မဇ္ဈိမ
ရန်ကုန်တိုင်း လှိုင်မြို့နယ် ၁၂ ရပ်ကွက်အတွင်း တည်ရှိကာ သမိုင်းလမ်းဆုံ အနီးတွင် ဆောက်လုပ်ထားသည့် အစိုးရပိုင် သားရေ ပစ္စည်းစက်ရုံတွင် နိုဝင်ဘာလ၁၉ရက် နေ့နံနက်ပိုင်းက မီးလောင်မှုတရပ် ဖြစ်ပွားခဲ့သည်။
သို့သော် မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ အဆိုအရ ပျက်စီးမှု အနည်းငယ်သာ ရှိခဲ့ကြောင်း သိရသည်။
လှိုင်မြို့နယ် မီးသတ်တပ်ဖွဲ့မှ အရာရှိတဦးက မီးလောင်မှုသည် ၁၀ မိနစ်ခန့်သာ ဖြစ်ပွားခဲ့ပြီး၊ အခင်းဖြစ်ရာသို့ မီးသတ်ကား ၈ စီး လာရောက် ငြှိမ်းသတ်နိုင်ခဲ့သည်ဟု ဆိုသည်။
''ကျောက်စက်တိုက်ရာကနေ မီးပွားလွင့်ပြီးတော့ မီးခိုးခေါင်းတိုင်လောင်တာ'' ဟု မီးသတ်အရာရှိက ပြောသည်။
စက်ရုံသည် နိုင်ငံခြား တိုင်းပြည်များသို့ တင်ပို့ရန်အတွက် သားရေကုန်ကြမ်းများ အဓိက ထုတ်လုပ်သည့် အစိုးရပိုင် စက်ရုံဖြစ်သည်။
(ခိုင်စု သတင်းပေးပို့သည်။)
No comments:
Post a Comment