Apple Watch ကို ၁၁-၄-၂၀၁၅ က သွားမှာတာ ပိုက်ဆံ ချက်ချင်းပေးပါဆို လို့  ချက်ချင်း ပေးခဲ့ရသေး လူတစ်ယောက်တစ်လုံးပဲ ရမယ်ဆို လို့  နှစ်ယောက်သွား မှ နှစ်လုံး မှာ လို့ ရခဲ့တာ ပိုက်ဆံလည်း ချက်ချင်း ပေးလိုက် ရတယ် ယန်း ၂သိန်းခွဲကျော် ဒါပေမဲ့ ဖုန်းဆက်မှ လာယူပါတဲ့
အသေအချာသွားမေးတော့ ရမည့် ရက်ကို အတိအကျ မပြောနိုင်ပါ
မှာထားပြီးပြီဆိုတော့ စောင့်နေယုံကလွဲလို့  ဘယ်တတ်နိုင်မှာလဲ
တကယ်တော့ လူကြီးတွေ ကျန်းမာရေး အတွက် ဘယ်လို အသုံးဝင်လည်းဆို တာ သိချင် စမ်းသပ်ချင်တာပါ
နှလုံး စစ်တဲ့ လက်တစ်ဖဝါးစာ ECG စက်က ယန်း ၃ သောင်းလောက်ပဲရှိတာပါ လက် ကလေးနဲ့ ဖိထား နှလုံးနားကပ်ထား ရုံလေးပါ
နှလုံးခုန်နှုန်းတွေ သွေးဖိအားတွေ တိုင်းပြီး အွန်လိုင်းကနေ မှတ်တမ်း အဝေးကနေ စစ်ဆေးပေးလို့ ရတဲ့ စက်က ယန်း ၂ သောင်းလောက်ပဲကျတာပါ လူ အယောက် ၁၀၀ လောက် မှတ်တမ်း တွေ မှတ်ထားနိုင်တာတွေပါ ပါတယ်
ဒီ Apple Watch ကတော့ ကျန်းမာရေး အထောက်အကူ ဘယ်လို ပြုနိုင် အင်တာနက် က လက်ထဲပတ်ထား နိုင် တာကတော့ ကမ္ဘာရွာ ဆိုတာ ပြောနိုင်ပါတယ်
ဖုန်းထုတ်ကိုင်စရာမလို ပရိုဂျက်တာ ကို ပြသရာမှာ အသုံးဝင် သီချင်းဖွင့် တီဗီဖွင့် အသုံးဝင်တာတွေ တွေ့ ရမှာ ဓာတ်ပုံလည်း ရိုက် ဖို့ အထောက်အကူပြုအကောင်းဆုံးကတော့ မြန်မာလို စကားပြောပြီး စာတို ပို့  လို့ ရတာကတော့ မြန်မာတွေ အဝေးရောက်နေပေမဲ့ မြန်မာစကား မကင်းကွာ မြန်မာလို ပိုပြောဖြစ်စရာလေးပါ
အဝေးရောက် မြန်မာ ကလေးတွေ အတွက် မြန်မာစကား စမ်းသပ်စရာလေး ဖြစ်နိုင်ပါစေ