ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Tuesday, April 3, 2012

မီဒီယာ ဆိုတာ ရေးချင်တိုင်းရေးလို့ ရသလား

မနေ့ က မီဒီယာ တစ်ခု က သတင်းအမှားတစ်ခုကို တင်ထားတာ တွေ့ ရပြီး အဲဒီမီဒီယာ က အယ်ဒီတာ က ဆံရှည် ကိုယ်တော်ပါ..

ဆင်ဖမ်းမယ်ကြားဖမ်းမယ် ဆိုပြီး ၂၀၁၀ မတိုင်ခင် ကပေါ့ ပြီးလည်းပြီးရော ရေမြွေလေး လို မြန်ပြည်ကို မီဒီယာ အကြောင်းပြပြီး ကုဒ်ကုဒ်နဲ့ ပြန်သွားတော့

မီဒီယာ ဆိုတိုင်း အထင်ကြီးလို့ မရပါ..

အဲလိုသတင်းမှားတွေ ဖတ်ရတာ တော်တော်လေး ရှိပေမဲ့ မနေ့  ကသတင်းကတော့ မဆလ လက်ထက် အရင်ပေါ်လစီအောက်ဆွဲ ဖြစ်တာ သေချာ သွားမှ ဒီစာ ကို ရေးတာပါ..

ယိုးဒယား သူငယ်ချင်း လာတော့ အဲဒီဆိုဒ်က အဲလိုမျိုး ရှိတယ်ပြောတော့ အလေးမထားဖို့ ပြော ပါတယ်

ဒါပေမဲ့ နိုင်ငံတကာ မှာ ငွေယူ မြန်ပြည်သူပြည်သား တွေ ကို မိုင်းတိုက် မယ် ဆိုရင်တော့ မကောင်းပါဘူး...

သူငယ်ချင်း ကတော့ COLA မဟုတ်တဲ့ တစ်ယောက်ပေါ့..

မီဒီယာတိုင်း ရေးချင်သလို မရပါဘူး နမူနာ ကတော့ ဝန်ကြီးချုပ်ဟောင်း ဦးခင်ညွန့် ဟာ တစ်ချိန်က မီဒီယာ ကို သုံးပြီး အမှားတစ်ဝက် အမှန်တစ်ဝက် ပြည်သူတွေ လှည့်စား မှုတွေ က နောက်ဆုံးတော့ သူ့ သမိုင်း သူ့ ရေးသွားရပါတယ်..

တော်သူတွေတိုင်း လည်း သမိုင်း ဖြောင့် နိုင်သလို သမိုင်းကွေး သွားသူတွေ မနည်းပါဘူး...

မီဒီယာတိုင်း သမိုင်း မဖြောင့်ပါဘူး ဆက်ထုံးလေးတွေ ရှိသလို အထစ်လေးတွေ တအားများလာရင်တော့ မကောင်းပါဘူး

အကျိုးပြုမှု မီဒီယာတွေ ဖြစ်နိုင်ကြပါစေ...

အဝေးရောက် မြန်ပြည်သူ ပြည်သားတွေ အလွမ်းပြေစေဖို့  ပြန်နိုင်ကြပါစေ..

Monday, April 2, 2012

နိုင်တယ် ဆိုတာထက် လွှတ်တော် ထဲ မှာ အမှန်တကယ် ထိုင်ပြီး ပြောရေး ဆိုခွင့် ရှိမှာ ပြည်သူတွေ က စိတ်ချရမှာပါ

နှစ် ၂၀ ကျော် ကြာပါပြီ ဒီလို အောင်ပွဲ မျိုး ရှိခဲ့ပါတယ် ၁၉၉၀ ပြည့်နှစ် ကပေါ့ အာဏာလွဲ မပေးတာ ကို သတိရဖို့ လိုပါတယ်...
အခုနိုင်တော့ တကယ် လွှတ်တော်ထဲ ကို ရောက်ပြီး ထိုင်ခွင့် ရမှာ စိတ်ချရမှာပါ..

အဲဒီ အချိန်ထိ ပြည်သူတွေ စောင့်ကြည့်ရမှာပါ...

အခုကြားဖြတ်ရွေးကောက် ပွဲ မှာ ညစ်တာတွေ ကို မှတ်သားထား ဖို့ လိုပါတယ် ညစ်နေတဲ့ ကြား က ပြည်သူတွေ ဆန္ဒပြည့်ဝ သွားတာ မြင်ရတော့ ဝမ်းသာစရာပါ..ဒါပေမဲ့

အဲဒါမျိုး ညစ်တာတွေ ထပ်မဖြစ်အောင် ကြိုတင်ပြီး နောက်တစ်ခါ မခံရအောင် လုပ်ဖို့ လိုပါတယ်

အခုလည်း တော်တော် များများ ပျော်နေကြမှာပါ.. ၁၉၉၀ လို မဖြစ်ဖို့ စောင့် ကြည့် ရအုံး မှာပါ..

လွှတ်တော်ထဲ တကယ်ဝင် ထိုင်ရင်တောင် လွှတ်တော်ထဲ မှာ ထိုင်ခုံတော်တော်များများ ကို ရသေးတာ မဟုတ်ဖူးဆိုတာ သတိရှိဖို့ လိုပါတယ်..

အရေးကြီးတာ က လွှတ်တော်ထဲ မှာ ထိုင်နေပေမဲ့ နိုင်ငံပြည်သူပြည်သား တွေ အတွက် အကျိုးပြု မှု လုပ်ဆောင်နေသူတွေ ဖြစ်အောင် လွှတ်တော် ကိုယ်စားလှယ်တိုင်း ဖြစ်အောင် ဆွဲဆောင် ပြောဆို နိုင်ဖို့ လိုပါတယ်..

ပြည်သူကိုယ်စားပြု သူတိုင်းဖြစ်အောင် လုပ်ဆောင်ဖို့ လိုပါတယ်...

ထိပ်တိုက် ဖြေရှင်းမှုထက် ကန့် ကွက်တာတွေ ထက် အမှန်ကို မြတ်နိုးသူတွေ ဖြစ်အောင် အချက် အလက်နဲ့ စနစ်တကျ အကျိုး အကြောင်း ဆီလျှော် စွာ ဖြင့် တစ်ထစ်ချင်း လုပ်ဆောင်နိုင်ဖို့ မျှော်လင့် ရမှာပါ..

အခုတော့ လွှတ်တော် ထဲ အမှန်တကယ် ဝင်ထိုင်ရ မှ ၃၀ရာခိုင်နှုန်း သေချာမှာပါ...

၁၉၉၀ က အဖြစ် က သက်သေ ရှိတာ ကို မေ့မရပါ...အခုမှ ၁၀ ရာခိုင်နှုန်း လောက် အသိအမှတ် ပြုခံရတာပါ...

တစ်ခုရှိတာ က ပြည်သူတွေ က နှစ်တွေ ဘယ်လောက် ကြာကြာ သူတို့ ရဲ့ ဆန္ဒ က ၂၀၁၂ အထိ မပြောင်းသေးတာ သက်သေပါ...

ပြည်သူ့ ဆန္ဒ နှစ် ၂၀ ကျော်လည်း အရင်အတိုင်းပါပဲ...၁၉၉၀ ကို မမေ့သေးတာပါ မျိုးဆက်သစ် ကို အသိပေးဖို့ လိုပါတယ်...ဆယ်ကျော်သက်တွေ ဘာမှန်းသိမှာမဟုတ်ပါဘူး...သတိရှိနိုင်ကြပါစေ...

Sunday, April 1, 2012

နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် မဲရုံ၌ ဆန္ဒမဲ လာရောက်ပေးစဉ်။




နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် ယနေ့နံနက် ၁၁ နာရီ ၁ဝ မိနစ်ခန့်က နေပြည်တော် ဇမ်ဗူသီရိ မဲဆန်ဒနယ် မဲရုံအမှတ် (၁/၁) အထက (၅) မဲရုံ၌ ဆန္ဒမဲ လာရောက်ပေးစဉ်။

ဧပြီ တစ်ရက် နေ့  နံနက် ပိုင်း မဲပေးမှု ဓာတ်ပုံ

ပုသိမ်မြို့တွင် ယနေ့ ဧပြီလ (၁)ရက်နေ့ဝယ် ပိတောက်ပန်းများ အထူးပွင့်နေကြကြောင်း၊ တစ်မြို့လုံးမှာ ကြားဖြတ်ရွေးကောက်ပွဲကိုသာ အာရုံစိုက်နေကြပြီး ဈေးဆိုင်အများစုမှာ ဆိုင်ပိတ်ထားကြကြောင်း သိရသည်။-Popular Myanmar News Journal

Kyaw Win Khine

ကော့မှူးမြို့နယ် ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ ) သို့ လာရောက်ကြည့်ရှုသော ဒေါ်အောင်ဆန်းစုကြည်
Photo Messenger News Royaltower Journal

ရဲရင့်ငယ် ဘလောက် မှ











မြန်မာလုပ်သားများ အရစ်ကျစနစ်ဖြင့် ကားဝယ်ယူ၍ မြန်မာပြည်သို့ တင်သွင်းနိုင်ပြီ

ဟန်းဂုရွာ ဘလောက်မှ ရယူသည်..

ကိုရီးယားသို့ အီး-၉ ဗီဇာဖြင့် လာရောက် လုပ်ကိုင်နေထိုင်သည့် မြန်မာအလုပ်သမားများ အတွက် အထူးအစီအစဉ် အဖြစ် မော်တော်ကား အသစ်/အဟောင်းများကို အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးမည် ဖြစ်ပြီး၊ မြန်မာပြည် အရောက် ပို့ဆောင်ရေးကိုပါ တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆောင်ဝူးရောင်းဝယ်ရေး ကုမ္ပဏီက ယနေ့ ကြေညာပါသည်။

အဆိုပါ အစီအစဉ်အရ Samsung, Hyundai, KIA, Ssangyong, Daewoo ထုတ် အိမ်သုံး(လူစီး)နှင့် အငယ်စား ကုန်ကားများကို လပေါင်း ၃၀ အရစ်ကျ ငွေချေစနစ်ဖြင့် ရောင်းချပေးမည်ဟု သိရပါသည်။ ကားတန်ဖိုး၏ ၂၀ ရာနှုန်း ငွေပေးချေပြီးပါက မြန်မာပြည်သို့ တင်ပို့နိုင်ပြီဟု ဆိုပါသည်။

ဝယ်ယူသူ မြန်မာ အလုပ်သမားသည် ကိုရီးယားမှ အပြီးအပိုင် မထွက်ခွာမီ ကားတန်ဖိုးကို အပြီးအကျေ ငွေချေရန် တာဝန်ခံနိုင်သည့် အခြေအနေ ရှိရမည် ဖြစ်ပြီး၊ မိမိ၏ ကိုယ်ရေး အချက်အလက်နှင့် အလုပ်အကိုင်ဆိုင်ရာ အထောက်အထားများကို တင်ပြ၍ ကုမ္ပဏီနှင့် ညှိနှိုင်း ၀ယ်ယူနိုင်သည့် စနစ်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထားပါသည်။

ယခု ရောင်းဝယ်ရေး အစီအစဉ်မှာ မြန်မာပြည်ဘက်မှ ပြောင်းလဲလာသော အခြေအနေများနှင့် မော်တော်ယာဉ် တင်သွင်းခွင့်များ ပွင့်လင်းလာမှုကြောင့် မြန်မာလုပ်သားများ အဆင်ပြေပြေ ၀ယ်ယူနိုင်ရန် အထူးစီစဉ် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ဆောင်ဝူးကုမ္ပဏီမှ ဒါရိုက်တာ ဘတ်ဂျီဟယွန်းက ပြောပါသည်။

ဝယ်ယူနိုင်သည့် ကားအမျိုးအစားများ၊ ဈေးနှုန်းနှင့် ၀န်ဆောင်ခများ၊ ရောင်းချပေးမည့် စနစ် အသေးစိတ် သိလိုပါက အောက်ပါ အတိုင်း ဆက်သွယ် စုံစမ်းနိုင်ကြောင်း သတင်းကောင်း ဖြန့်ချိလိုက်ပါသည်။

성우상업 : www.sungwusale.co.kr
주소 : 서울특별시 강동구 명일동 44-2
전화번호 : 02-4811-8233 팩스번호 : 02-4811-8235
대표이사 : 박지현 휴대폰 : 010-2201-8539

မျိုးဆက်သစ် တို့ မွေးဖွားခြင်း



ဗမာ နိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများ အဖွဲ့ ချုပ်(ဟင်္သာတ)ကို ဟင်္သာတ မြို့ ပေါ်က တက္ကသိုလ် ၄ ခု တက္ကသိုလ် ကျောင်းသားတွေ က စတင်ဖွဲ့ စည်းပြီး ဗကသ ဥက္ကဌ ကို ကျော်ကိုကို က မတ်လ ၂၉ ရက်နေ့ မှာ အသိအမှတ်ပြု ပြီး ဗကသ အလံ လွဲအပ်ခဲ့ပါတယ်။ ။

မကွေးတိုင်း ရေစကြိုမြို့နယ် မဲပေးစာရွက် ခြစ်မရ

2012-03-31
RFA
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ် အမှတ် (၈) ရပ်ကွက် မဲရုံအမှတ် (၁) မှာ မနေ့က နေ့လည် (၁၁) နာရီက ကြိုတင်မဲသွားပေးရာမှာ မိမိပေးလိုတဲ့ အမတ်လောင်းအတွက် မဲခြစ်ပေးရာမှာ မဲပေးစာရွက်က ခြစ်လို့မရဘဲ ချော်နေကြောင်း သိရပါတယ်။



နောက်ထပ် မဲစာရွက် ထပ်မံတောင်းဆိုရာမှာလည်း တရွက်ပဲပေးခွင့်ရှိလို့ မရဘူးလို့ မဲရုံမှူးတာဝန်ရှိသူတွေက ပြောကြောင်း ကိုယ်တိုင် မဲသွားပေးခဲ့သူ ကိုအောင်ကျော်ဝင်းက ပြောပြပါတယ်။

“စာရွက်က မှင်သုတ်လိုက်တော့ အခါကြတော့ စာရွက်က ချော်နေတာ။ အဲဒါနဲ့ ကျနော်က နောက်စာရွက် တရွက်ထပ်တောင်းတာ သူကစာရွက်က တရွက်ပဲ ပေးခွင့်ရှိတာပါတဲ့။ တရွက်ထဲပဲပေးတာပါတဲ့။ ချော်နေတာ စာရွက်က ချော်နေတာအကိုရဲ့။ ခြစ်လို့ကရတယ်။ဟိုလို မှင်ပျက်သွားတာပေါ့ဗျာ။"

ကဗျာဆရာကြီး ဒဂုန်တာရာ ကိုယ်တိုင်မဲပေးမည်

by Yangon Press International on Saturday, March 31, 2012 at 12:57pm ·

မတ်လ ၃၁ ရက်၊ ၂၀၁၂ ခုနှစ်- (YPI)
ရှမ်းပြည်နယ် အောင်ပန်းမြို့တွင်နေထိုင်လျက်ရှိသော အသက် (၉၀) ကျော်အရွယ် မျက်မမြင် ကဗျာဆရာကြီးဒဂုန်တာရာဟာ ကြိုတင်မဲဆန္ဒပေးခြင်း မပြုပဲ ဧပြီလ (၁) ရက်နေ့မှာ သက်ဆိုင်ရာ မဲရုံသို့ ကိုယ်တိုင်သွား မဲပေးမည်ဖြစ်ကြောင်း သိရသည်။
ဆရာကြီး ဒဂုန်တာရာ မဲပေးမည့်နေရာမှာ ကလောမြို့နယ် ရွာငံစု အမက (၁၄) တွင် ဖွင့်လှစ်ထားမည့် မဲရုံ အမှတ်(၆) တွင်ဖြစ်ကြောင်း သိရသည်။
ဆရာကြီး ဒဂုန်တာရာအနေဖြင့် မျက်စေ့မမြင်သည့်အတွက် ၄င်းဇ။် တူမဖြစ်သူ စာရေးဆရာမ သင်းမြစန္ဒီ ကို အကူအညီဖြင့် ခေါ်ဆောင် မဲဆန္ဒပြုဖွယ်ရှိကြောင်း စုံစမ်းသိရသည်။
ဆရာကြီး ဒဂုန်တာရာသည် သခင်ကိုယ်တော်မှိုင်းဦးစီးသည့် ငြိမ်းချမ်းရေးလှုပ်ရှားမှုများကို ဦးဆောင်ပါဝင်လှုပ်ရှားခဲ့သူဖြစ်ပြီး တစ်သက်တာ ကာလပါတ်လုံး ငြိမ်းချမ်းရေး အယူအဆ ကိုကိုင်စွဲထားသူဖြစ်သည်။

ဆရာကြီးဒဂုန်တာရာဇ။် ထင်ရှားသော အယူအဆ တစ်ခုမှာ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ နိုင်ငံရေးဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ ဆိုသော အယူအဆ ဖြစ်သည်။

နှစ် ၂၀ ကျော် မှ တစ်ကျော့ ပြန်လာတာ ကို ... ချစ် တာ ကို ခြစ် ခဲ့ ညစ် တာတွေ ကို ပစ်ခဲ့ လိုရင်တော့ ရစ်ခဲ့ပေါ့

ဒီနေ့ မှာ တစ်ချို့ တွေ မဲ ပေးရသောနေ့ ပေါ့

ဒါမျိုး ဖြစ်ဖို့  နှစ် ၂၀ ကျော် ကြာတယ်...

ဖြစ်သင့်တာတွေ လုပ်သင့်တာတွေ ကို လုပ်ဖို့ လို ပါတယ်

ချစ်တာတွေ ကို ခြစ် ရမှာပါ...

ညစ်တာ တွေ ကိုလည်း တွေ့ ရမှာပါ အကျင့်ပါနေတာ ကို နားလည်ပေးပြီး ပစ် နိုင်ဖို့ ကူညီ လိုက်ပါ

ပစ်မရ ပြုမရဖြစ်ရင် မြန်ပြည်သားတွေ ဘဲ ရစ်လိုက်ပေါ့

မသောက်ပဲ ရစ်တတ် တာ မြန်ပြည်သားတွေ လုပ်တတ်ပါတယ်..

နှစ် ၂၀ ကျော် တွေ့ နေမြင်နေရတော့ နည်းနည်း လေးတော့ အသိရှိ အတွေ့ အကြုံ ရှိမှာပါ...

ကောင်းမွန်အေးချမ်း သော နေ့ ဖြစ်ပါစေ...

ငဝန်နဒီ