မဇ္ဈိမ
ရန်ကုန်တိုင်း တာမွေမြို့နယ်ရှိ အနှိပ်ခန်းတခုတွင် အုပ်စုလိုက် ခိုက်ရန်ဖြစ်ပွားရာ လူတဦး ရန်ကုန် ဆေးရုံကြီးတွင် ဆေးကုသမှု ခံနေရသည်။
ယခုလ ၁ဝ ရက်နေ့ ညပိုင်းက တာမွေမြို့နယ် ဦးချစ်မောင် အိမ်ယာ စီမံကိန်းရှိ TundraZone အမည်ရ အနှိပ်ခန်းတွင် ဆိုင်ဝန်ထမ်းများနှင့် လာရောက်အနှိပ်ခံသူ ၃ ဦး အချင်းဖြစ်ပွားရာ အသက် ၂၀ ကျော်အရွယ် ကိုဖြိုးမှာ အတွင်းလူနာအဖြစ် ကုသမှုခံရခြင်း ဖြစ်သည်။
အနိှပ်သမ ၃၀ ကျော်ရှိပြီး အမျိုးသား လုပ်သား ၂၀ ခန့်ရှိ အနှိပ်ခန်းကို အခင်းဖြစ်ပွားသည့် ညက ဒေသခံများက ခဲများဖြင့် ပစ်ပေါက်ကာ ဆိုင်မှန်ပြူတင်းကို ဖျက်ဆီးခဲ့သည်ဟု ဒေသခံတဦးက ပြောသည်။ အနှိပ်ခန်းသို့ တာမွေ ရဲစခန်းက နောက်နေ့ နံနက်တွင် လာရောက်စစ်ဆေးခဲ့သည်။
အိမ်ယာစီမံကိန်းတွင် အနှိပ်ခန်း ၃ ခုရှိနေပြီး ရဲကို လိုင်းကြေးပေး လာဘ်ထိုး၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း အမည် မဖော်လိုသော ရဲအရာရှိဟောင်းတဦးက ပြောသည်။
No comments:
Post a Comment