ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Wednesday, October 16, 2013

အများသုံးမည့် အဆောက်အဦး မြန်ပြည်သား လုပ်ခွင့်ရမယ် ဆိုရင်ဖြင့် မြန်ပြည်အင်ဂျင်နီယာ ဆောက်နိုင်သောအရည်အသွေး

ဒီစာ ကိုရေးတာ မြန်ပြည်အင်ဂျင်နီယာလုပ်နိုင်တာကိုရေးမှာပါ.. နိုင်ငံခြားသားနဲ့ ယှဉ်လို့ ရတာရေးမှာပါ..ဒါပေမဲ့ မြန်မာအင်ဂျင်နီယာ အပေါ်မှာ ပညာမှောက် လူကြီး တွေ မရှိနေဖို့ လိုတာပါ ဘာဖြစ်လို့ လည်း ဆိုတော့

မိုးလေ၀သ ကို ဖြုတ်လဲတတ်လို့ ရတဲ့ အင်ဂျင်နီယာ မြန်ပြည်မှာ မွေးဖွားခွင့်မရသေးလို့ ပါ..

အဆောက်အဦး ကို တင်ပြပါပြီ ဘယ်လို တင်ပြမှာလည်း

Civil ကဆောက်ရမှာဆိုတော့ အဆောက်အဦး ကို ဆောက်လုပ်ရေးသုံး software နဲ့ တင်ပြနိုင်ရမှာပါ..ဒီဇိုင်းကလည်း ဘယ်ပုံစံ ဘယ်နှစ်ခုနှစ် ကို ကိုယ်စားပြု စနစ် ကို ဖော်ပြနိုင်ရမှာပါ...

3D Auto Cad နဲ့ တင်ပြတာကို ပြောတာမဟုတ်ပါဘူး

အဆောက်အဦးခံနိုင်ရည် ငလျှင်ဒဏ် ဘယ်လောက်အထိခံနိုင်တာကအစတွက်တာရယ် တစ်ထပ်ချင်းခံနိုင်ရယ် ပြိုရင် ဘယ်နေရာ က စဖြစ်နိုင်တာ အဲဒါ ကို ဘယ်လိုခံနိုင်ရည်နဲ့ ဆောက်ထားတာ ဘယ်လိုသုံးထားတာ သဘာဝပတ်ဝန်းကျင် ကို ဘယ်လို ကာကွယ်ထားတာတွေ နဲ့ တင်ပြနိုင်ရမှာပါ

ပုံစံနမှုနာ မှာ မီးဘေးကို သဘာဝဒဏ် ကို ဘယ်လို အကွာအဝေးနဲ့ ဘယ်လို လုပ်ထားတာ အပင်တွေဘယ်လိုစိုက်ထားတာ ရေစိမ့်ဝင်နယ်မြေ တွေ ဘယ်လိုလုပ်ထားတာ ရှိရမှာပါ

အဆောက်အဦး ကို မျက်မမြင်လာရင် သူတို့အတွက် အမှတ်အသားတွေ ဘယ်လိုစီစဉ်ထားတာတွေ ရှိရပါမယ် မျက်မမြင်ဖတ်တဲ့ အဆောက်အဦးပုံစံငယ်ကို တပါတည်း လုပ်ထားရပါမယ်

မသန်မစွမ်းလာမည့်လမ်းကို အဆင်ပြေချောမွေ့ အောင်ဘယ်လိုလုပ်ထားတာ ရှိရပါမယ်

ဓာတ်လှေကားမှာ မသန်မစွမ်း လက်တန်းတွေ အိမ်သာမှာ လက်တွန်းလှည်းဝင်နိုင်သော အကျယ်အ၀န်း ရှိဖို့ လိုပါတွေ လမ်းမှာရော အိမ်သာမှာရော အလွယ်တကူ တစ်ခုခုဆို မည်သူမဆို ခေါ်ဆိုနိုင်သော စနစ်တပ်ဆင်ထားရပါ့မယ်

အဆောက်အဦးမှာ စပရိမ်စနစ်တွေ အောက်ခြေခိုင်တဲ့အပြင် ငလျှင်တွေ ခံနိုင်အောင် လုပ်ထားရပါ့မယ်

လေပြင်းဘယ်လမ်းကြောင်းတွေ လာနိုင်တာကို အဆောက်အဦး ဒီဇိုင်းက ကြိုတင်ကာကွယ်စနစ်လုပ်ထားရပါမယ်

အပူများဒေသဆို အေးအောင် အဆောက်အဦး မှာကြိုတင် ပြီးအေးစေတဲ့ ပစ္စည်းတွေ စနစ်တွေ တပ်ထားရမှာပါ...

လေ၀င်လေထွက်ကို အပေါက်သေးတွေနဲ့ ထိန်းတဲ့တစ်တွေတပ်ထားရပါမယ် ဒါမှ မီးပျက်တာတွေ ကို သတိထားစရာမလို အအေးဓာတ်ရနေမှာပါ

မီးတွေ ကို LED တွေ တပ်ဖို့ လိုသလို သက်သာအောင် လူရှိမှပွင့်မှောင်မှပွင့် တာတွေ ဖုန်းကနေ အပိတ်အဖွင့်လုပ်လို့ ရသော လေအေးပေးစက်တွေ မိမိ အဝေးရောနေလည်း အင်တာနက် ပိတ်လို့ စစ်လို့ စနစ်တွေ ပါရပါမယ်

သူထက်အရေးကြီးတာက စနစ်တကျလုပ်ထားသော control စနစ်တွေ တစ်ထပ်ကို ဘယ်နှစ်လုံး ဘယ်လိုတပ်ထားတာ ကိုသုံးရပါမယ်

Breaker ကိုပြောတာမဟုတ်ပါ တစ်ခုခုဖြစ်တာကို စနစ်တကျလိုက်နိုင်သော ထိန်းချုပ်နိုင်သောစနစ်ပါ

လှေကားတွေ ကလည်း ၅ယောက်ရင်ဘောင်တန်းပြေးဆင်းလို့ ရသော အရေးပေါ်လှေကားတွေ ၀ရန်တာ မှာလည်း အံဝှက် အရေးပေါ်လှေကားတွေ ပေ၃၀ မှာတစ်ခု အထပ်တိုင်းမှာတပ်ထားရပါမယ်

မီးဘေးအတွက် အလိုအလျှောက်ရေဖြန်းစနစ် အပူချိန် ၇၀ ကျော်ရင် ကာကွယ်လို့ရသော အရေးပေါ်တံခါးတွေ မီးဒဏ် ၁နာရီခံနိုင်သောသံမဏိ ကိုသုံးထားရပါမယ်

မီးအတွက် ရေလှောင်ကန် ကို အစကတည်းက ပါရပါမယ် အလိုအလျှောက် အင်ဂျင်နဲ့ အလုပ်လုပ်သောစနစ် တပ်ထားရပါမယ်

မီးအလင်းအတွက် နေရောင်ခြည်စနစ်ရော ပုံမှန်စနစ်ရော အင်ဂျင်စနစ်ရောတစ်ပါတည်း ထည့်သွင်းထားရပါ့မယ်

မီးအလင်းသက်သာစေအောင် နေရောင် ကို အားထားပြီးတိုက်ရိုက် နေရောင်မထိပဲ အလင်းရောင်အောက်ခြေအထိ အလင်းဝင်စနစ် ကို စလုပ်ကတည်းကပါရပါမယ်

ရေကလည်း ရေသန့် စနစ်ထွက်တွေ ရေလှောင်ကန်တွေ တစ်ပါတည်းပါ မီးသတ်ကန်သတ်သတ် ပါရပါမယ်

မီးအတွက် မီးသတ်ဗူး အရေးပေါ်သုံး အခန်းတွင်းပစ်သွင်းမီးငြိမ်းသော မီးသတ်ဗူး အထပ်လိုက်အခန်းလိုက် သီးသန့် ထားရပါမယ် ရိုးရိုးမီးသတ် ဆေးဗူး မဟုတ်ပါဘူး ပစ်လိုက်တာနဲ့  အခန်းထဲမီးကို ရေမလို ငြိမ်းပါတယ်

မီးအတွက် ကြိုတင်ကာကွယ်သော မီးခိုး အလန်း တစ်မျိုး အပူ အလန်း တစ်မျိုး ဓာတ်ငွေ့ အလန်းတစ်မျိုး အဲဒီ ၃ မျိုး ကို ပေ ၃၀ မှာ ၃ ခု တပ်ဆင်ရပါမယ်.. ထို့ အပြင် ဓာတ်ငွေ့  အရေးပေါ် ဆင်ဆာ ကို လည်း ဓာတ်ငွေ့ သုံးနေရာ တွေ အနံထွက်သောနေရာတွေ မှာထပ်တပ်ထားရပါ့မယ်..ရိုးရိုးဓာတ်ငွေ့  အလန်းနဲ့ မတူပါ ဓာတ်ငွေ့ အတွက် သာသီးသန့် ထုတ်ထားတဲ့ စက်ပါ...

အဆောက်အဦးမှာ ဓာတ်ငွေ့ ပိုက်လိုင်း ကို စနစ်တကျ တပ်ဆင်ရပါမယ် ငလျှင် ပြင်းအား ၅ ဆို အလိုအလျှောက် ပိတ် စနစ်တွေ တစ်ပါတည်း တပ်ထားရပါမယ် ပိုက်လိုင်းသီးသန့် လိုင်းမဆွဲလျှင် မီးလောင်ရန်လွယ်ကူပေလိမ့်မည်..

အမှိုက်ပစ်စနစ် ကိုလည်း အပေါ်မှ ပစ်ချရန် အပေါက် နှင့်စနစ်တကျ ကြိတ်ချေ စနစ် ကိုပါသုံးထားရပါမယ်တစ်ခါတည်း သေးနိုင်သမျှသေးအောင်လုပ်စနစ် ပြန်လည်သုံးပစ္စည်းများကိုလည်း စနစ်တကျ ဖျက်သိမ်းစနစ် ထားပြီး ပို့ စနစ် လုပ်ရပါမယ်

အညစ်အကြေး ကတော့ ဖိုင်ဘာ ကန်တွေ ကိုစနစ်တကျ စစ်ကန် ၃ ဆင့်မှ ၆ ဆင့် အထိပါစနစ်တွေ ငလျှင်ဒဏ်တွေ သဘာဝဘေးတွေ ကျရောက်သောလည်း မကွဲပျက်နိုင်အောင်စီမံစနစ်တွေ ထည့်သွင်းရပါ့မယ် မြေလွှာထဲ မ၀င်အောင် ကြိုကာကွယ်ရပါမယ်

ကလေးကစားကွင်း အပန်းဖြေခန်းတွေ ကားပါကင်တွေ စက်ဘီးပါကင်တွေနားနေခန်းတေ စားသောက်ခန်းတွေ စည်းဝေးခန်းတွေ လုံခြုံရေး အခန်းတွေ စီမံခန့် ခွဲးရေး အခန်းတွေ ကင်မရာတပ်ဆင်ပြီး ကြော်ငြာလို့ ရသောအခန်း သတိပေးစနစ်တွေ တစ်ပတည်းတပ်ထားရပါမယ် ပါဝင်ဆောက်ထားရပါမယ်

အမြှင့်ကနေ အောက် ကို ဆင်းရာတွင် အကာအကွယ် ပစ္စည်းတွေ လုပ်ထား ကိရိယာတွေ တပ်ထားရပါမယ်

အရေးပါလူကြီး များ က ဖုန်းမှတစ်ဆင့် အရေးပေါ်ကြည့်ရသော အင်တာနက် စနစ်တွေ အဆောက်အဦးတစ်ခုလုံး အင်တာနက် စနစ်တွေ တပ်ထားရပါမယ်

မီးကိုလည်း တစ်ဖက်ကပျက်လျှင် တစ်ဖက်ကပြန်ဝင်စနစ် အလိုအလျှောက်တပ်ထားရပေမည်...

ှအဆောက်အဦးအတွင်း မတော်တဆစွန်းထင်း မှုအတွက် Air Wash ကိုလည်း ပြုလုပ်ထားပေးရပါမယ်
အခြောက်လျှော် ကို ပြောတာမဟုတ်ပါ ion တွေ ကို အသုံးပြုလျှော်တာကို ပြောတာပါ..သဘာဝ အတွက် လိုတာတွေတော့ ထပ်မရေးတော့ပါဘူး လေနဲ့ သွားမိုဘိုင်း တွေ မပါသေးပါဘူး ဘီးမပါတာကိုပြောတာပါ..

ဘယ်လိုပဲဖြစ်ဖြစ် နိုင်ငံခြားသားဆောက် လို့  အဲဒါတွေ တစ်ခုခု မပါရင်...

မြန်မာလက်နဲ့ မြန်မာ့မြေ အုပ်စိုးနိုင်ပါစေ...

မိုးကြိုးလွဲ မတတ်တာ သတိထားမိမလားတော့ မသိဘူး မိုးကြိုးလွဲ ရှိနေရင် မသမာသူတွေ မိုးကြိုးရှာမရ မဖြစ်လေအောင်သာ 

င၀န်နဒီ

No comments:

Post a Comment