ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Sunday, June 24, 2018

လောက လက်ဆောင်

မည်သူမဆို ငယ်စဉ် တည်းက မွေးဖွားလာချိန်မှာ
ချမ်းသာသောသူ အဆင်ပြေသောသူ အဆင်မပြေသူ ပြည့်စုံမှုမရှိသောသူ
စသည်ဖြင့် အခြေအနေ အမျိုးမျိုး မှာ မွေးဖွားလာကြရပါတယ်

သို့သော် ရိုးသားခြင်း ယဉ်ကျေးခြင်း စသည်ဖြင့် ပတ်ဝန်းကျင်မှာ
ရယူစရာတွေ ရှိနေတာပါ ထို့အတူ အခြားသောမကောင်းမှု တွေ က ရှိနေတာပါ
လောက ကြီးက ကောင်းတာရော မကောင်းတာရော အတူ လက်ဆောင်အဖြစ် ပေးတာပါ

ထိုအတွင်းကနေ ကောင်းတာ ကို ယူသူကတော့ ကောင်းကျိုး ကိုခံစားခွင့်ရသလို
ကောင်းမှု ကို လက်ဆင့်ကမ်းဖို့ ဖြစ်လာပါတယ်

မကောင်းမှု ကို လောက လက်ဆောင်အဖြစ်ရယူသူကတော့
အပျက်သဘော
ဘဝမကျေနပ်မှု
စိတ်အလိုမကျမှု

စသည်တို့ဖြင့် လောကလက်ဆောင်ကို မကျေနပ်စွာ
ဘေးပတ်ဝန်းကျင်ကိုပါ ထိခိုက်စွာလုပ်ဆောင်ကြပါတယ်
ဒါပေမဲ့ အဲလို လောက လက်ဆောင်ကို ဘေးချောင်တနေရာ ချထား ချောင်ထိုးထားလိုက်ရင်
အဲဒီလောက လက်ဆောင် ခမျာဆက်လက်ရှင်သန်ခွင့်မရ ဖြစ်ရပါတယ်
အဲဒီလောက လက်ဆောင် ကိုခံစားတုံပြန် လိုက်ပါ လုပ်ဆောင်
 လို့ကတော့ သင်ကိုယ်တိုင်ပါ မကောင်းမှု လောက လက်ဆောင်ထွေး ပိုက်ရဲ့သားဖြစ်နေမှာပါ

တခုရှိတာ က မယူဘူး လက်မခံဘူး လို့ တစ်ခါတစ်ရံ မှာ ငြင်းမရ ဖြစ်တတ်ပါတယ်
ချောင်ထောင့်ထဲ ပို့လိုက်ပါ အားမနာပါနဲ့ ဒါပေမဲ့ လက်ခံပါ လောကလက်ဆောင် အကောင်းအဆိုး
ဘယ်လိုဖြစ်ဖြစ်လက်ခံပါ သို့သော် နေရာချသင့်သော နေရာ ကို သင်ကိုယ်တိုင် လုပ်ခွင့်ရှိပါတယ်

ကောင်းမှုအကျိုး ကောင်းအောင်ပျိုး ခြင်း သည်
သင်ကိုယ်တိုင် ၏လုပ်ရက်သည်သာ

လောကလက်ဆောင် လက်ခံပြီး
လောကအရသာ ခံစားရင်း
လောက ကောင်းကျိုး
ပြုနိုင်ကြပါစေ။

ငဝန်နဒီ

(၂၄-၆-၂၀၁၈ -၁:၀၈ နာရီ တိုကျို ဂျပန်စံတော်ချိန် တိုကျို ဂျပန်နိုင်ငံ)