တိဘက်လွတ်မြောက်ရေး ခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ အမေရိကန်သမ္မတ ဘားရက်အိုဘားမား တို့ နောက်တပတ်ထဲ အိမ်ဖြူတော်မှာ တွေ့ဆုံကြမည်။
အခုလာမယ့်ဖေဖေါ်ဝါရီလ ၁၈ ရက်နေ့မှာ သမ္မတ အိုဘားမားနဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ တွေ့ဆုံကြမယ်ဆိုပြီး အိမ်ဖြူတော်က မနေ့ကပဲ ကြေညာခဲ့တာပါ။ တိဘက် လွတ်လပ်ရေးအတွက် တရုတ်ကနေ ခွဲထွက်ဖို့ ကြိုးပမ်းနေတဲ့သူလို့ တရုတ်ဘက်ကပြောနေတဲ့ ဘုန်းတော်ကြီး ဒလိုင်းလားမားနဲ့ အမေရိကန် သမ္မတအိုဘားမားတို့အကြား ဘယ်လို ပြောဆိုမှုမျိုးကိုမဆို ဆန့်ကျင်တဲ့အကြောင်း တရုတ်ဘက်က ထုတ်ပြောကြားသည်။ ဘုန်းတော်ကြီး ပြောနေတာကတော့ တိဘက်ခွဲထွက်ရေး မဟုတ်ဘဲ တရုတ်နိုင်ငံအတွင်း တိဘက်တို့ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ကျယ်ကျယ်ပြန့်ပြန့် ပိုရနိုင်ရေးကို ပြောနေတာပါ။
No comments:
Post a Comment