ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, April 17, 2016

မြန်မာ့ရိုးရာ မင်္ဂလာနှစ်သစ်

မြန်မာ့ရိုးရာ မင်္ဂလာ နှစ်သစ် မှာ အားလုံး ကိုယ်စိတ် ကျန်းမာ ချမ်းသာ စွာဖြင့် ပျော်ရွှင် ချမ်းမြှေ့ နိုင်ကြပါစေ။

ငဝန်နဒီ(၁၇-၄-၂၀၁၆)မြန်မာ့ နှစ်ဆန်း တစ်ရက်နေ့

Tuesday, April 12, 2016

မြန်မာပြည် နှစ်သစ်ကူး မဟာသင်္ကြန်

မြန်မာ့ပြည် နှစ်သစ်ကူး မဟာ သင်္ကြန် 
မှာ အားလုံး ပျော်ရွှင် ချမ်းမြေ့ ကြပါစေ။

ငဝန်နဒီ

Saturday, April 9, 2016

ဒီမိုကရေစီ ရလဒ် နှင့် ဥပဒေ စည်းကမ်း နိဿယ

ဒီမို ကရေစီ ရေး ကြိုးပမ်းရင်း ခံယူချက်အတွက် နစ်နာမှုတွေ အတွက် အခုလိုအချိန်မှာ မြန်ပြည်နှစ်သစ်ကူးနဲ့ အတူ အကျိုးခံစားခွင့် ကို ဥပဒေ ဘောင်အတွင်းကနေ လူထုခေါင်းဆောင် က လုပ်ပေးလိုက် ကျေးဇူးတင်ရမှာပါ ထို့ အတူ
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ လုပ်လို့ ရတာ လုပ်သွားတာ နောက်နောင် တတ်လာမည့်
အစိုးရအဆက်ဆက် အတုယူဖွယ်ရာပါ
ထို အမွေအနစ် ကို ထိန်းသိမ်းနိုင်ပါစေ နည်းဥပဒေအရ လုပ်တာလေးကိုပါ

ထို့အတူ ရတဲ့အခွင့်အရေး ကို ယူပြီး
ဒီမိုကရေစီ ဆို ပြီး လုပ်ချင်တာ လုပ်လို့ရပြီဆို
ပြီးမရပါ
ဒီမိုကရေစီ အတွက် လူတိုင်းလူတိုင်း ကူညီရမည့်ကိစ္စပါ
ဆန္ဒပြ ကန့်လန့်တိုက် တာထက် ဥပဒေကြောင်း အရသာ လုပ်ဆောင်ရပေမည်
မကြိုက်မနှစ်သက်သည် ကို ဥပဒေ ကြောင်းအရ တားမြစ်နိုင်သလို တရားစွဲဆိုနိုင်ပေသည်
ရှေးဦးစွာ ညှိနှိုင်း လုပ်ဆောင်ပြီး မှ တဆင့်စီသွားရပေမည်
တခုခုဆို ဆန္ဒပြ ကန့်ကွက်တာထက် ဘယ်လို ကူညီ ဘယ်လို လုပ်ဆောင် ရမည် ကို တတ်ညီလက်ညီ ကူညီဖေး မတာတွေ လုပ်ခြင်း က သာ ဒီမိုကရေစီ လမ်းခရီးမြန်ဆန်ပေမည်

ဒီမိုကရေစီ မှာလည်း ဥပဒေ တွေ ကလည်း စည်းကမ်းနှင့်တကွ ရှိပေသည်
လုပ်ချင်တာလုပ်လုပ်လို့ရတယ်ထင်မနေပါနဲ့ 
အခုဆို တနေရာက ထောက်ပံလို့ဖြစ်ဖြစ် ရယူရလို့ဖြစ်ဖြစ် ကူညီခံရတယ်ဆိုပြီး ဘာမှ မဖြစ်ဖူးမထင်ပါနဲ့ တစ်စုံတစ်ယောက် က ငွေ နှစ်သောင်း ငါးထောင်ထက်ကျော် လို့ ဆိုပြီး အထဲရောက်သွားနိုင်တယ်ဆိုတာ သတိချပ်သင့်ပေသည် အများက ဝိုင်းထိန်း တတ်တာပါ မမေ့ပါနဲ့

နိဿယ သည် ဘယ်တော့မှပြန်ပြင်မရတတ်ပါ
နောင်အစိုးရသစ် တတ်မည့် ၅ နှစ် ထပ်စောင့်လို့ အဆင်ပြေရင် သက်သာကောင်းသက်သာနိုင်မှာပါ

ဒီမိုကရေစီမှာ အထောက်အပံရတိုင်း ရမယ်ဆို
ပြီး ဒီမိုကရေစီ ကန့်လန့်တိုက်သူအတွက် လူ့အခွင့်အရေး က ခံစားခွင့်ရသလို ဥပဒေ အရ အရေးယူခံရတတ်ပေသည်။

ဘာမှမလုပ်ရသေးတာ ကို ကန့်ကွက်ချင်သူ ဆန္ဒပြချင်သူ အရင်ညှိပါ ဥပဒေနဲ့ မိတ်ဆက်ပေးလိုက်ပါ ညစ်မရတာတွေ သိသွားမှာပါ
ဒီမိုကရေစီ လမ်း ကို ဝိုင်းတည့်ပေးရအောင်ပါ

မြန်ပြည်သားတိုင်း တာဝန် ကိုယ်စီပါ
ဒီကရေစီလမ်း ဥပဒေ နိဿယ နဲ့ ဖြောင့်ဖြူးနိုင်ပါစေ

ငဝန်နဒီ

Thursday, April 7, 2016

အစိုးရ နှင့် နိုင်ငံဝန်ထမ်း

အစိုးရ က မြန်မာပြည် အရ ဆိုရလျှင် ၅ နှစ် တစ်ကြိမ် ပြောင်းလဲပေမည် 
နိုင်ငံဝန်ထမ်း က ဝန်ထမ်းသက်တမ်း ပင်စင်မယူမချင်း နိုင်ငံတာဝန် ကိုထမ်းဆောင်ရပေမည်
နိုင်ငံဝန်ထမ်း တို့ သည် မိမိ အလုပ်ကို Professtional လုပ်ခဲ့သူများ ဖြစ်ပါက တဖက်ကမ်းခတ် ကျွမ်းကျင်သူများရှိပါသည်
ထိုအရာကို မေ့ထားလို့မရပါ
သို့သော် ရိုးသားခြင်း နှင့်စရိတ္တကောင်း သူတို့သည်
မည်သည့်အစိုးရတတ်တတ်ပူပင်စရာမလိုပေ။
အစိုးရနှင့် နိုင်ငံဝန်ထမ်း တို့ တတ်ညီမှု ရှိလျှင် တိုးတတ်မှုမြန်ဆန်ပေလိမ့်မည်။
ပြည်သူ ကတော့မိမိအလိုရှိတာကို မျှော်လင့်
ရင်း မှားယွင်းမှုတို့ကို ထောက်ပြရင်း
မိမိပတ်ဝန်းကျင် လူနေမှုဘဝ ပြောင်းလဲတိုး
တတ်ဖို့ စောင့်ကြည့်အကဲခတ် ရယူတတ်ရပေမည်
ပြည်သူ အလိုရှိသည်ကိုမပြော လုပ်မပေးရကောင်းပြောနေလို့မရ 
လုပ်သင့်တာကိုလုပ်ဖို့ ရသင့်တာကိုရဖို့ ပြည်သူ့တာဝန်သာ
ပြည့်သူ ကလည်း ဥပဒေ ဘောင်အတွင်းကသာ အခွင့်အရေးရှိပေမည်။
ဥပဒေက အရာရာ အတွက် စည်းဖြစ်ပေလိမ့်မည်။
တတ်ညီလက်ညီ တွဲလက်ချီ
မြန်ပြည်တခေတ်ဆန်းသစ်မည်။
ငဝန်နဒီ

Tuesday, April 5, 2016

တာဝန် ဝတ္တရား နှင့် အသုံးအဆောင်

တာဝန် ရှိသူ က တာဝန်ယူလာရရင် ဝတ္တရား ကျေပွန် ဖို့ လိုလာပါသည်
ထို့ကြောင့် လိုအပ်သော အသုံးအဆောင် တို့ ကို ဖြည့်ပေးရပါသည်

သာမန်နေသူ က ရိုးရိုးလေး နေလို့ ရပေမဲ့ တာဝန်ရှိသူ က ကောင်းမွန်သော အသုံးအဆောင် ရှိသော ပတ်ဝန်းကျင် ကိုရရှိနေမှာပါ 

ထို အသုံးအဆောင် တို့ ကို စနစ်တကျ သုံး ပြီး အကောင်းဆုံးသော ဝတ္တရား ကျေပွန်တာကို 
မြင်လိုသောကြောင့်သာတည်း

သာမန် အရ အိမ်ရိုးရိုးနေ လေအေးစက်မပါ ရပေမဲ့ တာဝန်ရှိသူ က လေအေးစက်နဲ့ အမိုးအကာလုံ ပြီးကောင်းမွန်သောအိမ်
အကြောင်းမူကား အပြင် အပူအအေး အတွက်
မကြောင့်မကျ ပဲ အချိန်ပြည့် အလုပ်လုပ်နိုင်
ခြင်း အိပ်စက်ချိန် သက်တောင့်သက်သာ အိပ်စက်မှသာ တစ်ပါးသူ အတွက် ထိုကဲ့သို့ ဖြစ်
အောင် လုပ်ပေးချင်စိတ်ပေါ်ပြီး
အချိန်တိုင်း တာဝန်သိစိတ် ရှိပြီး ဝတ္တရားကျေ
အောင် အများအတွက်ဆောင်ရွက်စိတ် ရှိမှာပါ

သာမန်ချိန် ဘယ်လိုနေနေ တာဝန်ချိန် မှာ
တော့ အများ ကို ကိုယ်စားပြုသူဆိုလျှင် အများရဲ့ အဆင့်ကို မြှင့်တင်ပေးသူ ဖြစ်ရမှာမို့ အများကိုယ်စား အသုံးအဆောင်ကောင်းသုံးပြီး အများ တန်ဖိုး တက်အောင် လုပ်ရပေမည်

ကုန်ကုန်ဆိုရလျှင် သင့်ကိုယ် သင်မပိုင် သော အများဆိုင်သောကြောင့် အများကိုယ်စား မိမိ ကိုယ့်ကို တန်ဖိုးထားသူ ဖြစ်ရပေလိမ့်မည်

တာဝန် ရှိသူက စီမံတတ်မှ ဝတ္တရားကျေပွန်ပေမည်

မြန်ပြည် တိုးတတ်လမ်းအမြန်လျှောက်လှမ်းနိုင်
ပါစေ။

ငဝန်နဒီ

Sunday, April 3, 2016

ရိုးရာ နဲ့ နည်းပညာ

ရိုးရာ ဆိုတာ ရှေးအစဉ်အဆက် ကတည်းကထိန်းသိမ်း စောင့်ရှောက်ပြီး အဟောင်းကိုသာ တန်ဖိုးထား လက်ခံ ကျင့်သုံးရတဲ့အရာ အဲဒီနေရာ မှာ ပုံစံအသစ်တွေ ခေတ်နဲ့အညီ လို့ ပြောတာတွေဟာ မှားနေတယ် အဲဒါဆို ရိုးရာ မဟုတ်တော့ဘူးလေ ထိန်းသိမ်းလာတဲ့အစဉ်အလာပျက်ပြီ အဲဒါ ခေတ်သစ်ဖြစ်ချင်တဲ့စိတ် ရိုးရာ နားမလည်သူ အမြင်မှားပါ

ရိုးရာ ကို ထိန်းသိမ်းခြင်းဖြင့် ရှေးအစဉ်အဆက် ကို လေ့လာဖို့ သမိုင်းတို့ရာဇဝင် တို့ ရှိနေတာပါ

နည်းပညာ မှာတော့ အဟောင်းတွေ ဘယ်
လောက် ရှိရှိ အသစ်သစ်သော နည်းပညာတွေ အဲဒီအဟောင်း လုပ်နည်းကိုင်နည်း ထက်သာအောင် ဆန်းသစ် တီထွင် ရပါတယ် မတီထွင်နိုင်ပါက နည်းပညာ ကျဆုံးရတတ်ပါတယ် 
မကောင်းတတ် လို့နည်းပညာအဟောင်း သုံး
နေကျသူတွေက နည်းပညာ သစ် ကို အမြဲတမ်း စဉ်းစား လုပ်ဆောင်နေရတာပါ နည်းပညာသစ်လေ တိုးတတ် ဖွံဖြိုးဖို့ မြန်ဆန်လေပါ 
အဟောင်း ကိုဖက်တွယ်ထားလို့မရသလို
အသစ်အသစ် ပုံစံရှာဖွေရပါတယ် နည်းပညာ ကခေတ်နဲ့ အညီ လိုက်လျောညီထွေ ဖြစ်မှ တိုးတတ်မှုစံ မြှင့်မားမှာပါ

ရိုးရာ ကထိန်းသိမ်းအပ်သောအရာ 

နည်းပညာ က ခေတ်နဲ့အညီ တီထွင်ဆန်းသစ် သင့်သောအရာ

မြန်ပြည်သားတွေ အမြင်အသွေးသစ် ရနိုင်ကြပါစေ

ငဝန်နဒီ

Friday, April 1, 2016

မြန်ပြည် နဲ့ အစိုးရသစ် မင်္ဂလာပါ

မင်္ဂလာရှိသော မြန်ပြည် နံနက်ခင်း
အစိုးရသစ် ရဲ့ အခင်းအကျင်းသစ် ကို စတင်
မြင်ရတော့မှာပါ လှိုက်လှဲစွာ ကြိုဆိုပါတယ်

မင်္ဂလာပါ

ငဝန်နဒီ