ဂျပန်မှာ နေတဲ့ မြန်မာတွေ မပြန်ဖြစ်သေးသူတွေ
အ န္တရာယ် ကလည်းရှိတယ်ပြောလို့ ရတဲ့ ငလျင် က လှုပ်နေတာ အခုနောက်ပိုင်းဆို ငလျင်လှုပ်တဲ့ အဆင့် ၄ လောက် ၅ လောက်ဆို ဘာမှ မဖြစ်သလို နဲ့  ဖြစ်လာကြပါပြီ။
စားစရာတွေ လည်း ဝယ်သင့်တာတွေ ဝယ်ပြီးသလောက် ဖြစ်နေမှာသေချာတယ်။
ပြေးစရာနေရာတွေ သိသင့်သလောက် သိနေကြမှာပါ။
ဘယ်လိုပဲဖြစ်ဖြစ် ရေဒီယိုသတ္တိကြွ ဓာတ်ရောင်ခြည်တွေ လာရင်ရော ခေါင်းစွပ်တွေ လက်အိပ်တွေ နှာခေါင်းစည်းတွေ နဲ့  တတ်နိုင်သလောက် ကာကွယ်ဖို့ အဆင်သင့် ဖြစ်နေမှာပါ။
အကောင်းဆုံးကတော့ ကွင်းလယ်ခေါင်တစ်ခုမှာ အခင်းအပြား ကြီးကြီး ခင်းပြီး လေလုံမိုးလုံ တာပေါ်လင်စ ကောင်းကောင်းတဲထိုးပြီး စားစရာအပြည့်အစုံ ပစ္စည်းအပြည့်အစုံနဲ့ ဆို
မရဏ စီးချင်းကို သနားတယ်လို့ ပြောပြီးနေနိုင်မှာပါ။
Saturday, March 19, 2011
အန္တရာယ် ကြားက ရယ်မောနိုင်ကြပါစေ
ဂျပန်မှာ ဆူနာမီဖြစ်တော့
စိတ်မကောင်းစရာပါ စိတ်မကောင်းစရာကြားက ရယ်မောရင်း အန္တရာယ်တွေ ခဏတာမေ့ပျောက်စေဖို့ ပါ
ရေးသာရေးရတာ အညတရ တစ်ယောက်ရင်ကို ထွင်းဖောက် မြင်နိုင်မှာပါ။
ဂျပန်က ဒီအချိန် ငါ ပြောတာပဲယုံဆိုတော့
တရုတ်ကြီးက အမှန်ပြောပါကွ
ဟာ မယုံဘူးလား အေးလေတွေ တိုက်လာပြီ မင်းတို့ ဆီရောက်လာမှာပါ အဲကျမှ သတင်းထုတ်ဟုတ်ပြီလား
မင်းဆားတွေ မကောင်းဖြစ်ပြီး
ကြောက်ကြောက်နဲ့  မြန်မာပြည်က ဆားတွေ ဝယ်နေရပြီမှလား
မြန်ပြည်လူကြီးက ဟားဟားဟား ဆားဈေးငါပြောသလောက်ပေး မှရမှာနော်
ဘယ်သူဘာပြောပြော ငါချမ်းသာရင်ပြီးရော။။
အိုဗားမားက ဟာ...ငါလူတွေ ကူဖို့ လွတ်ထားတယ်နော် ငါဘက်လေမတိုက်အောင်လုပ်ပေးကွာ ဒီမှာလဲ စမ်းသပ်တိုင်းတာတဲ့ စက်တွေ တတ်ပါရစေအုံးကွာ
ငါလူတွေ မိုင် ၅၀ ကွာမှာထားပြီးပြန်လို့ ရတဲ့ သူတွေ ပြန်ပါစေကွာ
ှုIAEA ကအကြီးအကဲ က ငါဂျပန် ငါဟာငါပြန်ကြည့်မှာပါကွ
ဂျာမဏီ က ဟာမဖြစ်ဖူး ငါ စက်တွေ ခဏပိတ်ထားမှ တောကြာငါပါ ပြဿနာ ဖြစ်နေအုံးမယ်
ကနေဒါက လည်းအားကျမခံ ကြိုကန်ထားမှ ဖြစ်မယ်
ရေဒီရေးရှင်းပါတဲ့ ရေ တွေ ဂါလံ တစ်သောင်းကျော်စိမ့်ထွက်လို့  ပြန်စစ်ဆေးနေပါတယ် သောက်ရင်တောင်ဘာမှမဖြစ်ပါဘူးဆိုပဲ
ဂျပန်ကြီးကတော့ အေးငါသတင်းထုတ်တာ မယုံရင် ဖြစ်နေတဲ့ နေရာအထိ တခါးမရှိ ဓားမရှိ ဝင်ရောက်သတင်းရယူနိုင်ပါတယ်တဲ့ ခင်ဗျာ...ငလျင်ကိုတောင် ၈.၈ ကနေ ၉ ပြောင်းပေးထားပါတယ်ကွ
နောက်ထပ်ကွာ နည်းနည်းပေါ့....၂.၄ မီတာပဲ ကျွန်းကရွှေ့ သေးတာ မီတာ တရာပြည့်သေးပါဘူး။

Friday, March 18, 2011
ကြောက်တတ်သူတွေ ပိုကြောက် ဖို့ 
ဒီနေ့  မိတ်ဆွေ တစ်ယောက်က ပို့ လိုက်တာ လူကိုထိခိုက်တာ အရမ်းကြောက်စရာကောင်းတာကို ပို့ လိုက်တာ ဒေတာစာရွက် အတိအကျနဲ့ ပါ။
စာရွက်ကို မတင်တော့ပါဘူး တအားကြောက်တတ်တဲ့သူတွေ ပိုကြောက်မှာစိုးလို့ ပါ။
အထဲမှာပါတာ တိုကျိုမှာ ရှိတဲ့ ဓာတ်ရောင်ခြည်က ချက်ချင်းထိခိုက်နိုင်တာလို့  ပြောထားတာပါ။
တိုကျိုမှာ သွားလာနေသူတွေ ကတော့ ခေါင်းစွပ်တောင်မပါ လက်အိပ်မပါ သွားလာနေကြတာပါ။
ထိုင်းတစ်ယောက်ကတော့ ပြောတယ် ဓာတ်ရောင်ခြည်တွေ တအားများနေပြီ လက်အိပ်စွပ် ခေါင်းစွပ် စွပ်သွားဖို့ ပြောပါတယ်။
ပုသိမ်က သူငယ်ချင်းကတော့ စိတ်ပူစွာနဲ့  မေးရှာပါတယ်။ အေးဆေးပဲဆိုတော့။
ဒီလိုပဲပေါ့ကွာ ရောက်နေ မှတော့ မထူးတော့ဘူး ပြန်မလာဖြစ်သေးရင်တော့
ကမ္ဘာပျက်တာမှာ မှ စ ပါတာဆိုပြီးဂုဏ်ယူစရာပါလို့ တောင် အားပေးလိုက်သေးတယ်။
ကြောက်စိတ်တွေ တဖွားဖွားပေါ်လာပြီး ချက်ချင်းထပြေးနိုင်ကြပါစေ။

အဆက်အသွယ် မခက်သော တိုကျို
သတင်းစာစောင် တခုမှာ ဖတ်ရတာ အဆက်အသွယ် အခက်အခဲ ရှိတယ် လို့ ရေးထားတာတွေ့ လို့  ဒီစာရေးတာပါ ။တိုကျိုမှာတော့ လမ်းဘေးဖုန်း ကနေ မြန်ပြည်ကို ဖရီးတောင် ခေါ်လို့ ရနေတာ ကြာပြီပဲ။
ဒါကို အဆက်အသွယ် မရဘူးဆိုတာ တစ်ခုခု လိုနေတာဖြစ်လိမ့်မယ်။
ငလျင်လှုပ်တဲ့ နေ့ က မိုလ်ဗိုင်းတွေ ဖုန်းခေါ်မရတာ ဟုတ်ပါတယ် အင်တာနက် ပျက်မသွားပြတ်မသွားပါဘူး။
အင်တာနက် ဖုန်းသုံးလို့ ရတာကို အများသိအောင်လို့ ဧရာဝတီမှာ ကော့မက်စ် တင်ပါသေးတယ် ဧရာဝတီ က ဖျက်ပြီးမတင်ပေးတော့ မတတ်နိုင်ဘူး
အညတရ စာရေးနေသူဆိုတော့ ဘယ်လိုမှ မကူညီနိုင်တာ စိတ်မကောင်းပါဘူး။
သောကြာနေ့  ည မှာပဲ အင်တာနက်ဖုန်းကို ပိုက်ဆံသွင်းပြီးချက်ချင်းသုံး ပြီးမှ ပြောတာပါ။

တိုကျို ဘယ်လိုလဲ အေးဆေးပါ
သတင်းတွေက ကြောက်စရာတွေရော အမျိုးမျိုးတွေ ဆိုတော့ လူတွေ လန့် နေတာပေါ့။
ဒီနေ့ ဆို ရှင်ဂျီးကု က ရေဒီရေးရှင်း က ၀.၀၅၃ မိုက်ခရိုစီးဗတ် နည်းတောင် နည်းသွားတယ်။
အလုပ်ရှိလို့ သွားတဲ့သူတွေကသွားနေတုန်းပဲ
မနေ့ က အပြင်သွားတော့ လူတွေကပုံမှန်ပါပဲ
ဂျပန်က နေ ဘယ်နိုင်ငံကို မဆို ဖုန်းဖရီး ခေါ်လို့ ရအောင်တောင် လုပ်ပေးထားတာ
ကယ်ဆယ်ရေးအတွက် ဒေါ်လာ ၇၀၀ ဘီလီယံ သုံးစွဲမှာဖြစ်တယ်။
အမေရိကန် ကပြောတာ က နယူကလီးယား ပလန့် ကနေ မိုင်၅၀ ကီလိုမီတာ ၈၀ မှာနေဖို့ ပြောတော့ တိုကျိုက ကီလိုမီတာ ၂၅၀ ကျော်မှာရှိတာ မိုင်နဲ့ ဆို ၁၅၀ ကျော်မှာ ရှိတာ ပါ။
ဂျပန်ကနေ ထွက်ခွာတဲ့သူတွေ ရှိနေပါတယ် ။ ပြန်စဉ်းစားကြည့်တော့ တချို့ အတွက်တော့ကြောက်တတ်ရင်ကြောက်စရာပါ။
ကြွေဟောင်း မဆပ်ရသေးတဲ့သူတွေ ကြွေးသစ်ချဖို့ နမြောနေ တဲ့သူတွေ ဒီအချိန်မှာ ပိုသိလာမှာပါ သူတို့ တွေ ပိုကြောက်တတ်တာကိုပါ။
ကြောက်တတ်ရင် ရီအန်ထရီဗီဇာ မယူဘဲနဲ့ ပြန်တာ ပိုကောင်းမှာပေါ့ ဘုရင့်နောင်ဖောင်ဖျက်ပေါ့။
နယူကလီးယား ပလန့် မှာ ရေဒီရေးရှင်း က ၃၀ မီတာအမြင့်မှာ ၂၅၀ မိုက်ခရိုစီးဗတ် ၉၀ မီတာ အမြင့်မှာက ၈၇ မိုက်ခရိုစီးဗတ်။
တကယ်တော့ ငလျင်လှုပ်တတ်တဲ့ ဂျပန်မှာ ဗီဇာရတာနဲ့  မာတီ ရီအန်ထရီဗီဇာတနေ့ ထဲ ယူလို့ ရပါတယ်။
စာကြွင်း ...မိုးပြိုမှာ ကြောက်ရင် တစ်တစ်တူးလို မိုးပေါ် ခြေထောက်ထောင်အိပ်
ငလျင်ကြောက်လို့ တအားစိတ်ပူရင် ကွင်းလည်ခေါင်မှာအိပ်
အေးအေးဆေးဆေး စဉ်းစားပြီး လုပ်နိုင်ပါစေ။
သတင်းယူတဲ့သူတွေ က ကီလိုမီတာ ၃၀ အကွာ မိုင်၂၀ အကွာ ကသတင်းယူနေရတာပါ ယုံသင့်တာကိုယုံပြီး လုပ်သင့်တာကို လုပ်ရမှာပါ။အနီးကပ်သတင်းတွေ က အစိုးရ ထုတ်ပြန်မှ ရမှာပါ။
မီးရထားတွေ မီးအား အသုံးလျော့ဖို့  စောစော သိမ်းတာ လျော့ဆွဲတာတော့ ရှိပါသည်။
ဒီနေရာမှာတော့ မီးဖြတ်သည်ကြားသော်လည်း ယခုချိန်ထိ မီးဖြတ်မခံရသေးပါ။ မီးဖြတ်ခံရရင်တော့ မြန်ပြည် အလွမ်းပြေဖြစ်မှာသေချာတယ်။
အားလုံး အဆင်ပြေပြေ အေးအေးဆေးဆေး ဖြတ်သန်း ဆုံးဖြတ် ကြိုတင်ကာကွယ် နိုင်ကြပါစေ။
ကယ်ဆယ်ရေး စခန်းမှာ မြန်မာတယောက် တော့ ရှိတယ်လို့ သိရပါတယ် စိတ်အေးချမ်းစွာဖြတ်သန်းနိုင်ပါစေ။

Tuesday, March 15, 2011
ရေဒီယိုသတ္တိကြွမှု ကို ကာကွယ်ရန်
တိုကျို မှာ ရေဒီယိုသတ္တိကြွမှု ရှိနေပြီလို့ သိရပါတယ်။ရှင်ဂျီကု မှာ ၀.၈ လို့ ဆိုထားပါတယ် အခုဘယ်လောက်ထိရှိသလဲ တော့ မသိပေမဲ့
ဘယ်လိုကာကွယ်မလဲ ဆိုတာ သိသလောက်ရေးမှာပါ
အဲဆော့ပန်ကာတွေ မဖွင့်တာကောင်းပါတယ်
အဲကွန်းပါ မဖွင့်ရပါဘူး
အိမ်တံခါးတွေ လုံခြုံအောင်ပိတ်ထားရပါမယ်
အိုင်အိုဒင်းဆေးသောက်ရမယ်လို့ ဆိုထားပါတယ်
အပြင်သွားရရင်
ပြန်လာတဲ့ အဝတ်အစားတွေကို ပလပ်စတစ်အိတ်ထဲထည့်ပြီးသီးသန့် ထားရပါမယ်
ခေါင်းကနေ ရေလောင်းပြီးချိုးရပါမယ် ၅မိနစ်လောက် ချိုးရပါမယ်။
အပြင်သွားရင် လက်အိတ် နှာခေါင်းစည်း လည်ပင်းစည်း (လည်ပင်းဂလင်းကပိုမိုစုပ်ယူတတ်လို့ )ခေါင်းစွပ် တကိုယ်လုံးလုံလုံ ခြုံခြုံ သွားရပါမယ်။
ဂျပန်မှာ အမြင့်ဆုံးရေဒီယိုသတ္တိကြွမှု က ၂၃ အထက်မှာရှိနေပါတယ်။
စိုင်တမကမ်မှာ ၁.၂ လို့ ဆိုပါတယ်
အမြဲတမ်းပြောင်းနေပါတယ် တိုးလာမှာလား နည်းသွားမှာလား မသိနိုင်ပါဘူး
မနက်ဖြန် ၁၆-၃-၂၀၁၁ မှာ အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေ ရောက်လာမှာပါ။

Monday, March 14, 2011
ငလျင် လှုပ်လျှင်
ကြိုတင်ကာ ကွယ် မှု
ရေဗူး
အစာခြောက်
မိုးရေခံ အအေးခံ နိုင် အလျူမီနီယံ အပါးစားဆန်ဆန် အစ ခြုံရန်အတွက် ၄ပေ ၆ ပေ အစ
ဓာတ်မီး
ခရာ
ရေဒီယို.လက်လှည့်ရလျှင် ပိုကောင်းသည်။
ဆေးပစ္စည်း အနည်းငယ်
ကြိုး
အရေးကြီးစာရွက်စာတမ်းအိတ်
ကြိုတင်စုဆောင်းထားရပေမည်။
အဆင်သင့် အိတ်ကို ဆိုင်တချို့ တွင်ဝယ်၍ရပါသည်။

ထပ်မံလာမည့် ငလျင် ၇၀ ရာနူန်း သေချာ ၁၃-၃-၂၀၁၁ မှ ၁၆-၃-၂၀၁၁
ထပ်မံလာမည့် ငလျင် ၇၀ ရာနူန်း သေချာ ၁၃-၃-၂၀၁၁ မှ ၁၆-၃-၂၀၁၁ မဂ္ဂနစ်ကျူ ၇ အထိ ရှိနိုင် ဟု ခန့် မှန်းထား
ယနေ့  ဆူနာမီ ၅ မီတာ ဖြစ်သွားခဲ့
နျူကလီးယား ဓာတ်အားပေးစက်ရုံ အမှတ် ၁ ပေါက် ကွဲပြီးနောက် ယနေ့  နျူကလီးယား ဓာတ်အားပေးစက်ရုံ အမှတ် ၃ ထပ်မံပေါက် ကွဲ သွားသည်။
မီးကို အပိုင်းလိုက် ဖြတ်နေသည်။

Subscribe to:
Posts (Atom)