ကလေး များကို တရားမဝင် အလုပ်ခိုင်းလျှင် ထောင်ဒဏ်ငွေ ဒဏ် ချမှတ်နိုင်ဟု အလုပ်သမားဥပဒေ စစ်ဆေးရေး ဦးစီးဌာန ကပြောသည်..
ဒီနေရာမှာ တစ်ချို့ တွေ က မိဘ ကျောင်းမထားနိုင်လို့  ဘာလို့  အခြေအနေအရ အလုပ်လုပ်ရပါသည် ဆို အကြောင်းပြပြီး
အဲဒီဥပဒေကို ချိုးဖောက်မှ ရမည် ကို ပြောတာတွေ ရှိလာမှာပါ..
စားဝတ်နေရေး အရ အလုပ်လုပ်ရလျှင် ဘာကြောင့်လုပ်ရသည် ဘာအတွက်ကြောင့် လုပ်ရသည် ကို တွက်ရပါတော့မည်..
မိဘစားဝတ်နေရေး မပြေလည်သည် ကို ကြည့်လျှင် မိခင်ဖခင် မရှိလို့ လား ပရဟိတဂေဟာများ မြန်မာပြည်တွင်ပေါများပါသည်
မိခင်လောင်းကစားလုပ်ဖို့  ဖခင် သေရည်သေရက်သောက်ဖို့  အလုပ်လုပ်ရသော ကလေးများအတွက် ဒီဥပဒေ က တစ်ဆင့်ချင်း အကာအကွယ် ပေးရပေမည်..
ကလေး ကို ပညာအတွက် ဘုန်းကြီးကျောင်းသင်ပညာရေးစနစ်လည်းရှိသလို ..နိုင်ငံတော်ကပါ ဒီနေရာမှာ ဝင်ပါရန် လိုပေလိမ့်မည်..
ဒီမိုကရေစီနိုင်ငံတွင် ကလေးတိုင်း ပညာသင်ရပေသည်..
မိဘ အဆင်မပြေသူ များ ကို မပြေသလို ထောက်ပံပေးရပါသည်..မြန်မာပြည်သည် အနည်းနှင့်အများ အကူအညီ ပေးသော ရနိုင်သော နိုင်ငံဖြစ်ပေသည်..
ကလေး ကို အလုပ်မခိုင်းအောင် မိဘ ကို ထောက်ပံရသည်ဆိုရာဝယ် အမှန်တကယ် အကူအညီ လိုအပ်သူဟုတ်မဟုတ် စီစစ်ရပေသည် ဂျပန်သည်ပင်လျှင် စီစစ်ချိန် အလွန်ကြာပါသည် ထောက်ပံပြီးတိုင်အောင် ထိုမိဘသည် လောင်းကစားလုပ်လျှင်
တစ်လတစ်ခါ အစား တစ်ပတ်တစ်ခါ လျှော့ချပြီး အလီလီ ပေးပါသည် သေသေချာချာ စုံစမ်း ပြီး တစ်ဆင့်ခြင်းလုပ်ဆောင်ကြပါသည်.နောက်ဆုံး အဆင့် မိဘ နှင့် ကလေးသပ်သပ်စီထားပြီး ကလေး ကို ကြည့်ရှု စောင့်ရှောက်ပါသည်.
နိုင်ငံတော် အထောက်အပံ စနစ် ရှိဖို့ လိုအပ်လာပါသည်..ကလေးခိုင်းစေမှု ဥပဒေ ရှိရုံဖြင့် မပြီးပဲ အထောက်အပံ စနစ် တစ်ချို့  အကောင်အထည်ဖော် ရပေမည် သို့ မဟုတ်လျှင် ရပ်ကွက် မြို့ နယ် က စုပေါင်းကောက်ခံ ထောက်ပံ ခြင်း လုပ်လျှင် ကလေးငယ် များ အလုပ်ခိုင်းစေမှု ဥပဒေလည်း အကျိုးသက်ရောက်ပြီး
ဒီမိုကရေစီ ကလေးငယ်များအဖြစ် အသက်ရှင်သန်နေထိုင်ရပေမည်.
ငဝန်နဒီ
No comments:
Post a Comment