Sunday, September 15, 2024
အိုင်ဖုန်း ၁၆ ပရိုမက် ဝယ်သင့်သော အကြောင်း
Tuesday, August 20, 2024
၂၀၂၄ အလွန်
Wednesday, August 14, 2024
ထိုင်း နိုင်ငံသတင်း
ဒီနေ့ ထိုင်း ဝန်ကြီးချုပ် ကို အနားပေးလိုက်တဲ့ သတင်းတက်လာပါတယ်။
ထိုင်း က တပတ် အတွင်းနဲ့ ထူးခြားမှု ကို ဩဂုတ်လ ၂၀၂၄ မှာ တွေ့ရပါတယ်။
ကောင်းတာ ဆိုးတာ ကို မဆိုလိုပါ။ ၂၀၂၄ အလှည့်အပြောင်း မြန်ဆန်တာ ကို တွေ့ရလို့ပါ။
ငဝန်နဒီ
Thursday, August 8, 2024
၂၀၂၄ ခေတ်ပြောင်း သို့တည်းမဟုတ် ခေတ်သစ်အလှည့်
၂၀၂၄ ရဲ့ ခေတ်ပြောင်း က လွန်ခဲ့သော ၃၆နှစ် အခြေအနေ ၊ အနေအထား ၊ အယူအဆ အကုန် ပြောင်းသွားတာ တွေ့ရပါတယ်။
အခု ခေတ်ပြောင်း လို့ ဆိုတဲ့ ရီဗောလူးရှင်း ဆိုတာထက် ခေတ်သစ် အလှည့် လို့ဆိုရမယ်။
၆ ရက် ၈ လ ၂၀၂၄ မှာ ဘင်္ဂလားဒေ့ရှ် ကိုပဲကြည့် ၊
ဒီနှစ်အစ မှာ ရွေးကောက်ပွဲ နိုင်တယ် ဆိုပေမဲ့ ၈ လပိုင်း မှ ထွက်ပြေးတာ ကြုံနေရတယ်။
မနေ့က ၇ ရက် ၈ လ ၂၀၂၄ မှာ ကတော့ ထိုင်းက ပြည်သူတွေ ရွေးထားတဲ့ ပါတီ ကို ဖျက်သိမ်းခိုင်းတယ်၊
နိုင်ငံရေး သမား တွေ ကို နိုင်ငံရေးက ၁၀ နှစ် နားခိုင်းတယ်၊ ဒါဟာ ဘာအကျိုး ဆက်ဖြစ်လာမယ် ကို ကြည့်ရမှာပေါ့၊
ဒီနေရာ မှာ၂၀၂၄ ခေတ်သစ်အလှည့် ကိုကြည့်ရအောင်
လူသားအရင်းအမြစ် တွေ မတရားတာ က နိုင်နေသရွေ့တော့ ကြောက်စရာ ဖြစ်နေတာပါ၊ နိုင်ငံတော်တော် များများ ပြဿနာတွေနဲ့ပါ။
စီးပွါးရေး ဆိုလည်း ပြောင်းတာမှ လက်ကလေး ထောက်လိုက် ဘာလိုက်နဲ့ နိုင်ငံ ကျော် တာမက ပိုက်ဆံ ကိုင်စရာ မလို ၊ လုံးဝ ပြောင်းလဲသွားတာပါ။
ငွေကြေးဖောင်းပွ တာလည်း အလဲလဲအကွဲကွဲ ဖရိုဖရဲ ကိုဖြစ်လို့ အကျိုးဆက်က
စီးပွါးရေး ပြိုလဲ တာ တွေ၊ ဖြိုဖျက် သွားတာတွေ က များပြားလာတာပါ။
စွမ်းအင် ရင်းမြစ် ပြောင်းထွက်သွားတာပါ၊ တချို့က ထင်မယ် ဒီလောက်လည်းမဟုတ်ပါဘူးပေါ့၊တကယ်တော့ သဘာဝ ရင်းမြစ် ရယ် ၊ ကျွမ်းကျင် ပညာရှင်စစ်စစ်ရယ်၊ အမှန်တကယ် အသုံးချ တာ တွက်ချက်တာ မှန်ရင် သီးခြားနေလို့ရတဲ့ စွမ်းအင်သစ် တွေပါ။
ဆက်သွယ်ရေး နည်းပညာသစ် ကလည်း သီးခြား ကမ္ဘာသစ် ကို ဖော်ဆောင်သွားတာပါ၊ တကယ်ကို အံမခန်းပါပဲ၊ မြင်မရတဲ့ အရာ တွေနဲ့ နည်းသစ်တွေပါ။တွေ့ထိမရတဲ့ အရာ လေထဲမှာ လွင့်မျော နေတာ က သင့်ကို မည်သူနဲ့ မဆို ဆက်သွယ်ပေးနေပြီလေ။
လုံခြုံစိတ်ချ ရတဲ့ ဝန်းကျင် ကိုလည်း သင့်လက်ထဲ ကို သင်ကိုယ်တိုင် ကိုင်ခွင့်ပေးသလို၊စည်းမျဉ်းတွေပါပြောင်းသွားပါတယ်၊သက်မဲ့ အိမ်ဟာ နှစ်၅၀ ပဲ သုံးတာ ကောင်းတယ် ဆိုမျိုးပေါ့။အသက်ကို ဥာဏ်စောင့် ဆိုတဲ့ အရာပေါ့။နည်းပညာ တော် တိုင်း သက်မဲ့ အသက်ရှည်တယ် ထင်ကြတယ်၊ သက်ရှိအသက်ရှည်ဖို့ သက်မဲ့ ကို သက်တမ်းကန့်လိုက်တာ စည်းမျဉ်းတန်ဖိုးသစ်ပါ။
အဆောက်အဦးတွေ ရဲ့ ပုံစံသစ် ကို တွေ့ နေရသလို လို သလိုလုပ်နေကြတာက ခွဲထွက်လာသော ပုံသစ်တွေပါ၊ သဘာဝမှာ နေထိုင်တာမျိုးပေါ့။
မျိုးဆက်သစ် နှင့် သက်ကြီးရွယ်အို အလှည့်အပြောင်းက လည်း ထူးခြားသွားပါတယ်၊ဘယ်လောက်တောင် ပြောင်းလဲ သွားလည်းဆိုတော့ စနစ်တကျ နဲ့ သွယ်ဖယ်လိုက်တာပါ၊ မျိုးဆက်သစ် က မိမိ ကိုယ်ကို ကာကွယ်ရင်း လမ်းသစ်လျှောက်ရင်း တလှမ်းခြင်း လှေကားတက်တာလား၊ငြမ်းနဲ့တက်နေတာလား မသဲကွဲဘူး၊ ဒါပေမဲ့ ခေတ်သစ် ကို လှည့်ထုတ်တာတော့ မမှားပါဘူး။
ခေတ်သစ်အလှည့်ကို တွေ့မှီ နိုင်ကြပါစေ။
ငဝန်နဒီ
Wednesday, August 7, 2024
ထိုင်း နိုင်ငံ
ဒီနေ့ သတင်းထဲ တွေ့ရတာ က ထိုင်း နိုင်ငံ ရဲ့ တရားရုံး က
မဲအများဆုံး ခဲ့ သော ပါတီ ကို ဖျက်သိမ်း ခံလိုက်ရပြီး၊
ပါတီ ဦးဆောင်သူ (ပီတာ) ကို နိုင်ငံရေး ကနေ ဆယ်နှစ် အပိတ်ခံ ရတယ် လို့ဆိုပါတယ်၊
စိတ်မကောင်းစရာ ပါ၊
၂၀၂၄ ခုနှစ် ထဲ မှာ တွေ့ရတဲ့ အိမ်နီးချင်းနိုင်ငံ ရဲ့ အကြောင်းအရာ လေးပါ။
ငဝန်နဒီ
Sunday, July 21, 2024
ကြိုး မဲ့ ဖုန်စုပ်စက် ကြမ်းတိုက်စက်
တလောက အပြင်သွားရင်း စျေးဝယ် ရင်း တွေ့မိတာ အီလက်ထရိုလပ် ကထုတ်တဲ့ စက် ဖုန်လည်းစုပ်၊ ကြမ်းတိုက် စက်လည်းပါ ၊ ခေါင်း ပိုင်းလေးပဲ ဖြုတ်တပ် ပြောင်းရုံလေးပါ။
ဂျပန်ယန်းနဲ့ ကလည်း ၃သောင်းခွဲ ကျော်ကျော် လေး ၊ မီးအားပြည့်နေရင် မိနစ် ၄၀ လောက် သုံးလို့ရတယ် လို့ဆိုပါတယ်၊
ရေနဲ့ စက်ကို သန့်ရှင်းရေး လုပ်ထားရင် ၂၄ နာရီ စိုတဲ့နေရာ ခြောက်ဖို့ တော့ စောင့်ပေးဖို့တော့ ပြောထားပါတယ်။
အရင်လို ကြမ်းတိုက်စက်သပ်သပ်၊ ဖုန်စုပ်စက် သပ်သပ် ဝယ်စရာ မလိုတော့ဘူးပေါ့။
ငဝန်နဒီ
Saturday, July 20, 2024
နက်ဖလစ် ကို အက်ပယ်စတိုး ကနေ လ စဉ်ပေးတာ မပေးမိဖို့( ငွေပြန်တောင်းတာ ပြန်ရပါပြီ)
Sunday, July 14, 2024
ယူနီကုဒ် ဖြင့် ပြန်လည် ပြုလုပ်ခြင်း
လွန်ခဲ့သော တချိန် က ဇော်ဂျီကုဒ် ကို သုံးခဲ့ ကြပါတယ် အခုတော့ နိုင်ငံတကာ ပါ အသုံးပြုလို့ လွယ်ကူ စာရေး ရ အဆင်ပြေ စေတဲ့ မည်သူမဆို ဖတ်လို့ ရတဲ့ ယူနီကုဒ် ကို သုံးတာ ပါ ၊ အိုင်ဖုန်း တွေ မှာ ပါဝင်လာ တာလည်းပါတာပေါ့၊
မည်သို့ပင်ဖြစ်စေကာ မူ အားလုံး အဆင်ပြေ စေဖို့ ယူနီကုဒ် ကို အသုံးပြုရတာပါ။
၁၅:၃၉ နာရီ ၊ ၁၄-၇-၂၀၂၄ တိုကျိုမြို့၊ ဂျပန်နိုင်ငံ။
Friday, July 20, 2018
တိုးတတ်လမ်းစ သို့မဟုတ် ခြေတလှမ်းအယုတ်
ဒေါ်လာဈေးတွေ မတန်တဆ ဖြစ်
အိမ်ယာတွေ ရောင်းမရ
ကွန်ဒို ဆိုတာကို မြေယာ အချိုးကျနဲ့ တိုင်းတပါးသား ကို ရောင်းဖို့ လုပ်တာ
ငြိမ်းချမ်းရေး ဆုံမှတ်က အမိမြေကို သူတပါး မပိုင်စေရ တဲ့
ဒီမိုကရေစီလမ်း
ယိုသူက မြင်သူ ကို တရားစွဲလို့ရတာကို အမှန်လို့ထင်နေတာ
ယိုသူ ကမသိမသာ လှန်လည်းပြ သူမှန်တဲ့ ထင်နေတာ
ဒီမိုကရေစီ က သူ့ ကို လမ်းဘေး မှာ ယိုသူ အဖြစ်ထားခဲ့မှာပါ
မြင်သူက အများသိဖို့ ပြောပြရုံလေးရယ်ပါ
စီးပွားရေးက ခရိုနီလက်ထဲမှာပါပဲ
ဒီမိုကရေစီမှာ ပြည်သူပိုင်မသိမ်းပါဘူး
ပြည်သူ လက်ထဲ ပြန်ထည့် ပေးတတ်ပါတယ်
ထည့်ပေးချိန်မှာလွဲပြောင်းချိန်မှာ
အခက်အခဲရှိတတ်ပါတယ်
ချောင်းထဲမြစ်ထဲ ငါးရှာမရတာ ပြည်သူစီးပွားပျက်ခဲ့ရတာ
ချောင်းတွေမြစ်တွေ ပိုင်တဲ့ ခရိုနီတွေ စီးပွားပျက်တာ
ပြည်သူတွေ လက်ထဲ ပိုနေမြဲ ကျားနေမြဲ ပြန်ပေး တာလေးပါ
ခရိုနီစီးပွားပျက်တာမဟုတ် ပါ
လက်ဝါးကြီးအုပ်ထားတာ ပြည်သူဆီပြန်ပေးရမှာနမြောလို့
စီးပွားရေးကျဆင်း တယ်ပြောနေတာပါ
ပြည်သူတွေ ဟင်းစားရဖို့ လမ်းစလေးပါ
သစ်တောထဲဖြတ်သန်းမရတဲ့ ပြည်သူတွေ အတော်ကြာပေါ့
သစ်တောထဲ ပြည်သူ ပြန်ဝင်ခွင့်ရရင် တောင်ယာစိုက်လို့ ဝမ်းစာဖူလှုံတော့မှာမှာ
မျှစ်ချိုး အသီးအရွက် ကလေးက ဟင်းစားရနည်းလား
သစ်တောစီးပွားမပျက်ပါ အလဟသ ဖြစ်နေသော တော ပင်လေး စားသုံးခွင့်မရှိခဲ့တာ ပြန်ရတာလေးပါ
နေစရာ မြေမရှိသူတွေ မြေပျောက်နေပေမဲ့
မြေယာ ဧက ရာကျော် ပိုင်သူတွေ မြေယာကို အကျိုးရှိမသုံးတတ်တာကို
စီးပွားပျက်တာ ကျတာဆိုပဲ
စီးပွားပျက်တာမဟုတ် မူမှန်နေရာမှန် ပြည်သူလက်ထဲ မြေယာပြန်ရောက်ဖို့
အချိန်ကို အဆုံးအဖြတ်ပေးခိုင်းနေတာပါ
ဒီမိုကရေစီအခွန်ဆောင်လိုက်ရင် စက်မှုဇုံမြေတွေ
စီမံကိန်းမြေတွေ ပြည်သူ တွေ နဲ့ နီးလာမှာပါ
ထိုအတူပဲ
ပို့ဆောင်ရေးတွေ စီးပွားကျ မှာပေါ့
ပြည်သူ့ငွေမပါဘူးလေ အပါမခံဘူးလေ
စတော့ရှယ်ယာ ကို အိပ်ခိုင်းနေတာကိုး
ပြည်သူ့ငွေ ပါရင် အရည်အချင်းမရှိသူ ကို ဦးဆောင်ခွင့် ဘယ်ပေးပါ့မလဲ
ပို့ဆောင်ရေးကို ပြည်သူ့လက်ထဲထည့်ဖို့
စီးပွားရေးအဆင်မပြေလို့ဆိုပြီး
ပြည်သူ့လက်ထဲထည့်ချိန်စောင့်ဖို့
စီမံညံသူ စီးပွား အဆင်မပြေဖြစ်ရပါတယ်
ဒါကို အချိန်ပေးစောင့်ရပါတယ်
ဒီမိုကရေစီကလက်ဝါးကြီးအုပ်သူ
စီမံမှုညံသူ
မိမိအကျိုးစီးပွားကြည့်သူတွေ
စီးပွားရေးအဆင်မပြေ လုပ်မရဖြစ်တဲ့ အခြေအနေကို
ဒီမိုကရေစီ လုပ်ငန်းစဉ်တွေ က
စီးပွားဆွဲချသလို ဖြစ်တတ်ပါတယ်
ပြည်သူလက်ထဲခွဲဝေဖို့
ဒီမိုကရေစီက အကြမ်းမကိုင်
မြစ်ချောင်း ပြည်သူ့လက်သို့
လယ်ယာပြည်သူ့ဆီသို့
မြေယာ ပြည်သူ့  အတွက်ရယ်သာ
သစ်တောပြည်သူ အများ သွားလာစရာ
ပို့ဆောင်ခရီး ငွေကြေးတန်ဖိုး စသည်ဖြင့်
မသိမသာ ပိုက်ဘောစွပ်မိ မတောလောဘ စီးပွားကျခြင်းရယ်သာ
ဒီမိုကရေစီက ညင်သာပါတယ်
ပြည်သူ့ နဲ့အတူ ဖြည်းဖြည်းငြိမ့်ငြိမ့်လေး
ပြည်သူဆီပြန်ဆင်းလာတော့မှာပါ
ပြည်သူ့အတွက် မစီမံနိုင်သူကလည်း
ရွေးကောက်ပွဲက အဖြေ
အဖြေမကောင်း
အမေခေါင်းလို့လက်လွဲမရ
လာဘ်စားမူက သင့်ထိုက်သင့်ကံ
ခံရမည်သာ
ဒီမိုကရေစီလမ်း
တသွင်သွင်စီးချောင်းပမာ
အေးချမ်းသာယာ
မြဲနေမှာပါ
ငဝန်နဒီ
(၂၁-၇-၂၀၁၈ -သောကြာနေ့ ၁၁:၄၀နာရီ တိုကျိုဂျပန် စံတော်ချိန် တိုကျို ဂျပန်)
Sunday, June 24, 2018
လောက လက်ဆောင်
ချမ်းသာသောသူ အဆင်ပြေသောသူ အဆင်မပြေသူ ပြည့်စုံမှုမရှိသောသူ
စသည်ဖြင့် အခြေအနေ အမျိုးမျိုး မှာ မွေးဖွားလာကြရပါတယ်
သို့သော် ရိုးသားခြင်း ယဉ်ကျေးခြင်း စသည်ဖြင့် ပတ်ဝန်းကျင်မှာ
ရယူစရာတွေ ရှိနေတာပါ ထို့အတူ အခြားသောမကောင်းမှု တွေ က ရှိနေတာပါ
လောက ကြီးက ကောင်းတာရော မကောင်းတာရော အတူ လက်ဆောင်အဖြစ် ပေးတာပါ
ထိုအတွင်းကနေ ကောင်းတာ ကို ယူသူကတော့ ကောင်းကျိုး ကိုခံစားခွင့်ရသလို
ကောင်းမှု ကို လက်ဆင့်ကမ်းဖို့ ဖြစ်လာပါတယ်
မကောင်းမှု ကို လောက လက်ဆောင်အဖြစ်ရယူသူကတော့
အပျက်သဘော
ဘဝမကျေနပ်မှု
စိတ်အလိုမကျမှု
စသည်တို့ဖြင့် လောကလက်ဆောင်ကို မကျေနပ်စွာ
ဘေးပတ်ဝန်းကျင်ကိုပါ ထိခိုက်စွာလုပ်ဆောင်ကြပါတယ်
ဒါပေမဲ့ အဲလို လောက လက်ဆောင်ကို ဘေးချောင်တနေရာ ချထား ချောင်ထိုးထားလိုက်ရင်
အဲဒီလောက လက်ဆောင် ခမျာဆက်လက်ရှင်သန်ခွင့်မရ ဖြစ်ရပါတယ်
အဲဒီလောက လက်ဆောင် ကိုခံစားတုံပြန် လိုက်ပါ လုပ်ဆောင်
လို့ကတော့ သင်ကိုယ်တိုင်ပါ မကောင်းမှု လောက လက်ဆောင်ထွေး ပိုက်ရဲ့သားဖြစ်နေမှာပါ
တခုရှိတာ က မယူဘူး လက်မခံဘူး လို့ တစ်ခါတစ်ရံ မှာ ငြင်းမရ ဖြစ်တတ်ပါတယ်
ချောင်ထောင့်ထဲ ပို့လိုက်ပါ အားမနာပါနဲ့ ဒါပေမဲ့ လက်ခံပါ လောကလက်ဆောင် အကောင်းအဆိုး
ဘယ်လိုဖြစ်ဖြစ်လက်ခံပါ သို့သော် နေရာချသင့်သော နေရာ ကို သင်ကိုယ်တိုင် လုပ်ခွင့်ရှိပါတယ်
ကောင်းမှုအကျိုး ကောင်းအောင်ပျိုး ခြင်း သည်
သင်ကိုယ်တိုင် ၏လုပ်ရက်သည်သာ
လောကလက်ဆောင် လက်ခံပြီး
လောကအရသာ ခံစားရင်း
လောက ကောင်းကျိုး
ပြုနိုင်ကြပါစေ။
ငဝန်နဒီ
(၂၄-၆-၂၀၁၈ -၁:၀၈ နာရီ တိုကျို ဂျပန်စံတော်ချိန် တိုကျို ဂျပန်နိုင်ငံ)