ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, September 12, 2026

အိုင်ဖုန်း ဂျူရို နှင့် နည်းပညာ တစေ့တစောင်း

 အိုင်ဖုန်း ဂျူရို ကပေးသော 

နည်းပညာ 


တဖက်က ကြည့်ရင် တခြား အမှတ်တံဆိပ် တွေ က ခေါက်ဖုန်း ထုတ်တာကြာပြီ၊ 


တကယ်တော့ သူထုတ်တာ နည်းပညာ ပိတ်ပင်တဲ့ဟာ ကို ထိုးဖောက်တာပါ။


ဘယ်လိုထိုးဖောက်သလဲ ဆိုတော့ ဖုန်းတွေရဲ့ သုံးမရအောင် ပိတ်ထားတာ ကို အိုင်ပက်စ်  ကနေ သုံးလို့ရတာ ပြချင်တာပါ။


ပြီးခဲ့သော တနှစ်ကျော်လောက်ကတည်းက အိုင်ပက်စ် မှာ ဖုန်းခေါ်လို့ရတာပါလာပါပြီ။


ဒါဆိုဘယ်လိုသုံးမလဲ ပေါ့၊ ကီးပက်ဖုန်း မက်စိပ် ရရင်ပဲကို အိုင်ပက်စ် နဲ့ ချိတ်ထားလိုက်ရင်ရပါပြီ။


အိုင်ပက်စ မီနီ ထဲ ဗိုင်ဗာ ပါထည့်ထားလိုက်ရင် နိုင်ငံတကာ ကို ရော၊ အီးဆင်း ပါ ပါတဲ့ဟာ ဆို အခု 

အိုင်ဖုန်း ဂျူရို နဲ့ ပုံစံတူ ဖြစ်သွားရော၊ စခရင်က ၈.၃ လက်မ ၊ ဖုန်းပြောရ၊ အင်တာနက်ရ ဆိုတော့ တခု မတူတာ က စီတူး ပါမလာတာပဲ။ဒါကလဲ နောက်တချိန် ဖုန်းနဲ့ ဂြိုလ်တု တိုက်ရိုက်ချိတ်ဆက်ဖို့ ဖြစ်လာဖို့ အစပေါ့။အခု ချိတ်ရပေမဲ့ 

ကီလိုမီတာ ၅၅၀ ကို ဒေတာ အပို့အယူ မြန်ဖို့ လိုသေးတာကိုး။


ဗိုင်ဗာ ကလည်း အက်ပယ်ကဒ် ပိုက်ဆံဖြည့် ပြီး ထည်းတာ နဲ့ ရတာပါ။ ဘာခရက်ဒစ်ကဒ်မှ မလိုအပ်အောင် လုပ်ပေးထားတာပါ။


ကဲ အခု ဆို ဖုန်း ကို ဘေးချ အိုင်ဖုန်းဂျူရို လို အိုင်ပက်စ်မီနီ သုံးပြီး ဖုန်း လို သုံးနိုင်ကြပါစေ။

တနည်းအားဖြင့် အိုင်ပက်စ် မီနီက 

အီးဆင်းနဲ့ဆို အိုင်ဖုန်း ဆိုလို မျက်နှာပြင်တဖက်တည်း လေးပေါ့။

လက်ပွေနဲ့ တပ်အိုင်ဒီလည်းအတူတူကိုး။


ကဲ ဖုန်းပိတ်တော့ အိုင်ပက်စ်ချိတ်တော့ ဖုန်းဖြစ်ရောပေါ့။



၂၃:၃၉နာရီ၊၁၂-၁၀-၂၀၂၆၊စနေနေ့။ 

အိုင်ဖုန်း ဂျူရို အကြောင်းအရာလေး

 အိုင်ဖုန်း ဂျူရို


ဒီနေ့ ပန်းသီးရဲ့ စီအီးအို အသစ် မိတ်ဆက်တဲ့ 


အိုင်ဖုန်း ဂျူရို 

တိုက်တေနီယံ 

အထဲ မှာ ခေါက်ဖို့အတွက် အပိုင်းအစပေါင်းရာကျော် နဲ့

ပတ်စပို့ ဆိုဒ်

၇.၆ လက်မအတွင်း၊အပြင် ၅.၄ လက်မ။

ပန်းသီးရဲ့ ဒီဇိုင်းအပြောင်းအလဲ၊စာဖတ်ဖို့ ဖြစ်သင့်ပါပြီ၊

အီးမေးလ်၊ ငွေကြေးစာရင်း၊ဘဏ်တွေ၊ခရက်ဒစ်ကဒ်တွေ၊ကိစ္စတော်တော်များများမှတ်ဖို့၊ဖတ်ဖို့ ကောင်းပါလိမ့်မည်။

စျေးအရ ကြီးသည်ဟုထင်ရသို့သော်

အိုင်ဖုန်း ၁၇ အီး (၂၀၂၆ထုတ် (၃)လုံးစာကစ)ရွှေ အောင်စဝက်စျေး၊မြန်မာရွှေတကျပ်သားစျေး။


တိုက်တေနီယံ၊

အီးဆင်း။

တန်ဖို့မြှင့်အသုံးအဆောင်အဖြစ်အသုံးဝင်နိုင်၊စားပွဲတင်နာရီ၊ဓာတ်ပုံရိုက် အဆင်ပြေ ချထားတာနဲ့ရ။

မိုးလေဝသ ပြထားခိုင်းလို့ရ။

မိသားစု ဆုံရာ အသုံးပြုစကားပြောနိုင်။


နည်းပညာအရ ဂြိုလ်တု ပါချိတ်၊ နာရီ နဲ့ပါအဆင်ပြေ ဆိုတော့


အခု ဂျင်မ်ကစားတဲ့ ဟာမျိုး ဖစ်နက်ပလပ် တနှစ်စာ ယန်း၇၈၀၀ နဲ့ 

ဆို သင့် ကျန်းမာရေး အဆင်ပြေမည်၊ ယောဂ ၊စက်ဘီးစီး၊ စိတ်ငြိမ်းအေးတာလေ့ကျင့်တာ ၊စသည်ဖြင့် အချိန်မရွှေး ကျန်းမာရေး လုပ်ဖို့အသုံးဝင်မည့် ဖုန်းဖြစ်လာမှာပါ။



နောက် ဘယ်အချိန် ထိ ထုတ်ဖို့ မသေချာနိုင်သော အမျိုးအစားပါ။

ကဲ နည်းပညာ စျေးကြီးသည် သို့သော်

သင့်လက်ထဲ သင့်ရုံး ပါလာလိမ့်မည်။

ကဲ အမြှင့်တတ်လှမ်းနိုင်ကြပါစေ။


၂၁:၃၀ နာရီ၊၁၀-စက်တင်ဘာလ-၂၀၂၆၊ကြာသပတေးနေ့။ 










အိုင်ဖုန်းဂျူရို

 အိုင်ဖုန်း ဂျူရို

တိုက်တေနီယံ 

ရှေ့ကင်မရာ ဖျောက်ပေးလိုက်ပြီ။

စျေးကကြီးမယ်၊ခဲ့တံနဲ့သုံးလို့ရမယ်။

စာဖတ်၊ မေးလ်ဖတ်၊အလုပ်တချို့အဆင်ပြေမယ်။

ကျန်တာ 

အိုင်ဖုန်း ၁၈ ပရို၊ပရိုမက်။

နာရီ၁၂ ၊အာထရာ၄။

အဲပေါ့၅၊

ဒါပါပဲ။

ဒါပေမဲ့ ကင်မရာ ဖျောက်တဲ့ဟာပါလာပါတယ်။

၀၃:၂၆ နာရီ၊ကြာသပတေးနေ့၊၁၀-၉-၂၀၂၆။



Tuesday, June 23, 2026

ဖုန်းကတုံး သို့တည်းမဟုတ် အိုင်ဖုန်း ၁၇အီး

 ဖုန်းကတုံး 

အိုင်ဖုန်း ၁၇ အီး


ကင်မရာ က တလုံးတည်း၊

ဝိုင်ယာလက် မက်ဆေ့ နဲ့ အားသွင်းလို့ရ၊

ကြိုးကမလို၊

အမြဲတမ်း စခရင်က ပွင့်မနေ၊

မနှစ်က အိုင်ဖုန်း ၁၇ ထက် ၀.၀၁ လက်မ စခရင်က ပိုကျယ်တယ်။

အင်တာနက် က ၅ ဂျီပလပ် ဖြစ်လာတယ်။

အီးဆင်းကဒ် ရယ် ပိုက်ဆံ ထည့်ထားလို့ရ ဟာ တွေ တပါတည်း ပါလာပြီးသား။


အပေါက်ဆိုလို့ ယူအက်ပီ စီ အပါက် လေးပဲပါတယ် ၊ သုံးစရာ မလိုသလောက်ပါပဲ။

ဒါကြောင့်ဖုန်းကတုံး

အရေးပေါ် လိုအပ်ရင် ဂြိုလ်တု ကတဆင့် အရေးပေါ် သုံးလို့ရလိမ့်မယ်။

အိုင်ဖုန်း ၁၇ ထက်ပေါ့တယ်။

စျေး ကလည်း ယန်း ၃ သောင်းပိုသက်သာတယ်။


နောက်ဆိုရင် ဂြိုလ်တု ဆက်သွယ်ရေး စနစ် တွေ ချိတ်ဆက်လာနိုင်တဲ့ သဘောတွေ့ရတယ်။


ကမ္ဘာ့ရွာကြီး က တသားတည်း ဖြစ်လာနိုင်ပါပြီ။


၂၂:၃၄နာရီ၊၂၃-၆-၂၀၂၆၊အင်္ဂါနေ့။

ငဝန်နဒီ

Friday, June 19, 2026

ခေတ်သစ် ကိုး မိုးထားတဲ့

 ခေတ်သစ် ကိုး မိုးထားတဲ့


ဒီနေ့  ဒီခေတ် ဒီလူငယ် တွေ က


အမြင်သစ်တွေ ရခဲ့ ကြလို့


ငွေကြေးတန်ဖိုးကျ ရင် ဘဏ်တိုးကောင်းတယ်၊


ပင်စင်ငွေကြေးကို ဆယ်နှစ်ကလေး ဆယ်သိန်းထားက


အသက်၅၀ ကျော်တာနဲ့ ပင်စင်ပိုက်ဆံ တလ ၃ သိန်း ရနေတတ်တာလေးပါ။


အပေါ်ယံကြည့်ရင် မမြင်ရပေမဲ့


ခေတ်သစ်ကိုး က လမ်းစတွေဖောက်ခဲ့တာ အခုချိန်ထိ မသိသူတွေ ၊ မလုပ်သူတွေ ၊ ဘယ်လို ပဲလုပ်လုပ် အချိန် က အဆုံးအဖြတ်ပေးနေတာပါ။


မနေ့က ဆို နာနို ဆင်းကဒ် ကို အီးဆင်းကဒ် ပြောင်းတာ မိနစ် ခဏ လောက်ပဲ ယူတာ ပါ။


ဒါကြောင့် ခပ်ဝေးဝေး ဆိုပေမဲ့ အနီးလေးမှာပါ။


လူ တွေ ပျင်း လို့ရတယ်။ နည်းပညာကို ငြင်းမရဘူး၊


သူက အချိန် နဲ့ အလိုက် တိုးထွက်နေတာပါ။


ဆိုင်သွားထိုင်တယ်။


စားပွဲထိုးမလာဘူး၊ ခုံပေါ်က ကျူအာကုဒ် ဖုန်းနဲ့ဖတ် စားစရာ လှမ်းမှာ၊စားစရာ စားပြီး၊


ဘေးလ်ရှင်းဖို့ လုပ်ရင် ဘားကုဒ်ပေါ်လာ


ကောင်တာက လူမရှိ၊ စခရင်မှာ ဖတ်ပြီးဘေရှင်းလိုက်တာပါပဲ။


လူမရှိပေမဲ့ နည်းပညာ က အကုန် ဖောက်ထွက် လမ်းသစ် ကို သွားနေကြတာပါ။


ဘယ်တော့ မှ ခေတ်က ဆုတ်လို့မရတာပါ။


လူမတွေ့ ပေမဲ့ ခေတ်က လှမ်းဆဲပါပဲ။


၂၃:၃၀ နာရီ၊ ၁၉-၆-၂၀၂၆၊သောကြာနေ့။

Friday, April 17, 2026

မြန်မာနှစ်သစ်ကူး

 မြန်မာနှစ်သစ်ကူးက ဒါမျိုးတွေ နဲ့ပါ။


အာဏာ တွေက စည်းမျဉ်းစည်းကမ်း နဲ့သွားတယ်။


ဒီမိုကရေစီ က ဥပဒေကြောင်းနဲ့သွားတယ်။


ဖယ်ဒရယ် က လွှတ်လပ်ခြင်း နဲ့ လုံခြုံစိတ်ချ ရခြင်းနဲ့သွားတယ်။


အာဏာ က Rules.


ဒီမိုကရေစီ က Law.


ဖယ်ဒရယ် က Freedom & Safety.


မြန်မာနှစ်သစ်ကူး ကို ဆင့်ကဲပြောင်းလဲခြင်းနိယာမ နဲ့


တိုးတတ်ခြင်း ၊စည်ကားခြင်း၊ မြှင့်မားခြင်း နည်းပညာတို့နဲ့ 


လုံခြုံစိတ်ချ လွှတ်လပ်စွာ နှစ်သစ် ကြိုနိုင်ကြပါစေ။


၂၃:၀၅နာရီ၊သောကြာနေ့၊၁၇-၄-၂၀၂၆။(မြန်မာ့နှစ်ဆန်းတရက်နေ့)။ 

ဖေ့ဘွတ်တွင်ရေးထားတာကို ပြန်တင်တာပါ။

Wednesday, March 18, 2026

လောက ။ လောကဓံ။ လောက တွင်ကျင်လည်ကျက်စားခြင်း။

 လောက က အရင်ကတည်းက ရှိတယ်။ နောက်လည်းရှိမယ်။မပြောင်းဘူး။


လောကဓံ 

လောကထဲ ဝင်လာသူတွေ လောကထဲနေရင်း ဖြတ်သန်းရတဲ့ အခက်အခဲ က လောကဓံပေါ့။


လောကတွင်ကျက်စား ခြင်း


လောကထဲ မှာဖြတ်သန်းရင်း မိမိ အတွက်အကျိုးအမြတ်၊ အများအတွက်ကောင်းကျိုး လုပ်ရင်း ကျက်စား နေထိုင်မှ ကျင်လည် ကျက်စားတယ် မည်မှာပါ။

လူဆိုတာ နေ့ကိုစ ညကို ဖြတ် ဆိုပေမဲ့ 

အစားစားတာ ဘယ်လိုတွေရှိပေမဲ့ ရေ ဆိုတာ အဓိက မှာ ပါတော့

ရေ။

အိပ်ဖို့က ပုံစံစုံ ရှိပေမဲ့ အဆင်ပြေရာ ဖြတ်လို့ ရတယ်။

ဒါပေမဲ့ လူဟာ တနေ့တကြိမ် သို့တည်းမဟုတ် ပို၍။

အပေါ့စွန့်။

အလေးစွန့်ဖို့ လုပ်ကြရတယ်။ဒါကြောင့် ရေအိမ် က မရှိမဖြစ်ပါ။

ည ကို မမှောင်ချင်ရင် အလင်းဆောင်နိုင်ရင် ပြည့်စုံတဲ့ ညချမ်းဖန်တီးနိုင်မှာပါ။

ဒါကြောင့် ရေ။

ရေအိမ်။

ည အလင်း။

အဲဒါကို ကျွမ်းကျင်စွာနေရာ ချထားနိုင်ရင် လောက ကျင်လည်မှု အဆင်ပြေပါတယ်။

၂၂:၅၇နာရီ၊ဗုဒ္ဓဟူးနေ့၊ ၁၈-၃-၂၀၂၆။

ငဝန်နဒီ။

Friday, November 7, 2025

ခေတ်ပြောင်း ၂၀၂၅ မြန်ပြည်

 ၂၀၂၅ မြန်ပြည် ခေတ်ပြောင်း က ထူးခြားတဲ့ အရာတွေ တွေ့ရပါတယ်။

ဖယ်ဒရယ် ခေတ်ပြောင်း ကို သွားနေတာ ကို တွေ့ရပါတယ်။

ဒါပေမဲ့ တိုင်းရင်းသား တို့ ဘာတို့ ဆိုတာထက် ထူးခြားတာတွေ တွေ့ရတာပါ။

တိုင်းရင်းသားတွေ သူတို့ ဝန်းကျင်သစ် ဖြစ်မယ် လို့ ထင်ရင် မှားပါလိမ့်မည်။

ပြည်သူ က တကယ့်အခြေခံပါ။

ပြည်သူတဦးတယောက်ချင်း စီ ရဲ့ ပင်စင်စနစ် ဆိုရင် တောင်းဆို ရနေရမှာ မဟုတ်ပါဘူး။

လုပ်တတ်တဲ့သူ ၊ လုပ်ဆောင်ခိုင်းရမှာပါ။

ဒါမှ ပြည်သူ့ တဦးစီ အခွင့်အရေး ၊ဖယ်ဒရယ်အခြေ စပျိုးပါတယ်။

ပြည်သူတွေ စုဖွဲ့တယ်၊ ကာကွယ်တယ် ၊ ဒါဆို ကိုယ်ပိုင် အဖွဲ့ငယ်တွေ ဖြစ်လာရင် 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်တွေ ဖြစ်လာပါမယ်။

အဲဒီမှာ တိုင်းရင်းသား အဖွဲ့တောင့်ရင်၊ ယူနစ် ဖြစ်လာခြင်း၊ စတိတ် ဖြစ်လာခြင်း တွေ တွေ့ရမှာပါ။

ဒါပေမဲ့ အဲလို စွမ်းဆောင်တာ နည်းကျတော့ ၊ ကိုယ်ပိုင် မြို့၊ရွာ အုပ်ချုပ်ခွင့်တွေ နဲ့ပဲ သွားလို့ တမျိုးထင်နေတာ၊ အဲဒီ အစုအဖွဲ့ တွေ ပေါင်းစည်းပြီး၊တနည်းဖယ်ဒရယ် ကွန်ထရိုး ဆန်တဲ့ စတိတ် အဆင့်မဟုတ်ပေမဲ့၊

မြို့နယ် အဆင့် အတွက် ဝိုင်းကူတာက ဖယ်ဒရယ် ဒီဘီရှင် တွေ မွေးထုတ်တာတွေ ဖြစ်လာသလို။

စတိတ် တွေ ကို တက်လှမ်းနေတာ ၊ အစုအဖွဲ့ ပေါင်းအား ဖယ်ဒရယ် ကြီးဖြစ်လာနေတာပါ။

ခေတ်ပြောင်းက ဖယ်ဒရယ် သွားတာ မြန်ချက် က ကမ္ဘာ့ အကူ၊ လူသူသစ်ထွန်း၊ နယ်သစ် ပုံဖော်

ဖယ်ဒရယ်ပြည် သွားလမ်း တလှမ်းခြင်း သွားနေတာ တွေ့ရပါတယ်။

မိမိကိုယ်ကို ကာကွယ်ခြင်းဖြင့် ခေတ်ပြောင်း၂၀၂၅ ပါ၊

ငွေနဲ့ခေတ်ပြောင်း၊

လူနဲ့ခတ်ပြောင်း၊

မြို့ပြခေတ်ပြောင်း၊

ပြောင်းမခါသေးတာက ကမ္ဘာ့မြေအောက် က အဆောက်အဦး နောက်ကျ ကျန်ရစ်သလို၊

နေ ကို မီးမထွန်းနိုင်သေးပါ။

ဖယ်ဒရယ် ရောင်ခြည် နဲ့ခေတ်ပြောင်မည်ကိုး။

ငဝန်နဒီ


Wednesday, November 5, 2025

၂၀၂၅ ဖယ်ဒရယ်ခေတ်ပြောင်း

 ဒီနေ့ သတင်းမှာ နယူးယောက် မြို့တော်ဝန် အသစ် က


ဒီမိုကရက် က ရသွားတာရယ် ယူဂန်ဒါ နိုင်ငံမွေး အမေရိကန် နိုင်ငံသား၊ အခုလက်ရှိ သမ္မတ ထရန့် က ရီဗက်ပလစ်ဂင် ။


နယူးယောက် မြို့ရဲ့ ဂျီဒီပီ က တစ်ထရီလီ ကျော် ပါတယ်။


ဒါဘာကြောင့်ရေးပြလဲ ဆိုတော့


အမေရိကန် ရဲ့ ဖယ်ဒရယ် သဘောလေးပါ။


ဖယ်ဒရယ် ဘတ်ဂျက် မကျတာ တွေရယ်၊ အခုလို ဒီမိုကရက် က မြို့တော်ဝန် ဖြစ်သွားတာရယ်ပါ။


သမ္မတ ပါတီ က အကုန် အုပ်စီးလို့ မရတာပါ။


မြန်ပြည် က အခု ဆို တွေ့နေရတယ်၊ ယူနစ် ကိုလှမ်းနေတဲ့ အဖွဲ့က အိမ်နီးချင်း မကောင်းမှုကြောင့် ပါရိုက်ဘိတ် ကို ပြန်ဆင်းတာလေးပါ။


ဒါပေမဲ့ ထူးတာ က ဖယ်ဒရယ် ရဲ့ အဖြေက သူတို့တွေ ဝင်ပါလာပါပြီ။


၂၀၂၅ ခေတ်ပြောင်းထဲမှာ ပါရိုက်ဘိတ် တွေ ရှိတယ်။ ယူနစ်တွေ ဖြစ်လာပေမဲ့၊ ထစ်နေသေးတယ်။ အဲဒီအချိန် မှာ ပေါင်းစည်းပြီိး ၊


ဖယ်ဒရယ် က ဝင်ချ လာတာပါ။ ဒီအချိန် မှာ တွေ့ ရမှာ က နေရာစုံ မှာ ဖယ်ဒရယ် ဘယ်လို ခေတ်ပြောင်းတာကိုပါ။


ခေတ်ပြောင်း ကို ရေးတာပါ။ 


ထို့အတူပဲ ကမ္ဘာ့ မှာ အမျိုးသမီး တွေ တက်လာတယ်။ ခေတ်ပြောင်းပါတယ်။


ဒါပေမဲ့ ဒီနေ့ ဒီလို လုပ်ပါ။ ဒါပေမဲ့ နောက်ရက်မှာ အချိန် ကို သတ်မှတ်တာ တွေ သတိထားပါ ဆိုတာတွေ။


နိုင်ငံခြားသား သုည ဖြစ်လာရေး တွေ။ အခွန်မပေးရင် ၂၀၂၇ လေးလပိုင်း မရှိစေရတွေဖြစ်လာပါတယ်။


ခေတ်ပြောင်းတာ တွေ က တဖြည်းဖြည်း ဖြစ်လာနေတာပါ။


ဖယ်ဒရယ် ရဲ့ ခေတ်ပြောင်းက မထင်မှတ်တာ အမေရိကန် မှာ ဖြစ်လာလို့ ရေးဖြစ်ပါတယ်။


၂၃:၃၀ နာရီ၊ဗုဒ္ဓဟူးနေ့၊ ၅-အောက်တိုဘာလ-၂၀၂၅။

၂၀၂၅ ခေတ်ပြောင်း ၏ ဆတိုး ကိန်း

 ၂၀၂၅ ခေတ်ပြောင်း ၏ ဆတိုး ကိန်း


ခေတ်ပြောင်းနေတဲ့ အထဲမှာ


လူဆိုးဂိုဏ်း၊တွေ မကောင်းမှု တွေ ကို နှိမ်နင်းတဲ့ နေရာ မှာ


အသုံးပြုတဲ့ ဆတိုးကိန်း က ၃၃ ဆ ရှိပါတယ်။


အဲလို ၃၃ ဆ နဲ့ ဖြေရှင်းလိုက်ရင် ပြဿနာ ခဏ လို့မြင်ရပေမဲ့


ပြီးရင် အေးချမ်းရေး စကားဝိုင်းဖြစ်လာတော့တာပါပဲ။


ကမ္ဘာ့ မှာ တကယ့်ဖြစ်နေတဲ့ ခေတ်ပြောင်းပါ။


အဲလို မဟုတ်ရင် ခေတ်ပြောင်း မမည်ပါဘူး။


၀၀:၃၅ နာရီ၊၃၁-၁၀-၂၀၂၅၊ သောကြာနေ့။

Saturday, February 1, 2025

ဘုံခဏ၊ ဆုံရ၊ ကြုံရ၊ ခေတ်အခုန်။


ဘုံခဏ၊ ဆုံရ၊ ကြုံရ၊ ခေတ်အခုန်။ လောကဇာတ်ခုံ လူလောက ဘုံ တွေ မှာ ဆိုတာ အရာရာ ဟာ ကြာမြှင့် တယ်လို့ ထင်တတ်ကြတယ်။ ဒါပေမဲ့ ခဏ တာ လေးပါပဲ။ ဘာမှ ကို မကြာ လိုက်သလို ပါပဲ။
 ဒီလိုဟာ တွေ ကို တခမ်းတနား လို့ ထင်နေတတ်ကြတယ်။ သတိ လက်လွှတ် ဖြစ်သွား တာ က ပြောင်းလဲသွားတဲ့အရာတွေပါ။ 
 ဆုံတွေ့ ရတဲ့ အရာတွေ က အကြာင်းကြောင့် အကျိုးဖြစ်လာရတဲ့ အရာ တွေ မဆုံချင်လည်း ဆုံ ရသလို၊ တခါတရံ မှာ တွေးမထားတဲ့ အရာ တွေ က အစ ဆုံတွေ့ ရတာပါ။ ဒါကလည်း အကျိုးသက်ရောက်မှု ဖြစ်ဖို့ ဆုံရခြင်းပေါ့။ ကြုံတွေ့ရ အခြေအနေ တွေ က ဟိုးအရင်လိုမဟုတ်တဲ့ အဖြစ်အပျက် တွေ တွေ့ ရတာပါ၊ အဆိုး အကောင်း ဖြစ်လာတာ တွေပေါ့။ အဆိုးတွေ တချိန်လုံး မရသလို အကောင်းက အဆိုး ကို ကျော်လွှားသွားတာပါ။ ကြည့်လိုက်ရင် ခေတ်ပြောင်းသွားတာပေါ့။ ခေတ်ပြောင်း တာ အလုံးအရင်းနဲ့ ဝိုင်းလှည့် ထည့်လိုက်တော့ အရမ်းမြန်ကုန်ရော၊ အဲတာနဲ့ ခေတ် အခုန်။ တွေ့ရတာပဲ။ အင်တာနက် ဆို ဂြိုလ်တုက၊ ငွေကြေးဆို လေထဲက၊ စွမ်းအင် ဆို နေရောင်က၊ 
 (တိုးတက်တဲ့ တိုင်းပြည်တောင် သူ့ဖုန်း ကို စတီး က နေ တိုက်တေနီယံ ကို ပြောင်း လိုက်ရတယ်)
 လူသား တွေဟာ အနာဂတ် ဘယ်လောက် ပို လှ သလေး ဆို တိုက်တေနီယံ ထက် သာ တဲ့ အသိဥာဏ သုံး လို့ ခေတ်ခုန် လိုက်တာ မိမိ လက်ရေးတိုင်း ကြိုးဆွဲရုပ် ကို ကြိုက်သလို ကြိုးဆွဲ နေတဲ့ ခေတ် အခုန် တွေ့နေရတာပါ။ 

 ၇:၄၁ နာရီ၊ ၁-၂-၂၀၂၅။စနေနေ့။ ဖေ့ဘွတ် တွင် ရေးထားသည် ကို ပြန်တင်သည်။

 ငဝန်နဒိီ

Sunday, September 15, 2024

အိုင်ဖုန်း ၁၆ ပရိုမက် ဝယ်သင့်သော အကြောင်း

အရင်ဒီလို တခါမှ မရေးပါဘူး၊ အခု က ရေးရတာ ကမ္ဘာ့ ခေတ်ပြောင်းတာ သိစေချင်လို့ပါ၊ အကြောင်းက ဂြိုလ်တု အင်တာနက် ကို ကမ္ဘာ နိုင်ငံတော်တော်များ ဖွင့်သယောင်နဲ့ ပိတ်ထားလို့ပါ။ စတားလင့်ဆို မြန်မာပြည်မှာ တရားဝင်ရောင်းချ မပေးသေးပါဘူး၊ ဒါဆို အရေးပေါ် ဂြိုလ်တု အင်တာနက် သုံးခွင့်ရတဲ့ အိုင်ဖုန်း ၁၆ ပရိုမက် က ဆိုဒ်ကြီးတာရယ်၊ အိုင်ပက်မီနီ နီးနီး၊အခု လို သဘာဝဘေး အချိန်မှာ ဂြိုလ်တု ကတဆင့် မက်စိပ် ပို့ဖို့ အခုမရသေးရင် နောင် ရလာနိုင်အောင်လုပ်ထားတဲ့အရာတွေ ပါလာတာရယ်၊ အာရှဖက်ကို နှစ်နှစ် နောက်ကျ ရောက်လာတဲ့ အီးဆင်းသက်သက် ဖုန်း စလာတာပါ၊ အပြင်က ကဒ်အပို မသုံးရတာပါ၊အီးဆင်း ရှစ်ခုထည့်ထားပြီး၊နှစ်ခု ကို သုံးရနေတာပါ။ ဂြိုလ်တု ဖုန်း ကို အရင်က အမျိုးမျိုး ရှိပေမဲ့ အိုင်ဖုန်း ၄ တုန်းက ဂြိုလ်တု ဖုနိး ရဲ့ အော်ပရေတာ က ဒူဘိုင်း ကပါ၊ အခု က သင့်လက်ထဲ ရောက်လာတာပါ၊ထို့အတူ ပိတ်ပင်တာတွေ ထိုးဖောက်ဖို့ နည်းသစ်ပါ၊ ဝယ်ခြင်းမဝယ်ခြင်း ထက် ဒီအကြောင်း ကိုသိရင် မကောင်းမှု လျော့လာမှာပါ၊ မလိုအပ်တဲ့ ဖုန်းထက်သုံးသင့်တာ သုံးဖို့ပါ၊ စျေးက အရင်တိုင်းပါ၊ ငွေဖောင်းအောင်လုပ်ခံရလို့ ၊ဒါကြောင့် နည်းသစ်နဲ့ ကျော်လွှားဖို့ ပါ၊ မလိုတာဝယ်မိပြီး၊ လမ်းဟောင်းမလျှောက်စေလို လို့ပါ။ အားလုံးအဆင်ပြေကြပါစေ။ (မနေ့က ဆိုင်တွေသွားကြည့်တာ နမူနာ မတွေ့ရသေးပါ) ငဝန်နဒီ

Tuesday, August 20, 2024

၂၀၂၄ အလွန်

အချိန် အခါ အရ နိုင်ငံ က နိုင်ငံသား ဖြစ်တည်မှု ဂြိုလ်တု အင်တာနက် ပတ်စပို့ သို့မဟုတ် တပုံစံတည်း နိုင်ငံသား ခရီးသွား စာအုပ် အီးဆင်း တယ်လီဖုန်း ပင်စင် စနစ်သစ် မြို့နယ် အလိုက်ကားနံပါတ်ပြား နှင့် ဌာန ဆိုင်ရာ အမှတ်အသား ပါ ကားနံပါတ် မြို့နယ် ဖွံဖြိုး တိုးတက်မှုနှင့် လွတ်လပ်စွာ နေထိုင် ဝမ်းကြောင်း ဝန်းကျင် အဲဒါတွေက ပုံမှန်ဖြစ်လာမည့်အရာတွေ ပေါ့ ၊ ဖြစ်လာသေးဘူး ဆိုရင်လည်း တဖြည်းဖြည်း ဖြစ်ရမည့် အရာပေါ့၊ ခေတ်က ပြောင်းသွားနေတာကိုး။ ငဝန်နဒီ

Wednesday, August 14, 2024

ထိုင်း နိုင်ငံသတင်း

 ဒီနေ့ ထိုင်း ဝန်ကြီးချုပ် ကို အနားပေးလိုက်တဲ့ သတင်းတက်လာပါတယ်။

ထိုင်း က တပတ် အတွင်းနဲ့ ထူးခြားမှု ကို ဩဂုတ်လ ၂၀၂၄ မှာ တွေ့ရပါတယ်။

ကောင်းတာ ဆိုးတာ ကို မဆိုလိုပါ။ ၂၀၂၄ အလှည့်အပြောင်း မြန်ဆန်တာ ကို တွေ့ရလို့ပါ။

ငဝန်နဒီ

Thursday, August 8, 2024

၂၀၂၄ ခေတ်ပြောင်း သို့တည်းမဟုတ် ခေတ်သစ်အလှည့်

 ၂၀၂၄ ရဲ့ ခေတ်ပြောင်း က လွန်ခဲ့သော ၃၆နှစ် အခြေအနေ ၊ အနေအထား ၊ အယူအဆ အကုန် ပြောင်းသွားတာ တွေ့ရပါတယ်။

အခု ခေတ်ပြောင်း လို့ ဆိုတဲ့ ရီဗောလူးရှင်း ဆိုတာထက် ခေတ်သစ် အလှည့် လို့ဆိုရမယ်။

၆ ရက် ၈ လ ၂၀၂၄ မှာ ဘင်္ဂလားဒေ့ရှ် ကိုပဲကြည့် ၊

ဒီနှစ်အစ မှာ ရွေးကောက်ပွဲ နိုင်တယ် ဆိုပေမဲ့ ၈ လပိုင်း မှ ထွက်ပြေးတာ ကြုံနေရတယ်။

မနေ့က ၇ ရက် ၈ လ ၂၀၂၄ မှာ ကတော့ ထိုင်းက ပြည်သူတွေ ရွေးထားတဲ့ ပါတီ ကို ဖျက်သိမ်းခိုင်းတယ်၊

နိုင်ငံရေး သမား တွေ ကို နိုင်ငံရေးက ၁၀ နှစ် နားခိုင်းတယ်၊ ဒါဟာ ဘာအကျိုး ဆက်ဖြစ်လာမယ် ကို ကြည့်ရမှာပေါ့၊

ဒီနေရာ မှာ၂၀၂၄  ခေတ်သစ်အလှည့် ကိုကြည့်ရအောင် 

လူသားအရင်းအမြစ် တွေ မတရားတာ က နိုင်နေသရွေ့တော့ ကြောက်စရာ ဖြစ်နေတာပါ၊ နိုင်ငံတော်တော် များများ ပြဿနာတွေနဲ့ပါ။

စီးပွါးရေး ဆိုလည်း ပြောင်းတာမှ လက်ကလေး ထောက်လိုက် ဘာလိုက်နဲ့ နိုင်ငံ ကျော် တာမက ပိုက်ဆံ ကိုင်စရာ မလို ၊ လုံးဝ ပြောင်းလဲသွားတာပါ။

ငွေကြေးဖောင်းပွ တာလည်း အလဲလဲအကွဲကွဲ ဖရိုဖရဲ ကိုဖြစ်လို့ အကျိုးဆက်က

စီးပွါးရေး ပြိုလဲ တာ တွေ၊ ဖြိုဖျက် သွားတာတွေ က များပြားလာတာပါ။

စွမ်းအင် ရင်းမြစ် ပြောင်းထွက်သွားတာပါ၊ တချို့က ထင်မယ် ဒီလောက်လည်းမဟုတ်ပါဘူးပေါ့၊တကယ်တော့ သဘာဝ ရင်းမြစ် ရယ် ၊ ကျွမ်းကျင် ပညာရှင်စစ်စစ်ရယ်၊ အမှန်တကယ် အသုံးချ တာ တွက်ချက်တာ မှန်ရင် သီးခြားနေလို့ရတဲ့ စွမ်းအင်သစ် တွေပါ။

ဆက်သွယ်ရေး နည်းပညာသစ် ကလည်း သီးခြား ကမ္ဘာသစ် ကို ဖော်ဆောင်သွားတာပါ၊ တကယ်ကို အံမခန်းပါပဲ၊ မြင်မရတဲ့ အရာ တွေနဲ့ နည်းသစ်တွေပါ။တွေ့ထိမရတဲ့ အရာ လေထဲမှာ လွင့်မျော နေတာ က သင့်ကို မည်သူနဲ့ မဆို ဆက်သွယ်ပေးနေပြီလေ။

လုံခြုံစိတ်ချ ရတဲ့ ဝန်းကျင် ကိုလည်း သင့်လက်ထဲ ကို သင်ကိုယ်တိုင် ကိုင်ခွင့်ပေးသလို၊စည်းမျဉ်းတွေပါပြောင်းသွားပါတယ်၊သက်မဲ့ အိမ်ဟာ နှစ်၅၀ ပဲ သုံးတာ ကောင်းတယ် ဆိုမျိုးပေါ့။အသက်ကို ဥာဏ်စောင့် ဆိုတဲ့ အရာပေါ့။နည်းပညာ တော် တိုင်း သက်မဲ့ အသက်ရှည်တယ် ထင်ကြတယ်၊ သက်ရှိအသက်ရှည်ဖို့ သက်မဲ့ ကို သက်တမ်းကန့်လိုက်တာ စည်းမျဉ်းတန်ဖိုးသစ်ပါ။

အဆောက်အဦးတွေ ရဲ့ ပုံစံသစ် ကို တွေ့ နေရသလို လို သလိုလုပ်နေကြတာက ခွဲထွက်လာသော ပုံသစ်တွေပါ၊ သဘာဝမှာ နေထိုင်တာမျိုးပေါ့။

မျိုးဆက်သစ် နှင့် သက်ကြီးရွယ်အို အလှည့်အပြောင်းက လည်း ထူးခြားသွားပါတယ်၊ဘယ်လောက်တောင် ပြောင်းလဲ သွားလည်းဆိုတော့ စနစ်တကျ နဲ့ သွယ်ဖယ်လိုက်တာပါ၊ မျိုးဆက်သစ် က မိမိ ကိုယ်ကို ကာကွယ်ရင်း လမ်းသစ်လျှောက်ရင်း တလှမ်းခြင်း လှေကားတက်တာလား၊ငြမ်းနဲ့တက်နေတာလား မသဲကွဲဘူး၊ ဒါပေမဲ့ ခေတ်သစ် ကို လှည့်ထုတ်တာတော့ မမှားပါဘူး။

ခေတ်သစ်အလှည့်ကို တွေ့မှီ နိုင်ကြပါစေ။

ငဝန်နဒီ

Wednesday, August 7, 2024

ထိုင်း နိုင်ငံ

 ဒီနေ့ သတင်းထဲ တွေ့ရတာ က ထိုင်း နိုင်ငံ ရဲ့ တရားရုံး က

မဲအများဆုံး ခဲ့ သော ပါတီ ကို ဖျက်သိမ်း ခံလိုက်ရပြီး၊

ပါတီ ဦးဆောင်သူ (ပီတာ) ကို နိုင်ငံရေး ကနေ ဆယ်နှစ် အပိတ်ခံ ရတယ် လို့ဆိုပါတယ်၊

စိတ်မကောင်းစရာ ပါ၊

၂၀၂၄ ခုနှစ် ထဲ မှာ တွေ့ရတဲ့ အိမ်နီးချင်းနိုင်ငံ ရဲ့ အကြောင်းအရာ လေးပါ။

ငဝန်နဒီ

Sunday, July 21, 2024

ကြိုး မဲ့ ဖုန်စုပ်စက် ကြမ်းတိုက်စက်

 တလောက အပြင်သွားရင်း စျေးဝယ် ရင်း တွေ့မိတာ အီလက်ထရိုလပ် ကထုတ်တဲ့ စက် ဖုန်လည်းစုပ်၊ ကြမ်းတိုက် စက်လည်းပါ ၊ ခေါင်း ပိုင်းလေးပဲ ဖြုတ်တပ် ပြောင်းရုံလေးပါ။

ဂျပန်ယန်းနဲ့ ကလည်း ၃သောင်းခွဲ ကျော်ကျော် လေး ၊ မီးအားပြည့်နေရင် မိနစ် ၄၀ လောက် သုံးလို့ရတယ် လို့ဆိုပါတယ်၊

ရေနဲ့ စက်ကို သန့်ရှင်းရေး လုပ်ထားရင် ၂၄ နာရီ စိုတဲ့နေရာ ခြောက်ဖို့ တော့ စောင့်ပေးဖို့တော့ ပြောထားပါတယ်။

အရင်လို ကြမ်းတိုက်စက်သပ်သပ်၊ ဖုန်စုပ်စက် သပ်သပ် ဝယ်စရာ မလိုတော့ဘူးပေါ့။

ငဝန်နဒီ

Saturday, July 20, 2024

နက်ဖလစ် ကို အက်ပယ်စတိုး ကနေ လ စဉ်ပေးတာ မပေးမိဖို့( ငွေပြန်တောင်းတာ ပြန်ရပါပြီ)

နက်ဖလစ် နက် ရုပ်ရှင် ကြည့် ဘာကြည့် လုပ်တာ မကြည့်တာ ကြာ ပြီ အခု ပြန်ကြည့် ဖို့ လုပ်တာ အိုင်ဖုန်းက နေ လစဥ်ထည့်သလို ထပ်ထည့်လိုက်တာ ဘာမှ ကြည့် မရ၊ ဘာမရ နဲ့ အ ကောင့် အသစ် လုပ်ဖို့ ပြောပါတယ်၊ ဒါဆို ထည့်လိုက်တာ ဘာမှ ပြန်မရ ဖြစ်ပါတယ်။ သတိထားနိုင်ကြပါစေ။

အဲလို ကြည့်မရတာ ကို အက်ပယ် ကို ရီဖန်း(ငွေပြန် တောင်းတာ ပြန်ရပါပြီ)

Sunday, July 14, 2024

ယူနီကုဒ် ဖြင့် ပြန်လည် ပြုလုပ်ခြင်း

 လွန်ခဲ့သော တချိန် က ဇော်ဂျီကုဒ် ကို သုံးခဲ့ ကြပါတယ် အခုတော့ နိုင်ငံတကာ ပါ အသုံးပြုလို့ လွယ်ကူ စာရေး ရ အဆင်ပြေ စေတဲ့ မည်သူမဆို ဖတ်လို့ ရတဲ့ ယူနီကုဒ် ကို သုံးတာ ပါ ၊ အိုင်ဖုန်း တွေ မှာ ပါဝင်လာ တာလည်းပါတာပေါ့၊


မည်သို့ပင်ဖြစ်စေကာ မူ အားလုံး အဆင်ပြေ စေဖို့ ယူနီကုဒ် ကို အသုံးပြုရတာပါ။


၁၅:၃၉ နာရီ ၊ ၁၄-၇-၂၀၂၄ တိုကျိုမြို့၊ ဂျပန်နိုင်ငံ။



Friday, July 20, 2018

တိုးတတ်လမ်းစ သို့မဟုတ် ခြေတလှမ်းအယုတ်

စီးပွားရေး တွေ အလုပ်မဖြစ်
ဒေါ်လာဈေးတွေ မတန်တဆ ဖြစ်
အိမ်ယာတွေ ရောင်းမရ
ကွန်ဒို ဆိုတာကို မြေယာ အချိုးကျနဲ့ တိုင်းတပါးသား ကို ရောင်းဖို့ လုပ်တာ
ငြိမ်းချမ်းရေး ဆုံမှတ်က အမိမြေကို သူတပါး မပိုင်စေရ တဲ့
ဒီမိုကရေစီလမ်း
ယိုသူက မြင်သူ ကို တရားစွဲလို့ရတာကို အမှန်လို့ထင်နေတာ
ယိုသူ ကမသိမသာ လှန်လည်းပြ သူမှန်တဲ့ ထင်နေတာ
ဒီမိုကရေစီ က သူ့ ကို လမ်းဘေး မှာ ယိုသူ အဖြစ်ထားခဲ့မှာပါ
မြင်သူက အများသိဖို့ ပြောပြရုံလေးရယ်ပါ
စီးပွားရေးက ခရိုနီလက်ထဲမှာပါပဲ
ဒီမိုကရေစီမှာ ပြည်သူပိုင်မသိမ်းပါဘူး
ပြည်သူ လက်ထဲ ပြန်ထည့် ပေးတတ်ပါတယ်
ထည့်ပေးချိန်မှာလွဲပြောင်းချိန်မှာ
အခက်အခဲရှိတတ်ပါတယ်
ချောင်းထဲမြစ်ထဲ ငါးရှာမရတာ ပြည်သူစီးပွားပျက်ခဲ့ရတာ
ချောင်းတွေမြစ်တွေ ပိုင်တဲ့ ခရိုနီတွေ စီးပွားပျက်တာ
ပြည်သူတွေ လက်ထဲ ပိုနေမြဲ ကျားနေမြဲ ပြန်ပေး တာလေးပါ
ခရိုနီစီးပွားပျက်တာမဟုတ် ပါ
လက်ဝါးကြီးအုပ်ထားတာ ပြည်သူဆီပြန်ပေးရမှာနမြောလို့
စီးပွားရေးကျဆင်း တယ်ပြောနေတာပါ
ပြည်သူတွေ ဟင်းစားရဖို့ လမ်းစလေးပါ
သစ်တောထဲဖြတ်သန်းမရတဲ့ ပြည်သူတွေ အတော်ကြာပေါ့
သစ်တောထဲ ပြည်သူ ပြန်ဝင်ခွင့်ရရင် တောင်ယာစိုက်လို့ ဝမ်းစာဖူလှုံတော့မှာမှာ
မျှစ်ချိုး အသီးအရွက် ကလေးက ဟင်းစားရနည်းလား
သစ်တောစီးပွားမပျက်ပါ အလဟသ ဖြစ်နေသော တော ပင်လေး စားသုံးခွင့်မရှိခဲ့တာ ပြန်ရတာလေးပါ
နေစရာ မြေမရှိသူတွေ မြေပျောက်နေပေမဲ့
မြေယာ ဧက ရာကျော် ပိုင်သူတွေ မြေယာကို အကျိုးရှိမသုံးတတ်တာကို
စီးပွားပျက်တာ ကျတာဆိုပဲ
စီးပွားပျက်တာမဟုတ် မူမှန်နေရာမှန် ပြည်သူလက်ထဲ မြေယာပြန်ရောက်ဖို့
အချိန်ကို အဆုံးအဖြတ်ပေးခိုင်းနေတာပါ
ဒီမိုကရေစီအခွန်ဆောင်လိုက်ရင် စက်မှုဇုံမြေတွေ
စီမံကိန်းမြေတွေ ပြည်သူ တွေ နဲ့ နီးလာမှာပါ
ထိုအတူပဲ
ပို့ဆောင်ရေးတွေ စီးပွားကျ မှာပေါ့
ပြည်သူ့ငွေမပါဘူးလေ အပါမခံဘူးလေ
စတော့ရှယ်ယာ ကို အိပ်ခိုင်းနေတာကိုး
ပြည်သူ့ငွေ ပါရင် အရည်အချင်းမရှိသူ ကို ဦးဆောင်ခွင့် ဘယ်ပေးပါ့မလဲ
ပို့ဆောင်ရေးကို ပြည်သူ့လက်ထဲထည့်ဖို့
စီးပွားရေးအဆင်မပြေလို့ဆိုပြီး
ပြည်သူ့လက်ထဲထည့်ချိန်စောင့်ဖို့
စီမံညံသူ စီးပွား အဆင်မပြေဖြစ်ရပါတယ်
ဒါကို အချိန်ပေးစောင့်ရပါတယ်
ဒီမိုကရေစီကလက်ဝါးကြီးအုပ်သူ
စီမံမှုညံသူ
မိမိအကျိုးစီးပွားကြည့်သူတွေ
စီးပွားရေးအဆင်မပြေ လုပ်မရဖြစ်တဲ့ အခြေအနေကို
ဒီမိုကရေစီ လုပ်ငန်းစဉ်တွေ က
စီးပွားဆွဲချသလို ဖြစ်တတ်ပါတယ်
ပြည်သူလက်ထဲခွဲဝေဖို့
ဒီမိုကရေစီက အကြမ်းမကိုင်
မြစ်ချောင်း ပြည်သူ့လက်သို့
လယ်ယာပြည်သူ့ဆီသို့
မြေယာ ပြည်သူ့  အတွက်ရယ်သာ
သစ်တောပြည်သူ အများ သွားလာစရာ
ပို့ဆောင်ခရီး ငွေကြေးတန်ဖိုး စသည်ဖြင့်
မသိမသာ ပိုက်ဘောစွပ်မိ မတောလောဘ စီးပွားကျခြင်းရယ်သာ
ဒီမိုကရေစီက ညင်သာပါတယ်
ပြည်သူ့ နဲ့အတူ ဖြည်းဖြည်းငြိမ့်ငြိမ့်လေး
ပြည်သူဆီပြန်ဆင်းလာတော့မှာပါ
ပြည်သူ့အတွက် မစီမံနိုင်သူကလည်း
ရွေးကောက်ပွဲက အဖြေ
အဖြေမကောင်း
အမေခေါင်းလို့လက်လွဲမရ
လာဘ်စားမူက သင့်ထိုက်သင့်ကံ
ခံရမည်သာ
ဒီမိုကရေစီလမ်း
တသွင်သွင်စီးချောင်းပမာ
အေးချမ်းသာယာ
မြဲနေမှာပါ

ငဝန်နဒီ
(၂၁-၇-၂၀၁၈ -သောကြာနေ့ ၁၁:၄၀နာရီ တိုကျိုဂျပန် စံတော်ချိန် တိုကျို ဂျပန်)