ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, February 4, 2014

ဒီမိုကရေစီ ကို ရိုးသားစွာ မြင်တွေ့ ခွင့် ၁၉၉၆ ဒီဇင်ဘာ နံနက်ခင်း

ဒီမိုကရေစီမှာ တရားမျှတတယ် လွတ်လပ်တယ် စနစ်ကျလုပ်ဆောင်နိုင်တယ် ဆိုပေမဲ့

အကြင်နာတရား  ပါမလာပါဘူး..မေတ္တာတရား ပါမလာပါဘူး

အကြင်နာတရားရှိတဲ့သူ မေတ္တာတရား ရှိသူ လက်ထဲ ရှိဖို့ လို နေတာပါ

လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိပါတယ် နားလည်တတ်သူ လက်ထဲ မီဒီယာတွေ ရှိဖို့ လိုပါတယ်

မလိုလားသူ ကို ပြောနေတုန်းက အားပေးအားမြှောက်ပြီး မလိုတဲ့ အခါ ငယ်ကျိုးငယ်နာ ဖော်တာတွေ ရေးနေတာ က တစ်ခုခု မှားနေတာပါ...

အကောင်းကို လက်ခံ နိုင်ရပါမယ် အဆိုးလုပ်နေသူ ကို ကြည့်ပြီးအဆိုး ကို ရှောင်နိုင်ရပါမယ်..

ဘယ်ပုံစံနဲ့  လုပ်မလဲ ဆိုတာ ကို စနစ်တကျ တွေး ပြောဖို့ လိုပါတယ်...

အတိတ်သမိုင်း က ရိုးသားတာ တွေ မကောင်းတာတွေ ကို လူတိုင်းမှာ ရှိကြတာပါ..

မလိုလားတော့မှ... မကောင်းတာတွေ ချရေးတာ မကောင်းပါဘူး
 
ဒီနေရာမှာ ရေးရတာ က ဘယ်သူ မှားတယ် မှန်တာထက် အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့  ရေးမှာပါ...

၁၉၉၆ ဒီဇင်ဘာလ ၂ ရက်နေ့  နံနက် ပိုင်း လူစုဖို့  အခက်အခဲလေးတွေ

နောက်ပိုင်း ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်က စလိုက်တာ ဒီဇင်ဘာလ ၃ ရက်နံနက် မှာ လုံထိန်းတွေ ပိတ်တဲ့ အချိန် နောက်ဆုံး အချိန် လေးမှာ ဘယ်သူတွေ ကျန်ခဲ့မှာလည်း ဘယ်သူတွေ ဘာလုပ်မှာလည်း အချိန်မှာ...

ကျန်ခဲ့တဲ့သူ က ဟုတ်ပြီ ဒီလူတွေ ကို ပြန်ထုတ်ဖို့  ခဏပြန်ပြီး လူပြန်စုဖို့ လုပ်သင့်တာလုပ်ဖို့ 
ပက်စီ အပါ အတူပြန်လာ ခဲ့ပေမဲ့ ချက်ချင်း  E ဆောင်ထဲ အ၀င် ခဏ ပြပြီး ချက်ချင်း ကားငှား ပြန် လိုက်

အဲဒီ ကျန်ခဲ့နေရာ ကို သွား အသံနားထောင် ပြီး ကျောင်း ကို ချက်ချင်းသွား ဆရာတွေ ကို သွားပြောပြီး ပြန်လွတ်လာဖို့  ပြောတော့ မရတော့ဘူး ပြောတော့ လူ ပြန်စု ဖို့  လုပ်တော့ရမယ်ဆိုတော့ မှ ဆရာ တွေ က ဖုန်းဆက်ပေးပြီး လုပ်လိုက်တော့ မှ သိပ်တော့ မကြာလိုက်ပါဘူး ပြန်တော့ ရောက်လာကြပါတယ်

အဲတော့ မှ စိတ်အေးရတာပါ...ကျန်ခဲ့သူ မှားလား ပြန်လိုက်တဲ့သူ မှားလား ဆိုတာထက် ရိုးသားစွာ တစ်ဦးကို တစ်ဦး ကူညီခဲ့ကြတာပါ..

အခုလည်း သဘောထားတွေ ကွဲကြပါ ဒီမိုကရေစီ ကို ရိုးသားစွာ ရယူကြပါ ...မပေးချင်သူ လက်ထဲက နှစ်ပေါင်း အတော်ကြာ ကြိုးစားလာခဲ့ပြီးပြီ...ပြန်ပေးလိုက်ဖို့ ထက်...

သဘောထားကွဲစွာ နဲ့ ဒီမိုကရေစီ ကို ဆုတ်ကိုင် နိုင်ဖို့  အရေးကြီးပါတယ်

ပက်စီ ဂျပန် လာတုန်း က တွေ့  လိုက် ဖြစ်ပါတယ် သူရဲ့ ပေးဆပ်မှုတွေ အများကြီး ပေးဆပ်လိုက်ရတာပါ..
အခုအချိန်တော့ သူလည်း အေးချမ်းစွာ ဖြတ်သန်း နိုင်ပါစေ...

င၀န်နဒီ

No comments:

Post a Comment