ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Showing posts with label မြန်ပြည်သတင်း. Show all posts
Showing posts with label မြန်ပြည်သတင်း. Show all posts

Sunday, April 1, 2012

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မဲရုံ၌ ဆန္ဒမဲ လာရောက်ပေးစဉ်။




နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ယနေ့နံနက် ၁၁ နာရီ ၁ဝ မိနစ်ခန့်က နေပြည်တော် ဇမ်ဗူသီရိ မဲဆန်ဒနယ် မဲရုံအမှတ် (၁/၁) အထက (၅) မဲရုံ၌ ဆန္ဒမဲ လာရောက်ပေးစဉ်။

ဧပြီ တစ်ရက် နေ့  နံနက် ပိုင်း မဲပေးမှု ဓာတ်ပုံ

ပုသိမ်မြို့တွင် ယနေ့ ဧပြီလ (၁)ရက်နေ့ဝယ် ပိတောက်ပန်းများ အထူးပွင့်နေကြကြောင်း၊ တစ်မြို့လုံးမှာ ကြားဖြတ်ရွေးကောက်ပွဲကိုသာ အာရုံစိုက်နေကြပြီး ဈေးဆိုင်အများစုမှာ ဆိုင်ပိတ်ထားကြကြောင်း သိရသည်။-Popular Myanmar News Journal

Kyaw Win Khine

ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ ) သို့ လာရောက်ကြည့်ရှုသော ဒေါ်အောင်ဆန်းစုကြည်
Photo Messenger News Royaltower Journal

ရဲရင့်ငယ် ဘလောက် မှ











မျိုးဆက်သစ် တို့ မွေးဖွားခြင်း



ဗမာ နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်(ဟင်္သာတ)ကို ဟင်္သာတ မြို့ ပေါ်က တက္ကသိုလ် ၄ ခု တက္ကသိုလ် ကျောင်းသားတွေ က စတင်ဖွဲ့ စည်းပြီး ဗကသ ဥက္ကဌ ကို ကျော်ကိုကို က မတ်လ ၂၉ ရက်နေ့ မှာ အသိအမှတ်ပြု ပြီး ဗကသ အလံ လွဲအပ်ခဲ့ပါတယ်။ ။

မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ

2012-03-31
RFA
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် အမှတ် (၈) ရပ်ကွက် မဲရုံအမှတ် (၁) မှာ မနေ့က နေ့လည် (၁၁) နာရီက ကြိုတင်မဲသွားပေးရာမှာ မိမိပေးလိုတဲ့ အမတ်လောင်းအတွက် မဲခြစ်ပေးရာမှာ မဲပေးစာရွက်က ခြစ်လို့မရဘဲ ချော်နေကြောင်း သိရပါတယ်။



နောက်ထပ် မဲစာရွက် ထပ်မံတောင်းဆိုရာမှာလည်း တရွက်ပဲပေးခွင့်ရှိလို့ မရဘူးလို့ မဲရုံမှူးတာဝန်ရှိသူတွေက ပြောကြောင်း ကိုယ်တိုင် မဲသွားပေးခဲ့သူ ကိုအောင်ကျော်ဝင်းက ပြောပြပါတယ်။

“စာရွက်က မှင်သုတ်လိုက်တော့ အခါကြတော့ စာရွက်က ချော်နေတာ။ အဲဒါနဲ့ ကျနော်က နောက်စာရွက် တရွက်ထပ်တောင်းတာ သူကစာရွက်က တရွက်ပဲ ပေးခွင့်ရှိတာပါတဲ့။ တရွက်ထဲပဲပေးတာပါတဲ့။ ချော်နေတာ စာရွက်က ချော်နေတာအကိုရဲ့။ ခြစ်လို့ကရတယ်။ဟိုလို မှင်ပျက်သွားတာပေါ့ဗျာ။"

ကဗျာဆရာကြီး ဒဂုန်တာရာ ကိုယ်တိုင်မဲပေးမည်

by Yangon Press International on Saturday, March 31, 2012 at 12:57pm ·

မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်- (YPI)
ရှမ်းပြည်နယ် အောင်ပန်းမြို့တွင်နေထိုင်လျက်ရှိသော အသက် (၉၀) ကျော်အရွယ် မျက်မမြင် ကဗျာဆရာကြီးဒဂုန်တာရာဟာ ကြိုတင်မဲဆန္ဒပေးခြင်း မပြုပဲ ဧပြီလ (၁) ရက်နေ့မှာ သက်ဆိုင်ရာ မဲရုံသို့ ကိုယ်တိုင်သွား မဲပေးမည်ဖြစ်ကြောင်း သိရသည်။
ဆရာကြီး ဒဂုန်တာရာ မဲပေးမည့်နေရာမှာ ကလောမြို့နယ် ရွာငံစု အမက (၁၄) တွင် ဖွင့်လှစ်ထားမည့် မဲရုံ အမှတ်(၆) တွင်ဖြစ်ကြောင်း သိရသည်။
ဆရာကြီး ဒဂုန်တာရာအနေဖြင့် မျက်စေ့မမြင်သည့်အတွက် ၄င်းဇ။် တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ ကို အကူအညီဖြင့် ခေါ်ဆောင် မဲဆန္ဒပြုဖွယ်ရှိကြောင်း စုံစမ်းသိရသည်။
ဆရာကြီး ဒဂုန်တာရာသည် သခင်ကိုယ်တော်မှိုင်းဦးစီးသည့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို ဦးဆောင်ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး တစ်သက်တာ ကာလပါတ်လုံး ငြိမ်းချမ်းရေး အယူအဆ ကိုကိုင်စွဲထားသူဖြစ်သည်။

ဆရာကြီးဒဂုန်တာရာဇ။် ထင်ရှားသော အယူအဆ တစ်ခုမှာ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ ဆိုသော အယူအဆ ဖြစ်သည်။

နှစ် ၂၀ ကျော် မှ တစ်ကျော့ ပြန်လာတာ ကို ... ချစ် တာ ကို ခြစ် ခဲ့ ညစ် တာတွေ ကို ပစ်ခဲ့ လိုရင်တော့ ရစ်ခဲ့ပေါ့

ဒီနေ့ မှာ တစ်ချို့ တွေ မဲ ပေးရသောနေ့ ပေါ့

ဒါမျိုး ဖြစ်ဖို့  နှစ် ၂၀ ကျော် ကြာတယ်...

ဖြစ်သင့်တာတွေ လုပ်သင့်တာတွေ ကို လုပ်ဖို့ လို ပါတယ်

ချစ်တာတွေ ကို ခြစ် ရမှာပါ...

ညစ်တာ တွေ ကိုလည်း တွေ့ ရမှာပါ အကျင့်ပါနေတာ ကို နားလည်ပေးပြီး ပစ် နိုင်ဖို့ ကူညီ လိုက်ပါ

ပစ်မရ ပြုမရဖြစ်ရင် မြန်ပြည်သားတွေ ဘဲ ရစ်လိုက်ပေါ့

မသောက်ပဲ ရစ်တတ် တာ မြန်ပြည်သားတွေ လုပ်တတ်ပါတယ်..

နှစ် ၂၀ ကျော် တွေ့ နေမြင်နေရတော့ နည်းနည်း လေးတော့ အသိရှိ အတွေ့ အကြုံ ရှိမှာပါ...

ကောင်းမွန်အေးချမ်း သော နေ့ ဖြစ်ပါစေ...

ငဝန်နဒီ

Saturday, March 31, 2012

ကြားဖြတ်ရွေးကောက်ပွဲ...က ထွေက

ဒီအကြောင်း မရေးဘဲ နေမလို့ ပါ ဘာပဲဖြစ်ဖြစ် မြန်မာပြည်မှာမွေးလာသူဆိုတော့ အချိန်တန်ရင် နေလို့ မရပါဘူး

ရွေးကောက်ပွဲ ကော်မရှင်က ပြောတယ် ...တရားမျှတစွာ နဲ့  မှန်မှန် ကန်ကန် လုပ်မယ်...

ရွေးကောက်ပွဲ ဝင်ရောက်သူ ပါတီတွေ က မတရား မမျှတ ဘူးတဲ့..ကဲ ဘာ ကို ယုံရမှာလဲ ပေါ့

ထွေက ကလေး တော့ ပါလာတဲ့ သဘောပေါ့...

ဒီနေရာမှာ ကြည့် ရအောင်...

ဘယ်လိုမှန်မှန် ကန်ကန်လုပ်ထားတယ် ဆိုတာ အချက် အလက်နဲ့  ပြောဖို့ လိုပါတယ်...

မဲရုံ မှူး လက်မှတ် တစ်ခု က အခရာ ဖြစ်အောင်လုပ်ထားတာနဲ့  မှန်ကန်ပြီလား

ဘယ်မြို့ နယ် မှာ ဘယ်လိုလုပ်ထား တာ နှစ်ကြိမ်စစ်ဆန်ဆန် တန်ပြန်စစ်ဆေးမှု မရှိတာပါ..တစ်ယောက်ထဲ ကို မယုံသင့်လို့ ပါ..မတော်တဆ အမှားအတွက် လိုအပ်တာ ကို ဖျောက်ထားပြီး မှန်တယ် ပြောမရပါ..

အဲဒီမဲရုံမှူး က ဘယ်ပါတီ ကို အားသန်သလည်းနဲ့ တင် အဆင်မပြေ ဖြစ်မှာပါ..

ဘယ်အချိန် မှာ စ မဲပေး ရင် ဘယ်လို စည်းကမ်း ဘယ်နှစ်နာရီ မှာ အဖြေ ပေး ဥပမာ နံနက် ၈နာရီ စရင် နံနက် ၉ နာရီ ၁၀ မိနစ် မှာ တစ်ကြိမ် အဖြေ ကြော်ငြာပေး ဝင်လာတာ အယောက် ၁၀၀ မှာ အဖြေက ၁၀၀ ကျော်နေရင် မသမာ မူ ရှိပြီ..

ချက်ချင်းပြော စနစ် ဆို မကောင်းမူလျော့ မှာပါ..

ညနေ မှာ အဖြေစုစုပေါင်း ကြော်ငြာ ပေး ရင် အဖြေ ကို လူရှေ့ မှာ ရေတွက် ပယ်မဲ ကို ပြပြီးပယ် ...

ရေဒီယိုတွေ အက်အမ် တွေ ကနေ ဘယ်မြို့ နယ် ကို ဘယ် အက်အမ် က ကြော်ငြာ အဖြေထုတ် တစ်နာရီတစ်ခါ လုပ် ထား ပြီး တာဝန်ခံဘယ်သူ ဆိုတာ တာဝန်ပေးရင် ဘယ်မြို့ နယ် က ဘယ်လို အဖြေ ကို လူတိုင်းသိ ဘယ်မှာ မသမာမှု ရှိတာ ချက်ချင်းသိပြီး မှန်ကန်တယ် ဆို ဘယ်လိုမှန်ကန်တယ် ဆိုတာ ချက်ချင်း သက်သေ ပြလို့ ရပါတယ်...

မှန်ကန်တာ ကို လုပ်လို့ ရသလောက်ကလေးပေါ့ ပိုစနစ်ကျတဲ့ စနစ်တွေတော့ ရှိပါတယ် ဒီမိုကရေဒီ အစ မှာ အဲလောက်ကလေးလုပ်ရင် ကို ၂၀ ရာခိုင်နှုန်းတော့ မှန်ကန် လာမှာပါ...

မမှန်ကန် ဘူးပြောသူတွေ ကရော ကြားဖြတ်ရွေးကောက်ပွဲ လုပ်တာ ဘယ်နှစ်မြို့ နယ်

ဘယ်နေရာမှာ ဘယ်သူတာဝန်ယူ မှန်မမှန် ကြည့်သူရှိဖို့ လိုပါတယ်..

မဲရုံမစခင် မိနစ် ၃၀ ကြိုပြီး သိသင့်တာတွေ ယိုပေါက်ရှိတာတွေ ပြောနိုင်ရပါမယ်

မဲရုံမှာ လူပို ဘယ်နှစ်ယောက် အတိအကျ..၁၅ မိနစ်တစ်ကြိမ် မှတ်တမ်း လူအဝင်ဘယ်လောက် အထွက်ဘယ်လောက်...

အဖြေဘယ်လောက် သိဖို့ ရယ်မှတ်တမ်းမှတ်ရာ လိုပါတယ် ဓာတ်ပုံ ဗီဒီယို ကို ဘယ်လိုယူ ဘယ်လို သတိထားရမှာ ကို သိဖို့ လိုပါတယ်

ဝင်သွားတာ က တစ်ရာ အဖြေ က ၁၈၀ ဆိုရင် ဘယ်သူလုပ်တာလည်း ပေါ့ မဲရုံမှူးလား ဘေးလူလား အဲဒါသိဖို့ လိုပါတယ်

လူအဝင်မှတ်တမ်း ရယ် အဖြေမှတ်တမ်းရယ် ဓာတ်ပုံ ကသက်သေ ဖြစ်သလို ဗီဒီယို ကသက်သေပါ..မဲရုံနား ကပ်မရဘူးဆို မနီးမဝေး ကနေ မှန်ဘီလူး ကင်မရာတွေနဲ့ ရိုက်လို့ ရပါတယ်..

မဲထည့်လို့ ရတာ ဘယ်နှစ်မြို့ နယ် ဘယ်နှစ်ရပ်ကွက် အဖြေ က တစ်နိုင်ငံလုံး လူဦးထက်ကျော်နေ အုံးတော့ ပါးစပ်ကနေ ဘယ်ဘယ်လိုအော်အော် သက်သေ မရှိ စနစ် မရှိ ပြောနေလည်း အပိုပါဘဲ...

အတိအကျနဲ့ ဘယ်နယ် ဘယ်နေရာ ဘယ်သူတာဝန်ခံ

ဘယ်လိုလုပ်တာ

ဘယ်နာရီ ဘယ်အချိန်မှာ ဘယ်လိုလုပ်တာ သိအောင် မရရအောင် လုပ်ပါ. သေချာအောင်လုပ် ပြီးရင် ပြော...

ပြောတော့ပြောတယ် သက်သေမရှိ မှတ်တမ်းမရှိ လူမရှိလို့  ဟိုအကြောင်းပြ ဒီအကြောင်း ပြ ပျင်းနေရင်တော့ လိမ်သူကလိမ် ခံသူကခံ အော်သူကအော် နောက်ဆုံးတော့ ဒုံရင်းကဒုံရင်းဆိုရင်

ကြားဖြတ်ရွေးကောက်ပွဲ ပြီးရင် ဝိညာဉ် များနဲ့  ကခုန်တာ ကို ပျော်ပျော်ပါးပါး ကျင်းပရုံ ကလွဲ လို့  ဒီမိုကရေစီကြီး မြန်ပြည်ပေါ်မှာ မြော်လွင့်နေတော့မှာပေါ့...

ဘယ်တော့ ကျလာနိုး နဲ့ စောင့် ရင်း

မှန်ကန်တယ် ...ဘီးကျိုးတယ်.. ကျောက်ပျဉ်ကွဲတယ် ပေါ့...

မှန်ကန်သော ဒီမိုကရေစီ မြန်ပြည်တွင်ပေါ်ပေါက်ရေးသည် မြန်ပြည်သားတိုင်း၏ တာဝန်ဖြစ်သည်..

...ငဝန်နဒီ

Wednesday, March 21, 2012

ပုသိမ်သူ ရေယာဉ်နစ်မြုပ်မှု အသေအပျောက်များရှိ

ဧရာဝတီတိုင်း ပုသိမ်မြို့နှင့် သရက်တောသို့ ပြေးဆွဲသော ပုသိမ်သူ အမှတ် (၁၁) ရှပ်ပြေးရေယာဉ် နစ်မြုပ်မှုတွင် ယနေ့အထိ အသက်ရှင် သူ ၇၅ ဦးနှင့် သေဆုံးသူ ရုပ်အလောင်း ၆ လောင်းကယ်ဆယ်နိုင်ခဲ့ပြီး ၁၅ ဦး ပျောက်ဆုံးနေကြောင်း ငပုတော မြို့နယ်ရဲစခန်းက ပြောသည်။

ဧရာဝတီ သတင်း

ဘီဘီစီ သတင်းတွင်လည်းတတ်နေပါသည်...

ကမ္ဘာကျော် မည့် လက်လှည့် ပွဲလော မျက်လှည့်ပွဲ လော

ကမ္ဘာ ကျော်စေမည့် ပွဲ မကြာမည် လာမည်...

အထူးအပါး သိသူထင်ရှားသော နိုင်ငံကြီးများအား ဖိတ်ကြားမည်

လာကြည့်နိုင်သည် ဘေးထိုင်ဘုပြောမရပါ..

သိလျှင်သိသည် ဟုသာမှတ် သို့ သော် သင်သိသည် ကို ကြိုသိနေသူ က နှစ်ပေါင်းနှစ်ဆယ်ကြာ အစောကြီး ကတည်းက သိပြီးသားသူတွေ က များနေမည်...

အံသြဝမ်းသာခြင်း အလျင်းမဖြစ် သို့ သော် ကောင်းလိမ့်နိုးနှင့် ကြည့်နေမည်သာ

ဒီလို ပွဲမျိုး ရိုးနေပြီ ကမ္ဘာကို ပါခေါ်ပြမည် ဆို၍ ဝမ်းသာပါသည်

မြန်မာ အလှည့်အပြောင်း ကမ္ဘာကျော်လျှင် ဝမ်းသာစရာ လက်လှည့်ပါလျှင် သေသေချာချာကြည့် နောက်တစ်ကြိမ်ထပ်မပြပါ...

ဒီလိုပွဲမျိုး ရှားပါသည် နှစ် ၂၀ မှ တကြိမ်လောက်သာ နောက်ပွဲ ဘယ်တော့ ထပ်လာမည်မသိ။

အခွင့်ရတုန်း ကြည့်ကြပါ...ရိုးနေသူများ ကလည်း ရှောင်မရတော့ ထုံးစံအတိုင်း ကြည့်ရဦးမည်....

အစပထမ မျက်လှည့်သည် ကြိတ်ဝိုင်းသာ ဖြစ်သွားသောလည်း

အခုဝိုင်းက လက်လှည့် အစုံနှင့်ပြမည်...

ပွဲပြီးလျှင် ပျော်ပွဲ ရွှင်ပွဲ ပြုလုပ်ပေးမည်...ဝိညာဉ် များအနိုင်ရပါ က ဝိညာဉ် များနှင့်ပါ ကခုန်ရမည်...

အတွေ့ အကြုံသစ်ပေးမည့်ပွဲ ကြည့်ဖြစ်အောင်ကြည့်စေချင်သည်...

ကောင်းကောင်းဆိုးဆိုး လက်ခံနေကြ သူတွေ က လက်ခံရမည်သာ..မပေးလည်းရ၏ ပေးလည်းယူရ၏.သူက မြန်ပြည်သား ကိုး....

Saturday, March 17, 2012

တောင်ဥက္ကလာ(၄)ရပ်ကွက်သုတ(၁)လမ်းတွင်ယနေ့ ညနေ၆နာရီခွဲခန့် ကမီးလောင်မှုဖြစ်ပွားခဲ့သည်(၁၆.၃.၂၀၁၂)





တောင်ဥက္ကလာ(၄)ရပ်ကွက်သုတ(၁)လမ်းတွင်ယနေ့ ညနေ၆နာရီခွဲခန့် ကမီးလောင်မှုဖြစ်ပွားခဲ့သည်။ယနေ့(၁၆.၃.၂၀၁၂)
ညနေ ၆နာရီ ခွဲခန့်တွင်အဆိုပါလမ်းရှိအိမ်အမှတ် ၄၉၃ ၊ဦးအုန်းမြင့်၏နေအိမ်မှမီးစတင်လောင်ကျွမ်းခြင်းဖြစ်ပြီးညနေ ၆ နာရီ ၅၀မိနစ်ခန့်တွင်မီးငြိမ်းသတ်နိုင်ခဲ့ကြောင်းသတင်းရရှိသည်။မီးလောင်မှုကြောင့်အိမ်ခြေ၁၀လုံးမီးလောင်ဆုံးရှုံးခဲ့ကြောင်းသတင်းရရှိ
သည်။

တောင်ဥက္ကလာ(၄)ရပ်ကွက်သုတ(၁)လမ်းမီးလောင်မှုကိုသံဃာတော်များနှင့်ရပ်ကွက်နေပြည်သူများဝိုင်းဝန်းကူညီငြိမ်းသတ်နေစဉ်။


တောင်ဥက္ကလာ (၄) ရပ်ကွက် သုတ (၁)လမ်းတွင် ယနေ့ ညနေ၆နာရီခွဲ ခန့် ကမီးလောင်မှုဖြစ်ပွားခဲ့ရာတွင်မြန်မာနိုင်ငံ
မီးသတ်တပ်ဖွဲ့အပါအ၀င်၊သံဃာတော်များနှင့်ရပ်ကွက်နေပြည်သူများညီညီညာညာစုပေါင်းငြှိမ်းသတ်မှုကြောင့်မီးအားထိန်းချုပ်နိုင်
ခဲ့ပြီးနောက်ပျော်ရွှင်နေကြသောရပ်ကွက်နေပြည်သူများ

ရေပိုင်နက် မြန်မာ နစ်နာ ရခြင်း အကြောင်းအရင်း

အရင်းအမြစ် ကို ကြည့်ရအောင်

လူဦးရေများတာ ကို အကြောင်းပြပြီး နယ်မြေ ပိုရအောင် ကြိုးစားထားတာ ကို သက်သေပို ခိုင်လုံအောင် နိုင်ငံတကာ ကနေ ဆုံးဖြတ်ဖို့ ရှာနေတာ ကြာပြီဆို တာ သိရပါတယ်

အဓိက အကြောင်း ကတော့ နိုင်ငံတစ်ကာ တရားသူကြီးတွေ ရဲ့ စာရင်း ကို သေသေချာချာ ပြန်လေ့လာကြည့်ရင် သိနိုင်ပါတယ်

အဲဒါနဲ့ တင် မြန်မာ က ၅၀ ရာနှုန်းတောင် အနိုင်ရဖို့  ကို မရှိတာပါ...

အဲဒါတွေ အပြင် နယ်မြေ ပိုမိုပိုင်ဖို့  ကို ကြိုတင် အကွက်ချ ပိုရအောင် ကြိုးစား ပေးဆပ်ထားတာတွေ ရှိနေတာပါ..

မြန်မာ ကတော့ သက်သက် အဆုံးအဖြတ် နားထောင်ရုံသက်သက် ပဲ ရှိတာပါ..

သဘာဝ သံယံဇာတ အတွက် ခြေခံတာ ဆိုတော့

ရေနံ သဘာဝဓာတ်ငွေ့ ရယ် ကို မြန်မာ က မြန်မြန်တူးစရာ ရှိတာ တူးပြီး စောစော ထုတ်နိုင်မှ မြန်မာ ထပ်မရှုံးမှာပါ

ရေနံတူးတာ ကအပေါ်တည့်တည့် ကနေ ဘေးတိုက် ၁ ဒီဂရီထိ စောင်း ပြီး တူးလို့ ရတဲ့ ဗစ်တွေ ရှိနေတာရယ် နည်းပညာတွေ ရှိနေတာပါ...

မြန်မာ ကို ညှိမရတော့ ဟိုဘက် ကနေ ဘယ်လိုနည်းနဲ့ ရရ လုပ်နေရတော့မှာပါ..

မြန်မာ အစိုးရ သဘောထားပျော့ပျောင်းချိန်မှာ အဆုံးအဖြတ်ပေးလိုက်တာပါ အခက်အခဲ ဖြစ်ချိန်မှာ မြန်မြန်ဆုံးဖြတ်တာ ကို သတိထားမိနိုင်မှာပါ..

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာ ပြည်အတွက် မြန်ပြည်သားတွေ ဘာလုပ်နိုင်သလဲ စစ်တပ် ကရော မြန်မာ ပြည်သူတွေ ကို သာ ပစ်ရဲပြီး နိုင်ငံတစ် ကာဆို ကြောက်နေရတဲ့ အဖြစ်မျိုး ကင်းဝေးနိုင်ပါစေ...

ဘာပဲဖြစ်ဖြစ် မြန်ပြည်မြေအတွက်ဘယ်လို အကြောင်းပဲဖြစ်ဖြစ် ဘယ်နိုင်ငံနဲ့ ပဲ စစ်ဖြစ်ဖြစ် ကန့် ကွက်မှုမဲ့ လုံးဝထောက်ခံနေပါတယ်...

မြန်မာပြည် မှာ မွေးသူတိုင်း အဲဒီစိတ် ရှိတယ်ဆိုတာ မြန်ပြည်သား စစ်စစ်တွေ ကို မေးလို့ ရပါတယ်...

Thursday, March 15, 2012

ပြည်သူ့ ဆန္ဒ

ငယ်ငယ်တုန်း က ပုသိမ်က နေ ရန်ကုန် သွားရင် သင်္ဘော ကို ပဲ အားကိုးသွားဖြစ်တာ များတော့ အခုထက်ထိ မှတ်မိသေးတယ်

တွံတေး တူးမြောင်းထဲ ဝင်ခါနီးပြီဆို ဆိုင်းဘုတ်ကြီး အကြီးကြီးနဲ့  ပြည်သူ့ ဆန္ဒ ဆို တာကြီး ကို တွေ့ ရတာ...

အခုရော ရှိသေးလားတော့ မသိ။

၁၉၉၀ ဝန်းကျင်လောက်ကတည်းကို က ကင်းကွာလာတာ တော်တော်ကြာတာရယ်

ပုသိမ်တံတား ကြီး ကို ဆောက်တောင်မဆောက်ရသေးတဲ့ အချိန်မှာ ဆိုတော့

တော်တော် တော့ ကြာပါပြီ

ပြည်သူ့ ဆန္ဒ

ဆိုတာ ကြီး အခုထိ ရှိသေးလား လို့ 

ပြည်သူ့ ဆန္ဒ ရှိမရှိ ကိုတော့

မြန်ပြည်က လူတွေ ပို သိမှာပါလေ...သတိရတာလေး ပြန်ရေးကြည့်တာပါ...

Wednesday, March 14, 2012

တစ်

တစ် ဆိုတာ ထိပ်ဆုံး ကို ပြောတာလား

အမှတ် တစ် ကို ပြော တာလား

တစ် နေတာ ကို ပြော တာလား

တစ်ရှေ့ မှာ သုည ရှိသလို အနှုတ်ကိန်းတွေ က အမြောက်အများ ရှိတာ ကို မေ့လို့  မရပါ...

တစ်ရှေ့ မှာ သုညတိုးလို့ မထူးပေမဲ့

အစက်တစ်စက် ကျသွားရင် တန်ဖိုးတော်တော် ကွာသွားပြီ

နောက်မှာ သုညတိုးရင်တော့ တန်ဖိုးတစ်အားတက်သွားရော..

တစ်လို့ ထင်ရတဲ့ အယူနဲ့ ဆို

ဒဿမ...တိုးသလို စစ်တွေ ဖြစ်နေရင် အနူတ်ပြနေတာ ပါ

ကားပါမစ်တွေ ဈေးကြီးလာတာ တစ်နောက်သုည တိုးသလို နဂို အကျင့်အတိုင်း

လာဘ်စား ငွေယူမဝသေးသူတွေ လုပ်စားနေကြ သုညတိုးကြည့်တာ..

တံခါး ဟစိလို့ ထင်တာ တံခါးမဟုတ်ပဲ ခုန်တတ်ကျော်တတ် မှ ရမဲ့ ပြူတင်းပေါက်ကြီး ကိုး

စီးပွားရေးကောင်းအောင်ဆိုတာသာပြောတာ တစ်ဆိုတဲ့ အတိုင်း တစ်တစ်

လစာ တော့ မတိုး အပိုကြေးလိုလို ထောက်ပံကြေးနဲ့ နှစ်သိမ့် တရုတ် နမူနာမှန်းသိသာ ဟိုလုပ်မရ ဒီလုပ်မရ

ကုန်ဈေးနှုန်းပါထိန်းမရလို့ ကတော့

နဂို လူ လုပ်တာ ဆိုတော့ နဂို လိုပဲဖြစ်မှာမဆန်းပါဘူး ဆို ကြည့် နေရုံပေါ့

စပေးဖို့ သတင်းရတော့ ဆန်တစ်တင်းစာဖိုးလောက်

ဝင်ငွေ ရလို့ ဈေးဝယ်တော့ ဆန်တစ်စိတ်တော့ ရနိုင်ကောင်းပါရဲ့ 

နောက်ဆုံးတော့ စီးပွားရေး သမား က အဘ စီးပွားရေး မကောင်းလို့ 

ကုန်ဈေးနှုန်းလေးတတ်အောင်လုပ်ရအောင် ဆော်သြော် လိုက်သလို

နောက်ဆုံး တော့ ပြည်သူ ဒုံရင်း စီးပွားရေးသမား ကားကောင်း ကို စီး

မြန်ပြည် သူပိုင်ကြွေးကြော် နေတော့ မှာ လား...

Tuesday, March 6, 2012

အပြု သဘော

တစ်ချို့ သတင်းတင်တာတွေ က အပြုသဘော မဆောင်ဘဲ သူတို့  ဖြစ်ချင်တာ မကျေနပ်တာတွေ ရေးတာတွေ တွေ့ ရတော့ မီဒီယာ ကို ဘယ်လို သတ်မှတ် တာလည်းလို့ ထင်စရာ ရှိလာပါတယ် တစ်လော က သတင်း တစ်ခုဆို တစ်နေရာ က မဆိုးပါဘူး နောက်တစ်နေရာ က မကောင်းဘူး မကျေနပ်သံတွေ ပါနေတာ တွေ့ ရတယ်..

တကယ် ဆို တကယ်အခြေအနေ မှန် ကို ဘယ်လိုမှ မသိနိုင်တော့တာ တွေ့ ရပါတယ်..

သတင်းတစ်ခုကတော့ နဂိုထဲ က ပိုပိုသာသာ မကောင်းရေးနေကြနေရာ ဆိုတော့ မကောင်းတာ လျှော့တွေးလို့ ရပါတယ်..

အခု သတင်းသမား တစ်ယောက် ကို တရားစွဲ ဖို့ လုပ်မယ်ကြားရတော့ သတင်း တင် ရာ မှာ ပြင်စေချင် လို့ တင် ရင် သတင်းရေးသူ ရဲ့ စိတ်မှာ အပြုသဘော ဆောင်ဖို့ ရှိမှ ဖြစ်မှာပါ...

ကိုယ့် ရေနံ အတွေ့ အကြုံတွေ ရေးချင်ပေမဲ့ ကိုယ်လုပ်ခဲ့တဲ့ လုပ်ငန်း ရဲ့ မူအရ မရေးသင့်သေး လို့  တိုက်ရိုက် ရေးမတင်ရတာတွေ ရှိပါတယ် အလုပ်ထွက်လာတယ် ဆိုပေမဲ့ အပြုသဘော ကို ပဲရေးချင်တယ် ဆိုရင်တောင်မှ ဘယ်သူမှ မထိခိုက်အောင် ထိန်းရေးရပါတယ်..

အဆိုတော်တွေ စာသားတွေ သီချင်းတွေ ဆို အရင် က တင်ဖြစ်ပေမဲ့ အခု ဆို မတင်ဖြစ်သလောက်ပါ..သူတို့ ရဲ့ မူပိုင်ခွင့် ကို လေးစားရမှာဆိုတော့လေ..

ဘယ်အရာမဆို အပြုသဘော ဆိုတာတောင် တစ်ခါတစ်လေ မကောင်းတာတွေဘဲတွေ့ ရတာ ကို အပြုသဘော ရေးပေမဲ့ အပျက်တွေ ရေးနေရသလို ဖြစ်ရတာတွေ ရှိပါတယ်...

တစ်ခါက သူငယ်ချင်း တစ်ယောက် က ဖခင်က ပြောတယ် သူငယ်ချင်းဆို တာ ဘယ်သူဖြစ်ဖြစ် ပေါင်းရတာပဲ ရန်တော့ မဖြစ်စေနဲ့ တဲ့ အဲလိုဖြစ်တာနဲ့  ဘောင်ကျဉ်းသွားလိမ့်မယ်တဲ့...

အဲလိုပဲ ရန်ဖြစ်သလို အပြုမဆောင်တဲ့ စာတွေ ရေးနေရင်တော့ ဘောင်တွေ ကျဉ်းနေ တရားတွေ ရင်ဆိုင်ရတာတွေ ရှိနေမှာပါ..

မြန်မာပြည် က အခုမှ ကောင်းမလိုရှိသေးတာပါ...စမ်းသပ်ခံနိုင်သေးတာ မဟုတ်ပါဘူး...မိမိဘောင်မိမိ မခတ်မိစေချင်ပါ..

Saturday, February 25, 2012

မြန်မာ အလုပ်သမားတွေ သမိုင်း ကို မြန်မာ အလုပ်သမားတွေပဲရေးရတာပါ

တိုင်ရီ အလုပ်သမားတွေ ကိစ္စ ကို အခုထက်ထိတိုင် အဆင်မပြေသေးပါဘူး

ဒီနေရာ မှာ တစ်ချို့  ကူညီ ကြတာတွေ ရှိပေမဲ့ နိုင်ငံတစ်ကာ အကူအညီ ကကောင်းတယ် ပြောသူတွေ အတွက် တွေ့ ရတာကတော့

အလုပ်သမားအရေး ဆိုတော့ နိုင်ငံတကာ နဲ့ ပတ်သက်တာ ILO ရုံး ရှိတယ်ဆိုတော့ ဘာလုပ်ပေးသလဲဆိုတော့ ထူးထူးခြားခြား လုပ်တာ မတွေ့ ရပါဘူး

ကူညီတာ လည်းမတွေ့ ရသလိုပဲ မသိရတာဘဲလား မသိချင်ယောင်ဆောင်နေတာပဲလား လုပ်လို့ မရတာပဲလား

မြန်မာပြည် ကို ကူညီပါတယ်ဆိုတဲ့ NGO တွေ ကရော လူသားချင်းစာနာတာတွေ ဘယ်ရောက်ကုန်ပြီလည်း လစာထုတ် အယောင်ပြကူညီတာတွေ ဆိုနေတာလား

ဘယ်လိုပဲဖြစ်ဖြစ် မြန်ပြည် လုပ်သားတွေ သူသမိုင်းကို သူရေးမှာပါ...သူတို့ အတွက် ပဲရေးတာမဟုတ်ပဲ အများအတွက်ပါ ဖြစ်လာနိုင်ပါစေ...

သူတို့ တွေ အတွက် အဆင်မပြေတာတွေ ရှိနေမှာပါ သူ တို့ သမိုင်းကတော့ သူတို့ ကိုယ်တိုင်ရေးနေတာပါ...
သူတို့ အရေး ကို မြန်ပြည်က တာဝန် ရှိတဲ့ မြန်ပြည်လွှတ်တော်ကနေ ဆုံးဖြတ် နိုင်ပါစေလို့ မျှော်လင့်ရမှာပါ...

ဒီနေရာမှာ ဆီရီးယား ပြည်သူတွေ သေတာ နိုင်ငံတကာ က UN လည်း မကူညီနိုင်တာတွေ့ နေရသလို မြန်ပြည်သမိုင်း ကို မြန်ပြည်သားတွေ ကပဲရေးနေမှာပါ..

နိုင်ငံတကာ ကသူတို့  အကျိုးအမြတ် မရ ရင် မကူညီနိုင်တာတွေ့ နေရတာပါ.

တခုခုဆို သူတို့ မူအရလိုလို ဟိုလိုလို ဒီလိုလို နဲ့  မကူညီကြပါဘူး...မြန်ပြည်သားတွေ ကလည်း ကိုယ်ရာဇဝင် ကိုယ်တင်နိုင်မှာပါ...

..မြန်ပြည်လုပ်သားတွေ အခက်အခဲတွေ ကို အဆင်ပြေစွာ ဖြတ်သန်းနိုင်ကြပါစေ..

Friday, February 24, 2012

၈၈၈၈ ကျောင်းသား ကိုကိုကြီး ရဲ့  ဘဝနဲ့ ရင်ဘတ်ကအသံ အငြိုးမဲ့ သံစဉ်

ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံတကာ စောင့်ကြည့် တာထက် မြန်ပြည်သူတွေ စိတ်ချယုံကြည် ဖို့ က ပို အရေးကြီး

သိပ်မကြာခင်လာတော့မယ့် လွတ်လပ်နေရာတွေ အတွက် စီစဉ်နေတဲ့ ကြားဖြတ် ရွေးကောက်ပွဲ ကို နိုင်ငံတကာ က စောင့်ကြည့်ခွင့်တောင်းတာတွေ က မယုံသင်္ကာ ရှိလို့ တောင်းတာတော့ ဟုတ်ပါပြီ တကယ်ဆိုရင် မြန်ပြည်သူတွေ ယုံကြည်အောင်လို့  လုပ်ပြနိုင်တာက မှ ပို အရေးကြီးတာပါ...

မယုံကြည်လို့  မဲ မထည့်ချင်သူတွေ မထည့်ချင်လည်း ရရမှာပေါ့...

ကြိုတင်မဲဆိုတာ ရှိဖို့ မှ မလိုအပ်တာ... အဲဒါမျိုးတွေ ရှိနေရင် နိုင်ငံတကာ စောင့်ကြည့်လည်း အပိုပဲ လိမ်မှာသိရဲ့ သားနဲ့ ...

မြန်ပြည်သူတွေ ကပိုသိတော့

တကယ်ဆိုရင် အကုန် CCTV ကင်မရာနဲ့  မဲရေတွက် တာ ကို ရိုက်ထားပြီး MRTV မှာ ဘယ်မဲဆန္ဒနယ်က ပါဆိုပြီး ပြန်ပြမယ် ဆိုရင် မြန်ပြည်သူတွေ နည်းနည်းတော့ ယုံလာမှာပေါ့...

အလိမ်ခံရတာတွေ များလာတော့ နည်းနည်းဖြစ်ဖြစ်လိမ်မှာပဲ ဆိုတာကြီး ကို လုံးလုံး ဖျောက် မရသေးခင်တော့ အလုံးစုံ ဘယ်လိုလုပ်ပြပြ အကုန်လုံးပုံပြီးတော့ ယုံတာတော့ မဖြစ်နိုင်သေးတာပါ..

နိုင်ငံတကာ ဘယ်အဖွဲ့ ပဲဖြစ်ဖြစ် လာကြည့် လည်း လိမ်ချင်ရင် လိမ်လို့ ရတာပဲ အဲလိုတွေ လုပ်တာထက် မြန်ပြည်သူတွေကို တိုက်ရိုက် ပြသ မဲထည့်ခွင့် ရတာကမှ မြန်ပြည် ဒီမိုကရေစီ စစ်မှာ အပြင် မြန်ပြည်အတွက် လုပ်တာပါ ဆိုတာ ပေါ်လွင်လာတော့မှာပါ...

တကယ်ဆိုရင် မြန်ပြည် အတွက် လုပ်မယ်ဆိုရင် မြန်ပြည်သူတွေ ကို အရင် ဦးစားပေးနိုင်ပါစေလို့ ရည်ရွယ်လျက်

Saturday, February 18, 2012

တားတယ် .... မတားဘူး လွတ်ထားမယ်

လစာတိုးတာကိုတော့ အကြောင်းပြပြီး တားနိုင်တယ်

ဆီဈေး ၂၀၀ ကျပ် တတ်တော့ မတားနိုင်ဘူး... ၂၀၀ကျပ်ဆို အခွန် က ၂၀ ကျပ် သို့ မဟုတ် ၁၀ ကျပ်ရရမှာပါ...

မရရင် လာဘ်စားနေတယ် ..

တစ်နေ့ ကို ဂါလံ သိန်းချီ မှာ အခွန် က သန်းချီရရမှာ...အဲဒီပိုက်ဆံတွေ ဘယ်ရောက်သလဲ...

ဝန်ထမ်းလစာ မတိုးနိုင်ဘူးကို တားနိုင်တယ် ဆို ရင်.. ဆီဈေးတတ်တာ တား နိုင်ရမှာပေါ့...

မတားတာဆို ရင် လာဘ်စားတာတို့  အခွန်ငွေ တွေ ကို ဖျောက်နေတာတွေ ပါ..

အဲဒီပိုက်ဆံ စာရင်းပျောက်မှာတော့ မြန်မာပြည် အကြွေးများတာဘာဆန်းလည်း...မထူးဆန်းပါဘူး...

လစာ မတိုး တာ လာဘ် ဆက်စားပါ.. ဈေးတတ်ချင်သလို တတ်ပါ... အခွန် ကို စည်းစနစ် တကျ မကောက်နိုင်သေးတာပါ...

အကောင်းအဆိုးတွဲနေတာပါ... လစာမတိုးရင် ဈေးနှုန်းတွေ ကို ထိန်းနိုင်ရမှာပါ..အခွန်စနစ် စနစ် ကျရမှာပါ...မဟုတ်ရင်တော့

ဥပဒေ မသတ်မှတ်နိုင်သေးပါ...ကို ဆိုလိုနေတာပါ...

အဲလိုဆိုရင်တော့ ဝမ်းရေး အတွက် စာရိတ္တတွေ ပြတင်းပေါက် ကနေ ကဆုန်ပေါက် ခုန်ဆင်းသွားလေရဲ့ ...

တိရိစ္ဆာန်တွေ အိမ်နောက်ပေါက် ကနေ ပြေးဝင်မှာ ကို ကြိုဆိုနေရမှာပဲလေ...နည်းလမ်းမှ မရှိသေးတာ...

Thursday, February 16, 2012

သုံးလအတွင်း တနိုင်ငံလုံး အပစ်ရပ်မည်ဟု မီးရထားဝန်ကြီး ဦးအောင်မင်း ပြော

ကိုပေါက်

မဇ္ဈိမ
တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲရေးများကို သုံးလအတွင်း ပြုလုပ် ပြီးစီးသွားမည်ဟု မီးရထားဝန်ကြီး ဦးအောင်မင်း က ပြောသည်။

ဗုဒ္ဓဟူးနေ့က နိုင်ငံခြားသတင်းဌာနနှင့် ပထမဆုံးအကြိမ် အင်တာဗျူးရာတွင် အစိုးရ၏ ပြည်ထောင်စု ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည့် ဗိုလ်ချုပ်(ဟောင်း) ဦးအောင်မင်း က ထိုသို့ပြောဆိုလိုက်ခြင်း
ဖြစ်ကြောင်း ရိုက်တာ သတင်းတရပ်တွင် ဖော်ပြပါရှိသည်။

တိုင်းရင်းသားလူမျိုးများနှင့် ဖြစ်ပွားခဲ့သည့် နှစ်ပေါင်း ၆၀ နာတာရှည်ဝေဒနာကြီးအား ယခင်အစိုးရ အဆက်ဆက်က
ဆေးမမှန်၍ မကုစားနိုင်ခဲ့ကြောင်းလည်း ဦးအောင်မင်း က ပြောသည်။

“ကျနော်တို့ တိုင်းပြည်မှာ အခြေအနေတွေ ပြောင်းနေပြီး ဒီအရေးကိစ္စဟာလည်း ပြောင်းလဲသွားပါပြီ။ ကျနော်တို့
ဆေးကို ရှာဖွေတွေ့ရှိနိုင်ပါပြီ” ဟု ဦးအောင်မင်း က ဆိုသည်။

လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့အနက် ၉ ဖွဲ့နှင့် အပစ်ရပ်ရေး သဘောတူ လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး မကြာမီ လအနည်းငယ် အတွင်းမှာလည်း ကချင်လွတ်မြောက်ရေးတပ် (KIA)အပါအ၀င် ၆ ဖွဲ့နှင့် အပစ်ရပ်နိုင်လိမ့်မည်ဟု ဦးအောင်မင်း က ပြောသည်။

မတ်လ ၁ ရက်နေ့တွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)နှင့် အပစ်ရပ်ရေး လက်မှတ်ထိုးနိုင်မည်ဖြစ်ကာ လက်နက်ကိုင်အဖွဲ့ငယ် ၅ ခုကလည်း လက်နက်ချရန် အဆင်သင့်ဖြစ်နေကြောင်း ၎င်းက ဆိုသည်။

သမ္မတ ဦးသိန်းစိန်အနေဖြင့် ငြိမ်းချမ်းရေး ခြေလှမ်းသုံးရပ် ချမှတ်ထားသည်။ ပထမဦးစွာ အပစ်ရပ်ပြီးနောက်
နိုင်ငံရေးသဘောတူညီချက်များနှင့် နေရာပြန်ချရေးများ ပြုလုပ်မည်ဖြစ်ပြီး ၎င်းနောက် ပါလီမန်တွင်း အထူးညီလာခံ ကျင်းပ၍ အဖွဲ့အသီးသီးနှင့် ရေရှည်သဘောတူညီချက်များ အခိုင်အမာ ချမှတ်သွားရန်ဖြစ်သည်ဟုဆိုသည်။

ဤအစီအစဉ်အားလုံးမှာ ၂၀၀၈ အခြေခံဥပဒေအောက်မှ ဆောင်ရွက်သွားရန်ပြီး တိုင်းရင်းသားအဖွဲ့များ
တောင်းဆိုထားကြသည်မှာ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ဖြစ်သည်။

Tuesday, February 14, 2012

တာမွေတွင် မီးလောင် အိမ် ၄ လုံး ၄ခြမ်း မီးလောင်ခံရ

မူရင်း ရန်ကုန် (မဇ္ဈိမ)

တာမွေ မီးလောင်မှု ၆၈ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်
မျိုးသိဏ်း | အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၁၄ ရက် ၂၀၁၂ ခုနှစ် ၁၅ နာရီ ၄၄ မိနစ်


အင်္ဂါနေ့မနက်ပိုင်းက တာမွေမြို့နယ်၊ ကျိုက္ကဆံလမ်း တာမွေ မီးသတ်တပ်ဖွဲ့ရုံးအနီး တာမွေကြီး (ခ) ရပ်ကွက် အတွင်း မီးလောင်မှု ဖြစ်ပွားရာ အိမ်လေးလုံးမှာ လုံးဝလောင်ကျွမ်းသွားပြီး အခြားလေးလုံးမှာ တဝက်စီ မီးလောင်ပျက်စီးသွားသည်။

နံနက် ၉ နာရီတွင် မီးကြွင်းမီးကျန်မှ စတင်လောင်ကျွမ်းသည့် အဆိုပါ မီးလောင်မှုကို တာမွေနှင့် တိုင်း ဗဟိုမီးသတ် အပါအဝင် အခြား ၁၁ မြို့နယ်မှ မီးသတ်ဌာနများ၊ စည်ပင်မီးသတ်ဌာန တို့မှ မီးသတ်ကားစီးရေ ၃၄ စီး၊ အုပ်ချုပ်မှုယာဉ် ၄ စီး၊ အထောက်အကူပြုယာဉ် ၃ စီး သုံး၍ မိနစ် ၄ဝ ကြာ ငြှိမ်းသတ်ခဲ့ရသည်။

အိမ်အမှတ် ၃၆၉ ၊ မီးဖိုဆောင် မှ နံနက် ၉ နာရီခန့်တွင် စတင်လောင်ကျွမ်းသောမီးကြောင့် နေအိမ်လေးလုံး မီးလောင်ခဲ့သည်။