ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Friday, May 29, 2015

Apple Watch ဖုန်းမပါပဲ သုံးမရ









Apple Watch ကတော့ ဖုန်းပြောလို့  အဆင်ပြေပါတယ် 
iMessage ပို့ ရတာ အဆင်ပြေပါတယ်
သွေးခုန်နှုန်း ရာသီဥတု မြေပုံရှာတာ ဓာတ်ပုံအနည်းငယ်ကြည့် တာ တို့  ဓာတ်ပုံရိုက်တာ သီချင်းဖွင့် တာ တို့  လုပ်လို့ ရတာ ကောင်းမွန်တဲ့ အခြေအနေပါ 
၁၁-၄-၂၀၁၅ က ငွေပေးထားတာ ၂၈-၅-၂၀၁၅ မှ ရပါတယ် ဒါတောင် နှစ်လုံးစလုံး ကို ဖုန်းခေါ်ပြီး တလုံးပဲ ရမယ် လို့ လုပ်သေးတာ
လူကြီးတွေ ကျန်းမာရေး အတွက် အဆင်ပြေမလား လွယ်ကူသလား ဆိုတာ ကို တော့ သိပ်ပြီး မထူးခြားပါဘူး နည်းပညာ အသစ်လေး အစပြုစ အခြေအနေ ဆိုတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက online ကသွေးပေါင်ချိန် ကြည့် လို့ ရတဲ့ စက် လိုပါပဲ
အင်တာနက် အမြဲတမ်းလို အပ်နေတာပါ
GPSနဲ့ ကျန်းမာရေး မှတ်တာဆိုတော့အင်တာနက်မရှိရင်
သွေးပေါင်ချိန်စက် အသေးစား အဖြစ်သာ တွေ့ ရမှာပါ
သင့်တင့်သောတန်ဖိုး သာပေးဆပ်ဝယ်သင့်ပါတယ် ဒေတာသုံးရတာ လုံးဝမလုံလောက်ပါ
အချိန်ပေး ရမှာရယ် နာရီလေးတာ မကြိုက်သူတွေ ဆင်ခြင်ပြီး ဝယ်သင့်ပါတယ်
အားလုံး မိမိစိတ်ဖြင့် ဆုံးဖြတ်ဝယ်ယူ ရာတွင် အသုံးဝင်စေရန် ရည်ရွယ်ပါသည် 

ငဝန်နဒီ

Sunday, May 24, 2015

မြန်ပြည် အတွက် ရေသွား ကုန်းမောင်း ယာဉ်

ရန်ကုန် တင်သွင်းရင် ကား အခွန်ရော သင်္ဘော အခွန် ပါ ဆောင် ရမယ်ထင်တယ် 

ကား အဟောင်း တစ်စီး ဝယ် ရအုံးမယ် ထင်တယ်

သင်္ဘော အဟောင်းတစ်စီး ဝယ်ရလိမ့်မယ်ထင်တယ်

တင်သွင်းခွင့်ရဖို့  အဲတာတွေ အပြင် 
ကားပါကင် ပြရအုံးမယ် ထင်ရဲ့ 

သင်္ဘောဆိပ် ပါ တင်ပြရမယ် ထင်ရဲ့ 

ကုန်းလမ်း ပို့ ဆောင်ရေး မှတ်ပုံတင် ရဖို့ အခွန်

ရေလမ်းပို့ ဆောင်ရေး မှတ်ပုံတင် ရဖို့ အခွန်

နောက်ဆုံးတော့ ရေတတ် ရေကြီး ရန်ကုန် အခွန် စုဆုံ ရွှေရန်ကုန် လေလား

www.watercar.com မှ ကူးယူဖော်ပြပါသည်










Specifications 

Weight: 2950 lbs

Height: 69″ windshield up

: 51″ windshield down

: 44″ windshield down, wheels retracted

Length: 180″

Width: 72″

Water Speed: 44 mph

Land Speed: 55+ mph

Passengers: 4

Engine: Honda 3.7 liter VTEC

Transmission: 4 speed manual

Marine Propulsion: Panther Jet

Tire Size: 30X9.50R15

Brakes: Four wheel disc

Wheel Retraction: Hydraulic

Fuel: 91 Octane Pump Gas

Cooling System: Closed with marine heat exchanger

Monday, May 18, 2015

မြန်မာပြည် ရေ အတွက် ဂျပန် ကျွမ်းကျင် ပညာရှင် ကူညီ ပုံ ကို NHK မှာပြနေသည်

အခု ည ၁၀ နာရီ ဂျပန် စံတော်ချိန် မှာ မြန်မာရေပိုက်လိုင်း ကို ကူညီဖို့  ဂျပန်ကျွမ်းကျင်ပညာရှင် သွားရောက် ကူညီပုံ ကို ယခု NHK တွင်ပြနေပါသည် ည ၁၁ နာရီ အထိ ပြသပါလိမ့်မည်

Saturday, May 16, 2015

ပန်းသီး နာရီ ဒဏ္ဍာရီ ပုံပြင်

ပန်းသီး နာရီ ပုံပြင် ကတော့ဒဏ္ဍာရီ ထဲ ထည့်ရမလိုဖြစ်နေပါပြီ

ငွေပေးထားတာ က ၁၁ရက်နေ့ ဧပြီလ အခု က ၁၁ရက် မေလ တစ်လတိတိ ရှိပါပြီ 
ကြိုမှာ သူတွေ ရလိမ့်နိုးနဲ့  ပြောပြီး ဧပြီ ၂၄ ရက်နေ့ ထွက်တာဆိုတော့ စောင့်ရင်း ဖုန်းလည်း မလာ ဘာမှ ကို မသိရ

ပေးလိုက်ရတာ က ယန်း ၂သိန်း ၆သောင်း လောက် တိုကျို ဂင်ဇာ က Biccamera ယူရကုချို ဘူတာ အထွက် ဆိုင်မှာ ကြိုပြီး ပိုက်ဆံပေးရမယ်ဆို လို့ ပေးလိုက်တာ 
တစ်လကြာပုံပြင် လေး ဖြစ်လို့ နေပါပြီ

ပုံပြင်ရေးနေ လို့  တမျိုးမထင်ပါနဲ့  ပန်းသီးနာရီ အတွက် ကျန်လူတွေ သိစေချင်လို့ ပါ

ဖုန်းအလာ ကို စောင့်ရတဲ့ပုံပြင်လေးပေါ့

Tuesday, May 5, 2015

ဂျပန် ကိုပဲဖြစ်ဖြစ် မြန်မာပြည် ကိုပဲ ဖြစ်ဖြစ် ဈေးသက်သာစွာဖြင့် LINE ကနေ ဖုန်းခေါ်လို့ ရပြီ

Voip,skype,viber ,netcall ကိုပိုက်ဆံထည့်သုံးကြည့်ပြီး အခုတော့LINE

LINE ကနေ ဖုန်းခေါ်တာ ရိုးရိုး ကဒ်ဖုန်းခေါ်တာထက် အလွယ်တကူ ဖုန်းအဝင်လွယ်တာ ကို တွေ့ ရမှာပါ

လစဉ်ကြေးပေး ဖုန်းခေါ်တာဆို မြန်မာပြည်ကို အိမ်ဖုန်းဖြစ်ဖြစ် လက်ကိုင်ဖုန်းဖြစ်ဖြစ် တစ်လစာ ကို ယန်း ၁၃၂၀ ကျမှာပါ

အချိန် တစ်နာရီ ပြောလို့ ရပါတယ်
တမိနစ်ကို ယန်း ၂၂ သာကျပါတယ်

အဲဒီတနာရီမလောက် လို့  ထပ်ပြောချင်သူတွေ အတွက် အိမ်ဖုန်း ကို ယန်း ၃၄ နဲ့  လက်ကိုင်ဖုန်း ကို ယန်း ၃၈ ကျပါတယ် အဲဒါကတော့ ရိုးရိုး ကဒ်တွေဆက်တာထက် ဈေးများသလို ဖြစ်မှာပါ

ဒါပေမဲ့ ဖုန်းခေါ်ရတာ အရမ်းလွယ်တာတွေ့ ရပါတယ်

မြန်မာပြည်မှာ LINE ထည့်လို့ ရသူတွေ အတွက် ဂျပန် ကို ဖုန်းခေါ်ရင် အိမ်ဖုန်း ကို လစဉ်ကြေး ပေးခေါ်ရင် တနာရီ အချိန်ရပြီး ယန်း ၁၂၀ ပါ
အိမ်ဖုန်း လက်ကိုင်ဖုန်း အပါဆိုလျှင် ယန်း ၃၉၀ပါ အချိန် တနာရီရမှာပါ
နှစ်နာရီ တလသုံးလိုလျှင် ယန်း၇၂၀ သာကျမှာပါ 
တမိနစ် ၆ယန်းသာ အိမ်ဖုန်း တမိနစ် ၂ ယန်း
 လပေးမလုပ်လို လျှင် အိမ်ဖုန်း
တမိနစ် ၃ ယန်း လက်ကိုင်ဖုန်း ၁၄ ယန်း သာကျမှာပါ ဖုန်းလိုင်းမတူတာကို ခေါ်လျှင် သက်သာတဲ့ဈေးပါ

အသုံးဝင်စေသူတွေကတော့ ဂျပန်လာလည်သူ ဖုန်းလည်းမဝယ်ချင်သူ မိမိ လက်ကိုင် စမတ်ဖုန်း ကို LINE သွင်းပြီး LINE ကဒ်ကို စတိုးဆိုင်မှာလိုသလို ဝယ် ဂျပန်က ဖုန်းတွေ ကို Wifi free ရတဲ့နေရာ တွေကနေ ခေါ်လို့ ရပါတယ်

အသုံးဝင်သူတွေအတွက်သာရည်ရွယ်ပါသည်
LINE လုပ်တဲ့ဂျပန် အကြောင်းရေးချင်ပေမဲ့
မရေးတော့ပါဘူး 

Sunday, May 3, 2015

အိမ်သုံး ဘက္ထရီ Tesla မှ ထုတ်ပြီ

အိမ်တွေမှာ သုံးဖို့  Battery ကို Tesla မှထုတ်လိုက်တာပါ

၁၀ နှစ် အာမခံပေးထားတာ ကို တွေ့ ရပါတယ်

Powerwall လို့ ခေါ်ဆိုပြီးတော့

ကာဗွန် လုံးဝမထုတ်လုပ်ပါဘူး

ထောင့်ဖြတ် ၃ ပေ အရှည် ၄ ပေ ဗြတ် ၆ လက်မ ရှိမှာပါ

တပ်ဆင်မယ်ဆိုရင် ဒေါ်လာ ၃၅၀၀ နဲ့  10kWh ပေးရမှာပါ

ဒေါ်လာ ၃၀၀၀ နဲ့  ကတော့ 7kWh ကို ရမှာပါလို့ ပြောထားပါတယ်

မြန်မာပြည် အတွက် အတော် ကို အသုံးဝင်မည့် ပစ္စည်း ဖြစ်မှာပါ

DCမော်တာ နဲ့ AC power သုံး လေစုတ်ပန်ကာ Eco Navi ပါတာကတော့ ဂျပန်ယန်း တစ်သိန်း သာသာ ပဲ ကျတာပါ