ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Showing posts with label ဝတ်ထု. Show all posts
Showing posts with label ဝတ်ထု. Show all posts

Thursday, June 2, 2011

ကမ္ဘာမြေ မျက်ရည် သောက်သုံးခြင်း

ငယ်ဘဝ မှာ ကမ္ဘာမြေ မျက်ရည် ကို အကြွင်းမဲ့ ယုံကြည်ပြီး သောက်သုံးလာခဲ့တာ အခုတော့ အဲဒီလို မသောက်သုံးရတော့ပေမဲ့...ပြန်ပြီးသောက်သုံးခွင့် ရချင်သေးတယ် မိမိဇာတိမြေ ပြန်ရောက်မယ့်တစ်နေ့ ပေါ့

အခုတော့လည်း ကမ္ဘာမြေ ရင်ဘတ်ဖောက်ပြီးကမ္ဘာမြေမျက်ရည်တွေသောက်သုံးနေတာ ကြာပါပြီ

ကမ္ဘာမြေ မျက်လုံးတွေ ကို လိုသလို သန့် ရှင်းရေးလုပ်ပြီးသောက်လာ လိုက်တာ PH 7 ဆိုတာကို လည်း သိစရာမလိုသလို..
ကမ္ဘာမြေ မျက်ရည်က နေ ရောဂါ လည်း တစ်ခါမှ မရခဲ့ပါဘူး

ကမ္ဘာမြေ မျက်လုံး က နွေရောက် လို့ မျက်ရည် မထွက်ရင် ကမ္ဘာမြေ မျက်လုံးထဲ ဆင်းပြီး သန့် ရှင်းရေးတွေ လုပ် မရမက မျက်ရည် ညစ်တာ ကမ္ဘာမြေ မျက်လုံး တော်တော် နာကျင်ပြီး မျက်လည်တွေ တတ်နိုင်သရွေ့ မငြီးမငြူ ထုတ်ပေးတာကို သောက်သုံးရတာ စိတ်အေးချမ်းစွာ သောက်သုံးခဲ့ရပါတယ်။

တကယ်တော့ ကမ္ဘာမြေ မျက်ရည် ကို အညာ အရပ်မှာ ဆို မျက်လုံးတွေ တစ်လုံးပြီးတစ်လုံးဖောက် မျက်ရည်တစ်ပေါက်ရဖို့ အရေး နေပူမှာ အကြာကြီးစောင့်ကြရတာပါ...

ကမ္ဘာမြေ ကတော့ ဘယ်နေရာမှာ ပဲ ဖြစ်ဖြစ် သူ့ မျက်ရည်တွေ ကို ရသရွေ့ ညစ်ထုတ်ပေးနေတာ ကျေးဇူးတင်ရမှာပါ။

ဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာမြေ မျက်လုံး တွေ ကို တော်တော် များများ ပြန် မပိတ်ကြတာ မပိတ်ရဲ ကြတာ ကမ္ဘာမြေ မျက်လုံးနောက် က အတိတ်အရိပ်တွေ ရှိနေတာတော့ငြင်းမရနိုင်ပါဘူး...

အခုနောက်ပိုင်း ကမ္ဘာမြေ မျက်ရည် သောက်သုံးရဖို့ အရေး ကမ္ဘာမြေ ရင်ဘတ်ကြီး ကို အပေါက်ဖေါက် ငုတ်တွေစိုက် လေတွေ မှုတ်ထည့်ပြီး မျက်ရည်တွေ ထုတ်လာကြတော့

ကမ္ဘာမြေ လည်း မျက်လုံးနဲ့  ငိုကြွေး နေတာ ကနေ
သူ့ မျက်ရည်သောက်သုံး နိုင်ဖို့ အတွက်ရင်ဘတ်ကြီးနဲ့ တစ်မျိုးမဟုတ်တစ်မျိုး နဲ့  ငိုကြွေး ပေးနေလေရဲ့ ...
(ပုသိမ်မြို့  က ရေတွင်း တွေ ရှိနေသရွေ့  ကမ္ဘာမြေ မျက်လုံး မပျောက်ဆုံး ပါဘူး)

Saturday, May 14, 2011

အာလူး တွေ မြိုမြို ချနေရတယ်

စာရေး မလို့ မနေ့ ညက ဘယ်လို မှ မရဖြစ်နေတာ မနက် ၂ နာရီလောက်မှာ အဆင်ပြေပေမဲ့
သောကြာနေ့  ဆို နေကလည်း ညို လေပြို ချင်သူတွေ အတွက် အဖော် လိုက်ပေး ရတော့

မသောက်ချင်လည်းသောက် လိုက်ရပြန်ရော နောက် တစ်ပတ်တောင် ဆက်ရန် ရှိသေးတယ် ဆိုပဲ ငယ်ငယ်လေးတုန်း လူကြီးတွေ ကပြောတာ က စကားအရမ်း များတဲ့သူ ကို အာလူးအရမ်းဖုတ်တဲ့ သူဆိုပဲ

ဂျပန်မှာတော့ စကားလည်းပြောရအောင် ဆိုပြီး ဆိုင်ထိုင်သောက် ဖြစ်ကြတယ်။တကယ်တော့ အာလူးဖုတ်ဖို့ ဆိုင်ထိုင်တယ် ဆိုပါစို့ 

တစ်ခုတော့တော သေးတယ် မိနစ် ၉၀ အဝသောက် တို့  ဘာတို့ ရှိလို့ တောသေးတယ်။

ကြာကြာမထိုင်ရတော့ဘူးပေါ့။ဒီလိုနဲ့  သောကြာ နေ့ ဆို သောက်ဖြစ်တာတွေ များများလာတယ်။အိမ်ပြန်မရောက်ခင်တော့ အားလူးတွေ ဖုတ်ကြ ရတာပေါ့

အိမ်လည်းပြန်ရောက် ရော ဒီလောက်ဖြစ်လှတဲ့ အာလူးတွေ ချက်ပြီး ဝါးတောင်မဝါးချင်တော့ ဘူး

မြိုမြို ချလိုက်တော့တယ်။

Wednesday, May 11, 2011

ပီတိ စားသုံးသော ညနေခင်း

ဒီအကြောင်း အရာလေး ကတော့ ၁၉၈၇ မတိုင်ခင်လောက်ကပါ။

ရင်ကိုထိရှ စေတဲ့ မြန်မာ့ဓလေ့ လေးကို ပြန်ရေးရတာပါ။

ဇလွန် ကို အလည်သွားတုန်းက မိုးတွင်းပိုင်း ကားလမ်းတွေက အခုလိုမရသေးတဲ့ အချိန်ပေါ့။

ဇလွန် ကနေ ဟင်္သာတ ပြန်ဖို့ သင်္ဘော စောင့်နေတဲ့ အချိန် မြစ်ရေ ကလည်း တော်တော် လေး အစီးကြမ်းတဲ့ အချိန် အခါပေါ့။

ညနေစောင်း နေညိုနေ ပြီလေ။

ညနေ အလုပ်လေးအဆင်ပြေမှ အူစိုစေမဲ့ လူတစ်ချို့ လည်း ဝမ်းစာရေး အတွက် သင်္ဘောလာ ရင် နေရာလေး အရင်ဦးပြီး ပြန်ရောင်းစားဖို့  သင်္ဘော အလာကို မျှော်နေ ကြတာပေါ့ ။

ဒီအချိန် အတော် အတွင်းမှာ ပဲ သင်္ဘော အလာ ကို တွေ့ နေ ရတော့ ဝမ်းစာရေး အတွက် အလုအယှက် တိုးဝှေ့  လှေနဲ့  ကပ်သွားကြတာပေါ့။

ဒီအချိန် မှာ မမျှော်လင့် ပဲ လှေတစ်စီး က သင်္ဘော နား အရင်ကပ်မလိုဖြစ်သွားပြီး ရေစီး အရှိန်နဲ့ မှောက် သွားလေရဲ့ 

လူတွေ အားလုံး ...ဟာ ကနဲ ဖြစ်သွားလေရဲ့ ...

ရေစီး ကလည်းမြန်ဆိုတော့ ချက်ချင်းပဲ အဝေးရောက်သွားတော့ နေရာ ဦးဖို့  သင်္ဘောပေါ်တောင် ရောက်နေတဲ့ ဘဝတူ အဖွဲ့ တွေ က ဟိုမှာ အဝေးရောက်သွားပြီ လို့ ပြောတော့ တစ်ယောက် က ဟာ...ငါလိုက်သွားမယ် နင်တို့ ပဲကြည့်လုပ်ထားလိုက်တော့ ဆိုပြီး ပြောပြီး သူလှေ ကို ဖြုတ်ပြီး လိုက်သွားတယ်။

၁၅ မိနစ်လောက် ကြာတော့ မှောက်သွားတဲ့ အထဲ ပါသွားတဲ့ သူတွေ ပြန်ခေါ်လာနို်င်တာ အဝေး ကတွေ့ လိုက်ရတယ်။

သွားကယ်တဲ့ သူတော့ အဲဒီညနေ စာ အဆင်ပြေတော့မယ် မထင်။

သင်္ဘော ပေါ်ကနေရာ ဦး လို့ ရောင်းစားလို့ ရတဲ့သူတွေ က ညကျ ရင် သူတို့ တွေ ဆီသွား လိုက်ရအောင်လို့ ပြောနေကြတယ်။

ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ လက်ကြီးပဲ သွားမယ် မထင် ။ အချင်းချင်း ပြန်ကယ်လို့  ရတဲ့ အချိန် မှာ ပျော်သွားတဲ့ သူတို့ မျက်နှာ တွေ ၊ သွားကယ်ရတဲ့သူ ညစာ အဆင်မပြေ ရင်တောင် သူကယ်လိုက် လို့  အသက် ရှင်လာသူအတွက် ကတော့

ညစာ ကိုပီတိ စားရင်းပြည့်နေ မှာပါ။

သင်္ဘော မလာခင်က အချင်းချင်း ရန်မဲနေသူတွေ တောင် ညကျရင် အချင်းချင်း ကူညီဖို့ သွားရင်း ပီတိ ကို အတူတူ စားသုံး ကြမှာသေချာတယ်။

အဲဒီနေ့  ကတော့ ဘေးကကြည့်တဲ့ သူတွေ တောင် အဲဒီ ပီတိ ကို မျှဝေ စားသုံး မိလိုက်ပါတယ်။

Sunday, May 8, 2011

အဝေးရောက် မြန်ပြည် ကလေးငယ် အတွေးသစ်

နိုင်ငံခြား ရောက် ကလေးငယ် တစ်ချို့ ရဲ့ မြန်မာ စကား ကြိုးစားပြောတာကို သူတို့  အဆင်ပြေ သလိုတွေး ပြီး ပြောလိုက်လုပ်လိုက်တာကို ရေးမှာပါ။

မြန်မာကလေး ငယ်တွေ တတ်နိုင်သရွေ့  မြန်မာလို ကြိုးစားတွေးခေါ် ပြော တာ ဂုဏ်ယူစရာပါ။

ကလေးတွေ ရဲ့  အတွေးသစ် အလုပ်သစ်လေးတွေ နဲ့ ပေါ့

ကျောင်းတွေ တတ်ရ စာတွေ ကျက်ရ စကားက အင်္ဂလိပ်လို ပဲ များများပြော ရဆိုတော့ စာတွေကျက်ရင်း သူကပြော လိုက်တယ်...

" ဟာ ဒီစာ တွေ ကလည်း အရမ်းမာ တာပဲ "....

အဲဒါ က အတန်းကျောင်းတတ်နေ တဲ့ ကလေး က " Hard " ကို တိုက်ရိုက် ပြန်လိုက်တာ...စာတွေ မာ ကုန်ပြီ ဆိုပဲ....

နောက်တစ်ယောက် သူ မိခင်နဲ့  ဈေးလိုက်သွား ရင်း လူများကြားမှာ ပြောလို့  သိပ်မရ တော့ သူ့ မိခင် က

အိမ်ရောက် ရင် နင် ကို "ကြိမ်စာ " ကျွေး မယ် ဆိုပြီးပြော လိုက်တယ် တဲ့

အဲဒီကလေး ကတော့ သူ့ အမေ စကား ကို မှတ်ထားလိုက်ပြီး။

အိမ်လဲရောက် ရော ရေခဲသေတ္တာ ရှိတဲ့ ဆီသွားပြီး "ကြိမ်စာ " ရှာ တော့ မတွေ့ တော့

သူ့ မိခင် ကို " အမေ ပြောတဲ့ ကြိမ်စာ ရေခဲသေတ္တာ ထဲမှာလည်း မရှိဘူး အမေညာတာပဲ "ဆို လိုက်တယ်တဲ့။

သူ့ မိခင်လည်း ကြိမ်စာ ကို ရေခဲသေတ္တာ ထဲ ဘယ်လိုထည့်ရမှာလည်း စဉ်းစား ရမလို ဖြစ်သွားလေရဲ့ ။

သူ့ မိခင်လဲ ဘယ်ရိုက်ရက်တော့ မှာလဲဗျာ။

နောက်တစ်ယောက် တော်တော် ဆော့တဲ့ ကလေး အဖော်တွေ စုံတော့ ဆော့ရင်း မော လာပြီးအိမ် ပြန်ခါ နီးတော့

သူ့ မိခင် ကို ချီခိုင်းသတဲ့

သူ့ မိခင် က ဘာဖြစ်လို့ ချီရမှာ လည်း ဆော့တုန်းက ဆော့ပြီးတော့ မရဘူး ကိုယ့်ဟာ ကိုယ် လမ်းလျှောက် ပြန်ရမယ်ပြောတော့

" ကျွန်တော် လမ်းမလျှောက် နိုင်တော့ ဘူး ကျွန်တော့် ခြေထောက် တွေ မူးနေပြီ"

အဲဒါနဲ့  သူ့ မိခင် က ဟဲ့ ညောင်းတာ ဟုတ်ဖူးလား ဆို တော့ ကလေးကမသိတော့ ကျွန်တော့် ခြေထောက် တွေ မူးနေပြီဗျာ ချီပါတော့ ဆိုပြီး

သူ့ မိခင် ချီလိုက်ရတော့တယ်။

(အထက်ပါ အပြော အဆို များ မူပိုင် သူများမှာ စင်ကာပူ မှ ကလေး နှစ်ယောက် ဂျပန် မှ ကလေး တစ်ယောက် ၏ အသုံး အနှုန်း များသာ မှားယွင်း မှုအနည်းငယ် ရှိပါ ရေးသားသူ ကျွန်တော် အမှားပါ)....ကလေးများ၏ မူပိုင်ခွင့် အရ ကူးယူဖော်ပြ နိုင်သော်လည်း ပြန်လည် လှောင်ပြောင် ရေးသားခြင်း ခွင့်မပြုပါ ...

Saturday, May 7, 2011

ကျက်သရေ ကြော်စားလိုက်တော့တယ်

မနေ့ က အလုပ်ကနေ ညနေ စားသောက်ပွဲ ရှိတော့ မကောင်းတတ်တော့ လိုက်ရတယ်။

လူတိုင်းကိုခေါ်တာလည်းမဟုတ် နောက်ပြီး သောက်ရတာတွေ ပါလာရော။

တကယ်တော့ နဂို မြန်မာပြည်မှာ ရှိတုန်းက သောက်ပါတယ်။မနက် ၁၀ လောက်ကနေ ည ၁၂ ရီ အထိလောက်ပဲ သောက်တတ်တာပါ။

မသောက်တတ် တဲ့သူကို သောက်ဖို့  ဘယ်တော့မှ မတိုက်တွန်းသလို မသောက်ချင်သူကိုလည်း သောက်ဖို့ မတိုက်တွန်းပါဘူး။

အခုတော့ အလုပ်က လူတွေနဲ့ ဆိုတော့ လူမူရေးအရ မကောင်းတတ်လို့ သောက်ရပြန်ရော။

တကယ်တော့ သူတို့ က သောက်ပဲသောက်တာ လွတ်လပ်မှုကို မရှိတဲ့ သောက်တာဆိုတော့ မသောက်ချင်တာလဲပါတယ်။သောက်မယ့်သောက် ရင် တစ်ဆိုင်ပြီးတစ်ဆိုင်ပြောင်းသောက်ပေါ့ မိုးအလင်း သောက် တစ်ဝ ကြီးသောက် ပေါ့

ဒီမှာ က ဟိုမရောက် ဒီမရောက်သောက် ပြီး ရင် အ နှိပ်ခန်းပဲရှိတာ ခေါင်းလျှော်ခန်းက မရှိ ဆောင်အိုနား သွားဖို့ ရှိတာ အဲဒါတွေ ကြတော့လဲ မဆက် ကြဆိုတော့

သောက် ကို မသောက်ချင်တော့တာ မြန်ပြည်မှာ ထဲက တ ဝ သောက်လာလို့ လား မသိ သောက် ကို မသောက်ချင်တော့တာ။

ဆေးလိပ်ဆိုလဲ မသောက်ချင်တော့ အရက် ဘီယာ ဆိုလဲ မသောက်ချင်တော့

မနေ့ ည ကတော့ မကောင်းတတ်တော့ သောက်လိုက် ရတော့ တကယ့်ကို ကျက်သရေ မရှိလိုက်တာ။

အဲဒီကျက်သရေ မရှိတာ မဖြစ်ရအောင် မူးမူးနဲ့  အိမ်ရောက် တော့ ဒါလောက်ဖြစ်လှတဲ့ ကျက်သရေ ကြော်စား ပစ်လိုက်တယ်။
ကျွတ်ကျွတ်နဲ့  စားကောင်းလိုက်တာ။

နောက်တစ်ခါ ဆို အချဉ်ရေ သံပရာရေ ညစ်ပြီး သုတ်စားလိုက်တော့မယ်။

Thursday, April 14, 2011

ကစားပွဲ အပိုင်း ၇ နောက်ဆုံး အဆင့် လယ်ဘယ် (ဇာတ်သိမ်း)

ကစားပွဲ အပိုင်း ၇ (ဇာတ်သိမ်း)

ကစားပွဲ ကို မြန်မာ နှစ်မကူးခင် ဇာတ်သိမ်းရေး နေရတာ သင်္ကြန် ကျလို့ ရေလောင်း ရဖို့ နေနေသာသာ တိုကျို မှာ ဒီရက်တော့ ရေ သုံးလို့ ရနေလေရဲ့  မိုးမရွာလို့ လေ။မိုးရွာ ရင် အဲဒီရက် လှောင်ထားတဲ့ ရေဘဲ သုံးတာ ကောင်းမယ် ထင်လို့  မိုးရွာပြီ ဆို ရေသုံးတာ သတိထား တာ အကောင်းဆုံးပါ။

ဒီ ကစားပွဲ မှာ အမျိုးမျိုး ပြောကြတယ် ဘာ အန္တရာယ် မှ မရှိဘူး လို့ ပြောနေကြတဲ့သူတွေ ရှိပါတယ်။

အဲဒါတွေကြောင့် ဒီကစားပွဲ ကို ရေးဖြစ်တာပါ။ပြောတာတွေ မှားနေတာတွေ ကို မဆင်မချင်ရေး ပြောသမျှယုံပြီးရေးနေတာ တွေ့ ရတော့ ကစားနေတာနဲ့ တူနေတာ ဆိုပြီး ကစားပွဲ ဖြစ်လာတာပါ။

စရေးကတည်း က ဂိမ်းစ် အိုဗာ ဖြစ်မဲ့ ကစားပွဲ လို့ ရေးခဲ့တာပါ။

အခုတော့ အဆင့် ၇ ရောက် နေ ပါပြီ။

သတ်မှတ်ထားတာ က အဆင့် ၇ ပဲ ရှိတာပါ နောက်ဆုံး အဆင့် ပါ။ဒါ ကို အန္တရာယ် မရှိဘူး ပြောနေသူ တွေ ဘာကိုကြည့်ပြီးပြောတာလဲ။ စဉ်းစားလို့ ကို မရဘူး။

မယ်လ်ဒေါင်း ဖြစ်နေလို့  အဆင့် ၇ ကို ရောက်လာတာပါ။ ဒါကို မသိသလို လုပ်လို့ မရပါဘူး။

ကာကွယ်ဖို့ လိုလာပါပြီ။နစ်နာမှုအတွက် ပေးတာကလဲ မဖြစ်စလောက် လေးပါ အဲမှာ ခံရတဲ့ သူတွေ အတွက် စိတ်မကောင်းစရာပါ။

ဒါဆို အဝေးမှာ နေပြီး ကာကွယ်လို့ ရသလောက်လေး နဲ့  ကစားပွဲ ဇာတ်သိမ်း ရတော့မည်။

ဘယ်လိုအစားအစာတွေ စားရင် အဆင်ပြေမလဲ ဆိုရင်

ဂျက်စမင် ကို အားပေးရတော့မည် ဆိုတာက ထိုင်းက လာသော ဆန်ကိုစားသုံးဖို့ ကို ဆိုလိုတာပါ။
တရုတ်ကကြားရင် တော်လှန်ရေးလုပ်တယ် ဆိုပြီးပြောနေမလားမသိ။

ဂျက်စမင် လက်ဖက်ခြောက် ကို ထိုင်ဝမ်ဆိုင် တရုတ် ဆိုင်တွေမှာ ရနိုင်ပါတယ်။

ငှက်ပျောသီး ကိုတော့ ဖိလစ်ပိုင် အစားအစာ ရောင်းတဲ့ ဆိုင် မှာ ဖီးကြမ်း ငှက်ပျောသီးရနိုင်ပါတယ်။သဘောင်္သီး ပါ ရနိုင်ပါတယ်။ ဝမ်းမာသူတွေ နို့ အစား စားသုံး နိုင်တာပေါ့။

ရနိုင်တဲ့ နေရာတွေ ကတော့ တကာဒါနိုဘာဘာ၊ ရှင်အိုကူဘို ၊ ခင်ချီချို တွေမှာ ရနိုင်ပါတယ် ။အုအဲ နော့ ဈေးအောက်ထပ်မှာတော့ ဗီယက်နမ် အစားအသောက် ရောင်းဆိုင် လဲ ရှိပါတယ်။တရုတ်ကလာတဲ့ ဘဲကင် ရောင်းတဲ့ ဆိုင် အဲဒီနားမှာ ရှိပါတယ်။

အသားကတော့ ငါးခူတို့  ငါးပြေမတို့  ကြက်သားဆို ဘရာဇီး က ကြက်သား တို့ စားတာ ကောင်းလိမ့်မယ်ထင်ပါတယ်။


အိန္ဒိယက လာတဲ့ ငါးတွေ စားလို့ ရသလိုထိုင်းက အသီးအရွက် ဗူးတွေလဲ ရှိပါတယ်။

အစားအသောက် အတွက် အဲဒီလောက်ဆိုရင် အဆင်ပြေမှာပါ ။ထိုင်းဆိုင်တွေ မှာ ငါးပိ ဗူးတွေပါ ရတာကိုး။


ရေကတော့ ရေသန့် စက်က ရေဖြစ်ဖြစ် ရေသန့် ဗူးဖြစ်ဖြစ် သောက် ရင် ပိုကောင်းမှာပါ။

ချိုးရေ ကတော့ မိုးရွာရင် လှောင်ထားတဲ့ ရေကို ချိုးရင် ကောင်းပါတယ်။

ကစားပွဲ မှာ ကာကွယ်တာတွေ ရှိသလို ဖြစ်လာမှာကို သိဖို့ လိုပါတယ်။

တဖြည်းဖြည်း နဲ့  သွေးဆဲလ်တွေ ပျက်စီးတတ်တာ နောက် ဆုံးအဆင့်တွေ ရဲ့ ရလဒ်ပေါ့။

ချက်ချင်းမြင်ရတာ မဟုတ်သလို နောက် နှစ်ပေါင်း တော်တော် ကြာမှ ဖြစ်လာမဲ့ ဆိုကျိုးတွေ ပါ။ မျိုးဆက် အတွက် မျိုးပွားမှု ရပ်တန့် စေတာတွေ ပါ ဖြစ်တတ်ပါတယ်။

လေထဲ ကဟာ ထိန်းချုပ်လို့ ရတာ တို့  မမြင်ရသေးတာကို ဘာမှ မဖြစ်ဖူး ကြိုပြော တဲ့ ...ကမ္ဘာပျက် မှာ ယုံ နေသူဆို
အလုပ်လဲ မလုပ် နဲ့  အအိပ်အစား အငှားလိုက်ပြီး နယူကလီး ပလန့် ကထွက်မဲ့ အငွေ့ တွေ သွားရှူပေး နိုင်ရင် အားလုံး သာဓု ခေါ်နေမှာ ...

ဘာမှ မဖြစ်ပါ ဘူး ဆိုသူတွေ ပြော နေသူ တွေ နှစ်သစ် အလှူ လုပ် လို လျှင် အငွေ့  ရှူပေး ပြီး ကုသိုလ် ယူ တာကို မျှော်ကြည့် ရင်း ကစားပွဲ ရပ်လိုက်ပါပြီ။

Wednesday, April 13, 2011

ကစားပွဲ အပိုင်း ၆

အပိုင်း ၆
ကစားပွဲ က တကယ် ကို ဂိမ်း အိုဗာ ဖြစ်သွားပါပြီ ကမ္ဘာအဆင့် မှာ ၇ အထိ နောက်ဆုံးသတ်မှတ် ထားတာပါ။
ဂျပန်က လက်ဦး က အဆင့် ၅ ပဲ ဆိုပြီး ပြောနေတာပါ။

အခုတော့ နောက်ဆုံးအဆင့် ၇ လို့  ပြောနေရပြီဆိုတော့ အန္တရာယ် တကယ်ကို များနေပါပြီ။

သတိထားဖို့ လိုလာပါပြီ။

တကယ်တော့ ကစားပွဲ ကို ဂိမ်း အိုဗာ ဖြစ်မဲ့ ကစားပွဲ မှန်းသိရဲ့ နဲ့ ရေးနေတာပါ။ သတင်းထုတ်တာ တွက်ချက်တတ်ရင် တစ်ချို့ ဆို ကြိုသိနေမှာပါ။ နှစ်ရက်လောက် ကြိုသိနိုင်ပါတယ်။

ပလူတိုနီယမ်တွေ စမ်းသပ်တွေ့ ရှိနေတာ ကြာပါပြီ

သတင်းမထုတ်တော့ ဘယ်သူမှ ဟိုလိုဒီလို နဲ့  ယောင်ဝါးဝါး ဖြစ်နေရတာ ဆိုတော့ ဒီအကြောင်း အရာတွေ ရေးရတာ ကစားပွဲ လို ဖြစ်နေရတာ


ဒီလို အချိန်မှာ ဖိလစ်ပိုင် နိုင်ငံက နယူကလီးယား ပလန့်  အနီးမှာနေ တဲ့သူတွေ ပြန်လာဖို့ အတွက် နိုင်ငံက အကုန်ကျခံ ပြန်ခေါ်ပေးပါမယ်တဲ့ ဖိလစ်ပိုင်လူမျိုး ၂၀၀၀ နီးပါးလောက် အဲဒီ အနီးအနားမှာ နေ နေ တာပါ။

ကစားပွဲ က ဂိမ်းအိုဗာ ဖြစ်တော့ ကဲ ဘယ်လို ကာကွယ်ကြမှာ လဲ။

ကစားပွဲ က အိုဗာ ဆိုပြီး အထင်မသေးနဲ့  ထိန်းလို့ ရပြီလို့  ပြောနေတုန်းနော် ပျော်နေတာတွေ ဖျော်ရေ လုပ်သောက်ထိန်းချုပ် ထားတာလားမသိ။ ၉၆ ပါးပျောက်မှာသေချာတယ် ထင်တယ်။ မှတ်တိုင်လေးနဲ့ ပေါ့။

ဇာတ်သိမ်း အပိုင်း ၇ မှာ ဆက်ရေးပါမယ်။ ဂျက်စမင်း ကို အားပေးရတော့မှာပေါ့ ။သတိ ဇာတ်သိမ်း မပြီးခင် တရုတ်က မကြားပါစေနဲ့  တစ်မျိုးထင်မှာစိုးရလို့ ပါ။

Saturday, April 9, 2011

ကစားပွဲ အပိုင်း ၅

အပိုင်း ၅

ဒီနေရာမှာ တွေ့ ရတာက အသစ် ငလျင်လာတော့ လူတွေ ပိုကြောက် စရာ ဖြစ်လာသလို ကစားပွဲ ကိုတောင် ရပ်ထားသယောင် ပြောလာတာပါ။ ဒါ ဆို ရေဒီယိုသတ္တိကြွတွေ မထွက်တော့ ဘူးပေါ့ တကယ်တော့ မလည်ပတ် နိုင်တာကို ပြောရမှာ ဖြစ်ပြီး ထိန်းချုပ်နိုင်ဖို့ ကြိုးစားဆဲပါ။

သတင်းတွေ အမျိုးမျိုး ဖြစ်တတ်တာပြော ရရင် မနေ့ က ငလျင် ဆို စစချင်းကြော် ငြာတာ ၇.၄ မဂ္ဂနီကျူ နောက်တော့ ၇.၁ မဂ္ဂနီကျူ ပြောင်းသွားတတ်တာဆိုတော့

အမှန်တကယ် တော့ ငလျင်လှုပ်တာ တော်တော် လေးအချိန်ကြာတာဆိုတော့ ဂရပ်ဖတ်ရတာ အဆင်မပြေတာဖြစ်လိမ့်မယ်

ကစားပွဲလည်း ဒီလိုဖြစ်နေတာ ကြာပြီ

တစ်ခုတွေ့ တာတော့ ပညာရှင်တွေ ပြော တာတွေ ကို တာဝန်ရှိသူတွေ က ဟုတ်ဟုတ် မဟုတ်ဟုတ် သူတို့ ပြောတာဆိုပြီး သတင်းစာရှင်လင်းနေရတာပါ။

အိန္ဒိယက ဆို ဂျပန်က အစားအသောက်တွေ၃ လ ပိတ် တယ် ပြောတာ ဠာနတခုကနေပြောတာပါ အစိုးရမဟုတ်ပါဘူးဆိုပြီး
ရေဒီယိုသတ္တိကြွ စီစစ်ပြီးသွင်းမှာပါ ဆိုတာလေးနဲ့ ပြန်ထိမ်းထားလိုက်ပါတယ်။

ကစားပွဲ မှာ သတိထားရမှာ က အရင် တစ်ခြားနိုင်ငံ မှာ ဒီလို ဓာတ်ရောင်ခြည်သင့်လို့ ထိခိုက်တာ အများအပြားဖြစ်ခဲ့တာ အစားအသောက် မဆင်မချင်လို့ ဖြစ်တာလို့ ဆိုတယ်။

ကစားပွဲ မှာ မပါဝင်လိုသော်လည်းပါနေရ သူများ အစားအသောက် သတိရှိနိုင်ကြပါစေ။

ကျောင်းတွေ ပြန်ဖွင့်တော့ မဖွင့်ခင် ရေဒီယိုသတ္တိကြွတွေ စမ်းတာပြောပြီး ကျန်တာဘာမှ မသိပါဘူး

တကယ်တော့ ရေဒီယိုသတ္တိကြွ က အရင်ကတဲက ရှိတာပါ လူကို ဒုက္ခပေးတဲ့ အဆင့် ဟုတ်မဟုတ် စမ်းသပ်ရမှာပါ။

စမ်းတော့စမ်းတယ် ဘာမှန်းမသိတော့ ကစားပွဲ လို ဖြစ်နေတာကြာပေါ့။

Friday, April 8, 2011

ကစားပွဲ အပိုင်း ၎

အပိုင်း ၎

ဒီနေ့ တော့ ကိုရီးယား ကကျောင်း တစ်ရာ လောက် ပိတ်လိုက်ရတယ် မိုးရွာရင် ကလေး တွေ အတွက် အန္တရာယ်ရှိတယ် ဆိုပြီး ကျောင်းတွေ ပိတ်လိုက်တာပါ။

တရုတ် ဖက်ကိုလည်း အနည်းငယ် သက်ရောက်မှုရှိလာတာကို လည်းသိရပါတယ်။

အခုတော့ နိုက်ထရိုဂျင် တွေ ထည့်ပြီး ကြိုးစားနေလေ ရဲ့ 

ရဲတွေ ကတော့ ဆူနာမီဖြစ်ခဲ့တဲ့နေရာ ကို အကာအကွယ် ဝတ်စုံတွေ ဝတ်ပြီး တစ်လနီးပါး ကြာပြီဖြစ်တဲ့ အပျက်အစီးတွေကြား ပျောက်ဆုံးသူတွေ ရှာ နေလေရဲ့ ။

ဒီကြားထဲ ဧပြီလ ၇ ရက် နေ့  ၂၃ နာရီ ၃၂ မိနစ် ဒီည ငလျင် က ၇.၄ မဂ္ဂနီကျူ ထပ်လှုပ်တော့ ဘာတွေ ထပ်ဖြစ်လာအုံး မယ်မသိ။

ပစိဖိတ်သမုဒ္ဒရာ ထဲ ကရေတွေ တော့ ဘယ်လို ဖြစ်လာမယ်မသိသေး။အနည်းအများတော့ ပြဿနာ ရှိမှာ မလွဲပေ။

Wednesday, April 6, 2011

ကစားပွဲ အပိုင်း ၃

အပိုင်း ၃


ဒီနေ့ တော့ နံနက်လင်းတာနဲ့  ရေဒီယိုသတ္တိကြွတွေ ပစိဖိတ် သမုဒ္ဒရာထဲ စီးနေတာကို ပိတ်လိုက်နိုင်ပြီ

ဒီတစ်ခုနဲ့ ကစားပွဲ က မပြီး နိုင်။

တကယ်တော့ ဒီကစားပွဲ က ဂိမ်းအိုဗာ ဖြစ်ပြီး အဆုံးသတ်ရမှာ ဖြစ်ပေမဲ့ စောစောစီးစီး ပိတ်လို့ မရသေးတော့ ကစားပွဲ လို ဖြစ်နေလေရဲ့ 

ကစားပွဲ စပြီး မကြာဘူး ဂျာမဏီက နယူကလီယား ဓာတ်ပေါင်းဖို တစ်ချို့  ယာယီပိတ်လိုက်ရတယ်

ကစားပွဲ မှာ အသက်ကို ပဓာန မထားပဲ လုပ်ပေးနေတာတွေ လုပ်ပေးရင်း အသက် ဆုံးသွားသူ တော့ ရှိနေလေရဲ့ 

မီးသတ်အဖွဲ့ တွေ လဲ ရေထည့်ဖို့ လုပ်ပေး ရရဲ့ 

မီးသတ် အဖွဲ့ ရေဖြန်းဖို့  မကြိုးစား ခင် ဂျပန် ကာကွယ်ရေး စစ်တပ် က ရဟတ်ယာဉ်နဲ့  ရေဖြန်းဖို့ ကြိုးစား ပါသေးတယ်။

ကြားက မြန်မာမှာတောင် ဆားဈေး ပါတက်လိုက်သေးတယ်

တရုတ်က ဆား တွေ မကောင်းဖြစ်မှာစိုးပြီး မြန်ပြည်ကဆား တွေ အဝယ်လိုက်လာလို့ တဲ့။

ကိုရီးယားမှာတော့ မက်စ်ဆေ့ အပို့ ကောင်းပြီး ရှောက်ဖွလို့  အဖမ်းခံလိုက်ရတယ်။

လောင်စာတောင့်တွေ ရောင်းဖို့  ဈေးကွက် ဖွင့်တာ မကြာသေးတဲ့ ရုရှား လဲ စိတ်တော့ ညစ်ပြီး ဈေးကွက်ပျက်တော့မှာပဲ ဆိုပြီး ငြီးတွားနေလေ မလား။

မီးပေးတဲ့ နေရာ က မီးပျက်ပြီး လောင်စာတောင့်တွေ အအေးပေးစနစ် မလည်ပတ်နိုင် ဖြစ်တာကို အကူအညီ အမျိုးမျိုး ရသလို ဖြေရှင်း မရနိုင်သေးသရွေ့  ကစားပွဲ လိုဖြစ်နေ ပေမည်။

ပြင်သစ်ကိုလည်း အကူအညီတောင်း ထားလေရဲ့ ။

ပြင်သစ် ကတော့ ကစားပွဲ ကြာလာတာနဲ့  စည်းမျဉ်းစည်းကမ်းတွေ ထုတ်ဖို့  ကြိုးစားနေလေရဲ့ 

အိန္ဒိယ ကတော့ ကြောက်ပြီး ဂျပန်က အစားစာ တွေ ကို ၃ လ သွင်းဖို့ ပိတ်လိုက်လေရဲ့ ။

နွားနို့ တွေ သွန်ပစ်နေရတာ ကြာပြီပဲ။


(ဆက်ရေးပါမယ် ကစားပွဲက ကြာပါမယ်)(နိုင်ငံတကာပါ ပါလာပြီနော်)

Tuesday, April 5, 2011

ကစားပွဲ ( အပိုင်း ၂ ထပ်ရေးထားသည်)

အပိုင်း ၁

လောက ကစားပွဲ မှာ အခုတော့ ပါနေရတယ်


နဂိုက ဂိမ်းစ် ဆို သိပ်ကစားတာမဟုတ် ဂျပန်ရောက်တာ လဲ တော်တော်ကြာပါပြီ

ဒီကစားပွဲ ကတော့ နောက် အနည်းဆုံး တစ်လမကပါဘူး

မကစားချင်လဲ ရပါတယ် မြန်ပြည်ပြန်ရင်ပြန်ပေါ့ ဒါမဟုတ် နိုင်ငံတကာအလည်သွားပေါ့

တကယ်ဆို မာတီရီအန်ထရီဗီဇာ ကလည်း အဆင်သင့် စင်ကာပူသွားရင်လည်း နေစရာ အဆင်သင့်

ဒါပေမဲ့ ကမ္ဘာမှာ အကြီးဆုံး လောင်းကစားဖြစ်တဲ့ ရေနံ တူးတာတွေ စိတ်ဝင်စားလာတဲ့သူဆိုတော့ ရေနံ အင်ဂျင်နီယာ အလုပ် မလုပ်ဖြစ်တာကြာတော့

ဒီတစ်ခါ ကစားပွဲက အသက်နဲ့ လောင်းကြေးဆန်တော့ ကစားကြည့်ချင်တာနဲ့ 

တိုကျိုမှာ နေရင်း ကစားပွဲ ဝင်ပါနေတာ.....

မိုးရွာရင် ရေသောက်တာ ရေချိုးတာ သတိထားရ

အသီးအရွက် တစ်ချို့ လဲ ရှောင်နေရ နို့ တောင်မသောက်ရဲ။

အဆင်မသင့်ရင် ကင်ဆာလိုမျိုး သွေး ဆဲလ်တွေ ပျက်နိုင်တယ်။

ဒီကစားပွဲ က ဒီမှာ နေ နေ သရွေ့ ကစားရမှာ အလုပ်သွားလို့ မိုးရွာရင် မိုးရေ မထိအောင်လဲ ရှောင်ရသေးတယ်

တခုတော့ တော်သေးတယ် လင်းလိုက်မှောင်လိုက် နေရာ မှာ မကစားရတာရယ် အနီးကပ်မကစားရတာတော့ ကံကောင်းနေလေရဲ့ 

အဓိက ကစားတဲ့ သူ က အကြွေး က ထလီယံ ချီနေတော့ ဂိမ်း အိုဗာ ဖြစ်မှာ သိရဲ့သားနဲ့  ကစားနေရတာ

ဂျပန်အစိုးရကတောင် ကူညီဖို့ စဉ်းစားနေလေရဲ့  အခွန်ရငွေတွေနဲ့ ပေါ့။

အပိုင်း ၂

ကစားပွဲ အခုရက်ပိုင်း ရေဒီယိုသတ္တိကြွ ဓာတ်ပါတဲ့ ရေတွေ ယိုပြီး ပင်လယ်ထဲ စီးနေတာ ကြိုးစားပိတ်ပေမဲ့ ပိတ်မရ ဖြစ်နေလေရဲ့ .... နိုင်ငံတကာ ကို ဘယ်လိုသက်ရောက်မယ် ဆိုတာ ဂိမ်း အိုဗာ မဖြစ်ခင်သိနိုင်ရင် ကောင်းမယ်

လောလောဆယ် ရာသီဥတု ကို အနည်းငယ် သက်ရောက်တယ်လို့ ဆိုနေလေရဲ့ 

ဒီသောကြာ မိုးရွာ မှာ ဆိုတော့ သောက်ရေ တွေ ချိုးရေ တွေ လှောင်လို့ ရသလောက် လှောင်ရပေမည်။

မိုးရေကို အရေပြားကို အတတ်နိုင်ဆုံး မထိအောင် ကြိုးစား နေရပေမည်။

ကစားပွဲ ဘယ်လိုစတယ် ဘယ်လိုကြောင့် ကစားပွဲ ဖြစ်လာရတာလဲ ဆိုတော့

ကစားပွဲ ဖြစ်ရခြင်းကတော့ သက်တမ်း ၃၀ ပြည့်နေတာ ကို သက်တမ်းဆက်တိုးလိုက်တာ က နေ ကစားပွဲ ဖြစ်ဖို့ အတွက် ကနဦး အစ

ကစားပွဲ စတဲ့ နေ့ က ၂၀၁၁ ခုနှစ် မတ် လ ၁၁ ရက် နေ့  သောကြာနေ့ 

အချိန်က တော့ ၁၄ နာ၇ီ ၄၆ မိနစ်

ဖြစ်ပေါ်ရခြင်း အကြောင်းအရင်း ငလျင် လှုပ်ခတ်မှု ၈.၉ မဂ္ဂနီကျူ အမေရိကန် ငလျင်တိုင်းတာရေးကပြောတာ အဲဒီနေ့ မှာ ဂျပန် ငလျင် တိုင်းတာရေးကပြောတာ ၈.၈ မဂ္ဂနီကျူ

နောက်နှစ်ရက်လောက်မှာတော့ ဂျပန် ငလျင် တိုင်းတာရေးက လှုပ်ပြီးသား ငလျင် ကို မဂ္ဂနီကျူ ၀.၂ ထပ်တိုးပြီး ၉ မဂ္ဂနီကျူ ဆိုပြီး ပြန်ပြင်လိုက်တယ်

ကစားပွဲ မှာစပါရမဲ့ နေ့ မှာ မှတ်မှတ် ရရ အလုပ်ကနေ အပြန် လမ်းလျှောက် ပြန်ရပြီး ဖုန်းတွေ ခေါ် မရတော့ ပေမဲ့ ဖုန်းက အင်တာနက် မပြတ်တာ အံသြစရာပါ။

ကစားပွဲ ကို နိုင်ငံတကာ က စိတ်မပူရအောင် ပဲ ပြော မလား ကစား ပွဲ မှာ ဘေးပေါက် ပျော်ရွှင်မှု ပေးမလိုနဲ့  စိတ်အနှောက် အယှက် ပေးတာက

လမ်းဘေးဖုန်းနဲ့  နိုင်ငံတကာ ကို ဖရီးခေါ်နိုင်တာပါ။

လူစွမ်းကောင်းတွေက အိမ်ဖုန်းတွေ ဟမ်းဖုန်းတွေ နဲ့  အခေါ်ကောင်း လို့  ဖုန်း ဘေ ဂျပန်ယန်း ၁၀ သောင်း မြန်မာငွေ ဆယ်သိန်းကျော် ကျသွားတော့ မပေးချင်ပေးချင် နဲ့ ပေးနေရလေရဲ့  ဘယ်သူမပြု မိမိ မှုဘဲလေ

အရင်းအမြစ်က ကေဒီဒီအိုင်က ပင်လယ်ထဲက မြေအောက်ကေဘယ် ပြဿနာဖြစ်လို့  မပြင်နိုင်ခင် ဖရီးပေးသလိုဖြစ်နေတာ

လူတတ်ကြီးတွေ ဒေတာ ရီကော့ ရှိတဲ့နေရာကနေ သုံးတော့ ထိသွားတာပေါ့ ကစားပွဲမှာ ကံကောင်းမှု နဲ့  ငွေကုန်မှု တွဲထားတဲ့ ကြားဖြတ် ဝင်လာတဲ့ သုံးတတ်ရင် ကံကောင်း မှုလေ

အခုတော့ ကေဒီဒီအိုင်က ပင်လယ်ထဲက မြေအောက်ကေဘယ် ပြန်ဆက်ပြီးသွားပြီ။


(ဆက်ရေးပါမယ် ကစားပွဲက ကြာပါမယ်)(နိုင်ငံတကာပါ ပါတာနော်)

Saturday, December 25, 2010

မှတ်မှတ် ရရ အညာ ဘိသိတ်

ကျောင်းကနေ ချောက်မြို့  ကို field ဆင်း ရတယ်။

ကျွန်တော် ရယ် ဆွေကြီး ရယ် နားရက် နံနက်ခင်း တစ်မနက်မှာ

ချောက်မြို့ ဈေးနားက မင်္ဂလာဆောင် ခန်းမ က ဘိသိတ် မြှောက် တာ ကြား ရတော့

ဆွေကြီး က အညာ ဘိသိတ် ဗျ ဘယ်နေရာက နားထောင်ရင် ကောင်းမလဲ။

ကျွန်တော် က ဒီနားက လက်ဖက်ရည် ဆိုင်မှာ နားထောင် မယ်ဗျာ..

ဆွေကြီး က လူရှုပ်တယ် ဗျ

အေးဗျ...

ထိုအချိန် တွင် အရက်ဆိုင် က လူရှင်းနေသဖြင့်

ဒီအရက် ဆိုင်မှာ ပဲ နားထောင် မယ် ဗျာ
ဒါဆို ဘယ်သူ သောက် မှာ လဲ

ကျွန်တော် သောက် မယ် ဗျာ ...
ဆွေကြီး ကောင်းပါ မလား....

မနေ့  ည က အရှိန် ဆက်ကြ တာပေါ့ ဗျာ။
အဲဒါမှ ကြာကြာ ထိုင်လို့  ကောင်းမှာ ။

စားစရာတော့ ခင်ဗျား မှာစား ... အေး ဗျာ ကောင်းတယ်...
မှတ်မှတ်ရရ အညာ ဘိသိတ် ကို အရက်ဆိုင် ကနေ အဆုံးထိ နားထောင်ဖြစ်သွားသည်။

Sunday, May 9, 2010

ဒုတ်ပြီး ဓားပြီး ပုသိမ်သား

ဒုတ်ပြီး ဓားပြီး ပုသိမ်သား ဆိုလို့  တမျိုး မထင် နဲ့ 
တကယ် သန် မာပြီးဒုတ် တို့  ဓားတို့  သိပ် မကြောက် တဲ့ အရမ်းသန်မှာ တဲ့ ပုသိမ်သား တစ်ယောက် သူ ဖခင် နဲ့  အရက် အတူတူ သောက် ရင်း
စကားပြော အခန့် မသင့်  တော့ နပန်းထ လုံး တော့ သူ ဖခင်က လူကောင် သေးတော့ ရှုံး တာပေါ့....

ဒါနဲ့  ဝိုင်းပြီးသွား တော့ ပုသိမ်သားလည်း မှူးပြီး အိပ် သွားလေရဲ့ 

အဲ ဒီ တော့ မှ သူဖခင် က သူရှုံး တာ ကို သတိ ရပြီး
ဒီကောင် ဒုတ်ပြီး ဓားပြီး တွေ လုပ် ထား တော့ ဒုတ် နဲ့  ဓား နဲ့  တော့ မဖြစ် ဖူး
ဆို ပြီး
ပေါက် တူး ယူပြီး ခေါင်း ကို ရိုက် လိုက် တာ ပွဲချင်းပြီး သေသွားလေ ရဲ့  ။ ။

ဒုတ်ပြီး ဓားပြီး ပုသိမ်သား လဲ ပေါက် တူး မပြီး ဖြစ် သွားလေရဲ့ .....

(အမှန်တကယ် အဖြစ် အပျက် ကို စိတ် မကောင်းစွာ နဲ့  ရေး ဖွဲ့  ပါသည်။ သေရေ သေရက် သောက် စားပြီး ခိုက် ရန် ကင်းဝေးနိုင် ကြပါစေ)

Thursday, April 22, 2010

လိမ် ရင် လဲ ပီပီပြင်ပြင် လိမ်ပေါ့

တနေ့  မန်းရေနံ မြေကပြန်လာပြီး ပြည်လမ်းက ရုံးမှာ လစာထုတ်ပြီးပြန်လာတော့
ယုဒသန်ဝင်းနားက လမ်းချိုးလေးက လူတစ်ယောက် ထွက်လာပြီး
..ကျွန်တော် မြောင်းမြ ပြန်ဖို့  ပြန်စရာ စရိတ် ဘာမှမရှိတော့လို့  ပိုက်ဆံ ၂၀၀ လောက် ကူညီ ပါ ခင်ဗျာတဲ့
တကယ်တော့ မြောင်းမြ ကားခ က ၄၀၀ ကျော် ရှိ တယ်...
ကျွန်တော် က ပြောလိုက် တယ် ကားခက ၄၀၀ ကျော် ရှိ တယ်...
ပုသိမ်သား ကို မှားပြီး တောင်း ရလား ...မြောင်းမြသွားတဲ့ ကားတွေ ပုသိမ် သွားတဲ့ ကားတွေ အတူတူ ဂိတ်ထိုးရတဲ့ အချိန်လေ...
ဘာပဲဖြစ်ဖြစ် လေ ....အခက်အခဲတစ်ခုခု ရှိလို့  တောင်းတာပဲလေ...
ပိုက်ဆံ ထုတ်ပြီးပေးလိုက်သည်....

တချို့ ကပြောတယ် လိမ်တာကို အားပေးတာတဲ့
တကယ်တော့ ဘယ်သူမဆို သူများဆီက ပိုက်ဆံ ကို မတောင်းချင် ကြပါဘူး
မွေးကတည်းက ဘယ်သူမှ အဲဒီစိတ် ပါမလာကြပါဘူး

တစ်ခုခု ကြောင့် ပါ...
လိမ်မှန်းသိလျှက် နဲ့  နားလည်ပေးလိုက်မိတာပါ...
ကေး(ရေနံ)

Monday, November 16, 2009

ပုသိမ်သားတဲ့

ငဝန်နဒီ ကို ချစ်တာကတော့ မပြောနဲ့ 
လေဟုန်စီး လွှင့်မျှော်နေရင်း နဲ့ 
ရေစုန်မှာ တွေးတော်ငေးမောမယ်
စတုတ္ထနိဗ္ဗာန် ကို တောင်
ငဝန်နဒီ
ကနေပဲ ဖြတ်သန်းရဲတယ် ဆိုပြီး
ငဝန်နဒီ လှိုင်းစီး ရင်း
တိမ်တွေပေါ်က
သက်တန့် တွေ နဲ့  ပျော်မြူးနေလိုက်တာ...
ထာဝရ ....
မှတ်မှတ်ရရတဲ့...ငါဟဲ့ ပုသိမ်သား



ဆည်းဆာနေဝင် ချိန် ကို ငေးမောရင်း ငဝန်နဒီမှာ ထာဝရ အိပ်စက်သွားတဲ့ သူငယ်ချင်း အေးလွင် သို့  အမှတ်တရ

Wednesday, October 21, 2009

အရိပ်...

ငယ်စဉ်က ကျောင်း တက်တော့ မူလတန်းကို ပုသိမ်မြို့  ယိုးဒယားကုန်းလမ်း အမှတ် ၉ အခြေခံပညာမူလတန်းကျောင်းတက် ခဲ့ပြီး အထက်တန်းကို အမှတ် ၅ အခြေခံပညာအထက်တန်းကျောင်း မှာတက် ခဲ့တာမှာ မိန်းကလေး သူငယ်ချင်း အပေါင်းအသင်းရယ် လို့  မရှိခဲ့လို့ လားမသိ...၁၉၉၃ ဖေဖော်ဝါရီလ ၁၆ ရက် နေ့  ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းရောက်တော့ ပထမနှစ်မှာ အတန်း ထဲမှာ မိန်းကလေး တစ်ယောက် မှ မပါ..ဒီလိုနဲ့  ဒုတိယနှစ်ရောက်တော့ အတန်း ထဲမှာ မိန်းကလေး နှစ်ယောက် ပဲရှိတယ်...ဒါနဲ့  တတိယနှစ်မေဂျာတွေရောက်တော့ မိန်းကလေး မပါတဲ့ ရေနံအင်ဂျင်နီယာဘာသာရပ် တဲ့...ဒီလိုနဲ့ ကျောင်းပြီးတော့ မန်းရေနံမြေရောက်တော့ အလုပ်လုပ်တဲ့ နေရာနဲ့  နေထိုင်တဲ့ ဝင်းထဲကို မိန်းကလေး မဝင်ရ စည်းကမ်းနဲ့  ဆိုတော့...ဖြတ်သန်းခဲ့သမျှ အရိပ်ကြောင့်လားမသိ..တခါတရံ အရေးအသား တစ်မျိုးဖြစ်မယ်ထင်ပါရဲ့ ....

Saturday, September 26, 2009

မေတ္တာရပ်ခံပါရစေ...

ပိုစ့်များမှ စာများသည် လွတ်လပ်စွာကူးယူနိုင်ပါသည်....
သို့ သော်...ခင်မင်ရင်းနှီး စွာဖြင့် သုံးသော အသုံးအနှုန်း များအား

သူတစ်ပါးအား နှစ်နာစေလိုသော ဆန္ဒဖြင့် ပြန်လည် ဖော်ပြ ရေးသားခြင်းများမပြုလုပ်ပါရန်....

မေတ္တာရပ်ခံပါရစေ.......
message box ...မှ အမည်များအား ....ဦး၊ဒေါ်၊ကို၊မ ...များ မှားယွင်းမှာစိုး သဖြင့် အမည်များရှေ့ တွင် ဦး၊ဒေါ်၊ကို၊မ....မတတ်ခြင်းကို နားလည်ခွင့် လွှတ်နိုင်ပါစေ။ ။
ကေး(ရေနံ)

Friday, September 25, 2009

နောင်တော်ကြီး ခေါ်ရခြင်း

ဒူးယားဆောင် စတုတ္ထနှစ် များနေရာ မြေညီထပ် တွင် နှစ်စဉ်တွေ့ နေကျ ကျောင်းသားများအပြင် ထူးထူးခြားခြား အစ်ကိုတစ်ယောက်တွေ့  လျှင် ကျောင်းသားများက ဒီအစ်ကို ကိုတွေ့ ဖူး သလိုဘဲနော်...
သို့ နှင့် အောင်လွှမ်းမိုး က
အစ်ကို ...အစ်ကို ကိုတွေ့ ဖူး သလိုဘဲနော်...
ထိုအစ်ကို က ..
ဟာ....
ငါ ကိုတွေ့ ဖူးမှာပေါ့....
ငါ လဲ ဒီအဆောင် ကပဲလေ.....
မင်းတို့  ပထမနှစ် ကတည်း က ငါ က တတိယ နှစ် လေ....
အောင်လွှမ်းမိုး က ...
....ဟာ... ဘယ်လို ....အစ်ကို...
ထိုအစ်ကို က ..
DT ဆိုင်ကယ်နဲ့  တစ်ယောက်လေ...အဲတာ ...ငါပဲလေ...
အခုက....
အေး....
စာမေးပွဲတွေ ကျပြီး.....EXTRANAL ရောက်ပြီး ....
အခုမှ....
စတုတ္ထနှစ် ရောက် ပြီး
အဆောင် ပြန်ရတာလေ...
......
ဟာ...ဒါဆို...အစ်ကို ...အစ်ကိုလို့ ..ခေါ်လို့  ဘယ်ဖြစ်မလဲ...
တကယ်....နောင်တော်...နောင်တော်ကြီး ဘဲ....

..... အစ်ကို ကို နောင်တော်ကြီး လို့ ဘဲ ခေါ်တော့မယ် ဗျာ...
.... အေး ....မင်းတို့  ...သဘောဘဲ....


မြို့ ပြ အင်ဂျင်နီယာ နဲ့ ကျောင်းပြီးသော ...မာမီမိုး....အောင်လွှမ်းမိုးနှင့် Chemical အင်ဂျင်နီယာ နဲ့ ကျောင်းပြီးသော မန္တလေးသား နောင်တော်ကြီး ကိုကျော်စွာမြင့် သို့  မှတ်မှတ်ရရ....
ကေး(ရေနံ)

Tuesday, September 22, 2009

မိုးလင်းပြီ....

စဥ့်ကူဆောင် ရဲ့  ညဥ့်လယ်မှာ ကိုကျော်တစ်ယောက် အိပ်မပျော်နိုင် တွေးတောငေးမောရင်း တမ်းတ လာသည်...
ကိုကျော် လွှမ်းမောဖွယ် တို့ ကို စဉ်းစားရင်း
ဒူးယားဆောင် သို့  လမ်းလျှောက် လာပြီး အောက်ဆုံးထပ်ရှိ ပုသိမ်သား သူငယ်ချင်း အခန်း သို့ ရောက် လျှင်...
ညက ၁၂နာရီကျော် .....
ဒေါက် ...ဒေါက် .....
တိုးတိုးလေး အခန်းတွင်း သို့ .....
အိပ်နေပြီလား....
အခန်းတွင်း မှ..... ဟုတ်...ဟုတ်ကဲ့....
ထိုစဉ်ကိုကျော်က.... ငါကိုကျော် ပါ ကွ...
အခန်းတွင်း မှ တံခါး ကိုဖွင့် ရင်း
ဘာဖြစ်လို့ လဲ...ကိုကျော်...
ငါဖီလင် လာလို့  .... ဂစ်တာ တီးချင် လို့ 
သူများတွေ အိပ် ကုန် ပြီ ဆိုတော့
ပုသိမ်သား အချင်းချင်းဖြစ်တဲ့
မင်းဆီ.... ဂစ်တာ လာ ဌားတာ...
ဟာ... ကိုကျော် တို့  ကတော့ လုပ်ပြီ....
ယူသွားလေ ကိုကျော်....

ဘယ်မှာ တီးမှာလဲ... ကိုကျော်....
မဉ္ဖူ အဆောင် ရှေ့  သွားတီးမလို့ ....
ဟာ...ဒါဆို ...အဖော် လိုက်ပေးရအုံး မလား ကိုကျော်...
ရပါတယ်.....
တစ်ခုခု ဆိုလာ ပြန်လာခေါ် နိုးနော်....
အားမနာနဲ့  ကိုကျော်....
အေးပါ ရပါတယ်.... ဂစ်တာကို ကိုင် ရင်း
နောက် တော့မှလာ ပို့ မယ် ကွာ...
ဟုတ်ကဲ့ ....
ကိုကျော် တစ်ယောက် မဉ္ဖူ အဆောင်ဘက်သို့  ......
......
.............
.................နံနက် ၆ နာရီ ခန့်  တွင်...

..........ဒေါက် ...ဒေါက် .....
ဟာ .... ကိုကျော် ...အစောကြီးပါ လား....
နောက် မှ လာပို့  လဲ ရပါတယ်...
.... မဟုတ် ဘူး ...ငါ အခုမှ ပြန် လာတာ....
............. ဟာ .......
...မဉ္ဖူ အဆောင်က ကောင် မ လေးတွေ မျက်နှာ သစ် ရင်း
ငါ ကို ....နေ .. ဘက် လက်ညှိုး ထိုးပြ တော့ မှ...
နံနက် အလင်းလာတာတွေ့  လို့ 
ငါ ပြန် လာတာ....
ဟာ ....ကိုကျော် တို့ ကတော့ မိုးလင်းအထိ ဂစ်တာ တီးလာတာပေါ့...
အေး..... ငါပြန်အိပ် ...လိုက် အုံး မယ်...
...................
........( နေမျိုဆေး သီချင်း... နေပါစေ... အမြဲတမ်း ဆိုတတ်သော ....အခုဆို MOGE တွင် ရေနံအရာရှိ ဖြစ်နေ သည့်
ကိုကျော် သို့  အမှတ်တရ... )
ကေး(ရေနံ)

Friday, April 3, 2009

Please wait for stories..
try to write RIT,YIT,YTU true stories