ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, September 20, 2014

လွတ်လပ်ရေး သို့ မဟုတ် ကိုယ်သမိုင်း ကိုယ်ရေး ကိုယ်ပိုင် အုပ်ချုပ်ခွင့် နှင့် ဒီမိုကရေစီ လားလားမှ မဆိုင်

ဒီမိုကရေစီ ဆိုပြီး ကုန်းကုန်းအော် နေတာတွေ ထဲမှ လွတ်လပ်ရေး ကို ဒီမိုကရေစီ နည်းအရ ဆိုတာတွေ လုပ်လာလို့  ရေးတာပါ..

လွတ်လပ်ရေး က လွတ်လပ်ရေးပါ
ကိုယ်သမိုင်း ကိုယ်ရေး ဖို့ ပါ.
ဒီမိုကရေစီ နဲ့  လားလားမှ မဆိုင်ပါ...

နမူနာတခု ဆိုရရင် ကလေးတစ်ယောက် မုန်းစားချင် တာ ကို သူလွတ်လပ်ရေးလို့ ဆိုရအောင်

ဒီနေရာမှာ အိမ်သား က ၅ ယောက် ဒါ ကို ဒီမိုကရေစီ အရ မဲ ခွဲ ရင် အဲဒီကလေး မုန့် စားရဖို့  ဘယ်လို မှ မဖြစ် နိုင်ပါဘူး

အဲဒါ ဒီမိုကရေစီ လား မဟုတ်ပါဘူး သူ့  လွတ်လပ်ရေး က မုန့် စားဖို့  ဆို မုန့် စားရရေး က အဓိကပါ ဒါဆိုတော့ သူ့ လွတ်လပ်ရေးက သီခြားကြီးပါ...

ဒါကြောင့် သူ့ လွတ်လပ်ရေး ကို သီးခြားခွင့်ပြုရမှာပါ မုန့် စားရရေး ကို သာ သီးသန့်  ကူညီရမှာပါ..

ပြီးမှ မိသားစု နဲ့  အတူတကွ စားသုံးရေး ကို စနစ်တကျ ပြင်ဆင်သင့်တာပါ..

ဒီစာတွေ ရေးလို့  ဒီစာ အခုတော့ အရာ ထင်မှာမဟုတ်ပါဘူး

သာဓက ဆိုရရင် တချိန်က ရေးခဲ့တဲ့ ဂိမ်းကစားပွဲ အမှန်တရား က ၂၀၁၁ က အခု ၂၀၁၄ ကျမှ အမှန်ဖွင့်ရေးတာ တွေ့ ရလို့ ပါ...

၂၀၁၁ တုန်းကရေးတုန်း က အရမ်းသတိထားရေးခဲ့ရတာပါ သိတာ ကို မသိသလို ဂိမ်းကစားပွဲ အရှုံးနဲ့ ကစားခြင်း ဆိုပြီးရေးတာ အခုလည်း ဒီလိုပါပဲ

ဒီစာ က နောက် ၁၀ နှစ်လောက် ကြာမလားပဲ ဒီစာတွေ ရေးတတ်ဖို့  အသိပညာ ရခဲ့တာတွေ သင်ခဲ့ရတာတွေ က စင်ကာပူ မှာ စာသင် လာတဲ့ အကျိုးကြောင့် ရေးနိုင်တာပါ..

အခုလည်း ကြည့်ရင် လွတ်လပ်ရေးတောင်းတာတွေ ကို ဖိနှိပ်တာတွေ ဒီမိုကရေစီ နည်းတွေ ဘာတွေ ဆိုပြီး လုပ်တာတွေ တွေ့ လို့ ရေးရတာပါ

အဲလိုတွေ အလုပ်ကောင်း လို့  ကမ္ဘာမှာ လူမဆန် လူသတ်မှုတွေ တွေ့ နေရတာပါ..

စနစ်တကျ ဖြေရှင်းတာတွေ စိတ်ဓာတ် အမှန် နဲ့  အလုပ်လုပ်တာတွေ ရှိဖို့ လိုနေတာပါ

လွတ်လပ်ရေးဆို လို့  လွတ်ထွက်သွားအောင် လုပ်နေတာတွေ ထက် သီးခြား လွတ်လပ်ခွင့် နဲ့  ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးပြီး အတူတကွ ပူးတွဲ နေထိုင် ရေး UNITED ကို လုပ်ဖို့  လိုနေတာပါ...

UNION ဆိုတာတွေ က နောက်တော့ မလွယ်တာတွေ့ ရပါတယ် UNIှTED ကတော့ အမြဲတမ်း အတွက် မှန်နေတာပါ..

UNION ကို ဆက်သွားချင်ရင် အဲဒီ နယ်မြေ က လူတွေ ကို သီးခြားလေးစားဖို့  လိုပြီး လွတ်လပ် ခွင့် ကို ပေးလိုက် ပြီးမှ အတုတကွ ပေါင်းစည်းနေထိုင်ခြင်း ကို လုပ်ရမှာပါ...

လွတ်လပ်ခွင့် ဆိုလို့  ပြိုကွဲတဲ့ လွတ်လပ်ခွင့် ထက် မိမိသမိုင်းမိမိရေးတဲ့ လွတ်လပ်ခွင့် ဒါ ကို မပြိုကွဲ ပဲ လုပ်ဖို့  က အနည်းငယ်ခက်မှာပါ

တကယ်တော့ လွတ်လပ်ခွင့် အရ အဲနေရာက လူတွေ ကို နေရာစနစ်တကျ ချပြီး ကိုယ်တိုင်ရေး သမိုင်းမျက်နှာစာ ဖွင့်ခွင့် ပေးလိုက်ရမှာပါ..

ဒါဆို UNION လည်းမကွဲ ကိုယ်သမိုင်းလည်း ကိုယ်ရေး ကိုယ်ပိုင် အုပ်ချုပ် ပိုင်ခွင့် လေးပါရပြီး လွတ်တော် မှ အတူတူ တိုးတတ်ရေး အနာဂတ် သမိုင်းကောင်းလာမှာပါ...

ဒါကြောင့် နေရာတိုင်းမှာ ဒီမိုကရေစီ အတိုင်း ကုန်းကုန်း မအော် ပါနဲ့ 

သမိုင်းကို သမိုင်း အတိုင်းရေးနိုင်ကြပါစေ...

သမိုင်း ကို ပိတ်မထားပါနဲ့  သမိုင်း ကို အရည်ဖျော် လို့  ရတယ် ဆိုပေမဲ့ 

သမိုင်းက မှတ်တိုင် တွေ တစ် တိုင်ပြီး တစ်တိုင် စိုက် နေမှာပါ...

တိုင်တိုင်း မှာ ဖျောက်မရတာတွေ ရှိနေမှာပါ...

လွတ်လပ်မှု ကို အသိအမှတ်ပြုပါ ရောမချပါနဲ့ 

လွတ်လပ်ရေး စာလုံး က ဖိနှိပ်သူ အတွက် တန်ဖိုး မရှိပေမဲ့ ခဏလေးပဲ ဖြစ်ဖြစ် လွတ်လပ်ခွင့်လေး က ဘာနဲ့ မှ မတူပါဘူး

အတူတူ လက်တွဲ ရတာတွေ အများကြီးပါ

သမိုင်း တိုင်း ရာဇ၀င် တွင် စေရမည်...

ရာဇ၀င် တိုင်းလွယ်လွယ် မဖြစ်ပေမဲ့ နောက်ဆုံးတော့ သက္ကရာဇ်တွေ ကို ဖြိုဖျက် နိုင်သူပါ

လွတ်လပ်ရေးတိုင်း ကို လေးစားစွာဖြင့်..

င၀န်နဒီ

No comments:

Post a Comment