သမ္မတ ကြီးကခေါ်တော့ နိုင်ငံတကာ မြန်မာတွေ ပြန်ချင်ကြမှာပါ
ဘာပဲဖြစ်ဖြစ်လေ တစ်ခုခုဆို ကျော်တတ် လွှားတတ် လုပ်တတ်မှရယ်
ညဆို အိပ်တတ်တဲ့ ငှက်တွေ လို အိပ်တတ်ရင်လည်း အကောင်းသား
ကားကျပ်ရင်လည်း ကျော်လွှား ပျံလို့ ရတဲ့ ကားမဝယ်နိုင်သေးတော့
အတောင်ပါ ပြီးပျံတတ်မှလေ...
ပြန်တော့ပြန်ဖြစ်ပါတယ် နေ့ ခင်းအိပ်မက်ထဲ မှာ တကယ်ကို ပြန်ဖြစ်ပါတယ်
ပျံတတ်တဲ့ တစ်နေ့ နေ့ တော့ ပြန်ဖြစ်မှာပါ...
ပျံတတ်ရင် ပြန်မှာပါ...
ငဝန်နဒီ
No comments:
Post a Comment