Sunday, April 1, 2012

ကဗျာဆရာကြီး ဒဂုန်တာရာ ကိုယ်တိုင်မဲပေးမည်

by Yangon Press International on Saturday, March 31, 2012 at 12:57pm ·

မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်- (YPI)
ရှမ်းပြည်နယ် အောင်ပန်းမြို့တွင်နေထိုင်လျက်ရှိသော အသက် (၉၀) ကျော်အရွယ် မျက်မမြင် ကဗျာဆရာကြီးဒဂုန်တာရာဟာ ကြိုတင်မဲဆန္ဒပေးခြင်း မပြုပဲ ဧပြီလ (၁) ရက်နေ့မှာ သက်ဆိုင်ရာ မဲရုံသို့ ကိုယ်တိုင်သွား မဲပေးမည်ဖြစ်ကြောင်း သိရသည်။
ဆရာကြီး ဒဂုန်တာရာ မဲပေးမည့်နေရာမှာ ကလောမြို့နယ် ရွာငံစု အမက (၁၄) တွင် ဖွင့်လှစ်ထားမည့် မဲရုံ အမှတ်(၆) တွင်ဖြစ်ကြောင်း သိရသည်။
ဆရာကြီး ဒဂုန်တာရာအနေဖြင့် မျက်စေ့မမြင်သည့်အတွက် ၄င်းဇ။် တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ ကို အကူအညီဖြင့် ခေါ်ဆောင် မဲဆန္ဒပြုဖွယ်ရှိကြောင်း စုံစမ်းသိရသည်။
ဆရာကြီး ဒဂုန်တာရာသည် သခင်ကိုယ်တော်မှိုင်းဦးစီးသည့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို ဦးဆောင်ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး တစ်သက်တာ ကာလပါတ်လုံး ငြိမ်းချမ်းရေး အယူအဆ ကိုကိုင်စွဲထားသူဖြစ်သည်။

ဆရာကြီးဒဂုန်တာရာဇ။် ထင်ရှားသော အယူအဆ တစ်ခုမှာ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ ဆိုသော အယူအဆ ဖြစ်သည်။

No comments:

Post a Comment