ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Thursday, June 18, 2015

မကြာမှီ လာမည် မျှော်

ဘစိန် အိပ်မက်  ...ဝတ္ထု  

ငြမ်း သို့ မဟုတ် စိုက်ခင့်း မရောက်နိုင်တော့သော ပျိုး


ဘစိန် အိပ်မက် အမြည်း ...ဘစိန် ကတော့ ပုသိမ်သား စစ်စစ် ပုသိမ်မှာမွေး ပုသိမ်မှာကြီး
ပုသိမ် ဒီကရီကောလိပ် မဂ္ဂဇင်း ကာတွန်း ထဲတောင် ပါလာရတဲ့ ဘစိန် 
သမိုင်း ရေးတာထက် ရာဇဝင် တင်ခဲ့ဘူးတဲ့
ဘစိန် ..
အောက်မြန်မာပြည် အင်္ဂလိပ်တွေသိမ်းတော့ ပုသိမ် ကို ရောက်လာတဲ့ အင်္ဂလိပ်ကြီးက ဘစိန် မိခင် ကို Town? လို့ မေးတာကို နောက်ဖေး ရောက်နေတဲ့ ဘစိန် ကို လှမ်းခေါ်တော့
'ဟဲ့  ဘစိန် ဒီမှာ ဘာတွေ တောင်းနေလဲ မသိဘူး တောင်းတောင်း တဲ့ ဘစိန် ဘစိန် ဘစိန်'    
Oh I know Town....Bas...sein....Bas ...Sein...Bas...sein....
....BASSEIN...
ဒီလိုနဲ့ ပုသိမ် ကို အင်္ဂလိပ် တွေ ဘစိန် ကနေ Bassein လို့ သတ်မှတ်လိုက်တဲ့အထိ ဖြစ်စေတဲ့ ဘစိန်....


ပုသိမ်သား ဘစိန် ဘာအိပ်မက်တွေ မက်မှာလဲ

အမြည်းကတော့ ဒီမှာတင်...ဆက်ပါမည်

ငဝန်နဒီ

Saturday, June 13, 2015

မြန်မာပြည်သားစစ်စစ်

၁-ဆန်ဈေးကြီး စီးပွားဖြစ်ဖို့  ဆန်မလှောင် ဘူး ထမင်းငတ်သူတွေက မြန်မာနိုင်သားဖြစ်လို့  
စီးပွားဖြစ်မှာသိရက်နဲ့ မလုပ်ဘူး ကုန်မလှောင် ဘူး နည်းသစ်နဲ့ ပဲ စီးပွားရှာမယ် စားသောက်ကုန်တွေ ဈေးမတတ်အောင် နည်းသစ်နဲ့  ထုတ်တာ သက်သာ အောင်ပဲ လုပ်မယ်
အဲဒါက မြန်ပြည်သားစစ်စစ်

၂-မြေဝယ် အိမ်ဝယ် တိုက်ခန်းဝယ်တာ အကျိုးအမြတ်ရှိမှာ သိရက်နဲ့ မလုပ်နိုင်ဘူး
မြန်မာနိုင်ငံသား အိမ်ယာမဲ့တွေ အိမ်မပိုင်ဆိုင်နိုင်စေချင်ရင်တောင် နေစရာ ကျဉ်းအောင် မလုပ်နိုင်ဘူး ကိုယ်နေဖို့ ထက် ပို မထားဘူး မလုပ်ဘူး နည်းသစ် မှာ မြန်မာပြည်သားတွေ သက်တောင့်သက်သာ နေနိုင်အောင်ပဲ လုပ်မယ် ဒါကြောင့် နေစရာ ဈေးကြီးအောင် မလုပ်ဘူး
အဲဒါ မြန်ပြည်သားစစ်စစ်

ငဝန်နဒီ

ကား တင်သွင်းခွင့် ပေးခြင်း အရင်းအမြစ်

မြန်ပြည်မှာ ကားသွင်းခွင့် ကအရှည် ကို မျှော်လုပ်ဆောင်တာပါ

နောက်ဆို ဈေးဝယ်ထွက်တာတို့  ဝယ်စရာ တွေ အတွက် ငွေ ကို ကားနဲ့ တိုက်တဲ့ ခေတ် ရောက် လာမ လားပဲ

အကျိုးမျှော်မြင် ဉာဏ်ကြီးရှင် အရဖြစ်ပါလိမ့်မည်

၃ လ တကြိမ်ခန့် တနှစ် ကို ၄ ကြိမ်ခန့်  ငွေတန်ဖိုး နည်းအမျိုးမျိုးနဲ့  ချပေးနေတာကြောင့် လေးပါ

၁- စီမံကိန်း အကြောင်းပြ
၂-ပိုက်ဆံ ထပ်ထုတ်ခြင်း
၃-ငွေစက္ကူအတု ဖမ်းဆီးရမိခြင်း အရင်းအမြစ် ဖမ်းမပြခြင်း
၎-နိုင်ငံတကာ ကို စိန်ခေါ်ခြင်း (အလှူငွေ မရရင် ငွေချေးလို့ မရရင်)
၅-အခွန် မကောက်ပဲ အခွံ  ကောက်မှုစိပ်လာခြင်း

မှတ်ချက်...အထက်ပါ အခြေအနေ က ပြီးခဲ့သော ၃ နှစ်အတွင်းတွေ့ ရှိသည် ကို ရေးခြင်းသာ ဘယ်သူပြုပြုမိမိမှုသာ မြန်မာနိုင်ငံသား ဖြစ်နေတာကိုး

Thursday, June 11, 2015

ဒီမိုကရေစီ စွမ်းအား

ဒီမိုကရေစီ စွမ်းအား

ငွေဈေး ကို အမြင့်ဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီ မြန်ပြည်သမိုင်းသစ် ရေးပြီ

ရဲ ကရွယ်တာလောက်ပဲ လုပ်တာ လို့ ပြောလိုက်တာ ရန်ကုန်ဆေးရုံကြီး က ဦးနှောက်နဲ့ အာရုံကြောမှာ ခွဲစိပ်ပေး လိုက်ရတယ်
အတွင်းအား အမြင့်ဆုံး စွမ်းဆောင်သောရဲသားမွေးထုတ်နိုင်ခဲ့သည်

ကား ဆို နှစ်စီးဝယ် မှ တစ်စီးပဲ ရအောင် လုပ်ပဲလုပ်တတ်တဲ့ မြင့်မားလွန်းတဲ့အတွေးအသစ် အမြင့်ဆုံးဉာဏ်ကြီးရှင် မွေးထုတ်ထားပါသည်

လယ်ကွက် အိမ်ဆောက် ရေကြီးတာ အဆန်းလား စပါးမစိုက် လူပင်စိုက်သော အမြင့်ဆုံး လူသားအရင်းအမြစ် ကို လယ်ထဲအိမ်ဆောက် လူတွေကို စိုက်ပျိုး မွေးထုတ် နေပါသည်

ရန်ကုန် မှာ လူများကားကြပ်တာတွေက ရွာတွေကျေးရွာတွေ မှာ နေထိုင်စားသောက်မရအောင် လုပ်တာထက်
တစ္ဆေရွာတွေ အမြင့်ဆုံး ဖြစ်အောင် မွေးထုတ်တဲ့ စွမ်းအား ပိုင်ဆိုင် ဖို့  ကြိုးစားအားထုတ်သည့်

စွမ်းအားတွေ တလွဲဆံပင် ကောင်း မဖြစ်စေချင်ရည်သန်လျက်

Saturday, June 6, 2015

လုပ်အားခ မပေးနိုင်သော စက်ရုံများပိတ်သိမ်း လေလံပစ် မည်လော

လုပ်အားခ မပေးနိုင်သော စက်ရုံများ လေလံပစ် လျှင်
 လုပ်အားခ အပြည့်အဝ ပေးပြီး
ခရီးစရိတ် ပါ ပေးမည်
နေ့ လည်စာ ကို သက်သာစွာ စီစဉ်ပေးမည်
တနှစ် နှစ်ခါ ဆုကြေးငွေ ပေးမည်
အလုပ်သမား ကျန်းမာရေး အာမခံ လုပ်ပေးမည်
သက်ကြီး ပင်စင် အသက် ၆၀ ကျော်မှ ပြန်ရမည့် ပင်စင် ကို အစိုးရက လုပ်မပေးလျှင်
စိတ်ချရသောဘဏ်တွင် စနစ်တကျ တွက်ချက် 
အပ်နှံပြီး ထုတ်ယူနိုင်အောင် စီမံပေးမည်

မျက်ဖြူဆိုက်လေ ကြိုက်လေ အခြေအနေ ကို စောင့်နေသော ခရိုနီ များ ရှိပါသည်

မြန်ပြည်တွင် ရင်းနှီးလို သူများ ကြိုးစားလျက်ရှိပါသည်


Tuesday, June 2, 2015

Apple Watch ဆွံအနားမကြား အတွက်ပါ အဆင်ပြေ

Apple Watch  ကဆွံအ နားမကြား အတွက်ပါ အဆင်ပြေ   ပုံဆွဲ ပို့ လို့ ရတဲ့ စနစ် က အထောက်အကူ ပြုထားတာ ကို တွေ့ ရပါတယ်

စကားပြော ပြီး ပို့ လို့ ရတာရယ်

ဖုန်းပြောလို့ ရတာရယ်

အလွယ်တကူ ခေါ်ချင်တဲ့ ဖုန်း နံပါတ် ၁၂ လုံး ကို ချက်ချင်း ခေါ်လို့  ရတဲ့ စနစ် လေး ကောင်းပါသည်

မြေပုံ အတွက် အဆင်ပြေသလို 

မိုးလေဝသ အတွက် အပူချိန် ကို မြင်နေရတာပါ 

ကျန်းမာရေးအတွက် လည်း အဆင်ပြေပါတယ် 

ဘက္ထရီ အားသွင်း တာကတော့ စနစ်သစ်လေး သုံးထားတာလေးကောင်းပါသည်

သတင်း အတို ဖတ်ဖို့ အဆင်ပြေပါတယ်

Keynote အသုံးပြုလျှင် အတော်လေး ပြေပါတယ်

ဓာတ်ပုံ ကို ကြည့်ချင်တာကို လိုသလို ထည့်ကြည့် လို့ ရပါတယ်

ဓာတ်ပုံရိုက်ရာတွင် ဖုန်းကို ဖွင့်ရန် ရိုက်လို့ ရပြီး
နာရီမှပြန်ပိတ်လျှင် ဖုန်းပါပြန်ပိတ် သွားပါသည်

အထက်ပါအရာများကို data အများကြီးသုံးမရပါ ထို့ ကြောင့် တော်တန်ရုံတန်ဖိုးသာပေးဝယ်သင့်ပါတယ်

နောက်တစ်ခု က ပုံဆွဲ ပို့ သည့် စနစ်က ဂျပန်မှာဆို AU ဖုန်းနဲ့သာ လုပ်လို့ ရတာပါ
Softbank ဖုန်းလိုင်း နဲ့ လုံးဝ မရသေးပါ 

Apple Watch က ဆွံအ နားမကြား အတွက် အထောက်အကူ ပြု ပစ္စည်း စကားပြော ပြီး စာတို ပို့ စနစ် သတိပေး စနစ် ကမ္ဘာ့ အချိန် ရာသီဥတု သတင်း စနစ် ကျန်းမာရေး အတွက် အဆိုပါ အားလုံး အတွက် အင်တာနက် အမြဲသုံးရပါမည်

Apple TV ကို ထိန်းချုပ် လို့ ရပါသည်

Apple Watch ဖြင့် လူသားတိုင်း အတွက် အဆင်ပြေနိုင်ကြပါစေ

ငဝန်နဒီ



Friday, May 29, 2015

Apple Watch ဖုန်းမပါပဲ သုံးမရ









Apple Watch ကတော့ ဖုန်းပြောလို့  အဆင်ပြေပါတယ် 
iMessage ပို့ ရတာ အဆင်ပြေပါတယ်
သွေးခုန်နှုန်း ရာသီဥတု မြေပုံရှာတာ ဓာတ်ပုံအနည်းငယ်ကြည့် တာ တို့  ဓာတ်ပုံရိုက်တာ သီချင်းဖွင့် တာ တို့  လုပ်လို့ ရတာ ကောင်းမွန်တဲ့ အခြေအနေပါ 
၁၁-၄-၂၀၁၅ က ငွေပေးထားတာ ၂၈-၅-၂၀၁၅ မှ ရပါတယ် ဒါတောင် နှစ်လုံးစလုံး ကို ဖုန်းခေါ်ပြီး တလုံးပဲ ရမယ် လို့ လုပ်သေးတာ
လူကြီးတွေ ကျန်းမာရေး အတွက် အဆင်ပြေမလား လွယ်ကူသလား ဆိုတာ ကို တော့ သိပ်ပြီး မထူးခြားပါဘူး နည်းပညာ အသစ်လေး အစပြုစ အခြေအနေ ဆိုတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက online ကသွေးပေါင်ချိန် ကြည့် လို့ ရတဲ့ စက် လိုပါပဲ
အင်တာနက် အမြဲတမ်းလို အပ်နေတာပါ
GPSနဲ့ ကျန်းမာရေး မှတ်တာဆိုတော့အင်တာနက်မရှိရင်
သွေးပေါင်ချိန်စက် အသေးစား အဖြစ်သာ တွေ့ ရမှာပါ
သင့်တင့်သောတန်ဖိုး သာပေးဆပ်ဝယ်သင့်ပါတယ် ဒေတာသုံးရတာ လုံးဝမလုံလောက်ပါ
အချိန်ပေး ရမှာရယ် နာရီလေးတာ မကြိုက်သူတွေ ဆင်ခြင်ပြီး ဝယ်သင့်ပါတယ်
အားလုံး မိမိစိတ်ဖြင့် ဆုံးဖြတ်ဝယ်ယူ ရာတွင် အသုံးဝင်စေရန် ရည်ရွယ်ပါသည် 

ငဝန်နဒီ

Sunday, May 24, 2015

မြန်ပြည် အတွက် ရေသွား ကုန်းမောင်း ယာဉ်

ရန်ကုန် တင်သွင်းရင် ကား အခွန်ရော သင်္ဘော အခွန် ပါ ဆောင် ရမယ်ထင်တယ် 

ကား အဟောင်း တစ်စီး ဝယ် ရအုံးမယ် ထင်တယ်

သင်္ဘော အဟောင်းတစ်စီး ဝယ်ရလိမ့်မယ်ထင်တယ်

တင်သွင်းခွင့်ရဖို့  အဲတာတွေ အပြင် 
ကားပါကင် ပြရအုံးမယ် ထင်ရဲ့ 

သင်္ဘောဆိပ် ပါ တင်ပြရမယ် ထင်ရဲ့ 

ကုန်းလမ်း ပို့ ဆောင်ရေး မှတ်ပုံတင် ရဖို့ အခွန်

ရေလမ်းပို့ ဆောင်ရေး မှတ်ပုံတင် ရဖို့ အခွန်

နောက်ဆုံးတော့ ရေတတ် ရေကြီး ရန်ကုန် အခွန် စုဆုံ ရွှေရန်ကုန် လေလား

www.watercar.com မှ ကူးယူဖော်ပြပါသည်










Specifications 

Weight: 2950 lbs

Height: 69″ windshield up

: 51″ windshield down

: 44″ windshield down, wheels retracted

Length: 180″

Width: 72″

Water Speed: 44 mph

Land Speed: 55+ mph

Passengers: 4

Engine: Honda 3.7 liter VTEC

Transmission: 4 speed manual

Marine Propulsion: Panther Jet

Tire Size: 30X9.50R15

Brakes: Four wheel disc

Wheel Retraction: Hydraulic

Fuel: 91 Octane Pump Gas

Cooling System: Closed with marine heat exchanger

Monday, May 18, 2015

မြန်မာပြည် ရေ အတွက် ဂျပန် ကျွမ်းကျင် ပညာရှင် ကူညီ ပုံ ကို NHK မှာပြနေသည်

အခု ည ၁၀ နာရီ ဂျပန် စံတော်ချိန် မှာ မြန်မာရေပိုက်လိုင်း ကို ကူညီဖို့  ဂျပန်ကျွမ်းကျင်ပညာရှင် သွားရောက် ကူညီပုံ ကို ယခု NHK တွင်ပြနေပါသည် ည ၁၁ နာရီ အထိ ပြသပါလိမ့်မည်

Saturday, May 16, 2015

ပန်းသီး နာရီ ဒဏ္ဍာရီ ပုံပြင်

ပန်းသီး နာရီ ပုံပြင် ကတော့ဒဏ္ဍာရီ ထဲ ထည့်ရမလိုဖြစ်နေပါပြီ

ငွေပေးထားတာ က ၁၁ရက်နေ့ ဧပြီလ အခု က ၁၁ရက် မေလ တစ်လတိတိ ရှိပါပြီ 
ကြိုမှာ သူတွေ ရလိမ့်နိုးနဲ့  ပြောပြီး ဧပြီ ၂၄ ရက်နေ့ ထွက်တာဆိုတော့ စောင့်ရင်း ဖုန်းလည်း မလာ ဘာမှ ကို မသိရ

ပေးလိုက်ရတာ က ယန်း ၂သိန်း ၆သောင်း လောက် တိုကျို ဂင်ဇာ က Biccamera ယူရကုချို ဘူတာ အထွက် ဆိုင်မှာ ကြိုပြီး ပိုက်ဆံပေးရမယ်ဆို လို့ ပေးလိုက်တာ 
တစ်လကြာပုံပြင် လေး ဖြစ်လို့ နေပါပြီ

ပုံပြင်ရေးနေ လို့  တမျိုးမထင်ပါနဲ့  ပန်းသီးနာရီ အတွက် ကျန်လူတွေ သိစေချင်လို့ ပါ

ဖုန်းအလာ ကို စောင့်ရတဲ့ပုံပြင်လေးပေါ့

Tuesday, May 5, 2015

ဂျပန် ကိုပဲဖြစ်ဖြစ် မြန်မာပြည် ကိုပဲ ဖြစ်ဖြစ် ဈေးသက်သာစွာဖြင့် LINE ကနေ ဖုန်းခေါ်လို့ ရပြီ

Voip,skype,viber ,netcall ကိုပိုက်ဆံထည့်သုံးကြည့်ပြီး အခုတော့LINE

LINE ကနေ ဖုန်းခေါ်တာ ရိုးရိုး ကဒ်ဖုန်းခေါ်တာထက် အလွယ်တကူ ဖုန်းအဝင်လွယ်တာ ကို တွေ့ ရမှာပါ

လစဉ်ကြေးပေး ဖုန်းခေါ်တာဆို မြန်မာပြည်ကို အိမ်ဖုန်းဖြစ်ဖြစ် လက်ကိုင်ဖုန်းဖြစ်ဖြစ် တစ်လစာ ကို ယန်း ၁၃၂၀ ကျမှာပါ

အချိန် တစ်နာရီ ပြောလို့ ရပါတယ်
တမိနစ်ကို ယန်း ၂၂ သာကျပါတယ်

အဲဒီတနာရီမလောက် လို့  ထပ်ပြောချင်သူတွေ အတွက် အိမ်ဖုန်း ကို ယန်း ၃၄ နဲ့  လက်ကိုင်ဖုန်း ကို ယန်း ၃၈ ကျပါတယ် အဲဒါကတော့ ရိုးရိုး ကဒ်တွေဆက်တာထက် ဈေးများသလို ဖြစ်မှာပါ

ဒါပေမဲ့ ဖုန်းခေါ်ရတာ အရမ်းလွယ်တာတွေ့ ရပါတယ်

မြန်မာပြည်မှာ LINE ထည့်လို့ ရသူတွေ အတွက် ဂျပန် ကို ဖုန်းခေါ်ရင် အိမ်ဖုန်း ကို လစဉ်ကြေး ပေးခေါ်ရင် တနာရီ အချိန်ရပြီး ယန်း ၁၂၀ ပါ
အိမ်ဖုန်း လက်ကိုင်ဖုန်း အပါဆိုလျှင် ယန်း ၃၉၀ပါ အချိန် တနာရီရမှာပါ
နှစ်နာရီ တလသုံးလိုလျှင် ယန်း၇၂၀ သာကျမှာပါ 
တမိနစ် ၆ယန်းသာ အိမ်ဖုန်း တမိနစ် ၂ ယန်း
 လပေးမလုပ်လို လျှင် အိမ်ဖုန်း
တမိနစ် ၃ ယန်း လက်ကိုင်ဖုန်း ၁၄ ယန်း သာကျမှာပါ ဖုန်းလိုင်းမတူတာကို ခေါ်လျှင် သက်သာတဲ့ဈေးပါ

အသုံးဝင်စေသူတွေကတော့ ဂျပန်လာလည်သူ ဖုန်းလည်းမဝယ်ချင်သူ မိမိ လက်ကိုင် စမတ်ဖုန်း ကို LINE သွင်းပြီး LINE ကဒ်ကို စတိုးဆိုင်မှာလိုသလို ဝယ် ဂျပန်က ဖုန်းတွေ ကို Wifi free ရတဲ့နေရာ တွေကနေ ခေါ်လို့ ရပါတယ်

အသုံးဝင်သူတွေအတွက်သာရည်ရွယ်ပါသည်
LINE လုပ်တဲ့ဂျပန် အကြောင်းရေးချင်ပေမဲ့
မရေးတော့ပါဘူး 

Sunday, May 3, 2015

အိမ်သုံး ဘက္ထရီ Tesla မှ ထုတ်ပြီ

အိမ်တွေမှာ သုံးဖို့  Battery ကို Tesla မှထုတ်လိုက်တာပါ

၁၀ နှစ် အာမခံပေးထားတာ ကို တွေ့ ရပါတယ်

Powerwall လို့ ခေါ်ဆိုပြီးတော့

ကာဗွန် လုံးဝမထုတ်လုပ်ပါဘူး

ထောင့်ဖြတ် ၃ ပေ အရှည် ၄ ပေ ဗြတ် ၆ လက်မ ရှိမှာပါ

တပ်ဆင်မယ်ဆိုရင် ဒေါ်လာ ၃၅၀၀ နဲ့  10kWh ပေးရမှာပါ

ဒေါ်လာ ၃၀၀၀ နဲ့  ကတော့ 7kWh ကို ရမှာပါလို့ ပြောထားပါတယ်

မြန်မာပြည် အတွက် အတော် ကို အသုံးဝင်မည့် ပစ္စည်း ဖြစ်မှာပါ

DCမော်တာ နဲ့ AC power သုံး လေစုတ်ပန်ကာ Eco Navi ပါတာကတော့ ဂျပန်ယန်း တစ်သိန်း သာသာ ပဲ ကျတာပါ





Saturday, April 25, 2015

တိုကျို ဘတ်စ်ကားပေါ်က Wi-Fi free

ဒီနေ့  Tokyo Big Sight ကို Bus နဲ့  သွာကြည့်တာ Bus ကမိနစ် ၄၀ လောက်ကြာပါတယ် Bus ပေါ်မှာ free Wi-Fi ကိုစမ်းကြည့် တာ တော်တော်လေး ကို အဆင်ပြေပါတယ်

Tokyo Station (Yaesu Exit,&Marunouchi South Exit,JR) ကနေ စီးလို့ ရပါတယ်
ယန်း ၂၁၀ ကျမှာပါ ဂျပန်မှာကတော့ Bus ပေါ်မှာ ရထားပေါ်မှာ ဖုန်းပြောလို့ မရပါဘူး နုလုံးခုန်စက်တပ်ထားတတ်သူ တွေ ထိုင်တတ်တဲ့ ခုံနားမှာဆို ဖုန်းပိတ်ထားရမှာပါ
နုလုံးခုန်စက်တတ်ထားတတ်သူတွေ အတွက် ပိတ်ပင်ထားတာလေးရှိပါတယ်
အဲလို ထိုင်ခုံက ဝေးတဲ့နေရာမှာတော့ အင်တာနက် သုံးလို့ အဆင်ပြေမှာပါ


Apple Watch ကတော့ ငွေပေးပြီး မရေရာမသေမချာ ဘယ်တော့ရမယ်မသိ

Apple Watch ကို ၁၁-၄-၂၀၁၅ က သွားမှာတာ ပိုက်ဆံ ချက်ချင်းပေးပါဆို လို့  ချက်ချင်း ပေးခဲ့ရသေး လူတစ်ယောက်တစ်လုံးပဲ ရမယ်ဆို လို့  နှစ်ယောက်သွား မှ နှစ်လုံး မှာ လို့ ရခဲ့တာ ပိုက်ဆံလည်း ချက်ချင်း ပေးလိုက် ရတယ် ယန်း ၂သိန်းခွဲကျော် ဒါပေမဲ့ ဖုန်းဆက်မှ လာယူပါတဲ့
အသေအချာသွားမေးတော့ ရမည့် ရက်ကို အတိအကျ မပြောနိုင်ပါ 
မှာထားပြီးပြီဆိုတော့ စောင့်နေယုံကလွဲလို့  ဘယ်တတ်နိုင်မှာလဲ
တကယ်တော့ လူကြီးတွေ ကျန်းမာရေး အတွက်  ဘယ်လို အသုံးဝင်လည်းဆို တာ သိချင် စမ်းသပ်ချင်တာပါ
နှလုံး စစ်တဲ့ လက်တစ်ဖဝါးစာ ECG စက်က ယန်း ၃ သောင်းလောက်ပဲရှိတာပါ လက် ကလေးနဲ့ ဖိထား နှလုံးနားကပ်ထား ရုံလေးပါ
နှလုံးခုန်နှုန်းတွေ သွေးဖိအားတွေ တိုင်းပြီး အွန်လိုင်းကနေ မှတ်တမ်း အဝေးကနေ စစ်ဆေးပေးလို့ ရတဲ့ စက်က ယန်း ၂ သောင်းလောက်ပဲကျတာပါ လူ အယောက် ၁၀၀ လောက် မှတ်တမ်း တွေ မှတ်ထားနိုင်တာတွေပါ ပါတယ်

ဒီ Apple Watch ကတော့ ကျန်းမာရေး အထောက်အကူ ဘယ်လို ပြုနိုင် အင်တာနက် က လက်ထဲပတ်ထား နိုင် တာကတော့ ကမ္ဘာရွာ ဆိုတာ ပြောနိုင်ပါတယ်

ဖုန်းထုတ်ကိုင်စရာမလို ပရိုဂျက်တာ ကို ပြသရာမှာ အသုံးဝင် သီချင်းဖွင့် တီဗီဖွင့် အသုံးဝင်တာတွေ တွေ့ ရမှာ ဓာတ်ပုံလည်း ရိုက် ဖို့ အထောက်အကူပြုအကောင်းဆုံးကတော့ မြန်မာလို စကားပြောပြီး စာတို ပို့  လို့ ရတာကတော့ မြန်မာတွေ အဝေးရောက်နေပေမဲ့ မြန်မာစကား မကင်းကွာ မြန်မာလို ပိုပြောဖြစ်စရာလေးပါ
အဝေးရောက် မြန်မာ ကလေးတွေ အတွက် မြန်မာစကား စမ်းသပ်စရာလေး ဖြစ်နိုင်ပါစေ

Thursday, April 23, 2015

မနက်ဖြန်တော့ Apple Watch ထွက်တော့မည်

မနက်ဖြန် Apple Watch ထွက်မယ်ဆို လို့  မှာထားတာ ရမရတော့မသိ 
ဂျပန်ယန်း 129,384 တော့ စမှာကတည်း ကပေးလိုက်ရတယ် 
တစ်ယောက် ကို တစ်လုံးသာ မှာခွင့် ရှိတာပါ
ရေးထားတာတော့ ၁၁၉၈၀၀ ယန်း အခွန် က ၈% ဆိုတော့ ၁၂၉၃၈၄ ယန်း ကျသွားတာပါ

Tuesday, April 21, 2015

ဒီနေ့  ဂျပန် ရထား စမ်းသပ်အမြန်နှုန်း တစ်နာရီ ၆၀၃ ကီလိုမီတာ

ဒီနေ့  ဂျပန် သတင်းမှာ လာသွားတာ ရထား ဒေတာ စမ်းသပ်ယူတာ အမြန်နှုန်း တနာရီ ကို ကီလိုမီတာ ၆၀၃ အထိ တတ်တာ တွေ့ လိုက်ရပါသည်

Friday, April 17, 2015

မြန်မာ့ နှစ်သစ် ကို လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုပါ၏။

မြန်မာ့ နှစ်သစ် မှာ ပြည့်စုံ ချမ်းမြှေ့  စွာ ဖြင့် မင်္ဂလာအပေါင်း ခညောင်း နိုင်ကြပါစေ။

Saturday, March 14, 2015

လူစုလူဝေးကို ဖြေရှင်းတဲ့နေရာမှာ EU နည်းနဲ့ဖြေရှင်းတာ’’ ပဲခူးတိုင်းဒေသကြီး ဒုရဲတပ်ဖွဲ့မှူးရဲမှူးကြီး ၀င်းစိန်နှင့် တွေ့ဆုံခြင်း


ပဲခူးတိုင်းဒေသကြီး ဒုရဲတပ်ဖွဲ့မှူး ရဲမှူးကြီးဝင်းစိန်နှင့်  သာယာဝတီ ထောင်တွင် မတ်လ ၁၃ ရက်က တွေ့ဆုံမေးမြန်းခဲ့သည်မှ ကောက်နှုတ်ဖော်ပြလိုက်ပါသည်။


ကျောင်းသားသပိတ်ကို ဘာကြောင့် အကြမ်းဖက် ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့ရတာလဲရှင့်။

ကျွန်တော်တို့က ပြင်းပြင်းထန်ထန် နှိမ်နင်းမှုတွေဖြစ်တယ်လို့ မရှိဘူး။ သာမန်ပဲရှိတယ်။

အဲဒီမှာမျက်မြင်ကိုယ်တွေ့ရှိနေသူတွေအရရော၊ ဗီဒီယိုဖိုင်တွေ တက်လာတာအရရော ၊ကျောင်းသားတွေကို၊အရပ်သား တွေကို ပြင်းပြင်းထန်ထန်ရိုက်နှက်တယ်ဆိုတာ တစ်ကမ္ဘာလုံးက မြင်ရတယ်ရှင့်။ အဲဒီအပေါ်မှာ ရဲမှူးကြီးတို့က ဘယ်လိုများ တာဝန်ယူဖို့ရှိပါသလဲရှင့်။

ဟာ..မဟုတ်ဘူး။ ဒီဟာက

ကျွန်တော်တို့က ဘယ်လိုခေါ်မလဲဆိုတော့ အခုလို လူစုလူဝေးကို ဖြေရှင်းတဲ့နေရာမှာ EU နည်းနဲ့ဖြေရှင်းတာ။ ဖြေရှင်းတာကို ဖမ်းဆီးတဲ့အဆင့်မှာ ရုန်းရင်းဆန်ခတ်ဖြစ်တာ။ ရုန်းရင်းဆန်ခတ်ဖြစ်တော့ အသာတကြည် ဖမ်းဆီးလို့မရဘူးဆိုရင် ကျင့်ထုံးဥပဒေ ပုဒ်မ ၄၇ အရ အနိုင်အထက်ပြုပြီးဖမ်းဆီးနိုင်တယ်ဆိုတဲ့ ကျင့်ထုံးရှိတယ်။ အဲဒီ့ကျင့်ထုံးအရ ဖမ်းဆီးတာပဲ။

လူစုကိုဖြိုခွဲတဲ့နေရာမှာ ကျောင်းသားတစ်ယောက်လောက်ကို ရဲအယောက် ၂၀ လောက်နဲ့ ဝိုင်းပြီး ဘတ်တံတွေနဲ့ ရိုက်တာက၊ ရဲအင်အား အသုံးပြုပုံက ...

မဟုတ်ဘူး ၊မဟုတ်ဘူး။ အဲဒါက ဒီလို။ အရပ်သားတစ်ယောက်ကို သုံးယောက်နှုန်းနဲ့သာလျှင် သူ့လူစုလူဝေးအရ နှစ်ယောက်က ချုပ်တယ်။ တစ်ယောက်က လက်ကြိုးချည်တယ်။ အဲဒီမှာ ကြိုးချည်ပေမယ့် အသာတကြည်မဟုတ်ဘဲရုန်းရင်းဆန်ခတ် ဖြစ်တယ်။ အဲဒီမှာ ဟေ့ကောင် ဘာလုပ်တာလဲဆိုပြီးတော့... သမီးပြောသလို တုတ်နဲ့ဝင်ရိုက်တဲ့ဟာတွေကိုဖမ်းတားတာ ၊အဲဒီဗြူးတွေကို ကြည့်ကြည့်လိုက်။ ဒိုင်းတွေနဲ့ကာပြီးတော့ လူအယောက် ၂၀လောက်က ဝိုင်းပေးထားတာ ...မသိတဲ့သူတွေကတော့ တစ်မျိုးထင်မှာ။ ဘေးကလူတွေကတော့အဲဒီ့လို ရိုက်မိမှာစိုးလို့ ဒိုင်းတွေနဲ့  ကာထားတာ။ ဘုန်းကြီးတစ်ပါးဆို ရဲဦးထုပ်ကြီးပါဆောင်းပေးပြီးတော့ကို ကာပေးတာ။

ရဲမှူးတွေက မလုပ်နဲ့လို့ပြောနေတဲ့အချိန်မှာ လုပ်တဲ့ရဲသားတွေကိုကောအရေးယူဖို့ရှိလား။

အရေးယူဖို့ကို ရှိနိုင်တယ်။ ရှိနိုင်တယ်ဆိုတာက ဦးက အကြီးဆုံးမဟုတ်ဘူး။ အကြီးဆုံးမဟုတ်တဲ့အတွက် အထက်လူကြီးက သူ့ဟာသူစီစဉ်ပြီးတော့ အရေးယူဖို့တော့ရှိလိမ့်မယ်လို့ ဒါကဦးတို့က ကြိုမြင်တဲ့အတွက်...ရှိမယ်။

ရိုက်တဲ့ရဲတွေက အထက်အမိန့်မရဘဲ ရိုက်တာလား ။

အဲဒါကြောင့်မို့လို့ အရေးယူမယ်လို့ပြောတာပေါ့။

အခုက ၁၂၇ ယောက်မှာ ၂၇ ယောက် လွှတ်မယ်ဆိုတော့ ကျန် တဲ့ သူတွေကို ဘာဆက်လုပ်မှာလဲရှင့်။ကျန်တဲ့သူတွေက...အပိုင်း ပြောမယ်ဆိုရင် သုံးပိုင်းပေါ့။ အကြမ်းဖျင်းပေါ့။ ဒါက လောလောဆယ်စီစဉ်ထားတာပေါ့နော်။ တစ်ပိုင်းက ဘာလဲဆိုတော့ ပြစ်မှုကျူးလွန်တဲ့အထဲမှာ မပါဘူးဆိုလို့ရှိရင် အဲဒီပြစ်မှုကျူးလွန်တဲ့အထဲမှာမပါတဲ့သူတွေကို ကျင့်ထုံးပုဒ်မ ၁၆၉ အမှုနဲ့  မလိုတော့ဘူးပေါ့။ ခုနက သတင်းထောက်နှစ်ယောက်လိုပေါ့။ သတင်းထောက်လိုဆိုရင် အဲဒီ ၁၆၉ နဲ့လွှတ်မယ့်ဟာတင် အနည်းဆုံး ဆယ်ဂဏန်းလောက်ရှိမှာပေါ့။ သုံး ၊ လေး ၊ ငါးဆယ်လည်း ဖြစ်သွားနိုင်တယ်။ ဥပမာ ဘုန်းကြီးကျောင်းပေါ့။ ဘုန်းကြီးကျောင်းမှာ ပါတဲ့သူဆိုရင် ဥပမာ  ကျောင်းသားတွေကို လာလှူတဲ့လူလည်းရှိမယ်၊ အစားအသောက် လာလှူတဲ့လူရှိမယ်၊ မိဘတွေက သားသမီးတွေကို ခေါ်မရလို့ ပေကပ်နေရတာလည်း ရှိရင်ရှိမယ်။ အဲဒီတော့ အဲဒီလိုဟာမျိုးတွေက အဲဒီလိုစစ်ဆေးလို့ ပေါ်ပေါက်လာရင် ဒါတွေကအမှုနဲ့ တရားစွဲဖို့မရှိဘူး။ တရားစွဲဖို့မရှိတဲ့အတွက် စစ်ဆေးပြီးတဲ့အခါမှာ ရမန်မပြည့်ခင်မှာ ရဲမှာတင်ပဲ လွှတ်ပေးလိုက်မယ့်အပိုင်းက တစ်ပိုင်း။ နောက်တစ်ပိုင်းက ပြစ်မှုဆိုင်ရာပုဒ်မ ၁၄၃ ။ ပုဒ်မ ၁၄၃ဆိုတာ  ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၁ရဲ့အဓိပ္ပာယ်မှာ ရှိတယ်။ အဲဒီ ၁၄၁မှာ ဥပဒေဆန့်ကျင်တဲ့အစုအဝေးဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုထားတာ ရှိတယ်။ အဲဒါ ဘာလဲဆိုတော့ လူ ငါးဦးနဲ့ ငါးဦးထက်ပိုတဲ့ အစုအဝေးဟာ အောက်ဖော်ပြပါတူညီတဲ့ရည်ရွယ်ချက်နဲ့ အနိုင်အထက်ပြုခြင်းပြုရန် ကြံစည်တယ်ပေါ့...နံပါတ်(၁)အချက်က ဥပဒေပြုလွှတ်တော်(သို့မဟုတ်)အစိုးရပေါ့။ အဲဒီဟာကို ခြိမ်းခြောက်တယ်ပေါ့။ နောက်တစ်ချက်က တာဝန်ဝတ္တရားထမ်းဆောင်နေတဲ့ တို့ဆိုရင် ရဲတပ်ဖွဲ့ပေါ့ ဥပဒေမှာ ပြည်သူ့ဝန်ထမ်းပေါ့၊ အဲဒီပြည်သူ့ဝန်ထမ်းကို အနိုင်အထက်ပြုလိုတဲ့အနေနဲ့ ခုခံဖို့ရည်ရွယ်ချက်၊နောက်အချက်တွေကတော့ ဒီဟာနဲ့မဆိုင်ဘူး။ နောက်အချက်တွေကတော့ အများကြီးရှိတာပေါ့။ အချက်သုံးချက်ကိုပြောရင်ရှည်လို့။ အချက်သုံးချက်ဆိုတာ ရေစီးရေလာမြောင်းကို သူများသွားလာတာကို လမ်းကို လာပြီးပိတ်တာတို့၊ နောက် လာဖွင့်တာတို့ အဲဒီလိုမျိုးပေါ့။ အချက်ငါးချက်ရှိတယ်။ အဲဒီအထဲမှာ ဒီနှစ်ချက်နဲ့ ငြိစွန်းတဲ့အတွက် ဒါဥပဒေနဲ့ဆန့်ကျင်တယ်ဆိုနိုင်တယ်။ ကနဦး ဘာမှမဖြစ်ခင်မှာ ဒါက ပုဒ်မ ၁၄၃။ အသံချဲ့စက်နဲ့လူစုခွဲပါ၊  လူစုခွဲပါလို့ ကြေညာတာပေါ့ .. ။ အဲဒီလို ကြေညာတဲ့အခါမှာ မခွဲဘဲနဲ့ ဆက်လက်တည်ရှိနေရင် အဲဒါပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၄၅ကို ကျူးလွန်တယ်လို့ဆိုတယ်။ လူစုခွဲဖို့အမိန့်ပေးပြီးလို့မှ ဆက်လက်တည်ရှိနေရင် အဲဒါ ၁၄၅ကို ကျူးလွန်သွားပြီလို့ ဆိုတယ်။နောက်တစ်ခါ barricade တွေကို ဆွဲဖျက်တယ် ၊ အမိုးကိုင်းတွေကို ဆွဲဖြဲတယ်၊ နောက်တစ်ခါbarricadeတွေကို ဆွဲဖျက်တဲ့အခါကျတော့သူတို့နဲ့ကိုယ်နဲ့ခြားထားတာလေ။ သူတို့ကို မသွားစေချင်တာပဲရှိတယ်။ ဖမ်းဖို့လည်း မရှိဘူး။ မူလက  ဘာမှမဟုတ်ဘူး၊ တားဆီးတာပဲရှိတယ်။ အဲဒီတော့ အဲဒီ barri-cadeတွေကို ဆွဲဖျက်ပြီး သူတို့ကလည်း ဖောက်ထွက်ဖို့ကြိုးစားတယ်။ အဲဒီလိုဖောက်ထွက်ဖို့ကြိုးစားတဲ့အချိန်မှာ ဘယ်လိုဖြစ်လဲဆိုတော့ barricadeေ တွဆွဲဖျက်တဲ့အချိန်မှာ ဘေးလွင့်ကုန်ရော ကျွံလာတဲ့ကားက ရှေ့ကို သုံးကိုက်လောက် ဝူး ၊ ဝူး ၊ ဝူး ဆိုပြီး ဝင်တိုးတာ။ ရဲတွေကြောက်လန့်ပြီးဖယ်ပေးလိုက်ရင် အတားအဆီးနဲ့ထွက်ဖို့ ကြိုးစားတာ ၊ ဒါပေမဲ့ ရဲတွေကကြောက်လို့ နောက်ကို နှစ်လှမ်းသုံးလှမ်းလောက် ဆုတ်သွားပေမယ့် လက်တွဲတာကမပျက်တော့ တိုးမပေါက်ဘူး။ အဲဒီ ဝူးဝူးနဲ့မောင်းလာတာက ဟိုကောင်တွေသာကြောက်ပြီးခွဲလိုက်ရင် အဲဒီကားနောက်မှာ လူစုလူဝေးက ဟိုဒင်းဖြစ်သွားနိုင်တာပေါ့။ အဲဒီအချိန်မှာ အတားအဆီးကို ဆွဲဖျက်တယ်ဘာညာဆိုတာ အဲဒါ ပုဒ်မ ၁၄၇ ကို ကျူးလွန်တာပဲ။ နောက်တစ်ခါ အဲဒီအချိန်မှာ ခဲတွေ ဟိုဒင်းတွေ ပစ်ပေါက်ရော။ တုတ်နဲ့ပစ်ပေါက်တယ်။ တပ်ရင်းမှူးဆိုရင် ဦးထုပ်ကိုမှန်ပြီး ခေါင်းပါထိတယ်။နောက်တစ်ယောက်က လေးချက် ချုပ်ရတယ်။ ရဲတပ်ဖွဲ့ဝင်တွေ ဒဏ်ရာရတယ်။ ရဲတပ်ဖွဲ့ဝင်တွေဒဏ်ရာရတာနဲ့ ပတ်သက်လို့ ၃၉၂  ။ အဲဒီတော့ အဲဒီပုဒ်မတွေအားလုံးဟာ ကျူးလွန်တဲ့ဟာတွေက နောက်ပိုင်းကျတော့ တို့တရားစွဲခါနီးမှာ ရဲမှာ အာမခံပေးမှာ။ နောက် ၅၀၅ (ခ)ဆိုတာတော့ ငြိမ်ဝပ်ပိပြားရေးကို ပျက်ပြားစေနိုင်တဲ့ ပြစ်မှုကျူးလွန်တာရော၊ ငြိမ်ဝပ်ပိပြားမှု နှောင့်ယှက်တဲ့ပြစ်မှုကျူးလွန်တာရော ကြေညာလှုံ့ဆော်တာကို ၅၀၅ (ခ)။ သူတို့ပြောနေတဲ့ နိုင်ငံတော်အြ ကည်ညိုပျက်စေမှုတို့၊ တချို့ရှေ့နေတွေပြောနေတာက နိုင်ငံတော်အကြည်ညိုပျက်စေတဲ့ပုဒ်မတဲ့။ အဲဒီနိုင်ငံတော်အကြည်ညိုပျက်စေတဲ့ပုဒ်မက ၁၂၄  (က)။ အခုဟာက အဲဒီလိုမဟုတ်ဘူး။ ၅၀၅ (ခ)ဆိုတာက ရိုးရိုးပဲ။ ငြိမ်ဝပ်ပိပြားမှုပျက်ပြားစေတဲ့ အပြုအမူတွေဖြစ်ပေါ်လာအောင် ကြေညာတယ်၊ လှုံ့ဆော်တယ်၊ ကောလာဟလလွှင့်တယ်ဆိုတဲ့ ပုဒ်မ။ အဲဒါတွေနဲ့ပတ်သက်လို့ ကျူးလွန်တဲ့သူက လူနည်းစုဖြစ်တယ်။ အဲဒီလူနည်းစုက ရှိမယ်။အဲဒီတော့ပြောမယ်ဆိုရင် အဲဒီ့အပိုင်းသုံးပိုင်းပဲ။ အာမခံမရတဲ့ ပုဒ်မနဲ့ဆွဲမယ့်ဟာတွေက နည်းမယ်။ ဆက်ပြီးတော့ ရှိနိုင်မယ်။ အာမခံရမယ့်ပုဒ်မကလည်း ရှိမယ်။ အခု ကျောင်းသားတွေ၊ သတင်းထောက်တွေ လွှတ်တဲ့အပြင်ကို နောက်ထပ်လွှတ်မယ့်သူတွေလည်း ရှိသေးတယ်။ အပိုင်းသုံးပိုင်းပေါ့။

အရပ်သားတွေကော။

အရပ်သားတွေပါတယ်။ အရပ်သားတွေက ရှင်းတယ်။လွှတ်ဖို့ရှိတယ်။ အရင်ကတည်းကလည်း လွှတ်ဖို့ရှိတယ်။

ကျန်တဲ့လူတွေကိုကော ဘယ်နေ့လွှတ်မှာပါလဲ။

မနက်ဖြန်လည်း လွှတ်ဦးမှာပဲ။ စနေလည်း ထောင်ကတော့ .. တရားရုံးနဲ့မဆိုင်ဘူး။ ရဲကလွှတ်တာဆိုတော့ ရဲက အမှုနဲ့မပတ်သတ်ရင် အချိန်မရွေးလွှတ်လို့ရတယ်။ စစ်ဆေးလို့ပေါ်ပေါက်တဲ့အခါမှာ မဆိုင်ဘူးဆိုရင်... လက်ပံတန်းကလူတွေဆိုရင် လွှတ်ဖို့ရှိတယ်။ ဘေးကဝန်းရံတာ လူတွေပဲ။ ဖမ်းတဲ့အချိန်မှာ ရုန်းရင်းဆန်ခတ် ဒီလိုလူစုလူဝေးကိုဖမ်းမယ်ဆိုလို့ရှိရင် ၁၄၃ ၊ ၁၄၅ ကတော့ ငြိတာချည်းပဲ။ ကြေညာချက်ထုတ်ပြီးတော့မှ လာလူစုလူဝေးလုပ်တယ်ဆိုလို့ရှိရင် အဲဒီထဲမှာ လူစုလူဝေးက သာမန် ကြည့်တဲ့သူလည်း ပါသွားတယ်ဆိုရင် အဲဒီလူကို ပြန်လွှတ်မှာ။ လွှတ်တယ်ဆိုတာ အပြစ်မရှိလို့။ စစ်ဆေးလို့ပေါ်ပေါက်မှပဲ တရားစွဲမှာ။ ဒါပေမဲ့ လောလောဆယ် အကုန်လုံးထိန်းလိုက်ရတာလည်း အားလုံးသိတဲ့အတိုင်းပဲ လူကများတာလည်းအများကြီးကိုး။

ပြန်လွှတ်ပေးလို့မရတဲ့လူတွေလို့ ခုနကပြောသွားတာ အဲဒါက  ဘယ်နှဦးလဲရှင့်။

ခန့်မှန်းခြေတော့ ၂၀ ပတ်ဝန်းကျင်လောက်ပဲရှိမယ်လို့ ထင်ပါတယ်။ လောလောဆယ် စစ်ကြောနေတုန်းဆိုတော့ စစ်ကြောချက်တောင် အကုန်မဖတ်ရသေးဘူး။ အထူးအမှုစစ်အဖွဲ့ဆိုတာ ရှိတယ်။ အဲဒီအထူးအမှုစစ်အဖွဲ့နဲ့ စစ်နေတယ်။ စစ်ဆေးတွေ့ရှိပြီး... အခု လွှတ်လိုက်တဲ့ သတင်းထောက်ဆိုတာလည်း မနေ့ညကမှ သိတာ။ သိတယ်ဆိုတာနဲ့ ချက်ချင်းသိ၊ ချက်ချင်းလွှတ်ဖို့လုပ်တာပဲ။ သူတို့ကျတော့ ကျောင်းသားတွေလို စာပြန်တင်ပါ။ နောင်ကို ဒီလိုမလုပ်ပါဘူးဆိုတဲ့ ခံဝန်မျိုး မလုပ်ဘူး။ သူတို့က အမှုနဲ့ကိုမဆိုင်တဲ့အတွက် လွှတ်တာ။

သတင်းထောက်တွေကို ထောင်ထဲမှာချုပ်ထားစဉ်အတွင်း ရိုက်နှက်နှိပ်စက်တာမျိုးလုပ်တယ်လို့ သတင်းတွေ ထွက်လာပါတယ်။ အဲဒါ အမှန်ပဲလားရှင့်။

မဟုတ်ပါဘူး။

ဒေသတွင်းရော နိုင်ငံတကာကပါ စာနယ်ဇင်းအဖွဲ့တွေကတော့ အခုဖြစ်ရပ်ဟာ ဂျာနယ်လစ်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုလည်းပါတယ်လို့ ဆိုပါတယ်။

မဟုတ်ဘူး၊ မဟုတ်ဘူး။ အဲဒါ မဟုတ်ဘူး။ သူတို့နှစ်ယောက်ဆိုရင် အစစ်ခံချက်ကို ဖတ်ကြည့်ရင်လေ..  ဖြစ်စဉ်မှာ ရုန်းရင်းဆန်ခတ်ဖြစ်တော့ barricade တွေ ဆွဲဖျက်တယ်။ အမိုးကိုင်းတွေကို ကျောင်းသားတွေ စဖြိုတယ်။ သူတို့နှစ်ယောက်က ဓာတ်ပုံလိုချင်လို့ဝင်ရိုက်တာ။ အဲဒီအချိန်မှာ  ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ကျိုးပေါက်ပြီးတော့ ဝင်လာတာ။  ဖမ်းတဲ့အချိန်မှာကျတော့ သူတို့ကိုပါ ရောဖမ်းမိတာ။ အဲဒီအချိန်မှာ သတင်းထောက်တွေ ဘာတွေ ဘာမှမသိနိုင်ဘူး။ ဒါကြောင့်လည်း အခု သိတဲ့အချိန်မှာ လွှတ်တာ။

ကျောင်းသားခေါင်းဆောင်တွေဖြစ်ကြတဲ့ မဖြိုးဖြိုးအောင်တို့၊ ကိုမင်းသွေးသစ်တို့ဆိုရင် ဒဏ်ရာတွေ ပြင်းပြင်းထန်ထန် ရသွားတယ်လို့ကြားတယ်။

မဟုတ်ပါဘူး။ ပြင်းပြင်းထန်ထန်ရတာ မဟုတ်ပါဘူး။ သူတို့ပဲ ဆေးရုံတင်ရသလိုလို ဘာလိုလိုနဲ့ ကောလာဟလဖြစ်နေတယ်။ အင်တာနက် တက်တယ်လို့ကြားတယ်။ မဟုတ်ဘူး။

အခုကော သူတို့က သာယာဝတီ ထောင်မှာ လား။

ရှိတယ်။ သာယာဝတီမှာပဲ။

သူတို့အတွက်လည်း အပြင်က လူတွေက စိတ်ပူနေကြတယ်ရှင့်။ သူတို့ကို ဘယ်နေ့ဘယ်လိုပုံစံနဲ့ လွှတ်ပေးမှာလဲ။

သူတို့က နောက်ပိုင်းကျတော့ တွေ့ခွင့်ပေးမှာပါ။ လောလောဆယ် စစ်ဆေးရေး စစ်ဆေးနေတဲ့အချိန်မှာ အပြင်လူနဲ့တွေ့ရင် သင်ပေးတာတို့ဘာတို့ အဲဒီလိုဟာမျိုးတွေဖြစ်မှာစိုးလို့ စစ်ဆေးတာပြီးသွားတဲ့ အချိန်မှာ တွေ့မယ်။ လူကြီးတွေက ခဏ တွေ့ခွင့်မပေးသေးတာပါ။

ကျေးဇူးတင်ပါတယ်။

ကျေးဇူးတင်ပါတယ်You are here

Home » Section » Interview » ‘‘လူစုလူဝေးကို ဖြေရှင်းတဲ့နေရာမှာ EU နည်းနဲ့ဖြေရှင်းတာ’’ ပဲခူးတိုင်းဒေသကြီး ဒုရဲတပ်ဖွဲ့မှူးရဲမှူးကြီး ၀င်းစိန်နှင့် တွေ့ဆုံခြင်းYou are here‘‘လူစုလူဝေးကို ဖြေရှင်းတဲ့နေရာမှာ EU နည်းနဲ့ဖြေရှင်းတာ’’ ပဲခူးတိုင်းဒေသကြီး ဒုရဲတပ်ဖွဲ့မှူးရဲမှူးကြီး ၀င်းစိန်နှင့် တွေ့ဆုံခြင်း