Showing posts with label ပျိုး. Show all posts

Sunday, September 15, 2024
အိုင်ဖုန်း ၁၆ ပရိုမက် ဝယ်သင့်သော အကြောင်း
အရင်ဒီလို တခါမှ မရေးပါဘူး၊ အခု က ရေးရတာ ကမ္ဘာ့ ခေတ်ပြောင်းတာ သိစေချင်လို့ပါ၊
အကြောင်းက ဂြိုလ်တု အင်တာနက် ကို ကမ္ဘာ နိုင်ငံတော်တော်များ ဖွင့်သယောင်နဲ့ ပိတ်ထားလို့ပါ။
စတားလင့်ဆို မြန်မာပြည်မှာ တရားဝင်ရောင်းချ မပေးသေးပါဘူး၊
ဒါဆို အရေးပေါ် ဂြိုလ်တု အင်တာနက် သုံးခွင့်ရတဲ့ အိုင်ဖုန်း ၁၆ ပရိုမက် က ဆိုဒ်ကြီးတာရယ်၊
အိုင်ပက်မီနီ နီးနီး၊အခု လို သဘာဝဘေး အချိန်မှာ ဂြိုလ်တု ကတဆင့် မက်စိပ် ပို့ဖို့ အခုမရသေးရင်
နောင် ရလာနိုင်အောင်လုပ်ထားတဲ့အရာတွေ ပါလာတာရယ်၊
အာရှဖက်ကို နှစ်နှစ် နောက်ကျ ရောက်လာတဲ့ အီးဆင်းသက်သက် ဖုန်း စလာတာပါ၊
အပြင်က ကဒ်အပို မသုံးရတာပါ၊အီးဆင်း ရှစ်ခုထည့်ထားပြီး၊နှစ်ခု ကို သုံးရနေတာပါ။
ဂြိုလ်တု ဖုန်း ကို အရင်က အမျိုးမျိုး ရှိပေမဲ့ အိုင်ဖုန်း ၄ တုန်းက ဂြိုလ်တု ဖုနိး ရဲ့ အော်ပရေတာ က ဒူဘိုင်း ကပါ၊
အခု က သင့်လက်ထဲ ရောက်လာတာပါ၊ထို့အတူ ပိတ်ပင်တာတွေ ထိုးဖောက်ဖို့ နည်းသစ်ပါ၊
ဝယ်ခြင်းမဝယ်ခြင်း ထက် ဒီအကြောင်း ကိုသိရင် မကောင်းမှု လျော့လာမှာပါ၊
မလိုအပ်တဲ့ ဖုန်းထက်သုံးသင့်တာ သုံးဖို့ပါ၊ စျေးက အရင်တိုင်းပါ၊ ငွေဖောင်းအောင်လုပ်ခံရလို့ ၊ဒါကြောင့် နည်းသစ်နဲ့
ကျော်လွှားဖို့ ပါ၊ မလိုတာဝယ်မိပြီး၊ လမ်းဟောင်းမလျှောက်စေလို လို့ပါ။
အားလုံးအဆင်ပြေကြပါစေ။
(မနေ့က ဆိုင်တွေသွားကြည့်တာ နမူနာ မတွေ့ရသေးပါ)
ငဝန်နဒီ
Saturday, June 13, 2015
မြန်မာပြည်သားစစ်စစ်
၁-ဆန်ဈေးကြီး စီးပွားဖြစ်ဖို့  ဆန်မလှောင် ဘူး ထမင်းငတ်သူတွေက မြန်မာနိုင်သားဖြစ်လို့ 
စီးပွားဖြစ်မှာသိရက်နဲ့ မလုပ်ဘူး ကုန်မလှောင် ဘူး နည်းသစ်နဲ့ ပဲ စီးပွားရှာမယ် စားသောက်ကုန်တွေ ဈေးမတတ်အောင် နည်းသစ်နဲ့  ထုတ်တာ သက်သာ အောင်ပဲ လုပ်မယ်
အဲဒါက မြန်ပြည်သားစစ်စစ်
၂-မြေဝယ် အိမ်ဝယ် တိုက်ခန်းဝယ်တာ အကျိုးအမြတ်ရှိမှာ သိရက်နဲ့ မလုပ်နိုင်ဘူး
မြန်မာနိုင်ငံသား အိမ်ယာမဲ့တွေ အိမ်မပိုင်ဆိုင်နိုင်စေချင်ရင်တောင် နေစရာ ကျဉ်းအောင် မလုပ်နိုင်ဘူး ကိုယ်နေဖို့ ထက် ပို မထားဘူး မလုပ်ဘူး နည်းသစ် မှာ မြန်မာပြည်သားတွေ သက်တောင့်သက်သာ နေနိုင်အောင်ပဲ လုပ်မယ် ဒါကြောင့် နေစရာ ဈေးကြီးအောင် မလုပ်ဘူး
အဲဒါ မြန်ပြည်သားစစ်စစ်
ငဝန်နဒီ
Tuesday, June 2, 2015
Apple Watch ဆွံအနားမကြား အတွက်ပါ အဆင်ပြေ
Apple Watch ကဆွံအ နားမကြား အတွက်ပါ အဆင်ပြေ ပုံဆွဲ ပို့ လို့ ရတဲ့ စနစ် က အထောက်အကူ ပြုထားတာ ကို တွေ့ ရပါတယ်
စကားပြော ပြီး ပို့ လို့ ရတာရယ်
ဖုန်းပြောလို့ ရတာရယ်
အလွယ်တကူ ခေါ်ချင်တဲ့ ဖုန်း နံပါတ် ၁၂ လုံး ကို ချက်ချင်း ခေါ်လို့  ရတဲ့ စနစ် လေး ကောင်းပါသည်
မြေပုံ အတွက် အဆင်ပြေသလို
မိုးလေဝသ အတွက် အပူချိန် ကို မြင်နေရတာပါ
ကျန်းမာရေးအတွက် လည်း အဆင်ပြေပါတယ်
ဘက္ထရီ အားသွင်း တာကတော့ စနစ်သစ်လေး သုံးထားတာလေးကောင်းပါသည်
သတင်း အတို ဖတ်ဖို့ အဆင်ပြေပါတယ်
Keynote အသုံးပြုလျှင် အတော်လေး ပြေပါတယ်
ဓာတ်ပုံ ကို ကြည့်ချင်တာကို လိုသလို ထည့်ကြည့် လို့ ရပါတယ်
ဓာတ်ပုံရိုက်ရာတွင် ဖုန်းကို ဖွင့်ရန် ရိုက်လို့ ရပြီး
နာရီမှပြန်ပိတ်လျှင် ဖုန်းပါပြန်ပိတ် သွားပါသည်
အထက်ပါအရာများကို data အများကြီးသုံးမရပါ ထို့ ကြောင့် တော်တန်ရုံတန်ဖိုးသာပေးဝယ်သင့်ပါတယ်
နောက်တစ်ခု က ပုံဆွဲ ပို့ သည့် စနစ်က ဂျပန်မှာဆို AU ဖုန်းနဲ့သာ လုပ်လို့ ရတာပါ
Softbank ဖုန်းလိုင်း နဲ့ လုံးဝ မရသေးပါ
Apple Watch က ဆွံအ နားမကြား အတွက် အထောက်အကူ ပြု ပစ္စည်း စကားပြော ပြီး စာတို ပို့ စနစ် သတိပေး စနစ် ကမ္ဘာ့ အချိန် ရာသီဥတု သတင်း စနစ် ကျန်းမာရေး အတွက် အဆိုပါ အားလုံး အတွက် အင်တာနက် အမြဲသုံးရပါမည်
Apple TV ကို ထိန်းချုပ် လို့ ရပါသည်
Apple Watch ဖြင့် လူသားတိုင်း အတွက် အဆင်ပြေနိုင်ကြပါစေ
ငဝန်နဒီ
Tuesday, May 5, 2015
ဂျပန် ကိုပဲဖြစ်ဖြစ် မြန်မာပြည် ကိုပဲ ဖြစ်ဖြစ် ဈေးသက်သာစွာဖြင့် LINE ကနေ ဖုန်းခေါ်လို့ ရပြီ
Voip,skype,viber ,netcall ကိုပိုက်ဆံထည့်သုံးကြည့်ပြီး အခုတော့LINE
လစဉ်ကြေးပေး ဖုန်းခေါ်တာဆို မြန်မာပြည်ကို အိမ်ဖုန်းဖြစ်ဖြစ် လက်ကိုင်ဖုန်းဖြစ်ဖြစ် တစ်လစာ ကို ယန်း ၁၃၂၀ ကျမှာပါ
အချိန် တစ်နာရီ ပြောလို့ ရပါတယ်
တမိနစ်ကို ယန်း ၂၂ သာကျပါတယ်
အဲဒီတနာရီမလောက် လို့  ထပ်ပြောချင်သူတွေ အတွက် အိမ်ဖုန်း ကို ယန်း ၃၄ နဲ့  လက်ကိုင်ဖုန်း ကို ယန်း ၃၈ ကျပါတယ် အဲဒါကတော့ ရိုးရိုး ကဒ်တွေဆက်တာထက် ဈေးများသလို ဖြစ်မှာပါ
ဒါပေမဲ့ ဖုန်းခေါ်ရတာ အရမ်းလွယ်တာတွေ့ ရပါတယ်
မြန်မာပြည်မှာ LINE ထည့်လို့ ရသူတွေ အတွက် ဂျပန် ကို ဖုန်းခေါ်ရင် အိမ်ဖုန်း ကို လစဉ်ကြေး ပေးခေါ်ရင် တနာရီ အချိန်ရပြီး ယန်း ၁၂၀ ပါ
အိမ်ဖုန်း လက်ကိုင်ဖုန်း အပါဆိုလျှင် ယန်း ၃၉၀ပါ အချိန် တနာရီရမှာပါ
နှစ်နာရီ တလသုံးလိုလျှင် ယန်း၇၂၀ သာကျမှာပါ
တမိနစ် ၆ယန်းသာ အိမ်ဖုန်း တမိနစ် ၂ ယန်း
လပေးမလုပ်လို လျှင် အိမ်ဖုန်း
တမိနစ် ၃ ယန်း လက်ကိုင်ဖုန်း ၁၄ ယန်း သာကျမှာပါ ဖုန်းလိုင်းမတူတာကို ခေါ်လျှင် သက်သာတဲ့ဈေးပါ
အသုံးဝင်စေသူတွေကတော့ ဂျပန်လာလည်သူ ဖုန်းလည်းမဝယ်ချင်သူ မိမိ လက်ကိုင် စမတ်ဖုန်း ကို LINE သွင်းပြီး LINE ကဒ်ကို စတိုးဆိုင်မှာလိုသလို ဝယ် ဂျပန်က ဖုန်းတွေ ကို Wifi free ရတဲ့နေရာ တွေကနေ ခေါ်လို့ ရပါတယ်
LINE လုပ်တဲ့ဂျပန် အကြောင်းရေးချင်ပေမဲ့
မရေးတော့ပါဘူး
Friday, April 17, 2015
မြန်မာ့ နှစ်သစ် ကို လှိုက်လှဲ နွေးထွေးစွာ ကြိုဆိုပါ၏။
မြန်မာ့ နှစ်သစ် မှာ ပြည့်စုံ ချမ်းမြှေ့  စွာ ဖြင့် မင်္ဂလာအပေါင်း ခညောင်း နိုင်ကြပါစေ။
Thursday, September 25, 2014
IOs 8 မြန်မာလို နောက်တစ်မျိုး ဇော်ကြီး အခမဲ့ပါ
safari ကနေ zawgyi ကိုသွင်းပါ
ttkeyboard ကို Apple Store မှာအခမဲ့ပါ
တခုကောင်းတာစာလုံးတွေ ပိုကောင်းတာပါ
Black keys လောက်စာလုံးမစုံတာပါ
မြန်မာလို ရအောင်ကြိုးစားသူများကျေးဇူးတင်လျက်
အိုင်ဖုန်းတွေ အိုင်ပက်စ်တွေ ဂျေးဘရိတ် ဖောက်တာ တရားဝင် ဥပဒေက ကာကွယ်ထားပြီးသားပါ
ပိတ်ပင်ထားတာတွေ ကို့ နည်းပညာ နဲ့ ဖွင့် တာဆိုပြီး ခွင့်ပြုထားတာပါ
ငဝန်နဒီ
Monday, September 22, 2014
မြန်မာ ကီးဘုတ် မြန်မာစာ ကို iOs 8 မှာထည့်လို့ ရပြီ
Install missing fonts
ကိုသွင်းပါ
ပြီးလျှင်
Zawgyione
ကိုသွင်းပါ
ပြီလျှင် Settings သို့ သွား
General သို့ သွား
ပြီးမှ
Keyboard add ကို လုပ်ပါ
Black keys ကိုရွေးပါ
ပြီးမှ Burmese ကို ရွေးပါ
မြန်မာကီးဘုတ်နှင့် မြန်မာ လိုရေးလို့ ရမှာပါ
မြန်မာလို ပေါ်စေလို လျှင်
General ထဲက language and regions ကို
Burmese လို့ ရွေးပြီး
မြန်မာ ပြောင်းက မြန်မာလို ပေါ်လာပေမည်
မြန်မာလို ရအောင် လုပ်ဆောင်သူများအားကျေးဇူးတင်စွာဖြင့်
ငဝန်နဒီ
Saturday, September 20, 2014
လွတ်လပ်ရေး သို့ မဟုတ် ကိုယ်သမိုင်း ကိုယ်ရေး ကိုယ်ပိုင် အုပ်ချုပ်ခွင့် နှင့် ဒီမိုကရေစီ လားလားမှ မဆိုင်
ဒီမိုကရေစီ ဆိုပြီး ကုန်းကုန်းအော် နေတာတွေ ထဲမှ လွတ်လပ်ရေး ကို ဒီမိုကရေစီ နည်းအရ ဆိုတာတွေ လုပ်လာလို့  ရေးတာပါ..
လွတ်လပ်ရေး က လွတ်လပ်ရေးပါ
ကိုယ်သမိုင်း ကိုယ်ရေး ဖို့ ပါ.
ဒီမိုကရေစီ နဲ့  လားလားမှ မဆိုင်ပါ...
နမူနာတခု ဆိုရရင် ကလေးတစ်ယောက် မုန်းစားချင် တာ ကို သူလွတ်လပ်ရေးလို့ ဆိုရအောင်
ဒီနေရာမှာ အိမ်သား က ၅ ယောက် ဒါ ကို ဒီမိုကရေစီ အရ မဲ ခွဲ ရင် အဲဒီကလေး မုန့် စားရဖို့  ဘယ်လို မှ မဖြစ် နိုင်ပါဘူး
အဲဒါ ဒီမိုကရေစီ လား မဟုတ်ပါဘူး သူ့  လွတ်လပ်ရေး က မုန့် စားဖို့  ဆို မုန့် စားရရေး က အဓိကပါ ဒါဆိုတော့ သူ့ လွတ်လပ်ရေးက သီခြားကြီးပါ...
ဒါကြောင့် သူ့ လွတ်လပ်ရေး ကို သီးခြားခွင့်ပြုရမှာပါ မုန့် စားရရေး ကို သာ သီးသန့်  ကူညီရမှာပါ..
ပြီးမှ မိသားစု နဲ့  အတူတကွ စားသုံးရေး ကို စနစ်တကျ ပြင်ဆင်သင့်တာပါ..
ဒီစာတွေ ရေးလို့  ဒီစာ အခုတော့ အရာ ထင်မှာမဟုတ်ပါဘူး
သာဓက ဆိုရရင် တချိန်က ရေးခဲ့တဲ့ ဂိမ်းကစားပွဲ အမှန်တရား က ၂၀၁၁ က အခု ၂၀၁၄ ကျမှ အမှန်ဖွင့်ရေးတာ တွေ့ ရလို့ ပါ...
၂၀၁၁ တုန်းကရေးတုန်း က အရမ်းသတိထားရေးခဲ့ရတာပါ သိတာ ကို မသိသလို ဂိမ်းကစားပွဲ အရှုံးနဲ့ ကစားခြင်း ဆိုပြီးရေးတာ အခုလည်း ဒီလိုပါပဲ
ဒီစာ က နောက် ၁၀ နှစ်လောက် ကြာမလားပဲ ဒီစာတွေ ရေးတတ်ဖို့  အသိပညာ ရခဲ့တာတွေ သင်ခဲ့ရတာတွေ က စင်ကာပူ မှာ စာသင် လာတဲ့ အကျိုးကြောင့် ရေးနိုင်တာပါ..
အခုလည်း ကြည့်ရင် လွတ်လပ်ရေးတောင်းတာတွေ ကို ဖိနှိပ်တာတွေ ဒီမိုကရေစီ နည်းတွေ ဘာတွေ ဆိုပြီး လုပ်တာတွေ တွေ့ လို့ ရေးရတာပါ
အဲလိုတွေ အလုပ်ကောင်း လို့  ကမ္ဘာမှာ လူမဆန် လူသတ်မှုတွေ တွေ့ နေရတာပါ..
စနစ်တကျ ဖြေရှင်းတာတွေ စိတ်ဓာတ် အမှန် နဲ့  အလုပ်လုပ်တာတွေ ရှိဖို့ လိုနေတာပါ
လွတ်လပ်ရေးဆို လို့  လွတ်ထွက်သွားအောင် လုပ်နေတာတွေ ထက် သီးခြား လွတ်လပ်ခွင့် နဲ့  ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးပြီး အတူတကွ ပူးတွဲ နေထိုင် ရေး UNITED ကို လုပ်ဖို့  လိုနေတာပါ...
UNION ဆိုတာတွေ က နောက်တော့ မလွယ်တာတွေ့ ရပါတယ် UNIှTED ကတော့ အမြဲတမ်း အတွက် မှန်နေတာပါ..
UNION ကို ဆက်သွားချင်ရင် အဲဒီ နယ်မြေ က လူတွေ ကို သီးခြားလေးစားဖို့  လိုပြီး လွတ်လပ် ခွင့် ကို ပေးလိုက် ပြီးမှ အတုတကွ ပေါင်းစည်းနေထိုင်ခြင်း ကို လုပ်ရမှာပါ...
လွတ်လပ်ခွင့် ဆိုလို့  ပြိုကွဲတဲ့ လွတ်လပ်ခွင့် ထက် မိမိသမိုင်းမိမိရေးတဲ့ လွတ်လပ်ခွင့် ဒါ ကို မပြိုကွဲ ပဲ လုပ်ဖို့  က အနည်းငယ်ခက်မှာပါ
တကယ်တော့ လွတ်လပ်ခွင့် အရ အဲနေရာက လူတွေ ကို နေရာစနစ်တကျ ချပြီး ကိုယ်တိုင်ရေး သမိုင်းမျက်နှာစာ ဖွင့်ခွင့် ပေးလိုက်ရမှာပါ..
ဒါဆို UNION လည်းမကွဲ ကိုယ်သမိုင်းလည်း ကိုယ်ရေး ကိုယ်ပိုင် အုပ်ချုပ် ပိုင်ခွင့် လေးပါရပြီး လွတ်တော် မှ အတူတူ တိုးတတ်ရေး အနာဂတ် သမိုင်းကောင်းလာမှာပါ...
ဒါကြောင့် နေရာတိုင်းမှာ ဒီမိုကရေစီ အတိုင်း ကုန်းကုန်း မအော် ပါနဲ့ 
သမိုင်းကို သမိုင်း အတိုင်းရေးနိုင်ကြပါစေ...
သမိုင်း ကို ပိတ်မထားပါနဲ့  သမိုင်း ကို အရည်ဖျော် လို့  ရတယ် ဆိုပေမဲ့ 
သမိုင်းက မှတ်တိုင် တွေ တစ် တိုင်ပြီး တစ်တိုင် စိုက် နေမှာပါ...
တိုင်တိုင်း မှာ ဖျောက်မရတာတွေ ရှိနေမှာပါ...
လွတ်လပ်မှု ကို အသိအမှတ်ပြုပါ ရောမချပါနဲ့ 
လွတ်လပ်ရေး စာလုံး က ဖိနှိပ်သူ အတွက် တန်ဖိုး မရှိပေမဲ့ ခဏလေးပဲ ဖြစ်ဖြစ် လွတ်လပ်ခွင့်လေး က ဘာနဲ့ မှ မတူပါဘူး
အတူတူ လက်တွဲ ရတာတွေ အများကြီးပါ
သမိုင်း တိုင်း ရာဇ၀င် တွင် စေရမည်...
ရာဇ၀င် တိုင်းလွယ်လွယ် မဖြစ်ပေမဲ့ နောက်ဆုံးတော့ သက္ကရာဇ်တွေ ကို ဖြိုဖျက် နိုင်သူပါ
လွတ်လပ်ရေးတိုင်း ကို လေးစားစွာဖြင့်..
င၀န်နဒီ

Wednesday, September 10, 2014
Saturday, September 6, 2014
သမ္မတ ပြောတဲ့ မြေယာ ဆရာဆရာမ ပီတိ စားသုံးဆဲ ဆည်းဆာ
သမ္မတ မြေယာ ပြောလို့  ဒီစာ ကို သေချာအောင် လုပ်ပြီးမှ ရေးတာပါ...
ဒီနေရာမှာ ဘယ်သူ ကိုမှ မရည်ရွယ်ပါ...အနာဂတ် မြန်ပြည် ပညာရေး နောင် အနှစ် ၅၀ လောက် နောက်ကျ မည့် အဖြစ်ကို ရေးတာပါ..
မြေယာတွေ ပေးတာ တွေ သိမ်းတာတွေ နောက်ကွယ် က အကြောင်းအရာတချို့ ရှိနေတာပါ...
စီမံကိန်း ဆိုတာနဲ့  မြေသိမ်းလို့ ရတာ က တကယ် ကို ကောင်းတဲ့အရာတစ်ခုလို လက်ခံနေ တောင်းခံနေ ပေးနေတာ တွေ ပြီးရင် ဘာမှ မလုပ်ပဲ ရောင်းစား ပေါင်စား မြေယာ ပြဿနာ မြောက်မြားစွာ ဖြစ်နေတာ က
ပေးသူ ကို ပြင်ဆင် စေလို က ပညာအခြေခံ လိုလာပါပြီ ပြင်ချင်ရင် ၁၀ နှစ်ကြာ စေမည့် မြန်ပြည် ပညာရေး ဖြစ်နေမှာပါ..ဘာဖြစ်လို့ လည်းဆိုတော့ နည်းပညာ မရှိ အတွေးမရှိ တဲ့ အသိပညာကြောင့် မြေယာကို အသုံးချရေးသာ လုပ်နေရလို့ ပါ...
မြေယာ တစ်ခု ကို နည်းပညာ အနာဂတ် ပါတွက် မှ နောက် မှာ အကျိုးဖြစ်မှာပါ..
နိုင်ငံတစ်ကာမှာ လေယာဉ်ကွင်းတွေ တစ်ကွင်းပြီး တစ်ကွင်း ဆောက်တဲ့ နိုင်ငံ မရှိပါဘူး
ရှိတာ ကို စနစ်တကျ နည်းပညာမြှင့် တိုးချဲ့တာသာ ရှိတာပါ..
လက်ခံရယူဖို့ တောင်းခံသူ တွေ ရှိခြင်း က အခွင့်ထူးခံ စိတ် ဆိုတာထက် ထိုးဖောက်ရန် နည်းသစ် ကျန်ဆ ခြင်းမဲ့ အတွေးသစ် မရှိခြင်းလည်း ပညာရေး အတွေးဆွေးမြှေ့ နေခြင်း ကို တွေ့ နေရမှာပါ..
နေရာတစ်ခု က ကျဉ်းနေတာ ကို ဘယ်လိုဖောက်ထွက် လုပ်ဆောင်မလည်း ကို သိရမှာပါ..
တစ်ခုခု ဆို ထိန်ချန် လုပ်စားစနစ် နဲ့ ကြီးပွားနေရတာ က အမှား ကို အမှား ဖုံးရင်း ရှေးလမ်းေ၀၀ါးနေတာပါ..
ဒီလိုနေရာမှာ အစိုးရ နှစ် ပေါင်းများစွာ ပညာရေးလုပ်လာသူတွေ ၀န်ထမ်းတွေ ကို မြေယာချပေးတာတွေ ရှိနေတော့
ရသင့်လို့ ပေးတာတွေ လုပ်တာလို့ တွေ့ ရပါတယ် နည်းပညာ နည်းတော့ အိမ်မဆောက် ပေးနိုင်မြေယာပေးတာနဲ့  ဆရာဆရာမ တွေ ကျေနပ်စရာ လို့  ထင်စရာပါ..
ဒီနေရာမှာ ပီတိစားဆဲ ဆည်းဆာ ဆိုတာက
ပီတိ က လက်ဆုတ်လက်ကိုင် မပြနိုင်သလို ဆည်းဆာ ဆိုတာကလည်း နေ၀င်ချိန် စောင့် နေရတဲ့
ဆရာဆရာမ ဘ၀ တွေ က လက်ဗလာချည်းသက်သက် တွေ့ နေရလို့ 
သေချာအောင် အထပ်ထပ် လုပ်ပြီး
ဖြေရှင်းစရာနည်းလမ်းမဲ့  အထောက်အကူမဲ့ ဖြစ်တာတင် မက နောက် အနာဂတ် မှာ အမွေမဲ့ အာစရိ အကြောင်း ဖြစ်လာ လို့ ပါ..
ပညာရေးအတွက် နှစ် တွေ ရာစုနှစ် တစ်ဝက် ရင်လေးစရာပါ..
အစိုးရပေးသော အိမ်ယာ မရသော ဆရာဆရာမ ဆိုလို့  စီစစ်ပေးသူ မဲ့အဖြစ်ပါ..
အစိုးရကပေးသော အိမ်ယာ ဆိုလို့  စလစ် ကလေးတစ်ခုရယ်ပါ..
ငွေတော့ ပေးသွင်းလိုက်ရပါရဲ့ 
တကယ်တမ်းမေးလိုက်တော့ အခြေခံပညာက လည်းတာဝန် မယူပေးပဲ မြို့ နယ် ကို လွဲချ နေတော့ အစကပျောက် အထက်က တာဝန်မယူတော့ အောက်ကငြင်း
မြေယာဌာန ကဖျောက် လုပ်ဆောင်သူက ဖျောင် လိုက် တာဆိုပေမဲ့
ဒီနေရာမှာ လုပ်ဆောင်သူ ကရောင်းစား တာ ကို ပညာရေးဌာန က တာဝန်ယူ မဖြေရှင်းနိုင်တာ လာဘ်စားထားလို့ လား
မြေစာရင်း က ပိုင်ရှင်မဟုတ်ပဲ လက်လွဲ ရောင်းခွင့် ခွင့် ပြုနေတာလား လာဘ်စားပြီး လုပ်ပေးနေတာလား
အစိုးရ အမွေ လို့ ပြောရတဲ့ မြေယာ လေး ဆရာဆရာမ က မရလိုက်ပဲ နာမည်သာ ခံလိုက်ရတယ်
နှစ်ပေါင်းများစွာ မြေဖြူမှုန့်  ကိုရှု စာသင် လာသူ အစိုးရ အမွေမဲ့  အဖြစ် ဆည်းဆာ မှာ တွေ့ နေရတာပါ..
ဒီအချိန် မှာတွက် ရင် ..တရားဥပဒေစိုးမိုးရေး အရ ကြည့်ရအောင်
လုပ်ဆောင်ခွင့် ရသူက ရောင်းစား တာ ကို အမှုဖွင့် ပြီ ထားပါတော့
ပညာရေးဌာန က တာဝန် မယူတော့ အမှု ကတ၀က် လောက် အလိုလို ရှုံးပြီးသား နောက် ဆက်ကြည့်ရအောင်
မြေစာရင်းကလည်း လာဘ် ယူပြီး စာရွက် အတု ကို အစစ်ဟန် ကို မသိဟန်ဆောင် ရောင်းစားခွင့် ပြုတော့
နောက်ထပ် ၂၀% ထပ်ရှုံး ပြီပေါ့
တရားရုံးတို့  ဘာတို့ ဆိုတာ ဆရဆရာမ တွေ အတွက် လားလား မ မဆိုင် တကယ်ပါ သူတပည့် တစ်ယောက်က မေးရင် အမှန်တရား အတွက် တရား လာ လုပ်တာ ကို တပည့် ကို ပြောဖို့  ခက်ပါတယ်
ဒီတော့ တရားရုံး ကရော ဆရာဆရာမ ဖက်ပါဖို့  စလစ် ကလေးတစ်ခုနဲ့  မဖြစ်နိုင် အငြင်းခံ ရဖို့  က ၃၀ % ဆိုတော့ ကဲ အရှုံးကြီးပဲ...
ဆည်းဆာ ချိန် အသက်ကလည်း ၇၀ နီးလာနေပြီ နေ၀င်ချိန် မစောစေဖို့  တရားရုံးလည်း မသွားရအောင်
တပည့်တွေ ကိုလည်း ဒီလိုအဖြစ်မျိုးမမြင်ရအောင်
အမူလည်းမလုပ် မြေယာလည်းမရ အစိုးရ အမွေမဲ့ မြေယာ ပီတိစား ဆရာဆရာမ ဆည်းဆာမှာ နေပျော် အောင်နေနေရတာပါ..
မြေယာရသူ ဆရာဆရာမ အတွက် နိုင်ငံတော် အမွေ ပြသစရာ ရှိပေမဲ့
နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး မြေယာ မရသူ ဆရာဆရာမ တွေ အစိုးရ အမွေ မရတာထက်
နောက် မျိုးဆက် ဆရာဆရာမ တွေ ပီတိမစား ရက်စက်တာတွေ မဖြစ်စေချင်လို့ ရေးတာပါ..
သမ္မတ ပြောတဲ့ မြေယာ တော့ မသိ လောလောဆယ် ဆည်းဆာ မလှတာထက်
နောက်မျိုးဆက် စေတနာမဲ့ ပီတိ နတ္ထိအဖြစ်တွေ က ရင်လေးစရာပါ...
တရားဥပဒေ တရားရုံးမှာပါ...
မြေယာ က စာရင်းထဲမှာသာ. အချိန်မရွေး ကူးပြောင်းပေးနိုင်တာပါ ကိုယ်တိုင်မလို စနစ် ထက်စလစ် ဖျောက်ဖျက် နိုင်သူတွေပါ..
ပညာရေးဆိုတာထက် ပ ဆိုတာ က ပထုတ်တတ်ရေး စနစ် ကို အကောင်အထည်ဖော် ရင်း ညာတုတ် ရင်း ညာစာရင်း လုပ်နေရင်တော့
ကျောင်းမနေ ရတဲ့ ကလေး တွေ ရင်လေးရတာထက် မကောင်းမှု ထပ်မတတ်မှာတော့ မစိုးရိမ်ရတော့ဘူးပေါ့
နောက်ဆုံးတော့ နေ၀င်ဆည်းဆာ ပီတိစားရင်း လူတိုင်းလှတာထက်..
မိမိ အပိုင်းမိမိ တာဝန်ယူနိုင်သူတွေ ဖြစ်နိုင်ကြပါစေ...
နေ၀င် ချိန် ဆည်းဆာ မှာ တိမ်တောက်တာ ကို မြင်ခွင့် ရနိုင်သေးရင်ပေါ့

Sunday, August 3, 2014
၂၀၁၅ မတိုင်မှီ ဆင်းရဲသား ဖော်ထုတ် မှုအဆုံးသတ်စေရန်
ဒီမိုကရေစီ မြေသိမ်း သောသူတွေ က
်
ဒီမိုကရေစီ ရေပိုင်နက်သိမ်းသူတွေ က
လေပိုင်နက် ကိုပါ လာဘ်စားထားသူတွေ
အရာရာကို ဒီမိုကရေစီယောင်ယောင် လုပ်ချင်နေသူတွေ အတွက်
မြေလိုချင်လို့  မြေတောင်းသူတွေ က မြေသိမ်းသူ ကို မြေသိမ်းပေးပါက ဒီမို ကရေစီ နည်းနဲ့  သိမ်းနေတာလား ဖြစ်လာအောင် လုပ်ပေးနေတာတွေ
လယ်တွေ မလုပ်နဲ့ တော့ ပေါင်မုန့် စား ကြေးနီဝါး တာ အကောင်းဆုံး လုပ်နေတာတွေ ပါ
မိုးကြိုးမျို ရေပေါ် ကူး မြို့ သစ် ဖော်
လုပ်နေသူတွေ က ကားဆိုလည်း ရေမလွတ်ကား တွေ များများသွင်း ကားကျပ်သရောင်လုပ် လိုတာ က မြန်ပြည်မိသားစု အတွက် လို တာက
ရေလည်းလွတ် လူ ရ ယောက် စီး တွေ ကမှ ကား လည်း နည်းနည်းပဲလို ဘယ်အချိန်ဖြစ်ဖြစ် အဆင်လည်းပြေ ဖြစ်မှာ ကို
တစ်အိမ် လူ ၇ ယောက် က ကား ၃ စီး သွင်း ရ မလိုအပ်ပဲ ၀ယ်နေရ..
ထော်လာဂျီ ပါမစ် ၂၀၁၅ မတိုင်မှီ ဘယ် လို ရအောင် လုပ် ရမလဲ စဉ်းစားနေသလားတော့မသိ..
ဆင်းရဲသား တိုက်ဖျက်ရေးထက် ဆင်းရဲသား မွေးထုတ်တဲ့ စနစ် ကို ရပ်နိုင်ပါစေ...
လူနေစရာသိမ်း နေအိမ်သိမ်း လယ်သိမ်း
စားစရာ ရှာမရအောင်လုပ် မြစ် မှာ တ၀မ်းတခါး စားစရာ ရှာမရ.
လုပ်စရာမရှိအောင် လုပ်ထား အကာအကွယ်မဲ့ ၀န်ထမ်းဘဝ
စစ်ဆေးမှုမဲ့ မှတ်ချက်မဲ့ အလုပ်မလုပ်နေရာတချို့ 
ဥပဒေလို ပြဠာန်း နိုင်သော လုပ်ငန်းရှင်တွေ ဘွဲ့ လက် မှတ်ပါ သိမ်းလို့  ရတဲ့ လုပ်ငန်း က
ဥပဒေ ပြသူ တွေ ထက် အစွမ်းထက်နေသလား
ကျွန် လုပ်ခိုင်းလို ရတဲ့ လုပ်ငန်း က ပြဠာန်းထား တာ ကို ပတ်သက်တဲ့ ၀န်ကြီး ဌာန က မကာကွယ် နိုင်တာ လုပ်အားခ ထက် အဆ ၁၀၀ နီးပါး ဥပဒေလို စည်းကမ်း က အဲ ဒီ ၀န်ကြီး ဌာန မလို သလို လုပ်နေတာတွေ က
ဒီမိုကရေစီ လုပ်ငန်း ဥပဒေ အသစ်တွေ အစိုးရ အထက် မရှိစေချင် လို့ ရေးတာပါ..
အစိုးရ အထက် လွတ်တော် အထက် မှာ ရှိနေတာတွေ နိုင်ငံတော် ကို တရားဝင် ဖျက်ဆီးတာ ကို ဒီမိုကရေစီ မှာ မရှိသင့်တော့ပါဘူး
နိုင်ငံသားတိုင်း နိုင်ငံကောင်းကျိုး လုပ်ဆောင်သင့် တာ မြန်ပြည်သားတိုင်းတာဝန်ပါ..
ဒီမိုကရေစီ ကို လူတိုင်းရေး ရမှာပါ..ဒီမိုကရေစီ ဖျက်ဆီးသူ နိုင်ငံ ဖျက်သူ ဒီမိုကရေစိ နည်း နဲ့ ကာကွယ်နိုင်ပါစေ..

Saturday, June 14, 2014
၂၀၁၅ က ရွေးကောက် ပွဲ ရှိမှာလား ရှိရော ထူးခြားလာလေမလား
အခုအခြေအနေ အရဆို ၂၀၁၅ အတွက် ပြည်သူတွေ ရဖို့  က ဘာမှ ကို မရှိတာတွေ့ နေရပါပြီ
စစ်အစိုးရလက်ထက် က ကမ္ဘာ့ ဖလားပွဲ အခမဲ့ ကြည့် ရပြီး အ ခုတော့ လူတန်းစားတချို့  အတွက် ဆိုပြီး
ဒီမိုကရေစီဆိုပြီး ငွေယူ လုပ်စား တာ ကို အုပ်ချုပ် သူမပြောရဲ မဆိုရဲ
တကယ်တော့ အစိုး ရအထက် က လူတွေ တော်တော် များနေတာပါ အစိုးရကြောက်ရသော မီဒီယာ ဖျော်ဖြေရေးတွေ ပါ
ထိုင်းတောင် စစ်အစိုးရ ဆိုတော့ အခမဲ့ ...မြန်ပြည် ကို စစ်အစိုးရ တတ်ခိုင်းရမလို ဖြစ်အောင် လုပ်နေတာ တွေ့ နေရပါတယ်
တချို့ သော အခြေအနေတွေ ကလည်း လူထု ကို ဆွနေတာတွေ တွေ့ နေရပါတယ် စစ်အစိုးရလို နေတယ်ပေါ့
နေရာအတော်များများ မှာလည်း အယူအဆ မှားလည်း လူများ မဲများသူ နိုင်စနစ် ပေါ်နေတာပါ..
တကယ်ဆိုတော့ ၂၀၁၅ ရွေးကောက်ပွဲ ရှိလာနိုင်ပါမလား
ရှိလာရင် ရော ဘာထူးလာမှာလည်း
ပြည်သူ အတွက် ဘာမှ မထူးလာပါဘူး ဘယ်သူ တတ်တတ်ပါ
အတိုက်အခံတတ်ရင် ထူးမလား အခြေခံ ကို ပြင်နေတာနဲ့ ပြည်သူ အတွက် ထူးခြား လုပ်တာ မတွေ့ ရတာပါ..
မြေသိမ်း တာ မတားနိုင် မတရားတာ မဟန့် နိုင်
လုပ်အားခ တောင် မလုပ်နိုင်
လုပ်ပေးလိုက် တာ ဒီမိုကရေစီ နည်းအရ ဆိုပြီး လက်ပံတောင်းတောင် ကြီးပေးလိုက်တာ
နည်းပညာ တွေ အနာဂတ်တွေ မမျှော်တာတွေ အခုတော့
တတိုင်းပြည်လုံး မိုးကြိုးတွေ ပစ် နောက် ငလျင်တွေ ထပ်လာမှာပါ လက်ပံတောင်းတောင်
ဘယ်အဖွဲ့ ကမှ တွက်မပြတာတွေ ပါ
မက်ကနက်တစ်ဖီးတွေ ပြောင်းကုန် ကြေးနီတောင် က မြန်ပြည် ကို မိုးကြိုး ကလွတ်အောင် သဘာဝ က လုပ်ထားပေးတာကို ဖျက်ဆီးလိုက်တော့
မိုးကြိုးတွေ ပစ်တာကို ခံကြပေါ့ မိုးကြိုးလွဲ ကြေးနီပြား ကို ၀ယ်တတ်ပေါ့
ဝယ်လို့ ရတာ ကဟုတ်ပါပြီ ရှောင်လို့ ရတာ ဟုတ်ပါပြီ
ပြေးလို့  မရ ရှောင်မရတာ က ငလျင်ပါ ခါးဆီးခံ ပေါ့
ကာကွယ်ပေးသူမရှိ လက်ပံတောင်းတောင် ပေးလိုက်ပြီကိုး
အခြေခံ ကတော့ နည်းပညာ အတွေး အခေါ် မြင့်သူတွေ ကို မြန်ပြည် မှာ အသုံးချ စီမံ နိုင်သူ မရှိသေးတာပါ.. နေရာမပေးတာပါ
၂၀၁၅ မှာ မြန်ပြည် ပြည်သူ အတွက် လုပ်မည့် သူ ပေါ်ထွက် လာနိုင်ပါစေ..

Friday, June 13, 2014
မြန်ပြည်သားတိုင်း တစ်ဦးလျှင် မြေ ၂ ဧက သက်ဆိုင်ပါသည်
မြန်ပြည်သားတွေ မွေးလာကတည်း က လုပ်စရာမလို မြေ ၂ ဧက သက်ဆိုင်ပါတယ်...
အခုတော့ ကျူးကျော် မြေယာမဲ့ ဆိုတာတွေ ကြားနေရတာတွေ စီမံမှုလိုနေသော အခြေအနေ ကြောင့်ဖြစ်နေတာပါ...
ရှက်တတ်သူတွေ ဖြစ်ဖို့ လိုနေတာပါ...
ကားစီးပြီး ဒဏ်ကြေး မဆောင်နိုင်သော လူမိုက်တွေ လမ်းလည် ရန်ဖြစ် သူတွေ ရှိနေလို့ ပါ..
နွားစားကျက်ဝင်စားတဲ့ ခြေ နှစ်ချောင်း သတ္တ၀ါ တွေ ကတော့ များများလာတော့ နွား စာစားသူ တွေ ကြောင့်
ရိုးရိုးလူတွေ က အလိုလိုနေရင်း အဆင်မပြေဖြစ်ရတာပါ..
မြေပိုင်ဆိုင် ခွန် တန်ဖိုး အလိုက် အခွန်မကောက်သရွေ မြန်ပြည် နောက် နှစ် ၅၀ လည်း ဆင်းရဲ နေမှာပါ..
လုပ်အားအခွန် မရှိ
လုပ်ငန်း အခွန် မရ..
ဘာပိုက်ဆံ နဲ့  တိုင်းပြည် ချမ်းသာလာမှာလည်း မြေ က ပိုက်ဆံ ပိုင်ဆိုင်မှု အလိုက် အခွန် ရမှ တိုင်းပြည် ဆင်းရဲတွင်းလွတ်မှာပါ..
အုပ်ချုပ်သူ အလုပ်လုပ်နိုင်ဖို့  အခွန်တွေ ရမှ ဖြစ်မှာပါ..
အခွန် အလျော့မရှိ ရမှာက မြေ ပိုင်ဆိုင် မှုပေါ်ကပါ..
အုပ်ချုပ်သူ ကို အလုပ်မလုပ်သူ ဖြစ်အောင် လုပ်နေတာ က အခွန် ကို မကောက်ရဲ လို့ ပါ.
. အဲလိုမှ မြန်ပြည်သားတွေ ဒီမိုကရေစီ အရသာသိမှာပါ...

Thursday, May 1, 2014
Thursday, March 13, 2014
နိုင်ငံ အစွန်းရောက်
နိုင်ငံ အစွန်းရောက် မြန်ပြည် မှာ တစ်ချိန်ကျရင် ဖြစ်လာမှာ ကို ရေးမှာပါ
ဘာသာရေး အစွန်းရောက် အမျိုးသား အစွန်းရောက် တို့ ထက် ဆိုးပြီး တိုင်းပြည် တိုးတတ် ဖို့ ဖြစ်လာမည့် နိုင်ငံ အစွန်းရောက်တွေ ပေါ်လာမှာပါ အခုတော့ မဟုတ် နောက် ဆယ်စုနှစ် ထက်မကကြာချင်ကြာမှာပါ
နိုင်ငံသား အစွန်းရောက် မဟုတ်ပါ နိုင်ငံ အစွန်းရောက်က သတ်သတ်ပါ
ဥပဒေ ကို စနစ်တကျ နဲ့ နည်းစနစ်တကျ ပညာတတ်တွေ ကဦးဆောင်ပေးတာထက် စနစ်တကျ နိုင်ငံ တိုးတတ်ဖို့ အတွက် နည်းလမ်းတွေ ကို နိုင်ငံအစွန်းရောက် တွေ ဖြည်းဖြည်းခြင်း လုပ်ဆောင်လာနိုင်ပါတယ်
ဘာသာရေး အမျိုးသားရေး အစွန်းရောက်တွေထက် ပြင်းထန်ပြီး နိုင်ငံအတွက် တိုးတတ်ဖို့  မဖျက်ခံရဖို့  သက်သက် ကိုသာကြည့်ပြီး ဖြစ်တဲ့အရာတွေ အခြေခံ ကို ရှာ ဖျက်ဆီးလိုက်ခြင်း ကို ဥပဒေ နဲ့ တကွ လုပ်ဆောင်ပြီး နိုင်ငံ အကျိုးဆိုတာနဲ့ ဒီမိုကရေစီ နှင့်တကွ ပေါ်လာတဲ့
နိုင်ငံ အစွန်းရောက် မြန်ပြည် ဖြစ်လာနိုင်တာပါ..မြန်တာနဲ့  နှေးတာပဲ ကွာမှာပါ
တစ်ခုရှိတာက နိုင်ငံအစွန်းရောက် က လူမိုက်ကြား ခေါင်းထောင်ထမကြည့် နားမထောင်တတ်တာပါ
ပညာ ကို ပညာ နဲ့  လုပ်သူ နညးပညာ ကို နည်းပညာ နဲ့  လုပ်တာ ကို ဥပဒေ ကို ဥပဒေ လုပ်သူ လူသစ်တွေ လက်ထဲ ထည့်ထည့် ပေး ရတော့တဲ့ အချိန် ကတော့ မလွဲ ဧကန် ဖြစ်လာမှာပါ..
နိုင်ငံအစွန်းရောက်တွေ က အဖျက် လုံးလုံးမပါ ပညာမဲ့ မပါ အဖွဲ့ တစ်ခု ကို ကိုယ်စားမပြု နိုင်ငံ ကိုသာ သီးသန့်  ကိုယ်စားပြုတာထက် လူသစ်တွေ ဖြစ်နေတတ်တာ ကတော့ အံသြ စရာဖြစ်နေမှာပါ
လူသစ် အတွေးသစ်တွေ နိုင်ငံအစွန်းရောက် သက်သက်ပါ..
အချိန်တိုတို တစ်ခုမှာ တာဝန်ခဏယူ ပျောက်ပျောက်သွားတတ်တာပါ..

မြန်ပြည် အတွက် အခြေခံလစာ
နာရီ အလိုက် ငွေကြေးရှင်းတန်း
နေ့ စဉ် အလုပ်သွားအလုပ်ပြန် ခရီးသွားခ ကို နေ စဉ်ရှင်း ခြင်း လစဉ်ရှင်းခြင်း
ခြောက်လ တစ်ကြိမ် အပိုဆုကြေး ပေးခြင်း အနည်းဆုံး တစ်လစာ လုပ်အားခ
တစ်နှစ်တွင် နှစ်ကြိမ် အပိုဆုကြေး ၃လ အထက် အလုပ်လုပ်သူတိုင်း အပါအ၀င်
အလုပ်အ၀တ်အစား လိုအပ်သော အဆင်တန်ဆာ
ဖိနပ်နှင့် လုပ်ငန်းခွင် စိတ်ချလုံခြုံရေး တန်ဆာများ
အလုပ်ချိန်နှင့် အလုပ်နားချိန် အချိုးကျ ခံစားခွင့် မိနစ် ၅၀ လုပ် ၁၀ မိနစ် နား တနေ့ တာ အနိမ့်ဆုံး တနာရီ နား
တနှစ် လုပ်သက်ရှိသူ ကို
ကျန်းမာရေးစောင့်ရှောက် မှု နှင့် တနှစ် တခါ ကျန်းမာရေးဆေးစစ်ပေးခြင်း

လုပ်ငန်းခွင် ထိခိုက် အာမခံထားပေးခြင်း
အဲလိုအခြေခံတွေ မရှိမဖြစ် ပေးကို ပေးရမှာပါ
မြန်ပြည် အလုပ်သမား ၀န်ထမ်း အတွက် ဖြေရှင်းနိုင်မှာပါ အခြေခံ မှန်ကန်သော လူ့ အခွင့်အရေး ရမှာဖြစ်ပြီး
ဖော်ထုတ်တာတွေ တောင်းဆိုတာတွေ ပျောက်ဆုံးသွားမှာပါ
မြန်ပြည်လည်း တိုးတတ် အေးချမ်းစွာ အလုပ်လုပ်နိုင်မှာပါ
လုပ်ခလစာ က အလုပ်သွားအလုပ်လာ ကားခတွေ ရထားခ တွေ အလုပ်ဝတ်တွေ ဖိနပ်တွေ အတွက် ကျန်းမာရေး အတွက် ထုတ်သုံးစရာ မလို
အလုပ်အတွက် လိုအပ်တာတွေ က အလုပ်ရှင် က ပေးမှသာ လုပ်အားကို အပြည့်ရပေမည်

အပိုဆုကြေးငွေ က စိတ်ဖိစီးမှု သက်သာပြီး မိမိတိုးတတ်မှု ကို ပြုလုပ်နိုင်ပေမည်
လုပ်အားခ က ၀မ်းခါးလှရုံ လေးနဲ့ စိတ်ချရတဲ့ အခြေအနေ ဖြစ်မလာသေးပါ
အထက်က တစ်ခုခု လျော့ပေးမိလို့ ကတော့
တောင်းဆိုတာတွေ ဖော်ထုတ်တာတွေ သံသရာလည်နေမှာပါ..
င၀န်နဒီ
(မနေ့ က ရေးထားတာ ကို မြန်မာလို ပြန်ရေးထားတာပါ )

Tuesday, February 4, 2014
ဒီမိုကရေစီ ကို ရိုးသားစွာ မြင်တွေ့ ခွင့် ၁၉၉၆ ဒီဇင်ဘာ နံနက်ခင်း
ဒီမိုကရေစီမှာ တရားမျှတတယ် လွတ်လပ်တယ် စနစ်ကျလုပ်ဆောင်နိုင်တယ် ဆိုပေမဲ့
အကြင်နာတရား ပါမလာပါဘူး..မေတ္တာတရား ပါမလာပါဘူး
အကြင်နာတရားရှိတဲ့သူ မေတ္တာတရား ရှိသူ လက်ထဲ ရှိဖို့ လို နေတာပါ
လွတ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိပါတယ် နားလည်တတ်သူ လက်ထဲ မီဒီယာတွေ ရှိဖို့ လိုပါတယ်
မလိုလားသူ ကို ပြောနေတုန်းက အားပေးအားမြှောက်ပြီး မလိုတဲ့ အခါ ငယ်ကျိုးငယ်နာ ဖော်တာတွေ ရေးနေတာ က တစ်ခုခု မှားနေတာပါ...
အကောင်းကို လက်ခံ နိုင်ရပါမယ် အဆိုးလုပ်နေသူ ကို ကြည့်ပြီးအဆိုး ကို ရှောင်နိုင်ရပါမယ်..
ဘယ်ပုံစံနဲ့  လုပ်မလဲ ဆိုတာ ကို စနစ်တကျ တွေး ပြောဖို့ လိုပါတယ်...
အတိတ်သမိုင်း က ရိုးသားတာ တွေ မကောင်းတာတွေ ကို လူတိုင်းမှာ ရှိကြတာပါ..
မလိုလားတော့မှ... မကောင်းတာတွေ ချရေးတာ မကောင်းပါဘူး
ဒီနေရာမှာ ရေးရတာ က ဘယ်သူ မှားတယ် မှန်တာထက် အကောင်းဆုံး လုပ်ဆောင်နိုင်ဖို့  ရေးမှာပါ...
၁၉၉၆ ဒီဇင်ဘာလ ၂ ရက်နေ့  နံနက် ပိုင်း လူစုဖို့  အခက်အခဲလေးတွေ
နောက်ပိုင်း ဒီဇင်ဘာလ ၂ ရက်နေ့ နံနက်က စလိုက်တာ ဒီဇင်ဘာလ ၃ ရက်နံနက် မှာ လုံထိန်းတွေ ပိတ်တဲ့ အချိန် နောက်ဆုံး အချိန် လေးမှာ ဘယ်သူတွေ ကျန်ခဲ့မှာလည်း ဘယ်သူတွေ ဘာလုပ်မှာလည်း အချိန်မှာ...
ကျန်ခဲ့တဲ့သူ က ဟုတ်ပြီ ဒီလူတွေ ကို ပြန်ထုတ်ဖို့  ခဏပြန်ပြီး လူပြန်စုဖို့ လုပ်သင့်တာလုပ်ဖို့ 
ပက်စီ အပါ အတူပြန်လာ ခဲ့ပေမဲ့ ချက်ချင်း E ဆောင်ထဲ အ၀င် ခဏ ပြပြီး ချက်ချင်း ကားငှား ပြန် လိုက်
အဲဒီ ကျန်ခဲ့နေရာ ကို သွား အသံနားထောင် ပြီး ကျောင်း ကို ချက်ချင်းသွား ဆရာတွေ ကို သွားပြောပြီး ပြန်လွတ်လာဖို့  ပြောတော့ မရတော့ဘူး ပြောတော့ လူ ပြန်စု ဖို့  လုပ်တော့ရမယ်ဆိုတော့ မှ ဆရာ တွေ က ဖုန်းဆက်ပေးပြီး လုပ်လိုက်တော့ မှ သိပ်တော့ မကြာလိုက်ပါဘူး ပြန်တော့ ရောက်လာကြပါတယ်
အဲတော့ မှ စိတ်အေးရတာပါ...ကျန်ခဲ့သူ မှားလား ပြန်လိုက်တဲ့သူ မှားလား ဆိုတာထက် ရိုးသားစွာ တစ်ဦးကို တစ်ဦး ကူညီခဲ့ကြတာပါ..
အခုလည်း သဘောထားတွေ ကွဲကြပါ ဒီမိုကရေစီ ကို ရိုးသားစွာ ရယူကြပါ ...မပေးချင်သူ လက်ထဲက နှစ်ပေါင်း အတော်ကြာ ကြိုးစားလာခဲ့ပြီးပြီ...ပြန်ပေးလိုက်ဖို့ ထက်...
သဘောထားကွဲစွာ နဲ့ ဒီမိုကရေစီ ကို ဆုတ်ကိုင် နိုင်ဖို့  အရေးကြီးပါတယ်
ပက်စီ ဂျပန် လာတုန်း က တွေ့  လိုက် ဖြစ်ပါတယ် သူရဲ့  ပေးဆပ်မှုတွေ အများကြီး ပေးဆပ်လိုက်ရတာပါ..
အခုအချိန်တော့ သူလည်း အေးချမ်းစွာ ဖြတ်သန်း နိုင်ပါစေ...

Wednesday, January 1, 2014
Tuesday, December 31, 2013
ဝန်ဆောင်မှု နဲ့  ပြည်သူ့ အတွက် ဖြည့်ဆည်းပေးတဲ့ စနစ်
ဂတ်စ် အရောင်းဆိုင်ဝန်ထမ်းမလို တဲ့ ပင်လယ်ကမ်းခြေက ဆိုင်လေးပါ
ပင်လယ်ကမ်းခြေက အများသုံး ရေချိုးခန်း အဝတ်လဲခန်း အိမ်သာ အားလုံး အခမဲ့နေရာတွေ

Tuesday, December 24, 2013
ကားပါမစ် နိဂုံး ပြည်သူ့ တန်းတူ ရပိုင်ခွင့်
စာကရေးမှာပါ မဟုတ်ရင် တနှစ်မှာ ကား အရောင်းအဝယ် တွေ ၃ လလောက် သတင်းနားထောင်လိုက် အရောင်းအဝယ်ရပ်လိုက် ဈေးကစားခံရလိုက် ဖြစ်နေတော့ မြန်ပြည်နစ်နာလို့ ပါ အခုက ဖယ်ဒရယ် ပါ ထိလာတော့ ရေးကို ရေးမှာပါ
မိမိအတွက်မဟုတ်ပေမဲ့ အများအတွက် ရေးသင့်တယ်ထင်တာပဲ
အဲဒါနဲ့ ကြာနေတာ အများအတွက် အကျိုးဖြစ်ဖို့  အတွက်ကြာနေတာရယ် သူတစ်ပါး မထိမိအောင်လည်းဖြစ်စေချင်လို့ ပါ
နောက်တော့ ရေးပါမယ်
0%
အခမဲ့တင်သွင်းခွင့် ဆိုတာထက်
အခွန်မကောက်သင့်သော စက်တပ်ယာဉ် သို့ မဟုတ် အစိုးရက အလကား ဝန်ဆောင်မှု ပေးသင့်သော wheel chair
5%
ဂေါက်ကွင်းသုံးကား ခရီးနီး ပါအသုံးဝင် အင်ဂျင်တပ် နယ် တွေ တောတွေ အရေးကြီး လူနာ လှည်းအစားတင်ပို့ နိုင်
နေရာစုံ ဆေးရုံ လိုက်မဆောက်ပေးနိုင်ခင် ခွင့်ပြုသင့် စက်တပ်ယာဉ်
Subscribe to:
Posts (Atom)