ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Saturday, January 19, 2013

ဥသေႏၶ

တစ္ရံခါက
လစ်လမ်းနစ်စမ်း
အကစ်ကြမ်းတမ်း

ခဏ ဆိုလို့ 
မွေးစကလေး
တက္ကသိုလ်ရောက်
ပြည်ပခရီးပေါက်

ပြင်လိုက်တာ
မူလလက်ဟောင်း
အကောင်းမှတ်နေ
ဒေါင်းသတ်အရပ်ဝေ

နေသူသေ
ပြောသူ ဗြောထု
အော်ချယူလောက်
ခွေးသရေပုရပိုက်အောက်

အမွေဆက်ခံ
ဗီဇ လစ်ဟန်
ဥသန္ဓေမာန်။

ငဝန်နဒီ

Saturday, July 7, 2012

အိမ်ပြန်ပို့ ကြပါလေ

ပြာလည်းကြွေ
ငါလည်းသေ

အခုထိ ဟိုရောက် ဒီရောက်
ခရီးကမပေါက်

မြန်ပြည်အလှမ်းမဝေးတာ
ဂျပန်ပြည်လေးမှာ

ငလျင်ကြောက်လိုက်ရ
ဆူနာမီပြေးမှ

ပြာဘဝမှာတောင်
မြေခမယောင်

မွေးရပ်မြေပြန်ဖို့ 
ငါအိမ်ပြန်ပို့ ။     ။

ငဝန်နဒီ

ဂျပန်တွင် ကွယ်လွန်သွားသော မိတ်ဆွေ တစ်ယောက်ရဲ့  ပြာ အခုထိ မြန်ပြည်လည်းမရောက် ရေလည်းမမျှော ဂျပန်ပြည်မှာလည်း ဂူမသွင်း ဟိုအနားထားလိုက် ဒီအနားထားလိုက် ဖြစ်နေတာ ကို ခံစားရေးဖွဲ့ ပါသည်..

Friday, April 29, 2011

ဇာတိ သစ္စာ

ကတိ မပါ
အရာရာ နတ္ထိ ဗလာ

မေ့မရတာ မရှိ
သတိရ စရာ မလို

သူ မခွာ ပါ
မွေးဌာနေ ကိုသာ

ကာရန် မလို
ဘေးရန် ရှိလဲ မသိသလို

ဒီနေရာ မှာ
ပြည့်စုံ ကြီးပြင်းလာ

အရာရာ ကို ရင်ဆိုင်
တုနှိုင်း လို့ သာ ယှဉ်ပြိုင်

ဆူနာမီ ကို ဖြတ်ကျော်လာခဲ့
ဘာတွေလာလာ သတ္တိ မာန်မဲ့

ဘဝ လမ်းဆုံး
နေရာ သစ်မှာ စာစီမကုံး

ဒီမြေ ဒီရေ ဒီလေ
ဘာတွေ ဖြစ်ဖြစ် မျက်ရည်တွေဝေ

နောက်နေ့  ရက်တွေ ခရီးတို
နေညိုချိန် ချိန်ခါနှောင်းကို

မီးမလာ လို့ ရတယ်
ရေမလာ လို့ လဲ နေတယ်

လွမ်းစရာ မလို
တမ်းတကာ မဆို

ဖော်ဆွေ မပါ ဇာတိမြေ မှာ
တစ်ဖဝါး မခွာ သစ္စာ ရှိနေ သူပါ။ ။


( ဆူနာမီ ခံရပြီး အသက် ရှင် ကျန်ခဲ့ပြီး နယူကလီးယား ပလန့်  အန္တရာယ် ရေဒီယိုသတ္တိကြွ တို့ ကို အမှုမထား ပဲ မွေးရာ ဇာတိ မြေကနေ တစ်ဖဝါး မှ မခွာ ပဲ သစ္စာရှိစွာ ဆက်လက် နေထိုင်သော ဇာတိမြေ မခွာသူ ဘဝ များအတွက်)

Sunday, November 7, 2010

၂၀ နှစ် မှ တကြိမ် မြန်ပြည် ရွှေးကောက်ပွဲ

တချို့ က ဒါလားရွှေးကောက်ပွဲ
လုပ်ဖူးတာပေါ့

နားသည် မကြား
နူတ် သည် ဆွံအ
လေကို မှန်မှန် ရှု

ကိုယ့်အသက်ကိုမွေး
ကိုယ့်ဝမ်းရေးကိုရှင်း

သူ့ အကြောင်းကိုယ်မသိ
တစ်ခါက ကြုံဖူး
နှစ်ခါ ဆိုလည်း မယုံဘူး
ပြောမထွက်တာ အသိ

နားနားနေနေ
အားနေ လို့  က
အ အိပ်အစား အ ငှား
လိုက် ကာ

ကာရန် မရှိ တာလား
မလိုတာ လား
မသိတာ လား
ဗရမ်းဗတာ

ရေးချင် ရာရေး
လုပ်ချင် ရာလုပ်
မသိကျိုးကျွန်
နေတာက မှ

ဥပက္ခာ လိုလို
နေတတ်သလို
မြန်ပြည်သား တွေ နေတက် ပါစေ
ဆုမွန်ချွေ လိုက်မိပါဧ။် ။ ။

(၁၉၉၀ မှ ၂၀၁၀ အထိ မြန်ပြည်သားတွေ အဖြစ် အပျက် ဖြစ် သဖြင့် မြန်ပြည်သား စစ် စစ် မှသာ ဖတ်တတ်မည်)
(အရှေ့ အနောက် ကလည်း မညီ...ဘယ်ကဘယ်ကိုရောက် မှန်းမသိ ...ဒါ တကယ်ဗျ...တကယ်)
(သတ္တဝါများအားမေတ္တာ ပို့ သ နိုင် ပါသော် လည်း အလေးပြုရခြင်း ကင်းဝေး နိုင်ကြပါစေ)

Saturday, May 15, 2010

ထူးဆန်းပါဘိ

အင်းယားလမ်းမှာလေ
အိမ်ထဲ မှာ နေ
လူသတ် လို့  သေ။

မြန်ပြည် နေ ရင် သူငှာ မသိ
သွားနေလာနေ သတိ
အသက် ဥာဏ် စောင့်တာ ရှိ။

ကြာပြီ လူ မ မိ
အများလူတကာ အ သိ
ထူးဆန်း ပါဘိ။ ။

(မြန်ပြည်သားတွေ ဘေးဘယာ ဝေးကွာလို့  သာယာပျော်ရွှင် နိုင်ကြပါစေ)

Friday, May 7, 2010

နေ့ လင်းနေ

ရောင် နီ လာကို
မိုးသောက် မှ တွေ့  မှာမို့ 
ညဥ့်ဦးယံ ကို ဖြတ်သန်းရစမြဲ လို့ 
လူတိုင်းသိနေ
နေ့ လင်းနေ

Tuesday, May 4, 2010

ပျံပါ ချိုးဖြူ

နွေ အကူး
လေ မြူး ကနော့

ကလူကျီ စယ်
မခံသာ တယ်

မိုးမလာ မှီ
ရာသီ ထွေ လီ

နွေလေ ပူ ကို
ရင် တွင်း အေး သလို

မစံ စားလေ သူ
ပျံ နား ပါလေ ရွှေချိုးဖြူ။ ။

Monday, May 3, 2010

စပါးလုံး

စပါးတွေ ကိုရိတ်
စက် ကြီး နဲ့  ကြိတ်
ဆန် မှာ ဖိတ်

ထမင်းကို ချက်စား
စကွဲ ဆို ကြို ထား
စပါးလုံး ဆို တား

ဆန် ကရွှေး ထုတ်
စပါးလုံး ကို
အများကြီး ဆို

စက် မှာပြန် ကြိတ်
ဆန်ပြန် ဖြစ် မှာ
သိရက် နဲ့  လေ

အများသူငှာ
လူသူအများ
ထမင်းမှာ ရှုပ် မဲ့

စပါးလုံး ကို
ဆန်ကရွှေး ထုတ်
အလုပ် ရှုပ် တဲ့

စပါးလုံး အား
စာကလေးစားဖို့ 
လွှတ်ပစ်သည်
မှာဓမ္မတာ တည်း။ ။
(မြန်ပြည် မှ ဆန် တွင် မလို အပ်ပဲ ပါလာသော စပါးလုံး ကို အမှတ်တရ )

Wednesday, April 28, 2010

အဝက်သား

တစ်ရာ မှာ တဝက် လဲ မဟုတ်
အပြည့် မှာ တဝက်
ဒါလဲ မဟုတ်

တဝက် မှာ မှ တဝက်
အဲဒီ တဝက် က တဝက်
ဒါလဲ မဟုတ်

ရှိတာလေး ကို စိတ်
ရှိတဲ့ တစိတ် ကို
တဝက် ဝက်

တဝက် ဝက် လာလိုက် တာ
လျှော့ ရင်း စိတ်ရင်း
တစိတ် မှာမှ တဝက်

အစိတ် သား လဲ မဟုတ်
၁၀ သား လည်း မဟုတ်
ပိဿလေး သုံး မရတော့

ပိဿလေး ပစ်လိုက် ရတဲ့ 
ဟိုမရောက် ဒီမရောက်
အလယ်မှာ
ဆယ့်နှစ် နှစ် ပိုင်း တစ် ပိုင်း
ကျပ်သား တဲ့။ ။

(အဝက်သား အသုံးအနှုန်း ကို အမှတ် တရ ရေးမိတာပါ)

Saturday, April 17, 2010

ကဗျာ ဝတ္ထု

ကဗျာ ဝတ္ထုများ သည် ကာရန် နဘေ အချိုးအစား မကျလျှင်သာရှိမည်
ဘဝများစွာ အတွေ့ အကြုံများစွာ အသက်များစွာ အခက်အခဲ များစွာအတွက် ရေးစပ်ပါသည်။
ပုသိမ်သား ဆိုလျှင် ငဝန်မြစ်တွင် ရေနစ်ကွယ်လွန် သွားသော သူငယ်ချင်း အတွက် ရေးဖွဲ့ ပါသည်။

ငှက်ပျော်သီး

ဖီးကြမ်း လည်း
ငှက်ပျော်သီး

ရေသည်လန် လည်း
ငှက်ပျော်သီး

ခွံစိမ်းလည်း
ငှက်ပျော်သီး

ရွှေငှက်ပျော် လည်း
ငှက်ပျော်သီး

အစို လည်းစား
ငှက်ပျော်သီး

အခြောက်ခံ လည်းစား
ငှက်ပျော်သီး

အကျော် လည်းစား
ငှက်ပျော်သီး

နှပ် လို့ လည်း စား
ငှက်ပျော်သီး

ပူတင်း လုပ် လည်းစား
ငှက်ပျော်သီး

ဘယ်လိုစား စား
ငှက်ပျော်သီး

မစားကောင်းတာများ
တောဝင်
ငှက်ပျော်သီး

အစေ့ တွေက များ
ငှက်ဖျား
ငှက်ပျော်သီး

မြို့ မှာစိုက်တော့
မြို့ 
ငှက်ပျော်သီး

တောကို ရောက်တော့
တော
ငှက်ပျော်သီး

တောဝင်တော့
ရိုင်း
ငှက်ပျော်သီး

အစေ့ ရှိ ငြား ငှက် ဖျားခေါ်ဆောင်
လူတို့ ဘောင်
ဝေးဝေးကရှောင်
မစားကောင်း အသီး
ငှက်ပျော်သီး။ ။

Thursday, April 15, 2010

ကဲ

ကဲ ဆိုလို့ 
ကလေး ဆို
အရမ်းဆော့ ရင် ပြောတာ

လူငယ် ဆို
မျက်စိနောက် နေလို့ ပြောတာ

လူကြီး ဆို
မြင်းစီး ပြီး ရေကူး သန်တာနေ မှာ

ဒါနဲ့  သင်္ကြန် ဆို
ကလေး
လူငယ်
လူကြီး
အားလုံး ကဲ ချင် ကြတာကြီး ပဲ

ကဲ ခုတော့
အဝေးရောက် လို့ 
မကဲ နိုင်

အကြံကုန်တော့
ဂဠုန် ဆားပက်

(မကောင်းဆိုးဝါး မလာနိုင် အောင် ဂျပန် တွင် ဆားနဲ့  ပက် ရသည်)
နှစ် ဟောင်း မကောင်း ဆိုးဝါး ဆားပက် ပြီး နှစ် သစ် ကိုကြိုနိုင် ကြပါစေ

Tuesday, March 30, 2010

ကဗျာ

ကဗျာ ဆိုတာ
သာသာ ယာယာ
တီ တီ တာတာ
ကာရန် နဘေ တွေနဲ့ ပေါ့။

ဒီ က ကဗျာ
ကဗျာ ကယာ
ရောက်တက် ရာရာ
မှတ်မိ တွေ့ ရာထွေ သံသရာ ဝဲကတော့။ ။

တစ်

တစ် ဆိုတာ
နှစ် လုပ်မရပါ...

တစ် ပါပီဆို
နှစ် သတက်နှစ်မို့ 

တစ် ဆိုးဆိုးကြီး
နှစ် တိုးပြီး မိုးကြီး

တစ် ဆိုပြီး
နှစ် မျိုး ခွနိုး

တစ် လို လူမှ
နှစ် လိုသတ္တဝါက

တစ် လစ်လစ် နဲ့ 
နှစ် နစ်နစ် လေရဲ့ ။ ။

Friday, March 26, 2010

၃၆ ကောင် ထိုးမလား

ကဲ လာထားနော် ...
လက်ရှောင် ပေါက်ကောင် ဖွင့် မယ်...
ထိုး ထားနော်
အလျှော် အစား များတယ်...
တံငါ သည် လည်း ပေါက်နိုင်တယ်..
မုဆိုးလည်း ပေါက် မယ်..
ငါးသတ် သူလည်း ကံကောင်းမယ်..
သားသတ်သူ လည်း ကံကောင်းမယ်..
အတိတ် တွေ နမိတ်တွေ
အရိပ် တွေ....
ပေးနေတယ် နော်...
တံခါး ပိတ် မနေ နဲ့ 
မထိုးရမှာကို သနားတယ်
တကောင် လာရင် တစေ့ ချီ...
ပုံပြင်တွေကို သိထားတယ်...
နောက်ဆုံးတော့ ကွယ်...
ဒိုင်စားမယ်...

Thursday, March 18, 2010

လေးကောင် ဂျင်ဝိုင်းရှိသည်

အရင် ဖဲကြွေးမရသေးပါ။
ဝက် ကို ဒိုင် ယူထားသည်...
အဖြေ ကို သရီးဒီ မျက်မှန်ဖြင့် ကြည့်ရမည်
အလယ်ပုံ သုံးသိန်း...
မကစားပါ က လောင်းကစားမှုဖြင့် အရေးယူမည်
မျက်မှန် မှာ သိန်းတစ် ရာ အထိ တန်ဖိုးရှိသည်
ဖဲကြွေးကို အတိုးပါ ပေးမည်
သက်စေ့ ရ စေရမည်...
သရီးဒီ မျက်မှန်သည် ဘာကို ကြည့်ကြည့်
အအိပ်အစား အငှား လိုက်သည့်
ဝက်သာမြင်ရမည်။ ။

Friday, August 7, 2009

အရိပ်

အတိတ်...
ပြီးခဲ့တာတွေ ပြော တာ.....
အရိပ်......
လုပ်ခဲ့တာတွေ ပြော တာ.....
ဘရိတ်....
ရပ်မဲ့ဟာတွေ ပြော တာ.....
နမိတ်.....
လာမဲ့ဟာတွေ ပြော တာ....
တစ်ယောက် ကပြောတယ်
...ဘာတွေ လာပြောတာနေတာလဲ
ဘာဖြစ်ဖြစ်ပေါ့
သူနဲ့ မဆိုင်ဘူး
သူအပြစ် မဟုတ်သလို
ငြင်းနေလေရဲ့ ....
တစ်ယောက် ကပြောတယ်
.....လုပ်သလောက်တော့
အကျိုးရှိမှာပါ...
အမှန်တရား
ရပ်မနေရင်ပေါ့....
သူရဲ့ ကြိုးစားမူ
အလဟသ မဖြစ်သလို
တင်းနေလေရဲ့  .....
တစ်ယောက် ကပြောတယ်
.....လောကနိယာမ ပဲလေ
ကံကိုပဲ ယိုးမယ်ဖွဲ့ 
ရမှာပေါ့
သူရဲ့ တရားရ ပြီး
မဖြစ်နိုင်တော့ သလို
အေးနေလေရဲ့  .....
တကယ်တော့
အမှား လုပ်ပြီး
အမှန် ထင် နေ သူ...
အမှန် လုပ်ပြီး
အမှန် မတွေ့ သေးသူ...
မှား..မှန် မလုပ်...
တွေတွေကြီး
ရပ်နေ သူ..

...မေ့မရ ကအတိတ်...
...ဖြစ်မှာပေါ့ က အရိပ်..
...မလုပ်နဲ့  က ဘရိတ်..
...ဖြစ်လိမ့်မယ် က နမိတ်..
..................အတိတ်..အရိပ်...ဘရိတ်...နမိတ်....
တဒိတ်ဒိတ်နဲ့ ပေါ့....




(မိတ်ဆွေ ....သင်ရောဘယ်တစ် ယောက်လဲ.....
လယ်တယ်လယ်တယ် ကလယ်ကလယ်
မဖတ်မိသလို နေ ရအောင်... )
.....ကေး(ရေနံ)

Friday, April 3, 2009

သုံးရာသီ

နွေဦးလေ အမြူးမှာ
ရွက်ဝါကြွေ မြေခ
ရွက်သစ်ဝေ ဖူးသစ်စ
နွေဂိမာန်

မုတ်သုန်မိုးဦး ဆွတ်ဖြန်းလာ
လှိုင်းကြီးလေထန် နာဂစ်က
ပင်ပျို ရှင်သန်
မိုးဝသန်

ဆောင်းတွင်း ဆီးနှင်းစက်သာ
ရာသီအလီလီ ဝေလာစ
နှစ်သစ်ကြိုလန်း မှာက
ဆောင်းဟေမာန်
ကေး(ရေနံ)