ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Thursday, June 7, 2012
နယ်မြေ ကျဉ်းခြင်းနောက်ဆုံးပါတကား
ရန်ကို ရန်ချင်း တုံနှင်းခြင်း က  နယ်မြေ ကျဉ်းခြင်းနောက် ဆုံးပါတကား။
ငဝန်နဒီ
နေမျက်စိ ထဲ ညနေကြယ် စပါးမွှေးစူး
မြောက်အမေရိကတိုက်နဲ့   အမေရိကတိုက်အလယ်ပိုင်းမှာနေသူတွေ၊ အနောက် အာဖရိက၊ ဥရောပနေရာ အတော်များများအပြင် အာရှ ပစိဖိတ်ဒေသတလွှားမှာ နေသူတွေဟာ သောကြာကြယ်ကြီး ဖြတ်သွားတာကို ၆ နာရီကျော်ကြာအောင် တွေ့ခဲ့ကြတာပါ။ စောင့်ကြည့်သူတွေဟာ  အထူးမျက်မှန်တွေနဲ့   ကြည့်ရှုခဲ့ကြတာဖြစ်ပြီး နေရှေ့ကနေ ဖြတ်သွားတဲ့သောကြာကြယ်ကို အမဲစက်သေးသေး လေးအဖြစ် တွေ့ကြရပါတယ်။ တချို့ကတော့ အပြင်ထွက်ပြီး ကိုယ်တိုင်မကြည့်ကြဘဲ အမေရိကန် အာကာသစူးစမ်းလေ့လာရေးအဖွဲ့ NASA နာဆာနဲ့  ဥရောပ အာကာသ စူးစမ်းရေး အဖွဲ့ ESA  အပါအ၀င်  သိပ္ပံဌာနတွေရဲ့ ၀က်ဘ်ဆိုက်စာမျက်နှာတွေမှာ တင်ထားတာကို စောင့်ကြည့်ကြသူတွေလည်း ရှိပါတယ်။ သောကြာကြယ် အခုလို ဖြတ်သန်းတာဟာ နှစ်ပေါင်းတရာကျော်မှာမှ  ၈ နှစ်ခြားပြီး တစုံအဖြစ် တွေ့ရလေ့ရှိပါတယ်။ လွန်ခဲ့တဲ့နှစ် တရာ ကျော်က အခုလိုဖြတ်သွားချိန်မှာ နေနဲ့ကမ္ဘာကြား အကွာအဝေးဟာ ကီလိုမီတာ သန်းပေါင်း ၁၅၀ ကျော်တယ်လို့ သိပ္ပံပညာရှင်တွေက တွက်ဆကြပါတယ်။ အခု ၂၀၀၄ ခုနှစ်နဲ့ ၂၀၁၂ ခုနှစ်တွေမှာ ၈ နှစ်ခြားပြီး တွေ့ရတာမျိုးကို ၁၈၇၄ ခုနှစ်က တကြိမ်ကြုံခဲ့ရသလို ၂၁၁၇ ခုနှစ်ရောက်မှ  နောက်တကြိမ်ထပ်ပြီး တွေ့ရတော့မှာဖြစ်ပါတယ်။
ဗီအိုအေ မှ သတင်း
Wednesday, June 6, 2012
နျူကလီယား ကိုတောင် ဆေးဘက်ဆိုင်ရာ အတွက်ပါ.
အတိတ်က နျူကလီယား စီမန်ကိန်းတွေက ဆေးဘက်ဆိုင်ရာ အတွက်ပါ....
ကာကွယ်ရေးအတွက်မဟုတ် လက်နက်ထုတ်ဖို့မဟုတ်....
ဘာမှလဲ လက်တွေ့မဖြစ်ပါ...
စ လုံး ရေ စပါ...
အခု အကုန်ရပ်လိုက်ပါပြီဗျာ ဆိုတဲ့ ကာကွယ်ရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး လှမင်း
ဒီပွဲ က အမြှင့်ဆုံး ရေချိန်ရောက် တဲ့ ဒီမိုကရေစီရဲ့ ပွဲ
မြန်ပြည် ဒီမိုကရေစီလမ်း ကို သွားနေတာမှာ အခု အဓိကရုဏ်း ဆန်သော အခြေအနေ ဖန်တီးပြီး ဖျက်ဆီးမဲ့ အကြံ နဲ့ ဝင်လာသောအခြေအနေ ကို တွေ့ နေရပါတယ်
ဒီပွဲ က တကယ်ကို ဒီရေမှတ် အမြှင့်ဆုံး အချိန်ပါ..
ဒီအခြေအနေ ကို တည်ငြိမ် အောင်ထိန်းနိုင်ရင် အကောင်းဆုံးပေါ့
ဒီနေရာ မှာ
အကောင်းဆုံး ရလဒ်ရယ် အဆိုးဆုံး ရလဒ်ရယ် ကို ကြည့်ရင် အဖြေက ရှင်းရှင်းလေးပါ..
ကဲ အကောင်းဆုံး ကို ကြည့်ရင် မြန်ပြည် ဒီမိုကရေစီမှာ တရားဥပဒေစိုးမိုး ရေး ကိုအားလုံး ညီညီညာညာ လက်တွဲ လုပ်ဆောင် ကြတာ ကို တွေ့ ရပြီး ဒီမို ကရေစီ လမ်း ပိုကောင်း မှာပါ..
ကဲ နောက်တစ်ခု အဆိုးဆုံး ကို ကြည့်ရအောင် အခု တောင်းဆို တာမှာ
မတရားပြုကျင့်ခံ အသတ်ခံရသူ မိန်းကလေးဘက်က တောင်းဆိုမှု မတွေ့ ရသေးပေမဲ့
ခရီးသွား အသတ်ခံရသူတွေ အတွက် သာ သက်သက် တောင်းဆိုမှု တဖက်သတ်ကတော့ မကောင်းပါဘူး
အဲဒါ ကို တရားမျှတတောင်းဆိုမှု မခေါ်သလို မကျေနပ်သူတွေ က တန်ပြန်တောင်းဆိုတာထက်
ဆန္ဒထုတ်ဖော်တာမျိုး လုပ်လာရင် ဆန္ဒပြသူတွေ က နည်းနည်း ဆန္ဒထုတ်ဖော်လိုသူ များများကြားမှာ အစပျောက်သွားနိုင်ပါတယ်
အရင်းစစ်တော့ ခဏတာဆန္ဒထက် ပြဿနာ ရှာတာသက်သက် ဖြစ်မှာစိုးရပါတယ်..
အသာစီးရ ခဏပါပဲ..နောက်လာနောက်သားတွေ တစ်သက်လုံး မတွေးဝံစရာ ကို ဖြစ်နေမှာပါ..
ဒီမိုကရေစီဆိုပြီး မိမိတဖက်တည်းတောင်းရင် မူလ အစပြဿနာ ကို ချန်ထားလို့ မရပါဘူး
မျှတ တဲ့ တောင်းဆိုမှု အေးချမ်းတဲ့ စိတ်ဓာတ် ကို မွေး အရှည် ကို ကြည့်ရင် ဒီမိုကရေစီဟာ အများဆိုင်ဖြစ်လာမှာပါ..
ဆန္ဒထပ်ပြ တာတွေ ရှိလာရင် ဆန္ဒ ထုတ်ဖော်ချင်သူတွေ က အသင့်ရှိနေတာ ကို ရခိုင်က အခြေအနေ ကို ကြည့်ရင် တွေ့ ရမှာပါ..
တစ်ယောက် နဲ့ ဆယ်ယောက် ဘယ်လိုပဲဖြစ်ဖြစ် လူသားတွေ ပါ ပြေလည်စွာ ဖြေရှင်းတာ အကောင်းဆုံးပါ..
အဆိုးဆုံး အခြေအနေမှာ ရလဒ်က နစ်နာမှုက လွဲပြီး မြန်ပြည်သားတွေ ဒီမို ကရေစီဆိုပြီး ဘေးလူမပါ သူတို့ ချည်းသာ ရယူသွားနိုင်ပါတယ်...
မြန်ပြည်ဒီမိုကရေစီ ညီမျှ ဖို့  အေးအေးချမ်းချမ်းနေကြတာ အကောင်းဆုံးပါ..
မြန်ပြည် မှာ ဒီမိုကရေစီ က ရနေတာပါ... မြန်ပြည်သားတွေ ချည်းပဲ ရအောင် လုပ်ပေးရင်တော့
လူသားချင်းစာနာမှုတွေလူသားစိတ် ပျောက်တာတွေ ရှိလာနိုင်ပါတယ်..
ညီမျှသော အတွေး အေးချမ်းသော သမိုင်း ကိုသာရေးပါ ခဏတာ ဖြစ်လိုမှုထက် အရှည် ကို ကြည့်နိုင်ကြပါစေ...
ငဝန်နဒီ
ရန်ကုန် ဆူးလေ နားက အေးချမ်းစွာ ထိန်းပေးနေသော ကိုမြအေး
Tuesday, June 5, 2012
တိုင်းတစ်ပါးဝင်စွပ်သော မြန်မာဒီမိုကရေစီရေး သတိထားရန်လို အဓိကရုဏ်းထက် သွေးစုပ်စီမံကိန်းမှန်သမျှရပ်တန့် ရန်လို
ဒီစာ က ရေးဖို့ ကကြာပါပြီ သတိထားမိလာတာက မြန်ပြည် ငြိမ်းချမ်းရေး ယူထားသူကို တိုင်းတစ်ပါးက ဖမ်းဝရမ်းထုတ်တာ အဓိက ကြိုးကိုင်သူက သူဆီပြီးရင်ပို့ ပေးဖို့  ငွေပေးခိုင်းထားတာ အနောက်နိုင်ငံတွေ မြန်ပြည်ထဲဝင်လာမှာရယ် သူကြိုးကိုင်လို့ မရမှာဖြစ်လာတာရယ်
မြစ်ဆုံစီမံကိန်းရပ် ထားတာရယ် မကျေနပ်လို့ လုပ်တာ ကို သတိထားရပါမယ်
နောက်တစ်ဆင့်တတ်လာတာက အလုပ်သမားတွေ ဆန္ဒပြအောင် အနောက်အုပ်စုတွေ့ မြန်ပြည်ထဲ ရင်းနှီးမြှပ်နှံတာ နှောင့်တွန့် နေအောင် တမင်ဖန်တီးထားတာပါ...
မြစ်ဆုံပြန်စချင်တော့ တစ်နိုင်ငံလုံးမီးထွန်းတာတွေ လုပ်လာအောင်လုပ်အောင် ကြိုးစားလာတာရယ်
အရမ်းသိသာလာပါတယ်
မြန်ပြည် က ဒီမိုကရေစီ ကို တစ်လှမ်းခြင်းသွားနေတာ ကို မရှုစိမ့်ဖြစ်လာတာကို သိသာပါတယ်
မြန်ပြည်သားတွေ ကလည်း စနစ်ကျစွာဖြင့် သတိထား တောင်းဆိုပြီးရင် နားလည်မှုယူ လုပ်လာတော့
တိုင်းတစ်ပါးသားကြီး စိတ်ညစ်နေတာပေါ့
အိန္ဒိယ က လည်းလာရော မဖြစ်တော့ဘူး ဆိုပြီး အဓိကရုဏ်းဖြစ်ဖို့ ကြိုးစားလာတာပါ..
တိုင်းတစ်ပါးကနေ သူမြှပ်နှံသောပတ်ဝန်းကျင်မှာ အိန္ဒိယ နွယ်ဖွားတွေ မရှိအောင်ကြိုးစားလာတာပါ
ဒါကို မြန်ပြည် ဒီမိုကရေစီရယူလိုသူတွေ က သတိထား ကိုင်တွယ်ဖို့ လိုလာပါတယ်..
တစ်ခုရှိတာက အဓိကရုဏ်းထက် မြန်မာမြေပေါ် မှာ လုပ်ချင်သလိုလာလုပ်နေသောစီမံကိန်း တွေ မြန်ပြည်ကို တဖက်လှည့် သွေးစုပ်နေသော ပတ်ဝန်းကျင် ကို အဓိကရုဏ်း လိုလို ဘာလိုလို လုပ်ပြီး အဲဒီစီမံကိန်းကြီးပျက်အောင် အဖျက်ခံရမှာကို
မကြောက်ရင်တော့
မြန်ပြည် ပျက်စီးအောင်လုပ်နေသော တိုင်းတစ်ပါးကြီးသတိထားရမှာပါ..
အခုက အခွင့်ကောင်းပါ လူလူချင်း ဖျက်စီးခြင်းထက် မိမိမြေမှာ လုပ်ချင်သလို လုပ်နေသူတွေ ကို မောင်းထုတ်ရန် အခွင့်ကောင်းဆိုတာ သတိထားရမှာ ကို လိုလာမှာပါ..
မြန်မာ နိုင်ငံသား အယောင်ဆောင်တွေ ကို မောင်းထုတ်ရန် အခွင့်ကောင်း ပါ..
အဓိကရုဏ်း ထက် တိုင်းတစ်ပါး သွေးစုပ် အမြတ်ထုတ်သူတွေ ကို မောင်းထုတ်ဖို့ အတွက် မြန်ပြည်ကနေ ဒီမို ကရေစီလုပ်ဆောင်ရာတွင် အဖျက်လုပ်သော တိုင်းတစ်ပါး သွေးစုပ်စီမံကိန်းတွေကို မသိမသာနဲ့  အရင် စာချုပ်တွေ ပျက်အောင် မြန်ပြည်က အကွက်စနစ်တကျ ချ လုပ်ဆောင်မှာ ကို
တိုင်းတစ်ပါး က စွပ်ဖက်မှု မြန်မာ ဒီမို ကရေစီဖြောင့်ဖြူးဖို့  မကောင်းသော စီမံ ကိန်းမှန်သမျှ ဖျက်ဆီးရန် အခွင့်ကောင်းဖြစ်အောင် မိမိဖာသာဖန်တီးသလိုဖြစ်မှာကို တိုင်းတစ်ပါးသိသင့်ပါတယ်..
မြန်မာပြည်ဒီမိုကရေစီခြေလှမ်း စနစ်တကျ ဖြတ်သန်းနိုင်ပါစေ...
တိုင်းတစ်ပါးသွေးထိုးမှု ကို တိုင်းတစ်ပါးသွေးစုပ် စီမံကိန်း ဖျက်ဆီးဖြင်းဖြင့် အဆုံးသတ်သွားနိုင်သည် ကို သတိရှိရမှာပါ.
အဲလိုဆိုရင် မြန်ပြည်ဒီမိုကရေစီ တိုးတတ်မှု ပိုမြန်လာမှာပါ...
ငဝန်နဒီ
Monday, June 4, 2012
ဒေါ်စု မဲဆောက်ခရီးစဉ် စပီကာ မရလည်း ပြောလို့  ရတာလေးတော့ ပြောသွားတာပဲ..လက်ဆင့်ကမ်းပြောပေးပါတဲ့
ဂျပန် မှ ကားဟောင်းဈေးတစ်ချို့  ဈေးအနညိးငယ်ကျလာ
ဒီနေ့ ည ကားဈေး တစ်ချို့ ဈေး ကို ကြည့် လိုက်တော့ နဂို ဈေးတွေ ထက် အနည်းငယ် ကျဆင်းလာတာ ကို တွေ့ ရပါတယ်..
အရင်းအမြစ် ကတော့ မသိပေမဲ့ 
တစ်ခုခုတော့ ထူးတာ ရှိမယ်ထင်ပါတယ်
သိတာကိုပဲ တင်လိုက်တာပါ
တစ်ခု ထူးတာက တလောက facebook မှာ ကားတင်ပို့ ခ တွေ ဘာတွေ ကို တွေ့ တော့ အသိတစ်ယောက် ကလည်း အဲဒီဈေး အတိုင်းပဲ  ရန်ကုန်မှာ  မေးခိုင်းတာကို  အဲ ဈေး အတိုင်းပဲပြောတော့
ချက်ချင်းဘဲ ဂျပန် ကားပို့ နေကျ သူ ကိုပြောတော့ ရန်ကုန် ကဘယ်သူက ပြန်ဖြေလိုက်တာလဲပေါ့
ဂျပန်မှာတော့ အဲဒီဈေးတွေ ထက် ၃ ဆ လောက် သက်သာနေတာပါ..
ဘယ်လိုကားတွေ တင်လို့ ရတာတွေ တင်ဖို့ ရှိပေမဲ့ သူတစ်ပါး ကို ထိခိုက်မှု မရှိဘူးထင်တဲ့  တစ်နေ့ တင်ပါမယ့်...
ငဝန်နဒီ
Saturday, June 2, 2012
ငဝန်နဒီကို အိုင်ဖုန်း မှာ ဖတ်လို့ ရပြီ ဂျေးဘရိတ်မလို ပါ
ငဝန်နဒီကို အိုင်ဖုန်း မှာ ဖတ်လို့ ရပြီ ဂျေးဘရိတ်မလို ပါ
အိုင်ဖုန်း က အက်စ်ပယ် စတိုး ကနေ မြန်မာ အာအက်အက် ရီတာ ကို ဝယ်ဖို့ တော့ လိုပါတယ် ၈၅ယမ်း ကျသင့်ပါတယ်။
ညွန်းဆိုရမည့် အာအက်စ်အက်စ် ကို URL မှာထညိ့ရပါမယ်။
ထည့် ရမှာကတော့ www.ngawonnade.blogspot.com/feeds/posts/default?alt=rss
ကိုထည့်လိုက်ရင် ငဝန်နဒီက စာတွေ သတင်းတွေ ဗီဒီယို တွေ ကို အိုင်ဖုန်းတွေကနေ ကြည့်လို့ ရပါပြီ။
ငဝန်နဒီ