ချောက် မှာ ဖီးလ်ဆင်းရတုန်း က အတူဆင်းရတဲ့ သူတွေပေါင်းပြီး စလေ ကို သွားလည်ဖြစ်ကြတယ်။
ကြားထဲမှာ ပျင်းရင် ဖုန်းအော်ပရေတာ ဆီဖုန်းခေါ်ပြီး ဖုန်းပြောတဲ့သူနဲ့  အညာမှာ ငါး စားမယ်လုပ်တော့ ဈေးသွားတဲ့သူတွေ ငါးတော့ စားလိုက်ရပါရဲ့  ဘဲဥ ကို နောက်ရက်တွေ ဟင်းလုပ်လိုက်ရတဲ့ ရက်တွေ တော်တော် များသွားပါတယ်။အဝယ်တော်ကြီး စိတ်ညစ်ပြီးလေ..
အဲလိုနဲ့  စလေသွားရအောင် စကားစပြီး စလေသွားလည်ဖြစ်ကြတယ်...
နံနက်ပိုင်း ကားဂိတ်ကနေ စလေကို လိုင်းကားစီးပြီးသွားလိုက်ကြတယ် အဲဒီတုန်းက ကားခ က တစ်ယောက် ကို ၂၀ ကျပ် နဲ့ စီးသွားလိုက်ကြတယ်။
ကို အောင်ကျော်မင်း ကျွန်တော် ရယ် ကိုဇော်နိုင် ၊သောင်းထွန်း ၊ရမ်နရိုင်း၊ တင်မောင်ဇော် ၊ဝင်းဆွေ(ဆွေကြီး)၊ဝင်းဆွေ(ဆွေလေး) တို့ တစ်တွေ စလေကို ချီတတ်သွားကြတာပေါ့...
ဟိုလည်းရောက်ရော ကိုအောင်ကျော်မင်းတစ်ယောက် ငါတို့ တွေ နေရာတွေ မသိလို့ သွားလို့ ဖြစ်ပါ့မလားစိတ်ပူပြီး ဘယ်ကနေဘယ်လို သိလာလည်းမသိတဲ့ ဂျော်ရဂီး တစ်ယောက် နဲ့ သိပြီး အတူတူ သွားကြရအောင်ပြောတော့ ...
မကောင်းဘူးထင်တယ်ပြောပေမဲ့ ရပါတယ်ဗျာပြော ပြီး လိုက်ပို့ ပေးဖို့ ပြော တော့ ဟိုက လိုက်ပို့ ချင်နေတော့...ပျော်ပျော်ကြီးလိုက်လာပြီး လိုက်လာလေရဲ့ 
စလေ ဦးပုည အိမ်ကိုလည်းရောက် စလေက ဗဟိုရ်စည်ကြီး စင်ပေါ်တတ်ပြီး တီးလိုက်သေးတယ် မကြီးမငယ်နဲ့ မကောင်းမှန်းသိပေမဲ့ 
တီးဖူးတယ် ရှိအောင် မသိသလို လုပ်ပြီး တီးဖြစ်ကြသေးတယ်။
တစ်နေ ကုန် လိုက်ကြည့်ကြပြီး ဂျော်ရဂီးတစ်ယောက်လည်း ကျေးဇူးတင်ပါတယ်ပြောပြီး တစ်ခုခု လိုက်ကျွေးပြီး ပြန်တော့မယ်လုပ်ကြတာပေါ့။
အဲဒီကျမှ ဂျော်ရဂီး က ချောက်အထိလိုက်မယ် လုပ်ပြီး လိုက်အိပ်မယ်လုပ်တော့...
အကုန်လုံး ဘာလုပ်ရမှန်းမသိ ဖြစ်ကုန်ကြတာပေါ့...
ဘယ်လိုမှ ခွာမရဖြစ်နေတော့ မထူးတော့ဘူးဆိုပြီး
စလေက လိုင်းကားကို စင်းလုံးငှားပြီး စင်းလုံးဆိုလို့  ၂၅၀ ကျပ်တည်းပါ။ ပြန်လာကြတာပေါ့ လမ်းမှာ လည်း ကားသမားတွေ လူတင်ချင်တင်လို့ ပြောပြီး ဂျော်ရဂီး ခေါ်ပြီးပြန်တယ် မဖြစ်ရအောင် ရယ်...အဆောင်အထိ နာမည်ကတော့ အကြီးတန်း အရာရှိ ရိပ်သာ ကုန်းဆင်းအထိ ငှားလာလိုက်တော့...ဂျော်ရဂီး က ပါ ပါလာတော့ ကားရပ်တာနဲ့  ရိပ်သာ ကို မပြန် နိုင်ပဲ
အသီးသီး အရက်ဆိုင်ပြေးသူက ပြေး လက်ဖက်ရည်ဆိုင်ပြေးသူပြေး နဲ့  ကားခေါင်မိုးပေါ် စီးလာတော့ အသီးသီး ပြေးလိုက်ကြတာ
ကျေးဇူးကန်းသလိုများဖြစ်သွား မလားသိပေမဲ့ သဘာဝမဟုတ်တာကို အားမပေးရဲ လို့ 
ပြေးနိုင်မှ လွတ်မယ်ဟေ့ ဆိုပြီး လွတ်အောင်မနည်းပြေးလိုက်ကြရတယ် ရိပ်သာကို တော်တော်နဲ့ ဘယ်သူမှ မတတ်ရဲဘဲ ညတော်တော်မှောင်မှ ပြန်ကြရတယ်....
Tuesday, August 16, 2011
Monday, August 15, 2011
စားသာ စား နောက် တစ်လုံးကျန်သေးတယ်
ချောက်မှာ ဖီးလ်ဆင်းရတော့
ပုသိမ်မှာ ကျောင်းတတ်တုန်း က ကျောင်းအတူတူ တတ်လာတဲ့ သူငယ်ချင်းနဲ့ ပြန်တွေ့ တော့
သူကလျှပ်စစ်ဝင်းထဲမှာ ငှားနေတော့ သူဆီသွားလည်တော့ သူက ထမင်းလိုက်ကျွေးတော့ မကျွေးနဲ့ ပြောလည်း မရတာနဲ့ 
ထမင်းဆိုင်သွားပြီး အတူတူ သွားစားကြတော့
သူ က ထည့်စား ကွာ ဘာမှ မပူပါနဲ့ ကွာ ပြောပေမဲ့ ကျောင်းတတ်နေတဲ့
သူအချင်းချင်း ဆိုတော့ သိနေတော့...ထမင်းလည်းဝနေတာနဲ့ ရပါပြီ ပြောတော့
ပါလာတဲ့ သူ့  သူငယ်ချင်းက စားသာစား နောက်တစ်လုံးကျန်သေးတယ်တဲ့...
ဒါနဲ့ သူငယ်ချင်း က...ကာကလေတာပေါင်ထားတာပါ ကွာ ငါ မှာ နောက်တစ်လုံးကျန်သေးတာကို ပြောတာပါ...
သူတို့ တွေ ယူပေါင်ချင်တာ မပေးလို့  လာပြောနေတာ...
ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရဲ့ စေတနာ ကတော့ အေးတူပူမျှ ဖြတ်သန်းကြရတာပျော်စရာလေးပါ။
အခုတော့ သူလည်းစင်ကာပူ မှာ ၂၀၀၄ က ပြန်တွေ့ ပေမဲ့ ပြန်မတွေ့ တာတောင် အတော်ကြာသွားပါပြီ...
ဘာပဲဖြစ်ဖြစ် သူငယ်ချင်းအတွက် ဆို ရသလိုလုပ်ပေးတဲ့အဖြစ်လေးကို အမှတ်တရ...

Sunday, August 14, 2011
တိုတို ထွာထွာ ကြားရသမျှ
အက်အီးစီတွေ ပြန်သိမ်းတော့မယ်
အခွန်တချို့ တွေ ကို ကင်းလွတ်ပေးမယ်တဲ့
ပါတီတစ်ခု ကားသွင်းခွင့် ရရင် နောက်ပါတီတွေ ပါ ကားသွင်းခွင့် ရမှာပါတဲ့...
ပါတီဆိုတာ အခွင့်ထူးခံတစ်ခု ဖြစ်လာတော့မဲ့ သဘောပေါ့
ဒီမိုကရေစီ နိုင်ငံ ကြီးမှာ ဆူပူမှုတွေ ပေါ်တော့ လူသတ်ပြီး နှိမ်နင်းတာပါပဲ ဖမ်းလိုက်တာ ထောင်ဂဏန်းရောက်နေပါပြီ
ကမ္ဘာမှာ ရှယ်ယာတွေ ကမောက်ကမ ဖြစ် သတ်သေတဲ့သူတွေ ကသတ်သေကြ
ရွှေတွေ လိမ့်ဝယ်တော့ ရွှေဈေး ကတအားထိုးတတ်သွားလေရဲ့ 
ကာစီနိုလုပ်မဲ့ သဘောင်္ကနေ လေယာဉ်တင်သဘောင်္ လုပ်လိုက်တော့ လောင်းကစား လုပ်မဲ့သူတွေ လေယာဉ်စီးပြီး လူလိုက်သတ်ဖို့ လုပ်ရတော့မလို ဖြစ်နေလေရဲ့  ရီဆိုဒ်ကယ် လုပ်တာတော့ တော်ပါပေတယ်
တိုက်ရိုက်ဝယ်ရင် ရှက်လို့  သွယ်ဝှက်ပြီးမှ ဝယ်ရတယ်လို့ ။
အကျိုးအမြတ် မရနိုင်တဲ့ နိုင်ငံတွေ ဆို ရင် ဘယ်လောက်ပဲ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေ က လူတွေ ဘယ်လောက်သေသေ စစ်ရေး အရ ဝင်မစွက်ပါဘူး။ထောင်ဂဏန်းချီပြီးသေနေတာတောင် ဘာမှ ဝင်မကူပါဘူး။
အကျိုးအမြတ်ရမှ နော် ဒီမိုကရေစီ ကလည်း ဒီလိုရှိသားလား။

ထရံပေါက် က နေခြည်ပျောက် ကောက်မရနိုင် အလင်းရောင်တော့ရပါ၏။
အခုတလော ကြားရတာတွေ ကတော့ အများကြီးပါ တွေ့ တာတွေ အကြိမ်တော်တော်များလာ မှ နှစ်ချီနေပြီနော် အခု မှ နေခြည်ပျောက်လေးတွေ့ ရတာပါ။
ဘာပဲဖြစ်ဖြစ် ကောင်းတဲ့ ရလဒ်တစ်ခုဖြစ်ပါစေလို့ မျှော်လင့်ရင်းပေါ့။
အလင်းတန်းတစ်ခု လင်းလက်သွား သလိုပဲပေါ့။
သုံးတတ်ရင်တော့ လုပ်စရာတွေ အများကြီးဖြစ်လာတာပေါ့။
တဖက်ကတော့ ဥပက္ခာဆိုသလို ပေးဆပ်လိုက်ရတာတော့ ရှိမှာပေါ့။ တဖက်ကလည်း သူအန္တရာယ် အတွက် ကြိုကာနေရတာတွေ ရှိတာပေါ့။ အဲဒီကြား မှာ အခုမှ လမ်းလေး နည်းနည်းကောင်းလာသလို ရှိလာတာပါ။
မြေနီလမ်းလေးလိုပေါ့။
ကျဉ်းတော့ ကျဉ်းသေးတာပေါ့
မိုးရွာ မှာ ကိုလည်းကြောက်နေရသေးတယ်လေ...မပျက်မစီးဘဲ လမ်းကောင်းကြီး ဖြစ်လာရင် မြန်ပြည်သူပြည်သားတွေ အတွက် အကောင်းပဲ ဖြစ်လာမှာပါ...
လမ်းဆိုးကိုသွေဖယ်သော အတွေး တွေ မရှိတော့မှာ သိသာလာမှာပါ။
အခွင့်အရေး ကို အသုံးချတတ်သူ နဲ့  ဖေးမခွင့်ပြုသူတွေ ဖြစ် လာရင် နောက် လေးငါး နှစ်လောက်ဆို ရင် ကောင်းသွားမှာပါ။
ချက်ချင်းတော့ မဖြစ်နိုင်သေးပါဘူး။အရမ်းကြီးမျှော် လင့်လို့ မရပေမဲ့ မြန်ပြည်အတွက် နေခြည်ဖြာ စပြုနေပါပြီ။

Monday, August 8, 2011
နေ့ ရက် များရဲ့  အတိတ်ကို တမ်းတခြင်းထက် ဖော်ဆောင်ရယူခြင်း
တချိန်က ရှစ်လေးလုံးက မြန်ပြည် အတိတ်ကို စည်းရုံးခြင်းအင်အားတွေ ဒီမိုကရေစီ အသိတွေ ရရှိခဲ့ကြပါတယ် လွဲမပေးမှုတွေ လက်နက်အားကိုး အနိုင်ကျင့်ခံ ရမှုတွေ နဲ့  အဆုံးသတ်ခဲ့ကြတယ်
လူငယ်တွေ ဘဝတက္ကသိုလ်မှာ နှစ်ရှည်တတ်နေရ ရတာတွေ အသုံးချခံခဲ့ရတာတွေ ပြီးရင် နိုင်ငံရေးစားဖားကြီးတွေ နေရာတကာမှာ နေရာ ရယူတာပဲရှိပြီး ဘာမှ လုပ်မပေးနိုင်တာကို တွေ့ ရမှာပါ...
ဒါဆိုတော့ အခုလူငယ်တွေ မျိုးဆက်သစ်တွေ အသုံးချခံရခြင်းထက် မိမိ ကိုယ်ပိုင်ရသင့်အခွင့်အရေးကို ရယူလာကြတာတွေ့ နေရပါပြီ။
ရလည်းရနေကြပါတယ်...ဝမ်းသာစရာပါ...ဒါပေမဲ့ မိမိတို့ ရရှိရမည့် အခွင့်အရေးတွေ ၊ နိုင်ငံငွေကြေးတွေ ကို အခွင့်ထူးခံတွေ အတွက် ဖြစ်နေတာကို မသိမသာ မီးမောင်းထိုးပြ ရယူလာနိုင်မယ် ဆိုရင် တော်တော်လေးကို အဆင်ပြေလာမှာပါ။
မိမိ လုပ်အားခ ရသင့်တဲ့တာတွေ တောင်းဆို မှားယွင်းနေတာတွေ ကို မသိမသာ ပြသနိုင်ရင် အကျိုးရှိလာနိုင်မှာပါ။
တလောက ဘောလုံးပွဲ ဆို မြန်ပြည်သားတွေ ရိုင်းစိုင်းလာလို့ ထင်စရာပါ။
အဲဒီလို လုပ်အောင် နောက်ကွယ်က စီစဉ်တာတွေ များ ရှိနေသလားမှ မသိတာ မစားရ အမဲ သဲနဲ့ ပက်တတ်သူတွေ လိုပေါ့။
ဘာပဲဖြစ်ဖြစ် ဝါးရင်းတုတ် ကိုင်ပြီး လူရိုက်ပေးရင် ငွေ ပေးခဲ့တာတွေ က အခု အဲဒီလို ပြန်လိုချင်သူတွေ ရှိနေတာ သင်ပေးခဲ့တာတွေ ကို နိုင်ငံတကာ ပွဲ မှာ ပြန်ကျင့်သုံးကြည့်တာနေမှာပါ...
ဘာပဲဖြစ်ဖြစ် မြန်မာ့ဘောလုံးအဖွဲ့ ချုပ်ကတော့ ကြားကခံလိုက်ရတာပေါ့
နေရာတကာ မှာ ဒီလိုမျိုးတွေ ဘယ်လောက်ရှိနေမလည်း ဆိုတာ မြန်ပြည်သားတိုင်းသိနေမှာပါ။
ဟိုအနားရေကြီး ဒီနားရောကြီး ဆိုတာတွေ ထက် ကြိုတင်ကာကွယ်မှုတွေ အစိုးရသစ်မှာ တာဝန်ရှိနေပါပြီ။
အရင်လို လိုက်ကြည့်နေယုံပဲဆို ထူးမခြားနား လိုပဲဖြစ်နေမှာပါ။
ဟင်္သာတ တာရိုးတို့  ပုသိမ်ကမ်းနား က ငဝန်မြစ်ရေတွေ က နှစ်စဉ် ရေတတ်တာ အခုဆို လူတွေ ပါထိခိုက်လာတာတွေ ရှိလာတာပါ။
ဘေးလွတ်ရာ ရောက်ရှိနိုင်ကြပါစေ။
တကယ်တော့ ဆည်တွေ ဆောက်ထားပေမဲ့ သိပ်အကျိုး မသက်ရောက် နိုင်တာတွေ မထိန်းသိမ်းနိုင်လို့  ဆိုးဝါးတဲ့ အခြေအနေ ရောက်နေရတာပါ။
ကားခိုးသွင်းတာတွေ တလောကမိသွားတော့ မြန်ပြည်မှာ အဲဒါမျိုးတွေ ဘယ်သူတွေ ဘယ်လောက်တောင် ရနေကြသလည်း
တခုထူးတာက အထူးအဖွဲ့ တွေ ရှိတုန်းက မဖမ်းတာတွေ အခုမရှိတော့မှ ဖမ်းတာပါပဲ...
အထူးအဖွဲ့ ဆိုတာ အကုန်ခိုးသွင်း လို့ ရတာဖြစ်မှာပါ။အခွင့်ထူးခံတွေ အတွက် သီးသန့် လုပ်ပေးထားတာဖြစ်တာနေမှာပါ။
ဒါမျိုးတွေ များများပေါ်လာပြီး တရားဝင် မြန်မာ ပြည်မှာ နိုင်ငံတကာက ကားတွေ လာရောင်းချတာမျိုး ရှိဖို့ လိုနေတာကို အခွင့်ထူးခံတွေ ကြားကနေ ရယူနေတာပါ။
မြန်မာပြည် မှာ ရွှေဈေးကတော့ နိုင်ငံတကာ ရွှေဈေး ကို မမှီသေးလို့ ပြောနေပေမဲ့ ဆီဈေးက ပိုနေတာကိုတော့ နှာစေးနေကြပါတယ်။
အခွင့်ထူးခံတွေ ငွေကြေး အရမ်းရနေမှာပါ။
မြေဈေးတွေ မတရားတက်နေတာ နောက်ကွယ်က အဖြေကို ဖော်ထုတ်နိုင်ဖို့ လိုပါတယ်။
နိုင်ငံခြားသားတွေ ကို တရားဝင်ရောင်းချတာမျိုးတွေ ကို ဥပဒေ လက်တလုံးခြား ရောင်းချနေလို့ ပါ။ဒါတွေ ကို မဖော်ထုတ်မနိုင်မချင်း မြန်ပြည်သားတွေ အတွက် မြေဈေးတွေ ကြီးမြင့်နေမှာပါ။
ပိတ်ထားသောအိမ်တွေ ချိပ်ပိတ်တာထက် အမှန်တကယ်ပိုင်ဆိုင်သူတွေ ကို စီစစ်လိုက်ပြီးပြည်သူပိုင် ပြန်သိမ်း လေလံ ပြန်ပစ်လိုက်ရင် နိုင်ငံငွေကြေး တောင့်တင်းလာမှာပါ။
လာမဲ့ ၂၂ ရက်နေ့ ကြရင် တခုခု ထူးလာရင်တော့ အကောင်းဆုံး ဖြစ်နိုင်ပါစေ လို့ မျှော်လင့်မိပါတယ် ။
နည်းနည်းလောက်ဖြစ်ဖြစ် ဒီမိုကရေစီ ဖော်ဆောင်နိုင်ပါစေ။

Sunday, July 24, 2011
အိုင်ဖုန်း ၄ ကို ကြိုးမဲ့ အားသွင်းရအောင်
တစ်နေ့ က နာဂါနို ဟုမ်းအရောင်းဆိုင် ကို ရောက်သွားတော့ ကြိုးမဲ့ အားသွင်းစက်ကို တွေ့ တော့ အွန်လိုင်းမှာ ရှာကြည့်ပြီးတင်လိုက်တာပါ...ကြိုးမဲ့ ကြိုက်သူတွေ အတွက်ပေါ့..
တရုတ် နဲ့  တခြားက ထုတ်ထားတွေတော့ ရှိပါတယ် ဒီအမျိုးအစားလေးကို ကြိုက်လို့ ပါ။
ကြာနေတဲ့ပစ္စည်းလားတော့မသိ မအားတာနဲ့  အခုမှ သိလို့ တင်တာပါ...
ရေးချင်တာကတော့ ရန်သူကို ဆက်ဆံရာဝယ်
ရန်သူနဲ့ ဆက်ဆံရာဝယ် ...ရေးချင်တာရှိပါတယ်...နယ်ဆင်မန်ဒဲလား ရန်သူနဲ့ စကားပြောခြင်း လို မဟုတ်ပေမဲ့ ...ဆက်ရေးပါမယ်..
တကယ်တော့ ရန်သူ ဆိုတဲ့ အသုံးအနှုန်း ကို မသုံးချင်ပေမဲ့ ရန်အမြဲ အလိုခံခဲ့ရသူတွေ အတွက်ကတော့ ရန်သူဆိုတာနဲ့ ပဲ သင့်လျှော်မယ်ထင်လို့ ပါ။
အဲဒီလိုမျိုးတွေနဲ့ ဆက်ဆံတော့ အမြဲတမ်း ခံခဲ့ရတာတွေ ကြီးပဲ များပါတယ် အခွင့်အရေးကို ဆုပ်ကိုင်နိုင်ခွင့် ရချိန်မှာ ရယူစေချင်တာပါ။
ထိပ်တိုက် ရင်ဆိုင်ဖြေရှင်းခြင်း
တကယ်တော့ လောကပါလ တရားနားမလည်သူကို ထိပ်တိုက် ရင်ဆိုင်တော့...ဘဝတက္ကသိုလ်တွေ အကြိမ်ကြိမ်တက်ရသူတွေ များလာတာကိုပဲ တွေ့ ရပါတယ်...
အကြင်နာတရား အမှန်တရား တရားမျှတ မှုကို မကြည့်သူကို ထိပ်တိုက်ရင်ဆိုင်လို့ ဖြစ်တာကိုး...
ထိပ်တိုက်ရင်ဆိုင်မယ်ဆို အောင်မြင်မှုထက် ရှုံး နိမ့်မှုက များနေတော့ တိုက်ရိုက်မဟုတ်သော သွယ်ဝိုက်သောနီးဖြင့် ရင်ဆိုင်တက်မှ ဖြစ်မှာပါ။
စာတွေ တတ်လာမှာ ကြောက်တဲ့ ရန်သူ ကို စာတွေ သင်ပေးတဲ့ ဆွဲဆောင်မူနဲ့ 
မတရား ခံရသူတွေ အတွက် ပံပိုးကူညီခြင်းထက် ကြိုတင်ကာကွယ်မှုတွေ လုပ်နည်းစနစ်တွေ ချပေးတာတွေ လုပ်ရမှာပါ။
ကလေးတွေ အသက်မပြည့်ပဲ လုပ်ဆောင်နေရတာတွေ ကို ကြိုတင်ကာကွယ်ဖို့ ကို ဖြစ်တတ်တဲ့နေရာတွေ ကို သတင်းလွင့် မသွားဖို့  နေရာ သတ်မှတ်ပေးတာမျိုးတွေ ပါ။
မူလပထမ အခွင့်အရေး ဆိုတာ ကို တောင်းဆိုခြင်းထက် မသိမသာ ရယူတတ်ဖို့ လိုမှာပါ...
စနစ်တကျ စီစဉ် အကွက်ချ ထောက်ပြ ရယူ နိုင်အောင် နည်းလမ်း ရယူရမှာပါ...
ကလေးတစ်ယောက် ကျောင်းရောက်ဖို့  နယ်ကျောင်းသားတစ်ယောက် အစိုးရ အဆောင်ရဖို့  စတိုင်ပင်ရဖို့  ပါ။
သွားခွင့်ရနေရာ ကို ရန်သူ ကို အသုံးချ သွားလာခြင်းဖြင့် ဘေးကင်း အောင် လုပ်ရင်း လုပ်ချင်တာကို လုပ်ယူနိုင်မှာပါ။
ပြိုင်ဘက်ကောင်း လိုသတ်မှတ် သွယ်ဝှိက်ခိုင်းစေ..
ရန်သူဟာ ဘယ်တော့မှ မိတ်ဆွေ ကောင်းဖြစ်လာမှာ မဟုတ်ပေမဲ့
မိတ်ဆွေလိုသတ်မှတ် ပြိုင်ဘက်ကောင်း လိုသတ်မှတ် နိုင်ရမှာပါ...
မိတ်ဆွေ လို ဖြစ်လာပေမဲ့ တချိန်ချိန်မှာတော့ ရန်သူ အချိန်မရွေးပြန်ဖြစ်နိုင်တာပါ...
မိတ်ဆွေကနေ ရန်သူဖြစ်သွားတာသာ ရှိတာပါ... ရန်သူကနေ မိတ်ဆွေကောင်း လို ဖြစ်သွားတာ နည်းပါတယ်...
အထုံးလေးကတော့ အမြဲရှိနေတာပါ....ဖယောင်းသုတ်ချောထားတာပါ ...အချိန်မရွေးပြန်ပျော် နိုင်ပါတယ်...
သူကဥပဒေဘောင်တွင်း ဆို ကိုယ်လည်း ဥပဒေဘောင်းတွင်းကနေ ပြောရေးဆိုခွင့် ရှိ အဖွဲ့  ခွဲ ရှိနေမှ ပြိုင်ဘက်ကောင်းလို သတ်မှတ် နိုင်ပြီး ယှဉ်ပြိုင် နိုင်မှာပါ...
ထိပ်တိုက်ရင်ဆိုင်တာ ရှိရသလို ပြိုင်ဘက်ကောင်း ပါ ထားနေရမှာပါ...
ပြိုင်ဘက်ကောင်း ကို လုပ်ချင်တာတွေ ကို ဆွေးနွေး ဖြစ်ချင်တာတွေ ကို လုပ်ရင်းနေရာ ယူ လာရင် ပြိုင်ဘက်ပါ လိုက်လုပ်လာပြီး ပြိုင်ဘက်ကို ခိုင်းစေလာနိုင်မှာပါ။
လူမှုရေးအရင်းအမြစ် အသုံးချ ကူညီခြင်း
နေရာတကာမှာ လူမှုရေးအကြောင်းပြုပြီး အင်အားကြီးမားအောင်လုပ် စွမ်းအင်ကိုထုတ်နူတ် နေရာယူ ရန်သူ ဘောင်တွင်း ကနေ ယှဉ်ပြိုင် နေရာ ရအောင်လုပ်ရမှာပါ
ဘယ်နိုင်ငံမှာမဆို စည်းဘောင်တအားများနေရင် လူမှုရေးကတော့ ခွင့်ပြုရပါတယ်...
နိုင်ငံရေး အသုံးချဖို့ တစ်ခုထဲကိုပဲ လုပ်ရင်တော့ ဘယ်တော့မှ အောင်မြင်လာမှာ မဟုတ်ပါဘူး
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့...
ကွန်ယက်တွေ လုပ်တယ်ဆိုပေမဲ့ စေတနာမပါ နိုင်ငံရေး အသုံးချ ရုံသက်သက် တွေ အဆက်အသွယ်ပြတ်တောက် နယ်ကို မရောက်လို့ ကတော့ ထူးမခြားနားပါပဲ...
၁၉၉၆ ကဆို ကျောင်းသားတွေကလုပ်ပေမဲ့ တကယ် ပါသင့်သူတွေ ဘေးရှောင် အခွင့်အရေး အော်ပေး ပါသာပြောပြီး အသုံးချခံသာ ဖြစ်သွားပြီး နောက်မှ စာထုတ် အလုပ်ရှုပ်သယောင် လုပ်နေတာမျိုးတွေ ကတော့ ဘယ်တော့မဆို ပန်းတိုင်ဝေးဝေး ကျောင်းဆွေးဆွေးသာဖြစ်သွားတယ်...
သမိုင်းကို နောက်ချန်ထား မသိကျိုးကျွန်ပြုလို့ မရပါဘူး ...အဖြေမှန်တွေ ထွက်ထွက်လာနေမှာပါ။
စစ်မှန်တဲ့ လူမှုရေးကူညီမှုကနေ ရသင့်တာတွေ တစ်နေ့ ရမှာပါ...

Sunday, July 17, 2011
အိုင်ပက် ၂ လစဉ်ကြေး
အိုင်ပက် ၂ အင်တာနက် သုံးတာ လစဉ်ကြေးက စစချင်းလကတော့ ၆၅၀၀ ယမ်းကျတယ်။ နောက်လတွေတော့ ၂၅၆၉ ယမ်း ကျပါတယ်။
အင်တာနက် 3G နဲ့ သုံးတာ အင်တာနက်ဖုန်းပါပြောလို့ အဆင်ပြေပါတယ်။
အင်တာနက် ဈေးအသက်သာဆုံးပါ။

နိုဗယ်ငြိမ်းချမ်းရေးဆုရှင် နှစ်ဦးတွေ့ 
Subscribe to:
Posts (Atom)