်က တစ်ယောက် က ပြောတာ အင်တာနက်ကြိုက်သလောက်သုံး
အရင်ဖုန်းအတွက်ပါဝန်ဆောင်ပေးတာပြောပါရဲ့ 
ဒီနေ့ သွားယူတော့ လူတွေ အကုန်ပြောင်းပြီး
အင်တာနက် 7GB ပဲရမယ် 
ဝန်ဆောင်မှုမရ ဘူး
အဲလိုဖြစ်မှာစိုးလို့ 
ဖုန်းစထွက်ပြီးနောက်တစ်ရက်မှာတာ အခုမှရပြီး
အပြောတမျိုးအလုပ်တမျိုးဖြစ်သွားတယ်
ဘယ်လိုပဲဖြစ်ဖြစ် အင်တာနက် ကအဓိကကျလို့ မှာတာ HOT SPOT ပါပါလာတော့ နည်းနည်းပိုပေးရလဲ မဆိုးဘူးဆိုပြီ့း မှာတာ သေသေချာချာကို မေးတာ
အိုင်ဖုန်း ၅ တုန်းက အဲလို ဖြစ်တာရယ် အင်တာနက် မိုဘိုင်း သုံးတုန်းကရယ် အင်တာနက် ကို နည်းနည်းပဲသုံးရသေးတယ် အဖြတ်ခံရလို့  လျော်ပြီးပိတ်လိုက်ရတယ်
အခုလည်းiphone 5 S  ကိုလုပ်တာဖြစ်တော့ တစ်ခြားသူတွေပါသိအောင် သေသေချာချာမေးပါ ပြီးမှဝယ်ပါ
အင်တာနက်ဆက်မရတာတော့မဟုတ်ဖူး ဆက်တော့ရတယ် သေခါနီး လူနာ ခြေဖြတ်ပြီး ရေထဲဆင်းကူးခိုင်းသလို
လေကဖြတ် ဆက်လည်းမသွား နောက်လည်းဆုတ်မရ ရေလည်မှာ ငုတ်တုတ်မေ့နေမှာ LTE က နေ T နေရာ E ပြောင်းသွားပြီး late equal evolution...ဖြစ်နေမှာ.
အားလုံးနည်းနိုင်သမျှအမှားကင်းနိုင်ကြပါစေ။
ငဝန်နဒီ
Monday, October 7, 2013
မြန်ပြည် စိန် မထွက်ပါ လို့  ဘယ်ပြောလို့ ရမှာတုန်း
မြန်ပြည်မှာ စိန်မထွက် တာပြောလာတော့
တကယ်တော့ မဖြစ်သင့်ပါဘူး
စိန်တွေ ထွက်လိုက်တာမှာ နည်းတာမဟုတ်
စာရေးဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)
တို့ 
သမ္မတကြီးတောင် စိန်ပါသေး
သမ္မတကြီး ဦးသိန်းစိန် မဟုတ်လား
ဓာတုစိန်တွေ သဘာဝစိန်တွေ တော့မပြောတတ်ဖူး
လူစိန်တွေ က များများမှများ
ဒီမိုကရေစီ အစိုးရသစ် ကိုတောင် စဦးဆောင်တာ
သမ္မတ ကြီးဦးသိန်းစိန်ပါဗျ။     ။
ငဝန်နဒီ
(သတင်းဖတ်မိတာလေး ကို ခံစားကြည့်တာပါ)