ဘစောတင် .
ကရင်ပြည်နယ် မြ၀တီမြို့ နယ် မူးယစ်ဆေးဝါး တိုက်ဖျက် နှိမ်နင်းရေး ရဲအဖွဲ့မှ ရဲအရာရှိ (၃) ဦး အပါအ၀င် ရဲတပ်ဖွဲ့ဝင်များကို နေပြည်တော် စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က ပြီးခဲ့သည့် တနလာင်္နေ့တွင် ဖမ်းဆီး၍ စစ်ဆေးမှုများ ပြုလုပ်နေကြာင်း သတင်းရရှိသည်။
မြ၀တီမြို့ နယ်အတွင်းရှိ ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့(ဒီကေဘီအေ) ထိန်းချုပ်ရာ မယ်ထော်သလေး ရွာတွင် ရဲအုပ် အေးထွန်း ခေါင်းဆောင်သော မူးယစ်အရာရှိများက မြင်းဆေး(ယာဘ)သွားဖမ်းစဉ် မြင်းဆေး ရောင်း သူများထံမှ လာဘ်ငွေ ထိုင်းဘတ် ၇၀၀၀၀ ကိုရယူခဲ့သောကြောင့် ယခုကဲ့သို့ အဖမ်းခံရခြင်း ဖြစ် သည်ဟု မြ၀တီရဲစခန်းမှ ရဲဝန်ထမ်းတဦးက ပြောသည်။
“အရာရှိနှစ်ယောက်နဲ့ အခြားအဆင့်တယောက်ကို စရဖက ဖမ်းပြီးစစ်နေတယ်၊ ရဲတပ်ကြပ် ထွန်းအောင် က တော့ ထွက်ပြေးသွားတယ်”ဟု ၎င်းက ဆိုသည်။
အဆိုပါ လာဘ်စားမှုနှင့် အဖမ်းခံရသူများမှာ ရဲအုပ် အေးထွန်းနှင့် အတူ ဒု ရဲအုပ် စိုးနိုင်ဝင်း၊ ရဲတပ်ကြပ်ကြီး ဟန်သိန်းဦးတို့ ဖြစ်ကြောင်း၊ ယင်းအမှုနှင့် ဆက်နွယ်သော ရဲတပ်ကြပ် ထွန်းအောင်နှင့် ရဲတပ်သား တဦးမှာ ခြောက်လုံးပြူး သေနတ် တလက်နှင့်အတူ ထွက်ပြေးတိမ်းရှောင် သွားခဲ့ကြကြောင်း သိရသည်။
အလားတူ မြ၀တီမြို့ နယ်မှူးဟောင်း ဒု ရဲမှူး တင့်လွင်ကိုလည်း ဖမ်းဆီးထားသည်ဟု မြ၀တီမြို့ ခံ တဦးက ပြောပြသည်။
“ဒီမှာ မာဆတ် (အနှိပ်ခန်း)တွေက အများကြီးရှိတယ်၊ တလ ကို ဆယ်ပုံး(ကျပ် ၁၀ သိန်း)ပေးရတယ်၊ အဲသလို ၀ါးခဲ့တာက အခုအမှုဖြစ်တော့ သူ့ ကိုလည်း ဖမ်းတော့တာပဲ”ဟု မြ၀တီမြို့ခံက ဆိုသည်။
၎င်း ဒု ရဲမှူး တင့်လွင်သည် ယခုအဖမ်းခံရချိန်တွင် မြ၀တီမြို့ မှ ဖာပွန်မြို့ သို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် နေချိန် ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
No comments:
Post a Comment