ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, December 6, 2013

ဒီမိုကရေစီ တလွဲများ

စာကရေးချင်တာကြာပါပြီ အပြစ်ပြောတာမျိုး မရေးချင်လို့ ပါ

အခုတော့. အဆောင်ကျောင်းသားက နိုင်ငံရေးမလုပ်ရ ဘာကိုဆိုတာလဲတော့မသိ

အဲဒါဆို နိုင်ငံရေးပြောတဲ့သမ္မတစကား နားမထောင်မိပါစေနဲ့ 
လွတ်တော်က ပြောတာတွေသိရန်မလို လွတ်တော်ဥပဒေ အခြေခံဥပဒေသိရန်မလို 

တခုခုတော့လွဲနေပြီ

မူးယစ်ဆေးဝါးသုံးသူကို မဖမ်း တင်ပြသူ ကို ဖမ်းဖို့ လုပ်နေပြီ
မူးယစ်ဆေးဝါးသုံးပါ 

သိတာတွေမရေးမိပါစေနဲ့  မူးယစ်ဆေးဝါးသုံးတာ ကို အကာအကွယ်ပေးနေတာလားကမ္ဘာမှာ ဒုတိယကနေ ပထမနေရာ ကြိုးစားနေတာလားမသိ

နစ်နာသူက တရားစွဲခွင့်ရှိပါတယ် ဒီမိုကရေစီ ကရေးသူကရေး နစ်နာသူ ကတရားစွဲ တကယ်လွတ်လပ်ခွင့်ပါ

တခုခုတော့လွဲနေတာပါ

ဖယ်ဒရယ် ပြည်ထောင်စု တိုင်းရင်းသားအတွက် အရေးကြီးပါတယ် ဒါကအခြေခံက တန်းတူ အခွင့်အရေးပါ
အခွင့်ထူးခံမဟုတ်ရပါ

အခွင့်ထူးခံ လုပ်သူတွေက ဖယ်ဒရယ်ဆိုတာ အိပ်မက်ထဲ ယောင်အော်နေတာပါ

တန်းတူ လုပ်ပြီး တိုင်းရင်းသားတွေ ရှေ့ မားမားရပ် ဒီမိုကရေစီ ထဲက ဖယ်ဒရယ် ကို ဆွဲထုတ်ရမှာပါ

တခုခုတော့ ချော်နေပြီ 

ကားဟောင်းတစ်စီး အစုတ် ၅ သိန်းတန် ကို သိန်းတစ်ရာကျော်အောင်လုပ်နေတာ တော်တာလား မတတ်တာလား 
ညစ်ထားတာတော့ သေချာတယ် 

ညီမျှချင်း မသင်ခဲ့တာတော့ သေချာသည် 
မြန်မာတွေ ဘဝ ကို တစ်ထစ်ချင်း ဖျက်ခံနေရတာပါ

တခုခုတော့ ရစ်ရစ်နေတာပါ

ဘိုးဘွားပိုင်လဲအသိမ်းခံရ မိမိ လက်ငုတ်မြေ ပြန်ဝင်ရင် အပစ်ခံရမယ် အဖမ်းခံရမယ်ဆိုတော့

တခုခုတော့ ငမ်းနေသလိုပါပဲ

ရှယ်ယာတွေဘာတွေ လုပ်တော့မယ်ဆိုတော့ စတော့ရှယ်ယာ ဆိုတာထက် တော့ ရှယ်ယာတွေ လုပ်သင့်တာတွေကတော့

လယ်သိမ်းလို့ ရပြီး လက်နက်နဲ့  ပစ်လို့ ရနိုင်တဲ့ အခွင့်အရေးရှိသူရဲ့  ရှယ်ယာ

မြေသိမ်း ကားကို အခွန်ပျောက် သွင်းခွင့်ရသူတွေရဲ့  ရှယ်ယာ

အလုပ်သမားခ ကို တရက်ကို တစ်ဒေါ်လာ လောက်ပဲပေး ပြီးရင် အကြောင်း ပြ ပြန်နုတ် တစ်လမှ ဒေါ်လာ ၁၀ လောက်နဲ့  လုပ်နေတဲ့ ရှယ်ယာ

သွားလာစရိတ်နုတ် နေတာ နုတ် စားတာ နုတ် လို့ ရတဲ့ အပြင် လူကို ပါယူပေးမလို ဖြစ်ရတဲ့ ရှယ်ယာတွေ 

မြန်မာမှာ  တော့ ရှယ်ယာတွေပါ အထူးသဖြင့် မူးယစ်ဆေး ငွေ အတု လုပ်တာတွေ က အထူးတော့ပေါ့ 

ပိုတော့ ကျတာ ကတော့ ငွေမည်းကို ငွေဖြူလုပ်ရတာတွေ ဖြစ်နေတဲ့ ရှယ်ယာကတော့

စတော့ရှယ်ယာ စတာနဲ့  ဝယ်သင့်တဲ့ရှယ်ယာတွေပါ

တခုခုတော့ ဆန်းနေတာပါ

ဒီမိုကရေစီ တဲတဲလေးပါ

တန်းတူတာကို လူတိုင်းအတွက် ဖြစ်ဖို့ မလွယ်ပေမယ့် လုပ်နေရမှာကတော့ လူတိုင်းအလုပ်ပါ

သင်ဟာ မြန်မာပြည်ဖွားမြန်ပြည်သား ဖြစ်ရင် ပေါ့ 

ကမ္ဘာမကြေ မြန်မာပြည်။      ။

မရေးချင်ပေမယ့်
တေးမှတ်စရာလေးတွေ သတိရမိအောင်ပါ

ငဝန်နဒီ

No comments:

Post a Comment