ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, May 15, 2010

မြန်မာပြည်သူပြည်သား ညီအစ်ကိုမောင်နှမအပေါင်းတို့ခင်ဗျား……….

အမိမြန်မာပြည်မှ ကျွန်တော်တို့ရဲ့ညီအစ်ကိုမောင်နှမများ၊ မိသားစုများ
လတ်တလော ဖြစ်ပေါ်ခံစားနေရသော ပူပြင်းခြောက်သွေ့မှုဘေးအန္တရာယ်နှင့်
သောက်သုံးရေရှားပါးမှုဒုက္ခများအပြင် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့်
ဘေးအန္တရာယ်ဆိုး၊ ရောဂါဆိုးတို့မှ ကင်းဝေးနိုင်ကြစေရန် အမြန်ဆုံး
တတ်စွမ်းသမျှ ကူညီထောက်ပံ့နိုင်စေရေးအတွက် Lotus Foundation
ညီအစ်ကိုမောင်နှမများမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။

Lotus Foundation ညီအစ်ကိုမောင်နှမများအနေဖြင့် အမိမြန်မာပြည်၌
တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာသော ဘေးအန္တရာယ်ဒုက္ခဆိုးတို့မှ အမြန်ဆုံး
ကင်းဝေးနိုင်ကြစေရန်နှင့် အထိရောက်ဆုံးကူညီထောက်ပံ့မှုများကို
အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်ပေးနိုင်ရန်အတွက် နာရေးကူညီမှုအသင်း
(ရန်ကုန်) မှ ကိုကျော်သူ + မရွေဇီးကွက် တို့နှင့် ဆက်သွယ်ခဲ့ပါသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) အဖွဲ့အနေဖြင့် မနက်ဖြန် (13-05-2010) နေ့တွင်
ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်သို့ သွားရောက်၍ သောက်သုံးရေများကို
စတင်ပေးဝေလှူဒါန်းသွားမည်ဖြစ်ကြောင်းကိုလည်း မရွှေဇီးကွက် ထံမှတဆင့်
စုံစမ်းသိရှိရပါသည်။

ယင်းသို့သောက်သုံးရေပေးဝေလှူဒါန်းသွားမည့်အစီအစဉ်များတွင် Lotus
Foundation အနေဖြင့် ပူးပေါင်းပါဝင်ထောက်ပံ့သွားမည်ဖြစ်ပါသည်။
မရွှေဇီးကွက်မှ နောက်ရက်များတွင်လည်း လိုအပ်မည့်နေရာဒေသအသီးသီးသို့
ဆက်လက်၍ သောက်သုံးရေပေးဝေခြင်းနှင့် လိုအပ်သောကူညီထောက်ပံ့မှုများ
ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းကိုလည်း Lotus Foundation
အဖွဲ့တာဝန်ခံသို့ ပြန်လည်ပြောကြားခဲ့ပါသည်။

သောက်သုံးရေပေးဝေခြင်းနှင့် လိုအပ်သော ကူညီထောက်ပံ့မှုများ
ပြုလုပ်ဆောင်ရွက်သွားနိုင်စေရန်အတွက် Singapore မှ လှူဒါန်းငွေများကို
လာမည့် စနေနေ့ (၁၅-၀၅-၂၀၁၀) နေ့မှစ၍ အပတ်စဉ် နာရေးကူညီမှုအသင်း (ရန်ကုန်)
အဖွဲ့သို့ ပေးပို့လှူဒါန်းသွားမည်ဖြစ်သည်။

ပါဝင်လှူဒါန်းလိုသော စေတနာရှင် ညီအကိုမောင်နှမများအနေဖြင့် အောက်ဖော်ပြပါ
Lotus Foundation အသင်းဝင် ညီအကိုမောင်နှမများထံသို့
ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း မေတ္တာရှေ့ထား၍ နိဗ္ဗာန်အကျိုးမျှော်ကာ
တိုက်တွန်းနှိုးဆော်လိုက်ရပါသည်။

- ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
- ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၁၁၉၇၃၆၁
- ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
- ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁
- မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂
ယခုမျက်မှောက်အခြေအနေရဲ့ တစ်စိတ်တစ်ဒေသကိုတော့ အောက်မှာဖော်ပြထားတဲ့ Link
တွေကတဆင့် သိရှိနိုင်ကြပါတယ်။

http://www.irrawaddy.org/bur/index.php/news/1-news/3131-2010-05-11-...
http://moemaka.blogspot.com/2010/05/water-donation-to-local-residen...
http://www.irrawaddy.org/bur/index.php/news/1-news/3120-2010-05-08-...
http://burmese.dvb.no/news.php?id=10804
http://www.mizzimaburmese.com/news/inside-burma/5359-2010-05-11-14-...
http://www.khitpyaing.org/index.php?route=detail&id=654
Lotus Foundation မှတဆင့် ရေအလှူပေးလှူလိုပါက -

- ကိုဝင်းထွန်းဆင့် POSB Savings A/C - 175-43771-1 OCBC Saving A/C - 5535079809
- ကိုအောင်ပြည့်စုံအေး DBS Saving plus A/C - 0206068726
- မခင်မမ POSB Savings A/C - 063-50289-8 သို့ ပေးပို့လှူဒါန်းနိုင်ပါသည်။

Foot note:

Forward မေးလ်မှတဆင့် ပြန်လည်မျှဝေပေးခြင်းပါ။ စင်ကာပူမှ သူငယ်ချင်းများက
Lotus foundation မှတဆင့် ထည့်ဝင် ကုသိုလ်ယူနိုင်သလို မြန်မာနိုင်ငံမှာ
ရှိနေကြတဲ့ သူငယ်ချင်းတို့လည်း နီးစပ်ရာ အဖွဲ့အစည်းများမှ တဆင့်
ဝိုင်းဝန်းကူညီပေးကြပါရန် တိုက်တွန်းလိုက်ပါတယ်။

အကျိုးကိုလို၍ လှူဒါန်းခြင်း မဟုတ်သော်လည်း ရေအကျိုး (၁၀) ပါးကို
သိရှိစေရန် ဖော်ပြပေးလိုက်ပါတယ်။ အားလုံးလည်းသိရှိပြီး ဖြစ်မှာပါနော်။
(၁) လျင်မြန်ခြင်း၊
(၂) သန့်ရှင်းစင်ကြယ်ခြင်း၊
(၃) ကျော်ကြားလူသိများခြင်း၊
(၄) ဆာလောင်မွတ်သိပ်မှု ကင်းခြင်း၊
(၅) အခြွေအရံများခြင်း၊
(၆) အသက်ရှည်ခြင်း၊
(၇) အဆင်းလှခြင်း၊
(၈) ချမ်းသာကြီးခြင်း၊
(၉) ခွန်အားဗလ ကြီးမားခြင်း၊
(၁၀) ဉာဏ်ပညာ ကြီးမားခြင်း တို့ဖြစ်ပါတယ်။

forever မှ သူငယ်ချင်းများအားလုံး ရေလိုအေးချမ်းတဲ့ ဘ၀ကို ပိုင်ဆိုင်နိုင်ကြပါစေ။

PS

မေးလ်တစ်ခုထဲမှာတော့ ကိုမြင့်ဇော် ( ၀၉၅၀၆၈၀၀၇) ဆိုပြီး
ဖုန်းနံပါတ်တစ်ခုပါလာတယ်။ ဆက်သွယ်မေးမြန်းကြည့်လိုက်ပါ။
ဒါမှမဟုတ်လည်း ရန်ကုန်နာရေးကူညီမှုအသင်းမှာ စုံစမ်းကြည့်ရင် အဆင်ပြေပါလိမ့်မယ်။
ဒီနေ့ညနေ lotus foundation နဲ့ တွေ့ဖို့ အစီအစဉ်ရှိတော့ သူတို့ကို
သေချာမေးပြီး အကြောင်းပြန်ပေးပါမယ်။

Monday, May 10, 2010

အမေရိကန် သံတမန်နှင့် ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ


ဖနိဒါ
အရှေ့အာရှနဲ့ ပစိဖိတ်ဒေသရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကမ့်ပ်ဘဲလ် Mr. Kurt Campbellနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ယနေ့ နေ့လည်က တွေ့ဆုံဆွေးနွေးကြသည်။

မစ္စတာ ကမ့်ပ်ဘဲလ်သည် သူ၏ မြန်မာနိုင်ငံ ဒုတိယမြောက်ခရီးစဉ်အဖြစ် ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိကာ ဝန်ကြီးအချို့နှင့်တွေ့ဆုံအပြီး နေအိမ်အကျယ်ချုပ်ကျခံနေရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် စိမ်းလဲ့ကန်သာ အစိုးရဧည့်ရိပ်သာတွင် တွေ့ဆုံမှု ဖြစ်သည်။

အမေရိကန်သံရုံးက ဖိတ်ကြားထားသော်လည်း ပြည်တွင်းနှင့် နိုင်ငံခြား သတင်းထောက်များကို ဝင်ခွင့်မပြုဘဲထားခဲ့သည်။

ယနေ့အစောပိုင်းကလည်း Kurt Campbell နှင့် အန်အယ်ဒီ ဒုဥက္ကဌ ဦးတင်ဦးခေါင်းဆောင်သော ဗဟိုအလုပ်မှုဆောင် ၁ဝ ဦးသည် ရန်ကုန်မြို့ရှိ အမေရိကန်သံမှူးကြီး၏ နေအိမ်တွင် ၁ နာရီကြာ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သေးသည်။

ပိတ်ဆို့အရေးယူမှုနှင့်အတူ မြန်မာနှင့် ထိတွေ့ဆက်ဆံရေးမူကျင့်သုံးနေတဲ့ အမေရိကန်သမတ အိုဘားမားရဲ့ပေါ်လစီအောက်မှာ မစ္စတာ ကမ့်ပဲဘဲလ်ဟာ လွန်ခဲ့တဲ့နှစ် နိုဝင်ဘာလကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပါတယ်။

မစ္စတာ ကမ့်ပ်ဘဲလ်သည် ယမန်နေ့က နေပြည်တော်တွင် နိုင်ငံခြားရေး ဝန်ကြီး ဦးဥာဏ်ဝင်း၊ ပြန်ကြားရေးဝန်ကြီး ကျော်ဆန်းနှင့် သိပ္ပံနှင့်နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့် တွေ့ဆုံခဲ့သည်။

မဲဆောက်ဒေသတွင်း .တရားမဝင်မြန်မာအလုပ်သမား ၃၀၀ နီးပါး ထောင်ဒဏ်ချမှတ်ခံရ

ဖြိုးကြီး
.တရားမဝင်မြန်မာအလုပ်သမား ၃၀၀ နီးပါးကို မဲဆောက်တရားရုံးက ယနေ့နံနက်ပိုင်းတွင် ထောင်ဒဏ်များချမှတ်လိုက်သည်။

အဆိုပါ ထောင်ဒဏ်ချမှတ်ခံလိုက်ရသူများမှာ အိုမီဂါစက်ရုံ၊ နွားရုံနှင့် အခြားကျဘန်းအလုပ်သမားများဖြစ်ကြောင်း တရားရုံးသို့ သွားရောက်ခဲ့သူတဦးက ပြောသည်။

“သူတို့ကို ဒီမနက်ဘဲ ရုံးတင်တယ်၊ အဓိက ကတော့ မြန်မာနိုင်ငံကူးမှတ်ပုံတင်မရှိတာရယ်၊ အလုပ်လုပ်ခွင့်လက်မှတ် မရှိတာကြောင့် အခုလိုထောင် (၄၅) ရက် ချလိုက်တာ” ဟု ၎င်းကပြောသည်။


အဆိုပါ တရားမဝင် မြန်မာအလုပ်သမားများကို ထောင်ဒဏ်ကျခံပြီးပါက မြန်မာနိုင်ငံဘက်ကမ်းသို့ ပြန်ပို့ဆောင်မည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းကဲ့သို့ အလုပ်သမားကို ပြီးခဲ့သည့် စနေနေ့ကတည်းက စတင်ဖမ်းဆီးခြင်းဖြစ်ပြီး အလုပ်ရှင်အနေဖြင့် တဦးလျှင် ဘတ် (၂၀၀၀) ဖြင့် ပြန်လည်ခေါ်ထုတ်သွား၍ ရသော်လည်း အလုပ်သမားအားလုံးအတွက် သူဌေးက ငွေကြေးတက်နိုင်ခြင်းမရှိကြောင်း ၎င်းကပြောသည်။

“အိုမီဂါစက်ရုံက ဖမ်းတုန်းက အယောက် ၁၂၀ ကျော်တယ်၊ သူဌေးက အယောက် ၁၀၀ ကို လာရွေးသွားတော့ လွှတ်ပေးလိုက်တယ်၊ ကျန်တဲ့ ၂၃ ယောက်လောက်ကတော့ ဒီနေ့ထောင်ချတဲ့ အထဲပါသွားတယ်” ဟု ပြောသည်။

အလုပ်သမားများအနေဖြင့် ယာယီနိုင်ငံကူးလက်မှတ်မလုပ်ကြခြင်းမှာလည်း ငွေကြေးမတက်နိုင်ခြင်းများရှိသည့်အပြင် လက်မှတ်လုပ်ပြီးပါက မြန်မာပြည်တွင် ကျန်ရစ်ခဲ့သည့် မိသားစုများထံ စစ်အစိုးရအာဏာပိုင်များက ခြိမ်းခြောက်ငွေကြေးတောင်းခံခြင်းများ ပြုလုပ်မည်ကို စိုးရိမ်ရသောကြောင့်ဖြစ်သည်ဟုအလုပ်သမားတဦးက ပြောသည်။

ယခုအလုပ်သမားများအား လာရောက်ဖမ်းဆီးသူများမှာ တက်ခ်ခရိုင်မှ အာဏာပိုင်များဖြစ်ပြီး အိုမီဂါစက်ရုံ၊ နွားရုံ၊ စတီးရုံ၊ အမိုးစိမ်းရုံ၊ အမိုးနီရုံ၊ (SSC-၁ )၊ (SSC- ၂) စက်ရုံများအပြင် ကျဘန်း ပန်းရံလုပ်ကိုင်သူများပါဝင်သည်။

မဲဆောက်ဒေသတွင်း ဖမ်းဆီးမှုများ ဆက်တိုက်ဖြစ်နေသည့်အတွက် အချို့စက်ရုံမှ အလုပ်သမားများမှာ ထွက်ပြေးတိမ်းရှောင် နေရလျှက်ရှိသည်။

Sunday, May 9, 2010

ဒုတ်ပြီး ဓားပြီး ပုသိမ်သား

ဒုတ်ပြီး ဓားပြီး ပုသိမ်သား ဆိုလို့  တမျိုး မထင် နဲ့ 
တကယ် သန် မာပြီးဒုတ် တို့  ဓားတို့  သိပ် မကြောက် တဲ့ အရမ်းသန်မှာ တဲ့ ပုသိမ်သား တစ်ယောက် သူ ဖခင် နဲ့  အရက် အတူတူ သောက် ရင်း
စကားပြော အခန့် မသင့်  တော့ နပန်းထ လုံး တော့ သူ ဖခင်က လူကောင် သေးတော့ ရှုံး တာပေါ့....

ဒါနဲ့  ဝိုင်းပြီးသွား တော့ ပုသိမ်သားလည်း မှူးပြီး အိပ် သွားလေရဲ့ 

အဲ ဒီ တော့ မှ သူဖခင် က သူရှုံး တာ ကို သတိ ရပြီး
ဒီကောင် ဒုတ်ပြီး ဓားပြီး တွေ လုပ် ထား တော့ ဒုတ် နဲ့  ဓား နဲ့  တော့ မဖြစ် ဖူး
ဆို ပြီး
ပေါက် တူး ယူပြီး ခေါင်း ကို ရိုက် လိုက် တာ ပွဲချင်းပြီး သေသွားလေ ရဲ့  ။ ။

ဒုတ်ပြီး ဓားပြီး ပုသိမ်သား လဲ ပေါက် တူး မပြီး ဖြစ် သွားလေရဲ့ .....

(အမှန်တကယ် အဖြစ် အပျက် ကို စိတ် မကောင်းစွာ နဲ့  ရေး ဖွဲ့  ပါသည်။ သေရေ သေရက် သောက် စားပြီး ခိုက် ရန် ကင်းဝေးနိုင် ကြပါစေ)

မြန်ပြည်သားတိုင်းသို့  ရိုက်ခတ်သော မြန်ပြည် ရာဇဝင်

မြန်ပြည်သားတိုင်း သိရက် နဲ့  မသိသလို နေ ရင်း လူမိုက် ကို မပေါင်းသင်းလို .လူလိမ်ကို လည်းမပတ်သက် လိုကြပေ။

သို့ သော် နိုင်ငံ တကာကို ပဲ လာလာ ပြည် တွင်းမှာပဲ နေနေ အများတကာနဲ့  ပြောဆို တဲ့  အခါ မင်းတို့  မြန် မာပြည် ဆို တာ
ရွှေးကောက် ပွဲ ကျင်းပ ပြီး အနိုင် ရ တဲ့ အဖွဲ့  အစည်းတွေ ကို လွဲ မပေးတဲ့ တိုင်းပြည် လိမ်တဲ့ သူတွေ စိုးမိုးတဲ့ နိုင်ငံ လေ...

မြန်ပြည် ပတ်စ့်ပို့ စ် ဆို တာနဲ့  မကောင်းတဲ့ သူတွေ မပြော ကြ ပေ မဲ့ ကတိ မတည် တဲ့  လိမ် ညာ တဲ့ မကောင်းတဲ့ တိုင်းပြည် ဆို ပြီး ချက်ချင်း သိ တယ် ဆို ပြီး မြန် ပြည် သား တိုင်း အပေါ် ရိုက်ခတ် လာတဲ့ မလိုချင်ပေမဲ့ ရ ရှိ နေ ရ တဲ့ မြန် ပြည် ရာဇဝင် က........ ထိရှ နေ လေ ရဲ့ ...
ဲမြန် ပြည် သား တိုင်း လိမ် ညာခြင်းကင်း ပြောင်လိမ် ပြောင်စား ကင်းရှင်းလို့  ကတိ တည် နိုင် ကြပါစေ။ ။

Friday, May 7, 2010

နေ့ လင်းနေ

ရောင် နီ လာကို
မိုးသောက် မှ တွေ့  မှာမို့ 
ညဥ့်ဦးယံ ကို ဖြတ်သန်းရစမြဲ လို့ 
လူတိုင်းသိနေ
နေ့ လင်းနေ

Thursday, May 6, 2010

စစ်ဘက် တာဝန်မှ အနားယူလိုက်သူများစာရင်း

ဝန်ကြီးများ

ဗိုလ်ချုပ်ဌေးဦး - လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဒုတိယ ဗိုလ်ချုပ်ကြီး စိုးသိန်း - စက်မှု (၂)
ဗိုလ်ချုပ် သိန်းဆွေ - ပို့ဆောင်ရေး

ဗိုလ်မှူးချုပ် လွန်းသီ - စွမ်းအင်
ဗိုလ်ချုပ် အောင်မင်း - ရထားပို့ဆောင်ရေး
ဗိုလ်မှူးချုပ် တင်နိုင်သိန်း - စီးပွား/ကူးသန်း

ဗိုလ်ချုပ် စိုးနိုင် - ဟိုတယ်/ခရီး
ဗိုလ်ချုပ် လှထွန်း - ဘဏ္ဍာ/အခွန်
ဗိုလ်မှူးချုပ် သိန်းဇော် - ဆက်သွယ်ရေး

ဗိုလ်မှူးချုပ် သူရမြင့်မောင် - သာသနာရေး
ဗိုလ်ချုပ် ခင်အောင်မြင့် - ယဉ်ကျေးမှု
ဗိုလ်ချုပ် တင်ထွတ် - သမ၀ါယမ

ဗိုလ်မှူးကြီး သိန်းညွန့် - နယ်စပ်စည်ပင်
ဗိုလ်မှူးကြီး ဇော်မင်း - လျှပ်စစ် (၁)
ဗိုလ်ချုပ် ခင်မောင်မြင့်- ဆောက်လုပ်ရေး၊ လျှပ်စစ် (၂)

ဗိုလ်မှူးချုပ် သူရအေးမြင့် - အားကစား
ဗိုလ်မှူးချုပ် ကျော်ဆန်း - ပြန်ကြားရေး
ဗိုလ်မှူးချုပ် သိန်းအောင် - သစ်တော

ဗိုလ်ချုပ် မောင်ဦး - ပြည်ထဲရေး၊ လူဝင်မှုကြီးကြပ်ရေး
ဗိုလ်မှူးချုပ် အုန်းမြင့် - သတ္တုတွင်း
ဗိုလ်ချုပ် မောင်မောင်ဆွေ - လူမှုဝန်ထမ်း

ဗိုလ်မှူးချုပ် မောင်မောင်သိန်း - မွေး/ရေ
ဗိုလ်ချုပ် လွန်းမောင် - စာရင်းစစ်ချုပ်
ဗိုလ်မှူးချုပ် အောင်သိန်းလင်း - ရန်ကုန်မြို့တော်ဝန်

ဗိုလ်မှူးချုပ် ဖုန်းဇော်ဟန် - မန္တလေး မြို့တော်ဝန်

ဒု-၀န်ကြီးများ

ဒုတိယဗိုလ်မှူးကြီး ခင်မောင်ကျော် - စက်မှု(၂)
ဗိုလ်ချုပ် ကျော်စွာခိုင် - စက်မှု (၂)
ဗိုလ်မှူးကြီး သူရိန်ဇော် - အမျိုးသားစီမံကိန်း

ဗိုလ်မှူးကြီး ဉာဏ်ထွန်းအောင် - ပို့ဆောင်ရေး
ဗိုလ်မှူးချုပ် တင်ထွန်းအောင် - အလုပ်သမား
ဗိုလ်မှူးချုပ် အောင်မျိုးမင်း - ပညာရေး

ဗိုလ်မှူးချုပ် သန်းဌေး - စွမ်းအင်
ဗိုလ်မှူးချုပ် အောင်ထွန်း - စီးပွား/ကူးသန်း
ဗိုလ်မှူးချုပ် အေးမြင့်ကြူ - ဟိုတယ်/ခရီး

ဗိုလ်မှူကြီး လှသိန်းဆွေ - ဘဏ္ဍာ/အခွန်
ဗိုလ်ချုပ် သိန်းထွန်း - ဆက်သွယ်ရေး
ဗိုလ်မှူးချုပ် သူရအောင်ကို - သာသနာရေး

ဗိုလ်မှူးချုပ် မြင့်သိန်း - ဆောက်လုပ်ရေး
ဗိုလ်မှူးချုပ် ၀င်းစိန် - လူဝင်မှုကြီးကြပ်ရေး
ဗိုလ်မှူးကြီး တင်ငွေ - နယ်စပ်စည်ပင်

ဗိုလ်မှူးချုပ် ၀င်းမြင့် - လျှပ်စစ် (၂ )
ဗိုလ်မှူးချုပ် ဘုန်းဆွေ - ပြည်ထဲရေး
ဗိုလ်မှူးချုပ် ကျော်မြင့် - လူမှုဝန်ထမ်း

ဗိုလ်မှူးကြီး မောင်ပါ - ရန်ကုန် ဒုတိယ မြို့တော်ဝန်

Tuesday, May 4, 2010

ကိုယ်ပိုင် ဘာလို့ ဝယ်မစီးတာလဲ...(၂)

မီးရထား ကို ဘယ် သူ မှ ကိုယ် ပိုင် ဝယ် မစီး ကျဘူး
ရထား လမ်း တွေ က လွယ်လွယ် ဖောက် ပြီး ဝယ် လို့  မှ မ ရတာ...
မြေအောက် ရထား လိုင်း စီးတော့ ရထား စီးရဖို့  အ ရေး စက် လှေကားနဲ့  သွားတာတောင် မြေပေါ်ကနေ သုံးမိနစ် ကြာတယ် တချို့  လိုင်း ဆို သူထက် ပို ကြာသေးတယ်....
အဲ လို မြေအောက် ကို တူး မှ ရထား စီးရမယ် ဆိုရင်...
ကိုယ် ပိုင် ဘယ်သူ က စီးနိုင် မှာလဲ....
..ကိုယ် ပိုင် လုပ်ဖို့  ဆို ပြီး
မြေတူးရင် တောင်
သူများမေး ရင် တော် သေး မမေးရင် တော့...
အဝေစိ နဲ့  မိတ်ဆက်ဖို့  ကိုယ် တွင်းကိုယ်တူးရတယ် လို့ ..

ပျံပါ ချိုးဖြူ

နွေ အကူး
လေ မြူး ကနော့

ကလူကျီ စယ်
မခံသာ တယ်

မိုးမလာ မှီ
ရာသီ ထွေ လီ

နွေလေ ပူ ကို
ရင် တွင်း အေး သလို

မစံ စားလေ သူ
ပျံ နား ပါလေ ရွှေချိုးဖြူ။ ။

Monday, May 3, 2010

စပါးလုံး

စပါးတွေ ကိုရိတ်
စက် ကြီး နဲ့  ကြိတ်
ဆန် မှာ ဖိတ်

ထမင်းကို ချက်စား
စကွဲ ဆို ကြို ထား
စပါးလုံး ဆို တား

ဆန် ကရွှေး ထုတ်
စပါးလုံး ကို
အများကြီး ဆို

စက် မှာပြန် ကြိတ်
ဆန်ပြန် ဖြစ် မှာ
သိရက် နဲ့  လေ

အများသူငှာ
လူသူအများ
ထမင်းမှာ ရှုပ် မဲ့

စပါးလုံး ကို
ဆန်ကရွှေး ထုတ်
အလုပ် ရှုပ် တဲ့

စပါးလုံး အား
စာကလေးစားဖို့ 
လွှတ်ပစ်သည်
မှာဓမ္မတာ တည်း။ ။
(မြန်ပြည် မှ ဆန် တွင် မလို အပ်ပဲ ပါလာသော စပါးလုံး ကို အမှတ်တရ )