ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, September 6, 2014

သမ္မတ ပြောတဲ့ မြေယာ ဆရာဆရာမ ပီတိ စားသုံးဆဲ ဆည်းဆာ

သမ္မတ မြေယာ ပြောလို့  ဒီစာ ကို သေချာအောင် လုပ်ပြီးမှ ရေးတာပါ...

ဒီနေရာမှာ ဘယ်သူ ကိုမှ မရည်ရွယ်ပါ...အနာဂတ် မြန်ပြည် ပညာရေး နောင် အနှစ် ၅၀ လောက် နောက်ကျ မည့် အဖြစ်ကို ရေးတာပါ..

မြေယာတွေ ပေးတာ တွေ သိမ်းတာတွေ နောက်ကွယ် က အကြောင်းအရာတချို့ ရှိနေတာပါ...

စီမံကိန်း ဆိုတာနဲ့  မြေသိမ်းလို့ ရတာ က တကယ် ကို ကောင်းတဲ့အရာတစ်ခုလို လက်ခံနေ တောင်းခံနေ ပေးနေတာ တွေ ပြီးရင် ဘာမှ မလုပ်ပဲ ရောင်းစား ပေါင်စား မြေယာ ပြဿနာ မြောက်မြားစွာ ဖြစ်နေတာ က

ပေးသူ ကို ပြင်ဆင် စေလို က ပညာအခြေခံ လိုလာပါပြီ ပြင်ချင်ရင် ၁၀ နှစ်ကြာ စေမည့် မြန်ပြည် ပညာရေး ဖြစ်နေမှာပါ..ဘာဖြစ်လို့ လည်းဆိုတော့ နည်းပညာ မရှိ အတွေးမရှိ တဲ့ အသိပညာကြောင့် မြေယာကို အသုံးချရေးသာ လုပ်နေရလို့ ပါ...

မြေယာ တစ်ခု ကို နည်းပညာ အနာဂတ် ပါတွက် မှ နောက် မှာ အကျိုးဖြစ်မှာပါ..

နိုင်ငံတစ်ကာမှာ လေယာဉ်ကွင်းတွေ တစ်ကွင်းပြီး တစ်ကွင်း ဆောက်တဲ့ နိုင်ငံ မရှိပါဘူး

ရှိတာ ကို စနစ်တကျ နည်းပညာမြှင့် တိုးချဲ့တာသာ ရှိတာပါ..

လက်ခံရယူဖို့ တောင်းခံသူ တွေ ရှိခြင်း က အခွင့်ထူးခံ စိတ် ဆိုတာထက် ထိုးဖောက်ရန် နည်းသစ် ကျန်ဆ ခြင်းမဲ့ အတွေးသစ် မရှိခြင်းလည်း ပညာရေး အတွေးဆွေးမြှေ့ နေခြင်း ကို တွေ့ နေရမှာပါ..

နေရာတစ်ခု က ကျဉ်းနေတာ ကို ဘယ်လိုဖောက်ထွက် လုပ်ဆောင်မလည်း ကို သိရမှာပါ..

တစ်ခုခု ဆို ထိန်ချန် လုပ်စားစနစ် နဲ့ ကြီးပွားနေရတာ က အမှား ကို အမှား ဖုံးရင်း ရှေးလမ်းေ၀၀ါးနေတာပါ..

ဒီလိုနေရာမှာ အစိုးရ နှစ် ပေါင်းများစွာ ပညာရေးလုပ်လာသူတွေ ၀န်ထမ်းတွေ ကို မြေယာချပေးတာတွေ ရှိနေတော့

ရသင့်လို့ ပေးတာတွေ လုပ်တာလို့ တွေ့ ရပါတယ် နည်းပညာ နည်းတော့ အိမ်မဆောက် ပေးနိုင်မြေယာပေးတာနဲ့  ဆရာဆရာမ တွေ ကျေနပ်စရာ လို့  ထင်စရာပါ..

ဒီနေရာမှာ ပီတိစားဆဲ ဆည်းဆာ ဆိုတာက

ပီတိ က လက်ဆုတ်လက်ကိုင် မပြနိုင်သလို ဆည်းဆာ ဆိုတာကလည်း နေ၀င်ချိန် စောင့် နေရတဲ့

ဆရာဆရာမ ဘ၀ တွေ က လက်ဗလာချည်းသက်သက် တွေ့ နေရလို့ 

သေချာအောင် အထပ်ထပ် လုပ်ပြီး

ဖြေရှင်းစရာနည်းလမ်းမဲ့  အထောက်အကူမဲ့ ဖြစ်တာတင် မက နောက် အနာဂတ် မှာ အမွေမဲ့ အာစရိ အကြောင်း ဖြစ်လာ လို့ ပါ..

ပညာရေးအတွက် နှစ် တွေ ရာစုနှစ် တစ်ဝက် ရင်လေးစရာပါ..

အစိုးရပေးသော အိမ်ယာ မရသော ဆရာဆရာမ ဆိုလို့  စီစစ်ပေးသူ မဲ့အဖြစ်ပါ..

အစိုးရကပေးသော အိမ်ယာ ဆိုလို့  စလစ် ကလေးတစ်ခုရယ်ပါ..

ငွေတော့ ပေးသွင်းလိုက်ရပါရဲ့

တကယ်တမ်းမေးလိုက်တော့ အခြေခံပညာက လည်းတာဝန် မယူပေးပဲ မြို့ နယ် ကို လွဲချ နေတော့ အစကပျောက် အထက်က တာဝန်မယူတော့ အောက်ကငြင်း

မြေယာဌာန ကဖျောက် လုပ်ဆောင်သူက ဖျောင် လိုက် တာဆိုပေမဲ့

ဒီနေရာမှာ လုပ်ဆောင်သူ ကရောင်းစား တာ ကို ပညာရေးဌာန က တာဝန်ယူ မဖြေရှင်းနိုင်တာ လာဘ်စားထားလို့ လား

မြေစာရင်း က ပိုင်ရှင်မဟုတ်ပဲ လက်လွဲ ရောင်းခွင့် ခွင့် ပြုနေတာလား လာဘ်စားပြီး လုပ်ပေးနေတာလား

အစိုးရ အမွေ လို့ ပြောရတဲ့ မြေယာ လေး ဆရာဆရာမ က မရလိုက်ပဲ နာမည်သာ ခံလိုက်ရတယ်

နှစ်ပေါင်းများစွာ မြေဖြူမှုန့်  ကိုရှု စာသင် လာသူ အစိုးရ အမွေမဲ့  အဖြစ် ဆည်းဆာ မှာ တွေ့ နေရတာပါ..

ဒီအချိန် မှာတွက် ရင် ..တရားဥပဒေစိုးမိုးရေး အရ ကြည့်ရအောင်

လုပ်ဆောင်ခွင့် ရသူက ရောင်းစား တာ ကို အမှုဖွင့် ပြီ ထားပါတော့

ပညာရေးဌာန က တာဝန် မယူတော့ အမှု ကတ၀က် လောက် အလိုလို ရှုံးပြီးသား နောက် ဆက်ကြည့်ရအောင်

မြေစာရင်းကလည်း လာဘ် ယူပြီး စာရွက် အတု ကို အစစ်ဟန် ကို မသိဟန်ဆောင် ရောင်းစားခွင့် ပြုတော့
နောက်ထပ် ၂၀% ထပ်ရှုံး ပြီပေါ့

တရားရုံးတို့  ဘာတို့ ဆိုတာ ဆရဆရာမ တွေ အတွက် လားလား မ မဆိုင် တကယ်ပါ သူတပည့် တစ်ယောက်က မေးရင် အမှန်တရား အတွက် တရား လာ လုပ်တာ ကို တပည့် ကို ပြောဖို့  ခက်ပါတယ်

ဒီတော့ တရားရုံး ကရော ဆရာဆရာမ ဖက်ပါဖို့  စလစ် ကလေးတစ်ခုနဲ့  မဖြစ်နိုင် အငြင်းခံ ရဖို့  က ၃၀ % ဆိုတော့ ကဲ အရှုံးကြီးပဲ...

ဆည်းဆာ ချိန် အသက်ကလည်း ၇၀ နီးလာနေပြီ နေ၀င်ချိန် မစောစေဖို့  တရားရုံးလည်း မသွားရအောင်
တပည့်တွေ ကိုလည်း ဒီလိုအဖြစ်မျိုးမမြင်ရအောင်

အမူလည်းမလုပ် မြေယာလည်းမရ အစိုးရ အမွေမဲ့ မြေယာ ပီတိစား ဆရာဆရာမ ဆည်းဆာမှာ နေပျော် အောင်နေနေရတာပါ..

မြေယာရသူ ဆရာဆရာမ အတွက် နိုင်ငံတော် အမွေ ပြသစရာ ရှိပေမဲ့

နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး မြေယာ မရသူ ဆရာဆရာမ တွေ အစိုးရ အမွေ မရတာထက်

နောက် မျိုးဆက် ဆရာဆရာမ တွေ ပီတိမစား ရက်စက်တာတွေ မဖြစ်စေချင်လို့ ရေးတာပါ..

သမ္မတ ပြောတဲ့ မြေယာ တော့ မသိ လောလောဆယ် ဆည်းဆာ မလှတာထက်

နောက်မျိုးဆက် စေတနာမဲ့ ပီတိ နတ္ထိအဖြစ်တွေ က ရင်လေးစရာပါ...

တရားဥပဒေ တရားရုံးမှာပါ...

မြေယာ က စာရင်းထဲမှာသာ. အချိန်မရွေး ကူးပြောင်းပေးနိုင်တာပါ ကိုယ်တိုင်မလို စနစ် ထက်စလစ် ဖျောက်ဖျက် နိုင်သူတွေပါ..

ပညာရေးဆိုတာထက် ပ ဆိုတာ က ပထုတ်တတ်ရေး စနစ် ကို အကောင်အထည်ဖော် ရင်း ညာတုတ် ရင်း ညာစာရင်း လုပ်နေရင်တော့

ကျောင်းမနေ ရတဲ့ ကလေး တွေ ရင်လေးရတာထက် မကောင်းမှု ထပ်မတတ်မှာတော့ မစိုးရိမ်ရတော့ဘူးပေါ့

နောက်ဆုံးတော့ နေ၀င်ဆည်းဆာ ပီတိစားရင်း လူတိုင်းလှတာထက်..

မိမိ အပိုင်းမိမိ တာဝန်ယူနိုင်သူတွေ ဖြစ်နိုင်ကြပါစေ...

နေ၀င် ချိန် ဆည်းဆာ မှာ တိမ်တောက်တာ ကို မြင်ခွင့် ရနိုင်သေးရင်ပေါ့

င၀န်နဒီ

No comments:

Post a Comment