မြန်မာပြည် နည်းနည်း လေးပြောင်းလာသည်
အကျင့်တစ်ချို့ ပြင်မရသေးပါ
ပိုမို ရိုင်းစိုင်းလာသူရှိသလို အများအတွက် အသက်ပေးသွားရဲသူတွေ ရှိပါတယ်
လောလောဆယ် ၂၉ ရက် ဒီဇင်ဘာ ၂၀၁၁ က မီးသတ်ပေးရင်း အသက်ပေးသွားရသူ မီးသတ်သမား ၅ ဦး အား ဂုဏ်ပြုချီုးကျူး ရေးသား ဖို့  ဒီနေ့ မှ စာတွေ ပြန်ရေးဖြစ်တာပါ။
ဆက်ရေးပါဦးမည်...
Friday, December 30, 2011
Tuesday, December 6, 2011
Monday, December 5, 2011
မပူပါနဲ့  အေးဆေးပါ...
အမေရိကန် က နိုင်ငံခြားရေး ဝန်ကြီး မစ္စစ် ကလင်တန် လာတော့ လေယာဉ်ပျံ တော်တော် ကောင်းတာကြီးနဲ့ လာသွားပြီး လုံခြုံရေး အတွက် အကာအကွယ်တွေ လုပ်ထားတာကို တွေ့ ရတော့
မြန်ပြည်သား ကလေးငယ်လေး က
သူ ဖခင်ကို မေးသတဲ့ ...
ကျွန်တော်တို့  နိုင်ငံတော် သမ္မတကြီး က အဲလို လေယာဉ်ကြီးမျိုး ဘာဖြစ်လို့  မစီးတာလည်းဟင်....
သူ့ ဖခင်က ...ဟ...မင်းကလည်း အမေရိကန်က လူတွေ က သေမှာကြောက်ရတာကိုး အဲလို လူမျိုးထပ်ရဖို့ မလွယ်ဘူးလေ...
မြန်ပြည်က သမ္မတကြီး ကအဲလိုမျိုးတွေ ပူစရာမလို ဘူးလေ...
တစ်ခုခုဆို နောက်မှာ တတ်မဲ့သူတွေ ကအဆင်သင့် ပါပဲ..
၂၀၀၈ အခြေခံ ဥပဒေ မှာတောင် တစ်ခုခု ဆို အချိန်မရွေး အာဏာ သိမ်းလို့ ရတောင်လုပ်ထားတာကို...
ဘာမှ မပူပါနဲ့  အေးဆေးပါ... ဥပဒေရှိပြီးသားကွ....

အိုင်ဖုန်း ၄ အက်စ် လည်း အေယူ မှာဆိုတော့ ထူးမခြားနား
ဂျပန်မှာ အိုင်ဖုန်း ၄ အက်စ် ကို ဆော့စ်ဘဏ်နဲ့  အေယူမှာ ရောင်းပါတယ် ဆော့စ်ဘဏ်မှာတော့ အိုင်မက်စိပ် (imessage) ဖေ့စ်တိုင်း(Facetime) တွေ ရပါတယ် အဲလိုရတော့ Oversea ရော ဘာရော ဖရီး မက်စ်စိပ် တွေ မျက်နှာမြင်ရတဲ့ ဗွီဒီယို ခေါ်တွေ လုပ်လို့ ရပါတယ်...
အခုတော့ အေယူမှာတော့ လောလောဆယ်အထိ လုပ်လို့ မရသေးပါဘူး ..နည်းပညာပိတ်ပင်မှုတွေ ရှိနေတာပါ.. အိုင်ဖုန်း ၄ အက်စ် ကိုင်သော်လည်း ဖုန်း ရိုးရိုး ကိုင်နေရသလို ဖြစ်နေမှာပါ...
အခုတော့ အေယူမှာတော့ လောလောဆယ်အထိ လုပ်လို့ မရသေးပါဘူး ..နည်းပညာပိတ်ပင်မှုတွေ ရှိနေတာပါ.. အိုင်ဖုန်း ၄ အက်စ် ကိုင်သော်လည်း ဖုန်း ရိုးရိုး ကိုင်နေရသလို ဖြစ်နေမှာပါ...
Subscribe to:
Posts (Atom)