ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Showing posts with label မြင်ကွင်း. Show all posts
Showing posts with label မြင်ကွင်း. Show all posts
Tuesday, June 23, 2026
ဖုန်းကတုံး သို့တည်းမဟုတ် အိုင်ဖုန်း ၁၇အီး
 ဖုန်းကတုံး 
အိုင်ဖုန်း ၁၇ အီး
ကင်မရာ က တလုံးတည်း၊
ဝိုင်ယာလက် မက်ဆေ့ နဲ့ အားသွင်းလို့ရ၊
ကြိုးကမလို၊
အမြဲတမ်း စခရင်က ပွင့်မနေ၊
မနှစ်က အိုင်ဖုန်း ၁၇ ထက် ၀.၀၁ လက်မ စခရင်က ပိုကျယ်တယ်။
အင်တာနက် က ၅ ဂျီပလပ် ဖြစ်လာတယ်။
အီးဆင်းကဒ် ရယ် ပိုက်ဆံ ထည့်ထားလို့ရ ဟာ တွေ တပါတည်း ပါလာပြီးသား။
အပေါက်ဆိုလို့ ယူအက်ပီ စီ အပါက် လေးပဲပါတယ် ၊ သုံးစရာ မလိုသလောက်ပါပဲ။
ဒါကြောင့်ဖုန်းကတုံး
အရေးပေါ် လိုအပ်ရင် ဂြိုလ်တု ကတဆင့် အရေးပေါ် သုံးလို့ရလိမ့်မယ်။
အိုင်ဖုန်း ၁၇ ထက်ပေါ့တယ်။
စျေး ကလည်း ယန်း ၃ သောင်းပိုသက်သာတယ်။
နောက်ဆိုရင် ဂြိုလ်တု ဆက်သွယ်ရေး စနစ် တွေ ချိတ်ဆက်လာနိုင်တဲ့ သဘောတွေ့ရတယ်။
ကမ္ဘာ့ရွာကြီး က တသားတည်း ဖြစ်လာနိုင်ပါပြီ။
၂၂:၃၄နာရီ၊၂၃-၆-၂၀၂၆၊အင်္ဂါနေ့။
ငဝန်နဒီ
Saturday, February 1, 2025
ဘုံခဏ၊ ဆုံရ၊ ကြုံရ၊ ခေတ်အခုန်။
ဘုံခဏ၊ ဆုံရ၊ ကြုံရ၊ ခေတ်အခုန်။ လောကဇာတ်ခုံ လူလောက ဘုံ တွေ မှာ ဆိုတာ အရာရာ ဟာ ကြာမြှင့် တယ်လို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ခဏ တာ လေးပါပဲ။ ဘာမှ ကို မကြာ လိုက်သလို ပါပဲ။
 ဒီလိုဟာ တွေ ကို တခမ်းတနား လို့ ထင်နေတတ်ကြတယ်။ သတိ လက်လွှတ် ဖြစ်သွား တာ က ပြောင်းလဲသွားတဲ့အရာတွေပါ။ 
 ဆုံတွေ့ ရတဲ့ အရာတွေ က အကြာင်းကြောင့် အကျိုးဖြစ်လာရတဲ့ အရာ တွေ မဆုံချင်လည်း ဆုံ ရသလို၊ တခါတရံ မှာ တွေးမထားတဲ့ အရာ တွေ က အစ ဆုံတွေ့ ရတာပါ။ ဒါကလည်း အကျိုးသက်ရောက်မှု ဖြစ်ဖို့ ဆုံရခြင်းပေါ့။ ကြုံတွေ့ရ အခြေအနေ တွေ က ဟိုးအရင်လိုမဟုတ်တဲ့ အဖြစ်အပျက် တွေ တွေ့ ရတာပါ၊ အဆိုး အကောင်း ဖြစ်လာတာ တွေပေါ့။ အဆိုးတွေ တချိန်လုံး မရသလို အကောင်းက အဆိုး ကို ကျော်လွှားသွားတာပါ။ ကြည့်လိုက်ရင် ခေတ်ပြောင်းသွားတာပေါ့။ ခေတ်ပြောင်း တာ အလုံးအရင်းနဲ့ ဝိုင်းလှည့် ထည့်လိုက်တော့ အရမ်းမြန်ကုန်ရော၊ အဲတာနဲ့ ခေတ် အခုန်။ တွေ့ရတာပဲ။ အင်တာနက် ဆို ဂြိုလ်တုက၊ ငွေကြေးဆို လေထဲက၊ စွမ်းအင် ဆို နေရောင်က၊ 
 (တိုးတက်တဲ့ တိုင်းပြည်တောင် သူ့ဖုန်း ကို စတီး က နေ တိုက်တေနီယံ ကို ပြောင်း လိုက်ရတယ်)
 လူသား တွေဟာ အနာဂတ် ဘယ်လောက် ပို လှ သလေး ဆို တိုက်တေနီယံ ထက် သာ တဲ့ အသိဥာဏ သုံး လို့ ခေတ်ခုန် လိုက်တာ မိမိ လက်ရေးတိုင်း ကြိုးဆွဲရုပ် ကို ကြိုက်သလို ကြိုးဆွဲ နေတဲ့ ခေတ် အခုန် တွေ့နေရတာပါ။ 
 ၇:၄၁ နာရီ၊ ၁-၂-၂၀၂၅။စနေနေ့။ ဖေ့ဘွတ် တွင် ရေးထားသည် ကို ပြန်တင်သည်။
 ငဝန်နဒိီ
Tuesday, August 20, 2024
၂၀၂၄ အလွန်
အချိန် အခါ အရ နိုင်ငံ က နိုင်ငံသား ဖြစ်တည်မှု ဂြိုလ်တု အင်တာနက် ပတ်စပို့ သို့မဟုတ် တပုံစံတည်း နိုင်ငံသား ခရီးသွား စာအုပ် အီးဆင်း တယ်လီဖုန်း ပင်စင် စနစ်သစ် မြို့နယ် အလိုက်ကားနံပါတ်ပြား နှင့် ဌာန ဆိုင်ရာ အမှတ်အသား ပါ ကားနံပါတ် မြို့နယ် ဖွံဖြိုး တိုးတက်မှုနှင့် လွတ်လပ်စွာ နေထိုင် ဝမ်းကြောင်း ဝန်းကျင် အဲဒါတွေက ပုံမှန်ဖြစ်လာမည့်အရာတွေ ပေါ့ ၊ ဖြစ်လာသေးဘူး ဆိုရင်လည်း တဖြည်းဖြည်း ဖြစ်ရမည့် အရာပေါ့၊ ခေတ်က ပြောင်းသွားနေတာကိုး။ ငဝန်နဒီ
Thursday, August 8, 2024
၂၀၂၄ ခေတ်ပြောင်း သို့တည်းမဟုတ် ခေတ်သစ်အလှည့်
 ၂၀၂၄ ရဲ့ ခေတ်ပြောင်း က လွန်ခဲ့သော ၃၆နှစ် အခြေအနေ ၊ အနေအထား ၊ အယူအဆ အကုန် ပြောင်းသွားတာ တွေ့ရပါတယ်။
အခု ခေတ်ပြောင်း လို့ ဆိုတဲ့ ရီဗောလူးရှင်း ဆိုတာထက် ခေတ်သစ် အလှည့် လို့ဆိုရမယ်။
၆ ရက် ၈ လ ၂၀၂၄ မှာ ဘင်္ဂလားဒေ့ရှ် ကိုပဲကြည့် ၊
ဒီနှစ်အစ မှာ ရွေးကောက်ပွဲ နိုင်တယ် ဆိုပေမဲ့ ၈ လပိုင်း မှ ထွက်ပြေးတာ ကြုံနေရတယ်။
မနေ့က ၇ ရက် ၈ လ ၂၀၂၄ မှာ ကတော့ ထိုင်းက ပြည်သူတွေ ရွေးထားတဲ့ ပါတီ ကို ဖျက်သိမ်းခိုင်းတယ်၊
နိုင်ငံရေး သမား တွေ ကို နိုင်ငံရေးက ၁၀ နှစ် နားခိုင်းတယ်၊ ဒါဟာ ဘာအကျိုး ဆက်ဖြစ်လာမယ် ကို ကြည့်ရမှာပေါ့၊
ဒီနေရာ မှာ၂၀၂၄  ခေတ်သစ်အလှည့် ကိုကြည့်ရအောင် 
လူသားအရင်းအမြစ် တွေ မတရားတာ က နိုင်နေသရွေ့တော့ ကြောက်စရာ ဖြစ်နေတာပါ၊ နိုင်ငံတော်တော် များများ ပြဿနာတွေနဲ့ပါ။
စီးပွါးရေး ဆိုလည်း ပြောင်းတာမှ လက်ကလေး ထောက်လိုက် ဘာလိုက်နဲ့ နိုင်ငံ ကျော် တာမက ပိုက်ဆံ ကိုင်စရာ မလို ၊ လုံးဝ ပြောင်းလဲသွားတာပါ။
ငွေကြေးဖောင်းပွ တာလည်း အလဲလဲအကွဲကွဲ ဖရိုဖရဲ ကိုဖြစ်လို့ အကျိုးဆက်က
စီးပွါးရေး ပြိုလဲ တာ တွေ၊ ဖြိုဖျက် သွားတာတွေ က များပြားလာတာပါ။
စွမ်းအင် ရင်းမြစ် ပြောင်းထွက်သွားတာပါ၊ တချို့က ထင်မယ် ဒီလောက်လည်းမဟုတ်ပါဘူးပေါ့၊တကယ်တော့ သဘာဝ ရင်းမြစ် ရယ် ၊ ကျွမ်းကျင် ပညာရှင်စစ်စစ်ရယ်၊ အမှန်တကယ် အသုံးချ တာ တွက်ချက်တာ မှန်ရင် သီးခြားနေလို့ရတဲ့ စွမ်းအင်သစ် တွေပါ။
ဆက်သွယ်ရေး နည်းပညာသစ် ကလည်း သီးခြား ကမ္ဘာသစ် ကို ဖော်ဆောင်သွားတာပါ၊ တကယ်ကို အံမခန်းပါပဲ၊ မြင်မရတဲ့ အရာ တွေနဲ့ နည်းသစ်တွေပါ။တွေ့ထိမရတဲ့ အရာ လေထဲမှာ လွင့်မျော နေတာ က သင့်ကို မည်သူနဲ့ မဆို ဆက်သွယ်ပေးနေပြီလေ။
လုံခြုံစိတ်ချ ရတဲ့ ဝန်းကျင် ကိုလည်း သင့်လက်ထဲ ကို သင်ကိုယ်တိုင် ကိုင်ခွင့်ပေးသလို၊စည်းမျဉ်းတွေပါပြောင်းသွားပါတယ်၊သက်မဲ့ အိမ်ဟာ နှစ်၅၀ ပဲ သုံးတာ ကောင်းတယ် ဆိုမျိုးပေါ့။အသက်ကို ဥာဏ်စောင့် ဆိုတဲ့ အရာပေါ့။နည်းပညာ တော် တိုင်း သက်မဲ့ အသက်ရှည်တယ် ထင်ကြတယ်၊ သက်ရှိအသက်ရှည်ဖို့ သက်မဲ့ ကို သက်တမ်းကန့်လိုက်တာ စည်းမျဉ်းတန်ဖိုးသစ်ပါ။
အဆောက်အဦးတွေ ရဲ့ ပုံစံသစ် ကို တွေ့ နေရသလို လို သလိုလုပ်နေကြတာက ခွဲထွက်လာသော ပုံသစ်တွေပါ၊ သဘာဝမှာ နေထိုင်တာမျိုးပေါ့။
မျိုးဆက်သစ် နှင့် သက်ကြီးရွယ်အို အလှည့်အပြောင်းက လည်း ထူးခြားသွားပါတယ်၊ဘယ်လောက်တောင် ပြောင်းလဲ သွားလည်းဆိုတော့ စနစ်တကျ နဲ့ သွယ်ဖယ်လိုက်တာပါ၊ မျိုးဆက်သစ် က မိမိ ကိုယ်ကို ကာကွယ်ရင်း လမ်းသစ်လျှောက်ရင်း တလှမ်းခြင်း လှေကားတက်တာလား၊ငြမ်းနဲ့တက်နေတာလား မသဲကွဲဘူး၊ ဒါပေမဲ့ ခေတ်သစ် ကို လှည့်ထုတ်တာတော့ မမှားပါဘူး။
ခေတ်သစ်အလှည့်ကို တွေ့မှီ နိုင်ကြပါစေ။
ငဝန်နဒီ
Sunday, July 21, 2024
ကြိုး မဲ့ ဖုန်စုပ်စက် ကြမ်းတိုက်စက်
 တလောက အပြင်သွားရင်း စျေးဝယ် ရင်း တွေ့မိတာ အီလက်ထရိုလပ် ကထုတ်တဲ့ စက် ဖုန်လည်းစုပ်၊ ကြမ်းတိုက် စက်လည်းပါ ၊ ခေါင်း ပိုင်းလေးပဲ ဖြုတ်တပ် ပြောင်းရုံလေးပါ။
ဂျပန်ယန်းနဲ့ ကလည်း ၃သောင်းခွဲ ကျော်ကျော် လေး ၊ မီးအားပြည့်နေရင် မိနစ် ၄၀ လောက် သုံးလို့ရတယ် လို့ဆိုပါတယ်၊
ရေနဲ့ စက်ကို သန့်ရှင်းရေး လုပ်ထားရင် ၂၄ နာရီ စိုတဲ့နေရာ ခြောက်ဖို့ တော့ စောင့်ပေးဖို့တော့ ပြောထားပါတယ်။
အရင်လို ကြမ်းတိုက်စက်သပ်သပ်၊ ဖုန်စုပ်စက် သပ်သပ် ဝယ်စရာ မလိုတော့ဘူးပေါ့။
ငဝန်နဒီ
Friday, July 20, 2018
တိုးတတ်လမ်းစ သို့မဟုတ် ခြေတလှမ်းအယုတ်
စီးပွားရေး တွေ အလုပ်မဖြစ်
ဒေါ်လာဈေးတွေ မတန်တဆ ဖြစ်
အိမ်ယာတွေ ရောင်းမရ
ကွန်ဒို ဆိုတာကို မြေယာ အချိုးကျနဲ့ တိုင်းတပါးသား ကို ရောင်းဖို့ လုပ်တာ
ငြိမ်းချမ်းရေး ဆုံမှတ်က အမိမြေကို သူတပါး မပိုင်စေရ တဲ့
ဒီမိုကရေစီလမ်း
ယိုသူက မြင်သူ ကို တရားစွဲလို့ရတာကို အမှန်လို့ထင်နေတာ
ယိုသူ ကမသိမသာ လှန်လည်းပြ သူမှန်တဲ့ ထင်နေတာ
ဒီမိုကရေစီ က သူ့ ကို လမ်းဘေး မှာ ယိုသူ အဖြစ်ထားခဲ့မှာပါ
မြင်သူက အများသိဖို့ ပြောပြရုံလေးရယ်ပါ
စီးပွားရေးက ခရိုနီလက်ထဲမှာပါပဲ
ဒီမိုကရေစီမှာ ပြည်သူပိုင်မသိမ်းပါဘူး
ပြည်သူ လက်ထဲ ပြန်ထည့် ပေးတတ်ပါတယ်
ထည့်ပေးချိန်မှာလွဲပြောင်းချိန်မှာ
အခက်အခဲရှိတတ်ပါတယ်
ချောင်းထဲမြစ်ထဲ ငါးရှာမရတာ ပြည်သူစီးပွားပျက်ခဲ့ရတာ
ချောင်းတွေမြစ်တွေ ပိုင်တဲ့ ခရိုနီတွေ စီးပွားပျက်တာ
ပြည်သူတွေ လက်ထဲ ပိုနေမြဲ ကျားနေမြဲ ပြန်ပေး တာလေးပါ
ခရိုနီစီးပွားပျက်တာမဟုတ် ပါ
လက်ဝါးကြီးအုပ်ထားတာ ပြည်သူဆီပြန်ပေးရမှာနမြောလို့
စီးပွားရေးကျဆင်း တယ်ပြောနေတာပါ
ပြည်သူတွေ ဟင်းစားရဖို့ လမ်းစလေးပါ
သစ်တောထဲဖြတ်သန်းမရတဲ့ ပြည်သူတွေ အတော်ကြာပေါ့
သစ်တောထဲ ပြည်သူ ပြန်ဝင်ခွင့်ရရင် တောင်ယာစိုက်လို့ ဝမ်းစာဖူလှုံတော့မှာမှာ
မျှစ်ချိုး အသီးအရွက် ကလေးက ဟင်းစားရနည်းလား
သစ်တောစီးပွားမပျက်ပါ အလဟသ ဖြစ်နေသော တော ပင်လေး စားသုံးခွင့်မရှိခဲ့တာ ပြန်ရတာလေးပါ
နေစရာ မြေမရှိသူတွေ မြေပျောက်နေပေမဲ့
မြေယာ ဧက ရာကျော် ပိုင်သူတွေ မြေယာကို အကျိုးရှိမသုံးတတ်တာကို
စီးပွားပျက်တာ ကျတာဆိုပဲ
စီးပွားပျက်တာမဟုတ် မူမှန်နေရာမှန် ပြည်သူလက်ထဲ မြေယာပြန်ရောက်ဖို့
အချိန်ကို အဆုံးအဖြတ်ပေးခိုင်းနေတာပါ
ဒီမိုကရေစီအခွန်ဆောင်လိုက်ရင် စက်မှုဇုံမြေတွေ
စီမံကိန်းမြေတွေ ပြည်သူ တွေ နဲ့ နီးလာမှာပါ
ထိုအတူပဲ
ပို့ဆောင်ရေးတွေ စီးပွားကျ မှာပေါ့
ပြည်သူ့ငွေမပါဘူးလေ အပါမခံဘူးလေ
စတော့ရှယ်ယာ ကို အိပ်ခိုင်းနေတာကိုး
ပြည်သူ့ငွေ ပါရင် အရည်အချင်းမရှိသူ ကို ဦးဆောင်ခွင့် ဘယ်ပေးပါ့မလဲ
ပို့ဆောင်ရေးကို ပြည်သူ့လက်ထဲထည့်ဖို့
စီးပွားရေးအဆင်မပြေလို့ဆိုပြီး
ပြည်သူ့လက်ထဲထည့်ချိန်စောင့်ဖို့
စီမံညံသူ စီးပွား အဆင်မပြေဖြစ်ရပါတယ်
ဒါကို အချိန်ပေးစောင့်ရပါတယ်
ဒီမိုကရေစီကလက်ဝါးကြီးအုပ်သူ
စီမံမှုညံသူ
မိမိအကျိုးစီးပွားကြည့်သူတွေ
စီးပွားရေးအဆင်မပြေ လုပ်မရဖြစ်တဲ့ အခြေအနေကို
ဒီမိုကရေစီ လုပ်ငန်းစဉ်တွေ က
စီးပွားဆွဲချသလို ဖြစ်တတ်ပါတယ်
ပြည်သူလက်ထဲခွဲဝေဖို့
ဒီမိုကရေစီက အကြမ်းမကိုင်
မြစ်ချောင်း ပြည်သူ့လက်သို့
လယ်ယာပြည်သူ့ဆီသို့
မြေယာ ပြည်သူ့  အတွက်ရယ်သာ
သစ်တောပြည်သူ အများ သွားလာစရာ
ပို့ဆောင်ခရီး ငွေကြေးတန်ဖိုး စသည်ဖြင့်
မသိမသာ ပိုက်ဘောစွပ်မိ မတောလောဘ စီးပွားကျခြင်းရယ်သာ
ဒီမိုကရေစီက ညင်သာပါတယ်
ပြည်သူ့ နဲ့အတူ ဖြည်းဖြည်းငြိမ့်ငြိမ့်လေး
ပြည်သူဆီပြန်ဆင်းလာတော့မှာပါ
ပြည်သူ့အတွက် မစီမံနိုင်သူကလည်း
ရွေးကောက်ပွဲက အဖြေ
အဖြေမကောင်း
အမေခေါင်းလို့လက်လွဲမရ
လာဘ်စားမူက သင့်ထိုက်သင့်ကံ
ခံရမည်သာ
ဒီမိုကရေစီလမ်း
တသွင်သွင်စီးချောင်းပမာ
အေးချမ်းသာယာ
မြဲနေမှာပါ
ငဝန်နဒီ
(၂၁-၇-၂၀၁၈ -သောကြာနေ့ ၁၁:၄၀နာရီ တိုကျိုဂျပန် စံတော်ချိန် တိုကျို ဂျပန်)
Sunday, June 24, 2018
လောက လက်ဆောင်
မည်သူမဆို ငယ်စဉ် တည်းက မွေးဖွားလာချိန်မှာ
ချမ်းသာသောသူ အဆင်ပြေသောသူ အဆင်မပြေသူ ပြည့်စုံမှုမရှိသောသူ
စသည်ဖြင့် အခြေအနေ အမျိုးမျိုး မှာ မွေးဖွားလာကြရပါတယ်
သို့သော် ရိုးသားခြင်း ယဉ်ကျေးခြင်း စသည်ဖြင့် ပတ်ဝန်းကျင်မှာ
ရယူစရာတွေ ရှိနေတာပါ ထို့အတူ အခြားသောမကောင်းမှု တွေ က ရှိနေတာပါ
လောက ကြီးက ကောင်းတာရော မကောင်းတာရော အတူ လက်ဆောင်အဖြစ် ပေးတာပါ
ထိုအတွင်းကနေ ကောင်းတာ ကို ယူသူကတော့ ကောင်းကျိုး ကိုခံစားခွင့်ရသလို
ကောင်းမှု ကို လက်ဆင့်ကမ်းဖို့ ဖြစ်လာပါတယ်
မကောင်းမှု ကို လောက လက်ဆောင်အဖြစ်ရယူသူကတော့
အပျက်သဘော
ဘဝမကျေနပ်မှု
စိတ်အလိုမကျမှု
စသည်တို့ဖြင့် လောကလက်ဆောင်ကို မကျေနပ်စွာ
ဘေးပတ်ဝန်းကျင်ကိုပါ ထိခိုက်စွာလုပ်ဆောင်ကြပါတယ်
ဒါပေမဲ့ အဲလို လောက လက်ဆောင်ကို ဘေးချောင်တနေရာ ချထား ချောင်ထိုးထားလိုက်ရင်
အဲဒီလောက လက်ဆောင် ခမျာဆက်လက်ရှင်သန်ခွင့်မရ ဖြစ်ရပါတယ်
အဲဒီလောက လက်ဆောင် ကိုခံစားတုံပြန် လိုက်ပါ လုပ်ဆောင်
 လို့ကတော့ သင်ကိုယ်တိုင်ပါ မကောင်းမှု လောက လက်ဆောင်ထွေး ပိုက်ရဲ့သားဖြစ်နေမှာပါ
တခုရှိတာ က မယူဘူး လက်မခံဘူး လို့ တစ်ခါတစ်ရံ မှာ ငြင်းမရ ဖြစ်တတ်ပါတယ်
ချောင်ထောင့်ထဲ ပို့လိုက်ပါ အားမနာပါနဲ့ ဒါပေမဲ့ လက်ခံပါ လောကလက်ဆောင် အကောင်းအဆိုး
ဘယ်လိုဖြစ်ဖြစ်လက်ခံပါ သို့သော် နေရာချသင့်သော နေရာ ကို သင်ကိုယ်တိုင် လုပ်ခွင့်ရှိပါတယ်
ကောင်းမှုအကျိုး ကောင်းအောင်ပျိုး ခြင်း သည်
သင်ကိုယ်တိုင် ၏လုပ်ရက်သည်သာ
လောကလက်ဆောင် လက်ခံပြီး
လောကအရသာ ခံစားရင်း
လောက ကောင်းကျိုး
ပြုနိုင်ကြပါစေ။
ငဝန်နဒီ
(၂၄-၆-၂၀၁၈ -၁:၀၈ နာရီ တိုကျို ဂျပန်စံတော်ချိန် တိုကျို ဂျပန်နိုင်ငံ)
Tuesday, November 28, 2017
ပန်းသီး ဖုန်း တဆယ် နှင့် ပန်းသီးနာရီ စီးရီး သုံး
ပန်းသီး ဖုန်း တဆယ်က ဖုန်းနံပါတ် ရှိတာနဲ့
ဖေ့တိုင်း ဗီဒီယို အော်ဒီယို အသံ ရော ရုပ်ရော ခေါ်လို့ရတာပါ
ပန်းသီးအိုင်ဒီ မရှိလည်း အဆင်ပြေသွားပါပြီ
ကမ္ဘာရွာ လို့  စတိဂျော့ မိတ်ဆက်ပေးလိုက်ပါပြီ
ကြိုးမဲ့ အားသွင်းစနစ်ကလည်း ပြေပါတယ်
သို့သော် ပန်းသီး ဖုန်း ၄ ကတည်းက ကြိုးမဲ့အားသွင်းစနစ်နဲ့သွင်းတော့ အလိုအလျှောက် အားပြည့်ပေမဲ့ မပိတ်တာပါ
ပန်းသီးဖုန်း ၄ က သူ့အတွက်ပဲ ထုတ်ထားလို့လားတော့မသိပေါ့
ပန်းသီး နာရီ စီးရီး ၃ က ဆယ်လူလာ ဂျီပီအက်စ်
 တို့ပါလာတော့
ဖုန်းက အိမ်မှာ ထားခဲ့လို့ရသွားတာပါ
ဒီတခါ ကတော့
တဖြည်းဖြည်း ဖုန်း ကို ဖျောက်လိုက်တာပါ အခုတော့ ဆက်နေတယ်ဆိုပေမဲ့မဆိုင်သလို
ထားလို့ရသွားပါတယ်
ဖေ့တိုင်း အောဒီယို ကို ကောင်းကောင်းသုံး လို့ကောင်းတာပါ
အသက်ကြီး လူကြီးတွေအတွက် နာရီ လက်မှာပတ်ပြီး
အဝေးက သားသမီးတွေ ကို ခေါ်လို့ရ စကားပြောလို့ရတာပါ
အင်တာနက်ကလေး ချိတ်ထားရုံလေးနဲ့ပေါ့
ကျန်းမာရေး အရေးပေါ် လေ့ကျင့်ခန်း မှတ်သားပေး
အသက်ရှုဖို့သတိပေး
ထိုင်တာကြာသတိပေး
မိမိ ဆေးမှတ်တမ်းမှတ်ပေးထား
အက်စ် အို အက်စ်
ဖုန်းဖွင့်စရာမလို
မည်သူမဆိုခေါ်ပေးလို့ရ
အားလုံးအတွက် ပန်းသီး ဆယ်နှစ်ပြည့်မှာ
ကမ္ဘာရွာ ကို တကယ်လုပ်ပြသွားတာ တွေ့ရတာပါ
အားလုံး အဆင်ပြေနိုင်ကြပါစေ
ငဝန်နဒီ
Thursday, February 2, 2017
ကလေး လေး ရဲ့ မိတ်ဆွေ
ကလေး လေး က နံနက်ခင်း ကျောင်းအသွား
လမ်းကူး ဖို့  မျဉ်းကြားဖြတ်ခါနီး
ကလေး တွေ မျဉ်းကြား ကူးတာ ကို
 စောင့်ကြည့် ပေးတဲ့ volunteers အဖိုးကြီး ကို
မင်္ဂလာ နံနက်ခင်းပါ
နှုတ်ဆက်လိုက်တယ်
Volunteers အဖိုးကြီးက လည်း
မင်္ဂလာ နံနက်ခင်းပါ ပြန်နှုတ်ဆက်လိုက်တယ်
ကလေး လေး ရဲ့ နံနက်ခင်းမိတ်ဆွေပေါ့
နံနက်ခင်း နှုတ်ဆက်တာလေး နဲ့ ရတဲ့ 
မိတ်ဆွေ
ကလေး လေး က ညနေ စောင်း အချိန် သူလိုချင်တာလေး ကို သူမိခင်ပြောပြီးဝယ်ပေးဖို့     တောင်းတော့
သူ့ မိခင် က ဒါနောက်ဆုံးပဲနော်ပြောတော့
ဟုတ်ကဲ့ ပါ ဒါပေမဲ့ ဒီနေ့ပဲနော် ကလေးလေး က ပြန်ပြောတော့
ဒါနဲ့ တွေးမိတာလေးက
မိတ်ဆွေ သူငယ်ချင်း ရေ  အမြင်မတူတာတွေ
အယူအဆ မတူတာတွေ
ဒီနေ့မှာပဲ ထားခဲ့နော် 
မနက်ဖြန်မှာ တော့ တို့တွေ ဟာအရင်အတိုင်း မိတ်ဆွေ 
သူငယ်ချင်းပဲပေါ့
ကလေး လေး က ပင်လယ် ကမ်းစပ်က နေ 
ခွာနေတဲ့ သင်္ဘော ပေါ်က လူတွေ ကို  နောက် နေ့ နှစ်သစ် အကြို အတွက်
ကောင်းမွန် သော နှစ်သစ် ကို ကြိုဆိုနိုင်ပါစေ
လို့ သူမသိတဲ့ လူတွေ ကို လှမ်းပြီး 
နှစ်သစ် 
အကြိုအတွက် နှုတ်ဆက် လိုက်တယ်
သင်္ဘောပေါ် က ကြားတဲ့သူတွေက
 မြင်တဲ့သူတွေ က 
ကောင်းမွန် သော နှစ်သစ် ကို ကြိုဆိုနိုင်ပါစေ
ကလေး ရယ် လို့ 
ပြန်နှုတ်ဆက် လိုက် တယ်
အသံမထွက်ပေမဲ့ စိတ်ထဲက နေ နူတ်ဆက် လိုက်တဲ့ သူတွေ လည်း မျက်ဝန်းမှာပေါ်
နေလေရဲ့
ကလေး လေး အတွက် နှစ်သစ် အတွက် 
စိတ်ထဲ ကမိတ်ဆက်လိုက်တဲ့ မိတ်ဆွေ တွေ 
တိုးပွားသွားလေရဲ့
ကလေး လေး အတွက် ကမ္ဘာ့ လူသားတွေ က သူ့ အတွက် မိတ်ဆွေ ပဲ လို့ သဘောထားတာပါ
နှုတ်ဆက် တာလေး နဲ့ ကလေး လေး ဟာ 
မိတ်ဆွေ တွေ တိုးပွားနေလေရဲ့
(ကလေး လေး တွေ ရဲ့ မြင်တွေ့ ရသည်များ ကို ကျိုးကြောင်း ဆီလျှော် အောင်
 ပြန်ရေးပါသည်)
ငဝန်နဒီ
Thursday, April 7, 2016
အစိုးရ နှင့် နိုင်ငံဝန်ထမ်း
အစိုးရ က မြန်မာပြည် အရ ဆိုရလျှင် ၅ နှစ် တစ်ကြိမ် ပြောင်းလဲပေမည် 
နိုင်ငံဝန်ထမ်း က ဝန်ထမ်းသက်တမ်း ပင်စင်မယူမချင်း နိုင်ငံတာဝန် ကိုထမ်းဆောင်ရပေမည်
နိုင်ငံဝန်ထမ်း တို့ သည် မိမိ အလုပ်ကို Professtional လုပ်ခဲ့သူများ ဖြစ်ပါက တဖက်ကမ်းခတ် ကျွမ်းကျင်သူများရှိပါသည်
ထိုအရာကို မေ့ထားလို့မရပါ
သို့သော် ရိုးသားခြင်း နှင့်စရိတ္တကောင်း သူတို့သည်
မည်သည့်အစိုးရတတ်တတ်ပူပင်စရာမလိုပေ။
အစိုးရနှင့် နိုင်ငံဝန်ထမ်း တို့ တတ်ညီမှု ရှိလျှင် တိုးတတ်မှုမြန်ဆန်ပေလိမ့်မည်။
ပြည်သူ ကတော့မိမိအလိုရှိတာကို မျှော်လင့်
ရင်း မှားယွင်းမှုတို့ကို ထောက်ပြရင်း
မိမိပတ်ဝန်းကျင် လူနေမှုဘဝ ပြောင်းလဲတိုး
တတ်ဖို့ စောင့်ကြည့်အကဲခတ် ရယူတတ်ရပေမည်
ပြည်သူ အလိုရှိသည်ကိုမပြော လုပ်မပေးရကောင်းပြောနေလို့မရ 
လုပ်သင့်တာကိုလုပ်ဖို့ ရသင့်တာကိုရဖို့ ပြည်သူ့တာဝန်သာ
ပြည့်သူ ကလည်း ဥပဒေ ဘောင်အတွင်းကသာ အခွင့်အရေးရှိပေမည်။
ဥပဒေက အရာရာ အတွက် စည်းဖြစ်ပေလိမ့်မည်။
တတ်ညီလက်ညီ တွဲလက်ချီ
မြန်ပြည်တခေတ်ဆန်းသစ်မည်။
ငဝန်နဒီ
Tuesday, April 5, 2016
တာဝန် ဝတ္တရား နှင့် အသုံးအဆောင်
တာဝန် ရှိသူ က တာဝန်ယူလာရရင် ဝတ္တရား ကျေပွန် ဖို့ လိုလာပါသည်
ထို့ကြောင့် လိုအပ်သော အသုံးအဆောင် တို့ ကို ဖြည့်ပေးရပါသည်
သာမန်နေသူ က ရိုးရိုးလေး နေလို့ ရပေမဲ့ တာဝန်ရှိသူ က ကောင်းမွန်သော အသုံးအဆောင် ရှိသော ပတ်ဝန်းကျင် ကိုရရှိနေမှာပါ 
ထို အသုံးအဆောင် တို့ ကို စနစ်တကျ သုံး ပြီး အကောင်းဆုံးသော ဝတ္တရား ကျေပွန်တာကို 
မြင်လိုသောကြောင့်သာတည်း
သာမန် အရ အိမ်ရိုးရိုးနေ လေအေးစက်မပါ ရပေမဲ့ တာဝန်ရှိသူ က လေအေးစက်နဲ့ အမိုးအကာလုံ ပြီးကောင်းမွန်သောအိမ်
အကြောင်းမူကား အပြင် အပူအအေး အတွက်
မကြောင့်မကျ ပဲ အချိန်ပြည့် အလုပ်လုပ်နိုင်
ခြင်း အိပ်စက်ချိန် သက်တောင့်သက်သာ အိပ်စက်မှသာ တစ်ပါးသူ အတွက် ထိုကဲ့သို့ ဖြစ်
အောင် လုပ်ပေးချင်စိတ်ပေါ်ပြီး
အချိန်တိုင်း တာဝန်သိစိတ် ရှိပြီး ဝတ္တရားကျေ
အောင် အများအတွက်ဆောင်ရွက်စိတ် ရှိမှာပါ
သာမန်ချိန် ဘယ်လိုနေနေ တာဝန်ချိန် မှာ
တော့ အများ ကို ကိုယ်စားပြုသူဆိုလျှင် အများရဲ့ အဆင့်ကို မြှင့်တင်ပေးသူ ဖြစ်ရမှာမို့ အများကိုယ်စား အသုံးအဆောင်ကောင်းသုံးပြီး အများ တန်ဖိုး တက်အောင် လုပ်ရပေမည်
ကုန်ကုန်ဆိုရလျှင် သင့်ကိုယ် သင်မပိုင် သော အများဆိုင်သောကြောင့် အများကိုယ်စား မိမိ ကိုယ့်ကို တန်ဖိုးထားသူ ဖြစ်ရပေလိမ့်မည်
တာဝန် ရှိသူက စီမံတတ်မှ ဝတ္တရားကျေပွန်ပေမည်
မြန်ပြည် တိုးတတ်လမ်းအမြန်လျှောက်လှမ်းနိုင်
ပါစေ။
ငဝန်နဒီ
Thursday, June 18, 2015
မကြာမှီ လာမည် မျှော်
ဘစိန် အိပ်မက်  ...ဝတ္ထု  
ငြမ်း သို့ မဟုတ် စိုက်ခင့်း မရောက်နိုင်တော့သော ပျိုး
ဘစိန် အိပ်မက် အမြည်း ...ဘစိန် ကတော့ ပုသိမ်သား စစ်စစ် ပုသိမ်မှာမွေး ပုသိမ်မှာကြီး
ပုသိမ် ဒီကရီကောလိပ် မဂ္ဂဇင်း ကာတွန်း ထဲတောင် ပါလာရတဲ့ ဘစိန် 
သမိုင်း ရေးတာထက် ရာဇဝင် တင်ခဲ့ဘူးတဲ့
ဘစိန် ..
အောက်မြန်မာပြည် အင်္ဂလိပ်တွေသိမ်းတော့ ပုသိမ် ကို ရောက်လာတဲ့ အင်္ဂလိပ်ကြီးက ဘစိန် မိခင် ကို Town? လို့ မေးတာကို နောက်ဖေး ရောက်နေတဲ့ ဘစိန် ကို လှမ်းခေါ်တော့
'ဟဲ့  ဘစိန် ဒီမှာ ဘာတွေ တောင်းနေလဲ မသိဘူး တောင်းတောင်း တဲ့ ဘစိန် ဘစိန် ဘစိန်'    
Oh I know Town....Bas...sein....Bas ...Sein...Bas...sein....
....BASSEIN...
ဒီလိုနဲ့ ပုသိမ် ကို အင်္ဂလိပ် တွေ ဘစိန် ကနေ Bassein လို့ သတ်မှတ်လိုက်တဲ့အထိ ဖြစ်စေတဲ့ ဘစိန်....
ပုသိမ်သား ဘစိန် ဘာအိပ်မက်တွေ မက်မှာလဲ
အမြည်းကတော့ ဒီမှာတင်...ဆက်ပါမည်
ငဝန်နဒီ
Saturday, June 13, 2015
ကား တင်သွင်းခွင့် ပေးခြင်း အရင်းအမြစ်
မြန်ပြည်မှာ ကားသွင်းခွင့် ကအရှည် ကို မျှော်လုပ်ဆောင်တာပါ
နောက်ဆို ဈေးဝယ်ထွက်တာတို့  ဝယ်စရာ တွေ အတွက် ငွေ ကို ကားနဲ့ တိုက်တဲ့ ခေတ် ရောက် လာမ လားပဲ
အကျိုးမျှော်မြင် ဉာဏ်ကြီးရှင် အရဖြစ်ပါလိမ့်မည်
၃ လ တကြိမ်ခန့် တနှစ် ကို ၄ ကြိမ်ခန့်  ငွေတန်ဖိုး နည်းအမျိုးမျိုးနဲ့  ချပေးနေတာကြောင့် လေးပါ
၁- စီမံကိန်း အကြောင်းပြ
၂-ပိုက်ဆံ ထပ်ထုတ်ခြင်း
၃-ငွေစက္ကူအတု ဖမ်းဆီးရမိခြင်း အရင်းအမြစ် ဖမ်းမပြခြင်း
၎-နိုင်ငံတကာ ကို စိန်ခေါ်ခြင်း (အလှူငွေ မရရင် ငွေချေးလို့ မရရင်)
၅-အခွန် မကောက်ပဲ အခွံ  ကောက်မှုစိပ်လာခြင်း
မှတ်ချက်...အထက်ပါ အခြေအနေ က ပြီးခဲ့သော ၃ နှစ်အတွင်းတွေ့ ရှိသည် ကို ရေးခြင်းသာ ဘယ်သူပြုပြုမိမိမှုသာ မြန်မာနိုင်ငံသား ဖြစ်နေတာကိုး
Thursday, June 11, 2015
ဒီမိုကရေစီ စွမ်းအား
ဒီမိုကရေစီ စွမ်းအား
ငွေဈေး ကို အမြင့်ဆုံးဖြစ်အောင် စွမ်းဆောင်နိုင်ခဲ့ပြီ မြန်ပြည်သမိုင်းသစ် ရေးပြီ
ရဲ ကရွယ်တာလောက်ပဲ လုပ်တာ လို့ ပြောလိုက်တာ ရန်ကုန်ဆေးရုံကြီး က ဦးနှောက်နဲ့ အာရုံကြောမှာ ခွဲစိပ်ပေး လိုက်ရတယ်
အတွင်းအား အမြင့်ဆုံး စွမ်းဆောင်သောရဲသားမွေးထုတ်နိုင်ခဲ့သည်
ကား ဆို နှစ်စီးဝယ် မှ တစ်စီးပဲ ရအောင် လုပ်ပဲလုပ်တတ်တဲ့ မြင့်မားလွန်းတဲ့အတွေးအသစ် အမြင့်ဆုံးဉာဏ်ကြီးရှင် မွေးထုတ်ထားပါသည်
လယ်ကွက် အိမ်ဆောက် ရေကြီးတာ အဆန်းလား စပါးမစိုက် လူပင်စိုက်သော အမြင့်ဆုံး လူသားအရင်းအမြစ် ကို လယ်ထဲအိမ်ဆောက် လူတွေကို စိုက်ပျိုး မွေးထုတ် နေပါသည်
ရန်ကုန် မှာ လူများကားကြပ်တာတွေက ရွာတွေကျေးရွာတွေ မှာ နေထိုင်စားသောက်မရအောင် လုပ်တာထက်
တစ္ဆေရွာတွေ အမြင့်ဆုံး ဖြစ်အောင် မွေးထုတ်တဲ့ စွမ်းအား ပိုင်ဆိုင် ဖို့  ကြိုးစားအားထုတ်သည့်
စွမ်းအားတွေ တလွဲဆံပင် ကောင်း မဖြစ်စေချင်ရည်သန်လျက်
Saturday, June 6, 2015
လုပ်အားခ မပေးနိုင်သော စက်ရုံများပိတ်သိမ်း လေလံပစ် မည်လော
လုပ်အားခ မပေးနိုင်သော စက်ရုံများ လေလံပစ် လျှင်
 လုပ်အားခ အပြည့်အဝ ပေးပြီး
ခရီးစရိတ် ပါ ပေးမည်
နေ့ လည်စာ ကို သက်သာစွာ စီစဉ်ပေးမည်
တနှစ် နှစ်ခါ ဆုကြေးငွေ ပေးမည်
အလုပ်သမား ကျန်းမာရေး အာမခံ လုပ်ပေးမည်
သက်ကြီး ပင်စင် အသက် ၆၀ ကျော်မှ ပြန်ရမည့် ပင်စင် ကို အစိုးရက လုပ်မပေးလျှင်
စိတ်ချရသောဘဏ်တွင် စနစ်တကျ တွက်ချက် 
အပ်နှံပြီး ထုတ်ယူနိုင်အောင် စီမံပေးမည်
မျက်ဖြူဆိုက်လေ ကြိုက်လေ အခြေအနေ ကို စောင့်နေသော ခရိုနီ များ ရှိပါသည်
မြန်ပြည်တွင် ရင်းနှီးလို သူများ ကြိုးစားလျက်ရှိပါသည်
Friday, May 29, 2015
Apple Watch ဖုန်းမပါပဲ သုံးမရ
Apple Watch ကတော့ ဖုန်းပြောလို့  အဆင်ပြေပါတယ် 
iMessage ပို့ ရတာ အဆင်ပြေပါတယ်
သွေးခုန်နှုန်း ရာသီဥတု မြေပုံရှာတာ ဓာတ်ပုံအနည်းငယ်ကြည့် တာ တို့  ဓာတ်ပုံရိုက်တာ သီချင်းဖွင့် တာ တို့  လုပ်လို့ ရတာ ကောင်းမွန်တဲ့ အခြေအနေပါ 
၁၁-၄-၂၀၁၅ က ငွေပေးထားတာ ၂၈-၅-၂၀၁၅ မှ ရပါတယ် ဒါတောင် နှစ်လုံးစလုံး ကို ဖုန်းခေါ်ပြီး တလုံးပဲ ရမယ် လို့ လုပ်သေးတာ
လူကြီးတွေ ကျန်းမာရေး အတွက် အဆင်ပြေမလား လွယ်ကူသလား ဆိုတာ ကို တော့ သိပ်ပြီး မထူးခြားပါဘူး နည်းပညာ အသစ်လေး အစပြုစ အခြေအနေ ဆိုတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကတည်းက online ကသွေးပေါင်ချိန် ကြည့် လို့ ရတဲ့ စက် လိုပါပဲ
အင်တာနက် အမြဲတမ်းလို အပ်နေတာပါ
GPSနဲ့ ကျန်းမာရေး မှတ်တာဆိုတော့အင်တာနက်မရှိရင်
သွေးပေါင်ချိန်စက် အသေးစား အဖြစ်သာ တွေ့ ရမှာပါ
သင့်တင့်သောတန်ဖိုး သာပေးဆပ်ဝယ်သင့်ပါတယ် ဒေတာသုံးရတာ လုံးဝမလုံလောက်ပါ
အချိန်ပေး ရမှာရယ် နာရီလေးတာ မကြိုက်သူတွေ ဆင်ခြင်ပြီး ဝယ်သင့်ပါတယ်
အားလုံး မိမိစိတ်ဖြင့် ဆုံးဖြတ်ဝယ်ယူ ရာတွင် အသုံးဝင်စေရန် ရည်ရွယ်ပါသည် 
ငဝန်နဒီ
Sunday, May 24, 2015
မြန်ပြည် အတွက် ရေသွား ကုန်းမောင်း ယာဉ်
ရန်ကုန် တင်သွင်းရင် ကား အခွန်ရော သင်္ဘော အခွန် ပါ ဆောင် ရမယ်ထင်တယ် 
ကား အဟောင်း တစ်စီး ဝယ် ရအုံးမယ် ထင်တယ်
သင်္ဘော အဟောင်းတစ်စီး ဝယ်ရလိမ့်မယ်ထင်တယ်
တင်သွင်းခွင့်ရဖို့  အဲတာတွေ အပြင် 
ကားပါကင် ပြရအုံးမယ် ထင်ရဲ့ 
သင်္ဘောဆိပ် ပါ တင်ပြရမယ် ထင်ရဲ့ 
ကုန်းလမ်း ပို့ ဆောင်ရေး မှတ်ပုံတင် ရဖို့ အခွန်
ရေလမ်းပို့ ဆောင်ရေး မှတ်ပုံတင် ရဖို့ အခွန်
နောက်ဆုံးတော့ ရေတတ် ရေကြီး ရန်ကုန် အခွန် စုဆုံ ရွှေရန်ကုန် လေလား
www.watercar.com မှ ကူးယူဖော်ပြပါသည်
Specifications 
Weight: 2950 lbs
Height: 69″ windshield up
: 51″ windshield down
: 44″ windshield down, wheels retracted
Length: 180″
Width: 72″
Water Speed: 44 mph
Land Speed: 55+ mph
Passengers: 4
Engine: Honda 3.7 liter VTEC
Transmission: 4 speed manual
Marine Propulsion: Panther Jet
Tire Size: 30X9.50R15
Brakes: Four wheel disc
Wheel Retraction: Hydraulic
Fuel: 91 Octane Pump Gas
Cooling System: Closed with marine heat exchanger
Monday, May 18, 2015
မြန်မာပြည် ရေ အတွက် ဂျပန် ကျွမ်းကျင် ပညာရှင် ကူညီ ပုံ ကို NHK မှာပြနေသည်
အခု ည ၁၀ နာရီ ဂျပန် စံတော်ချိန် မှာ မြန်မာရေပိုက်လိုင်း ကို ကူညီဖို့  ဂျပန်ကျွမ်းကျင်ပညာရှင် သွားရောက် ကူညီပုံ ကို ယခု NHK တွင်ပြနေပါသည် ည ၁၁ နာရီ အထိ ပြသပါလိမ့်မည်
Saturday, May 16, 2015
ပန်းသီး နာရီ ဒဏ္ဍာရီ ပုံပြင်
ပန်းသီး နာရီ ပုံပြင် ကတော့ဒဏ္ဍာရီ ထဲ ထည့်ရမလိုဖြစ်နေပါပြီ
ငွေပေးထားတာ က ၁၁ရက်နေ့ ဧပြီလ အခု က ၁၁ရက် မေလ တစ်လတိတိ ရှိပါပြီ 
ကြိုမှာ သူတွေ ရလိမ့်နိုးနဲ့  ပြောပြီး ဧပြီ ၂၄ ရက်နေ့ ထွက်တာဆိုတော့ စောင့်ရင်း ဖုန်းလည်း မလာ ဘာမှ ကို မသိရ
ပေးလိုက်ရတာ က ယန်း ၂သိန်း ၆သောင်း လောက် တိုကျို ဂင်ဇာ က Biccamera ယူရကုချို ဘူတာ အထွက် ဆိုင်မှာ ကြိုပြီး ပိုက်ဆံပေးရမယ်ဆို လို့ ပေးလိုက်တာ 
တစ်လကြာပုံပြင် လေး ဖြစ်လို့ နေပါပြီ
ပုံပြင်ရေးနေ လို့  တမျိုးမထင်ပါနဲ့  ပန်းသီးနာရီ အတွက် ကျန်လူတွေ သိစေချင်လို့ ပါ
ဖုန်းအလာ ကို စောင့်ရတဲ့ပုံပြင်လေးပေါ့