ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, April 3, 2016

ရိုးရာ နဲ့ နည်းပညာ

ရိုးရာ ဆိုတာ ရှေးအစဉ်အဆက် ကတည်းကထိန်းသိမ်း စောင့်ရှောက်ပြီး အဟောင်းကိုသာ တန်ဖိုးထား လက်ခံ ကျင့်သုံးရတဲ့အရာ အဲဒီနေရာ မှာ ပုံစံအသစ်တွေ ခေတ်နဲ့အညီ လို့ ပြောတာတွေဟာ မှားနေတယ် အဲဒါဆို ရိုးရာ မဟုတ်တော့ဘူးလေ ထိန်းသိမ်းလာတဲ့အစဉ်အလာပျက်ပြီ အဲဒါ ခေတ်သစ်ဖြစ်ချင်တဲ့စိတ် ရိုးရာ နားမလည်သူ အမြင်မှားပါ

ရိုးရာ ကို ထိန်းသိမ်းခြင်းဖြင့် ရှေးအစဉ်အဆက် ကို လေ့လာဖို့ သမိုင်းတို့ရာဇဝင် တို့ ရှိနေတာပါ

နည်းပညာ မှာတော့ အဟောင်းတွေ ဘယ်
လောက် ရှိရှိ အသစ်သစ်သော နည်းပညာတွေ အဲဒီအဟောင်း လုပ်နည်းကိုင်နည်း ထက်သာအောင် ဆန်းသစ် တီထွင် ရပါတယ် မတီထွင်နိုင်ပါက နည်းပညာ ကျဆုံးရတတ်ပါတယ် 
မကောင်းတတ် လို့နည်းပညာအဟောင်း သုံး
နေကျသူတွေက နည်းပညာ သစ် ကို အမြဲတမ်း စဉ်းစား လုပ်ဆောင်နေရတာပါ နည်းပညာသစ်လေ တိုးတတ် ဖွံဖြိုးဖို့ မြန်ဆန်လေပါ 
အဟောင်း ကိုဖက်တွယ်ထားလို့မရသလို
အသစ်အသစ် ပုံစံရှာဖွေရပါတယ် နည်းပညာ ကခေတ်နဲ့ အညီ လိုက်လျောညီထွေ ဖြစ်မှ တိုးတတ်မှုစံ မြှင့်မားမှာပါ

ရိုးရာ ကထိန်းသိမ်းအပ်သောအရာ 

နည်းပညာ က ခေတ်နဲ့အညီ တီထွင်ဆန်းသစ် သင့်သောအရာ

မြန်ပြည်သားတွေ အမြင်အသွေးသစ် ရနိုင်ကြပါစေ

ငဝန်နဒီ

No comments:

Post a Comment