မဇ္ဈိမ
ထောင်ဒဏ် ၃ နှစ်ချခံထားရသည့် အမေရိကန်နိုင်ငံသား ကိုညီညီအောင်ကို စစ်အစိုးရက ယနေ့ မနက်တွင် ပြည်တော်ပြန်ခွင့် ပြုလိုက်ပြီဟု အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ပြောသည်။
သူ့အား ပြည်ထောင်မှ အင်းစိန်ထောင်သို့ ယမန်နေ့ညကတည်းက ပြန်ခေါ်လာခြင်းဖြစ်ပြီး ယနေ့ ၁၂ နာရီတွင် အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေနှင့် တွေ့ဆုံခဲ့သည်။
ကိုညီညီအောင် လွတ်ပြီဖြစ်ကြောင်း အမေရိကန်သံရုံးက အဒေါ်ဖြစ်သူကို ယမန်နေ့က အသိပေးခဲ့သည်။
ယခုအခါ ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ထွက်ခွာလာနေပြီ ဖြစ်သည်။
No comments:
Post a Comment