ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး
Thursday, August 23, 2012
ထွင်းဖောက်မြင် အိုင်ဖုန်း ဖြစ်လာနိုင်သလား
လာမည့် လ ဆို အိုင်ဖုန်း ၅ က တော့ ထွက်မယ်ပြောတာပဲ... အိုင်အက်အို ၆ ကတော့ စမ်းနေပါပြီ
ဘလောက်စ် တစ်ခု က ကိုယ်ယောင်ပျောက် မာစီးဒီး ကို ရေးတာတွေ့ တော့ အိုင်ဖုန်း ၅ ကရော အဲလိုဖြစ်လာနိုင်သလားပေါ့
အရင်က အိုင်ဖုန်းတွေ မှာ ကင်မရာ နှစ်လုံးတပ်တာ မထူးပေမဲ့ ထွင်းဖောက်ဖို့  ကို အဲဒီကင်မရာ ကို အထူးထပ်ပြုလုပ် ပြီး စကရင် အပြည့် ပေးတာနဲ့  ထွင်းဖောက်လို့ ရနိုင်ပါတယ်
အဲဒါက တမျိုးပေါ့
လေဆာ အလင်းကို ဘေစ့်တစ်ခု ကနေ လွတ်ပေးပြီး ထွင်းဖောက်စကရင်ပြား ကို သုံးရင် လည်းရပါတယ်
ဒီနေရာမှာ စရိတ်ကြီးမှုက ပထမ တစ်ခုကစရိတ် ကြီးမှာ ဖြစ်လို့  ဖုန်းအတွက် မလွယ်လှပါဘူး ဘေးသားချန်ပြီး ထွင်းဖောက်ဆိုရင်တော့ သက်သာပါတယ်
နာရီ အဲလိုမျိုး လွန်ခဲ့သော ၈နှစ်လောက်က ရှိဖူးပါတယ် ..အခုကတော့ အလင်းဖောက် ဖလင်ပြားရယ် လေဆာကို သုံးရင် အိုင်ဖုန်း ကတော့ ထွင်းဖောက် မြင်နိုင်လာမှာပါ..
အရမ်းစောလွန်းရင် စီးပွားရေး အမြတ် ကို တစ်ဖြည်းဖြည်းချင်း ယူတတ်တဲ့ အက်ပယ်စ်က ထုတ်ဖို့ ဆိုတာကတော့ မဖြစ်နိုင်ပါဘူး
အခုအသစ်မှာ အိုင်အက်စ်အို ၆ ပါလာတာ ရယ် စကရင် တဖက်ဖက်ပြည့်တာရယ်လောက်တော့ ထူးလာနိုင်ပေမဲ့
ထွင်းဖောက် ထွက်ဖို့ ဆိုတာကတော့ ဖြစ်နိုင်ရင်တောင် အက်ပယ်စ်က မထုတ်ပါဘူး
သူ့ စီးပွားရေး အရ နှစ်ချို့ ထုတ်မှာပါ...
ထွင်းဖောက် ကို လိုချင်ပေမဲ့ မျှော်လို့ မရသေးတာရယ် မာစီးဒီးမှာ စမ်းတာရယ် ဆိုတော့ အိုင်ဖုန်း ၅ ကတော့ နည်းနည်းလေးပဲ ထူးလာမှာရယ် ဂလက်စ်စီ ကလည်း ၄ဂျီ ပါလာတာပဲ မြန်လာတာရယ် အဲဒါ ကိုတော့ အိုင်ဖုန်း ၅ က လုပ်မှာသေချာပါတယ်
ကွန်ပျူတာလို ဖြစ်နိုင်လာတာလေး ရှိနေပါတယ် ဝင်းဒိုး ၈ နဲ့  မတိမ်းမယိမ်းထွက်မှာဆိုတော့ အဲလိုကလည်းမျှော်မှန်းလို့ မရသေးပါဘူး
တစ်ခုကတော့ ဖုန်းလိုင်းတွေ အရမ်းသက်သာတာ ကို သုံးလို့ ရသွားတာပါ..
၎ ဂျီ က ကွန်ပျူတာလို မြန်အောင် အထောက်အကူ ပြုမှာကိုး
ဘယ်လိုပဲဖြစ်ဖြစ် ထွင်းဖောက်မြင် အိုင်ဖုန်း လိုချင်ပေမဲ့ မရနိုင်သေးကို သိလိုက်ရပါတယ်..
ငဝန်နဒီ
Sunday, August 19, 2012
ငဝန်နဒီ မြစ်ရေ ကြီး မှတ်တမ်း
မဇ္ဈိမ နှင့် ဒီဗွီဘီ မှ ဓာတ်ပုံများ စုစည်းထားပါသည်..ပုသိမ်မှာ နှစ်စဉ် အနည်းနဲ့  အများတော့ ရေတတ်တတ်ပါသည်။
ဒီနှစ် က ဝါထပ်တော့ မြစ်ရေတိုးတာရယ် ပေါင်းလိုက်တော့ ရေ အတော်ကြီးသွားတာပါ..
ငယ်ငယ်တုန်း ကဆို ၁၉၈၀ လောက်ကပေါ့ မူလတန်းကျောင်း ကပြန်လာရင် ယိုးဒယားကုန်းလမ်းမှာ ၁ပေ ကျော်ကျော်လောက် ကတ္တရာလမ်းပေါ် ရေကျော်နေတာကို ဆော့ရင်းပြုရင်း မိုးတွင်းဆို အိမ်ပြန်ကြရတာပါ...
ဆယ်စုနှစ် တစ်ခုလောက်လည်းကျော်ရော ကမ်းနားလမ်းမှာ ရေ တွေ တစ်ပေလောက်အထိတတ်လာပါတယ် နောက်တော့ ငဝန်နဒီ ရဲ့ ဘောင် ကို ရေကျော်လာပါတော့တယ်..
ညနေ ဆို ကိုယ့်မင်းကိုယ့်ချင်း တံတား ကို ရေထဲကဖြတ်ပြီး ရန်ကုန်သွားဖို့  သင်္ဘောပေါ်ကို သွားကြရပါတယ်။
အဲဒီတံတားဘေး က ကွန်ကရစ်ဘောင် က ညနေ ရေတိုးချိန်ဆို ရေအောက် ရောက်သွားပါတယ်... အနီးက ကုက္ကိုပင် အနီးက မြောင်းဖုံးရယ် ဂျိုင့်ရယ် ရေ အောက်ရောက်နေချိန်ဆို ပေါင်လယ်ကျော်ကျော်လောက် ကို မြုပ်တာပါ..အဲအနား ကို လူတွေ မသွားအောင် ကလေးတွေ မရောက်အောင်သတိပေး နေကြပါတယ်..
မြစ်ရေ က နေ့ လည် ၁၂ နာရီ လောက်ဆို တိုးချင် လာပါတယ် အဲဒီအချိန်မှာ ရေတတ်မိုး ကပါ တစ်ခါတည်း လိုက်ပါ ရွာချတတ်ပါတယ် တစ်နေ့ တစ်နေ့  တစ်နာရီဝန်းကျင်လောက် အချိန်နောက်ဆုတ် ရွာတာ တိုးတာ ရှိတတ်ပါတယ်...
လပြည့် ဆို ပို သတိထားရပါတယ်..
အရင်ကတည်းက မြစ်ရေကြီးတာ မဆန်းပေမဲ့ တစ်ချို့ နှစ်တွေ တော်တော် ခံကြရတာပါ..အခုတော့ မီဒီယာတွေ က ဖော်ပြတော့ တော်တော်များများ ကူညီလို့ ရနိုင်မှာပါ..
ပုသိမ် ရန်ကုန်လမ်းဆို တော်တော် များများရေကျော် တာပါပဲ ကြိုးကြာကွင်းနားရယ် ဒါးက နားရယ် ကန်ကလေး လမ်းဆုံနားတွေ ဆို တော်တော် ဆိုးပါတယ်
ရထားလမ်းတွေ ပတ္တလား တီးမလိုတောင်ဖြစ်တာတွေ ရှိပါတယ်
ဖြတ်လမ်း အသစ်ဆို သွားလို့ မရတော့လို့  သုံးဂွ ကနေ အရင် လမ်းဟောင်းကနေ ကျောင်းကုန်း ကို သွားရတာတွေ ရှိပါတယ်..
ငဝန်နဒီ
အရင်အတိုင်း တရုတ်ဖုန်းပဲ ကောင်းပါတယ်
မြန်ပြည်ကို အိုင်ဖုန်းတွေ ဘာတွေ ရောက် သုံးရတာတော့ အဆင်ပြေပါတယ်.. နေရာပေါ်တော့ မူတည်တာပေါ့
တရုတ်ဖုန်း ကြတော့ နေရာတော်တော်များများ မှာ အဆင်ပြေတော့
အိုင်ဖုန်း က ၅ သိန်း ၆သိန်း လောက်
တရုတ်ဖုန်း က ၁သိန်းခွဲ ကျော် ကျော်
ကဲ ဖုန်းနှစ်လုံး ဈေးကြီး ပြီး နေရာစုံ မရ
ဈေးပေါပြီး နေရာ စုံ ရတာ ကို ပဲ သုံးနေရအုံးမည်...
တချိန်ချိန်တော့ ဂျပန်မှာတောင် ဆော့စ်ဘဏ် က အခု မှ လိုင်းမိသလို ရှိလာတာ မြန်ပြည်ဆိုတော့ ဖြည်းဖြည်းပေါ့
အခုတော့ ဈေးပေါတာ လည်း အဆင်ပြေနေတော့ ဈေးကြီးတိုင်း အဆင်မပြေ သလို ရှိတာ ကို အသိပေးတာပါ.. အိုင်းဖုန်းကြီး လိုင်းမဝင် လို့  တရုတ်ဖုန်း က ဟုတ်နေတာပဲ..
အိုင်ဖုန်း က နေရာ တော့ စကားပြောပါတယ် မြို့ ပြင် လူရှင်း ရင် ဖုန်းလိုင်းရှင်းပ..
တရုတ်ဖုန်းတော့ ဘက်ထရီ အကုန်မြန်တာရယ် ပူလာတာရယ်တော့ ရှိတာပေါ့ ပြောလို့ သုံးလို့ ရတာကိုး
အိုင်ဖုန်းကတော့ ...အေးအေးဆေးဆေး..လူကြီးမင်းရယ် ဆိုပြီး ယဉ်ယဉ်ကျေးကျေးနဲ့ 
ကုန်ကျစရိတ်များ သက်သာ နိုင်ကြပါစေ..
ငဝန်နဒီ
လူ အခွင့်အရေး အဘိဓာန်( လူ ဆိုပြီးရော)
လူအခွင့်အရေး ဆိုတာ လူတွေ အတွက် ဖြစ်သင့်ဖြစ်ထိုက်သော အခွင့်အရေး
ရသင့်ရထိုက်သောအခွင့်အရေး
သို့ သော် နိုင်ငံတစ်ကာ ကို အော်
ငါနိုင်ငံမှာတော့ ငါဟာငါ ဘယ်သူဖမ်းဖမ်း
ဘယ်နိုင်ငံကဘဲ ခိုလုံခွင့်ပေးပေး ငါနိုင်ငံထဲမှာရှိရင် လူ့ အခွင့်အရေး အရ ငါအခွင့်အရေး ကွ
အင်္ဂလန် ရဲ့ လူ့ အခွင့်အရေး..
မီဒီယာတွေ အသံတိတ် လူ့ အခွင့်အရေးဆိုတာ နိုင်ငံကြီးက အော်တာတဲ့ သူကြတော့ သူ့ အခွင့်အရေး
သတင်းတွေ ပိတ်တာ လူ့ အခွင့်အရေး သူများနိုင်ငံသား ဥပဒေ ကို ပြင်ချင်တာ လူ့ အခွင့်အရေး
နယ် ကျော် ပစ်သတ် အိန္ဒိယ ရဲ့ လူ့ အခွင့်အရေး
ပင်လယ်ထဲက လာတဲ့သူ ပင်လယ်ထဲ ပြန်လွတ်တာ ထိုင်း ရဲ့ လူ့ အခွင့်အရေး သူ့ လာလမ်းအတိုင်းပြန်လွတ်တာလေ
မြန်ပြည် က တော့ သမ္မတ ကပြော တာ လူ့ အခွင့်အရေး ငြိမ်းချမ်းရေး လေသံ
စစ်တပ်က စစ်တိုက်နေတာ က လူ့ အခွင့်အရေး မတိုက်ရင် အသုံးစရိတ်မရဘူးလေ
ဘယ်လိုဖြစ်ဖြစ် လူ့ အခွင့်အရေး ဆိုပြီး အော်သာအော် ဆော်ဆော်သာဆော်
ဘယ်သူဘာပြောပြော လူ့ အခွင့်အရေး ဆိုပြီး လုပ်...
ကိုယ် တိုင် လုပ်လို့ ရတာ အကုန်လုပ် ငါ့အခွင့်အရေး ...ငါ သည် လူဖြစ်၍ ငါ့ အခွင့်အရေး သည် လူ့ အခွင့်အရေး ဖြစ်သည်..
ငါ = လူ
အခွင့်အရေး = အခွင့်အရေး
ငါ့ အခွင့်အရေး = လူ့ အခွင့်အရေး
ငဝန်နဒီ
စကားချပ်
(အကယ်၍ သင် သည် သတ္တဝါ တစ်ကောင်ကောင် တစ်မျိုးမျိုးဖြစ်လျှင် လူ့ အခွင့်အရေး ဆုံးရှုံးပေမည်..
သတ္တဝါ မဖြစ်ရန်လိုပေမည်..)
(သင်သည် လူဖြစ်ရန်သာ လိုသည်)
Saturday, August 18, 2012
ဒီမိုကရေစီ ရှိမရှိ ကြည့်ချင်ရင် အလကားမရဘူး
မြန်ပြည် က ဒီမိုကရေစီ စနစ် ကို ကူးပြောင်းတော့ နိုင်ငံတကာ ကို ဖိတ်တာပေါ့
မြန်ပြည်..... လာလည် လို့ ရတယ် နော်..
နိုင်ငံတကာ... မယုံဘူး  လာမကြည့် နိုင်ဘူး
မြန်ပြည်....   အေးလေ အလကား ဆိုတော့ ဘယ် တန်ဖိုးထားပါ့ မလဲ...
တနှစ် လောက် လည်းကျော် ရော...
မြန်ပြည်... မယုံရင် လာကြည့် နော် ဒေါ်လာ တွေ ပါ ပါမှ ရမယ်...
နိုင်ငံတကာ.... ဒေါ်လာ တစ်သန်းနှစ်သန်းလောက် နဲ့ တော့ သွားမကောင်းဘူး များများသယ်သွား မှ တော်ကြာ ပိုဆိုးလာမှာ စိုးလို့ ..
မြန်ပြည်.... အေးလေ ပိုက်ဆံလည်းရ ဒီမိုကရေစီလည်းပြ... မပိုင်ဘူးလား ...ဒါ အကင်းပဲ ရှိသေးတာ..
                  နောက်လည်း ပေးရအောင် ပိုက်ဆံတွေ များများစုထားနော်...                    
ငဝန်နဒီ
စာတွေ မရေးဖြစ်ရခြင်း ။ ဆန္ဒပြ ရင် ။ မိဘ ကို ကြိုးချီမည့် သူများ
စာတွေ ကတော့ ရေးချင်ပါရဲ့ လူမိုက်တွေ အကြောင်း ရေးဖို့ များနေတာရယ် လူမိုက်တွေ အကြောင်းရေးရင် အကျိုးဖြစ်ဖို့ ထက် အကျိုးမဲ့ က များနေလေတော့ အကုသိုလ် များခြင်းထက် မရေးတာ ကမှ ကောင်းမယ် ထင်တာနဲ့  မရေးဖြစ်တာပါ..
အခု တလော ထူးတာတွေ ကတော့ ထူးထူးခြားခြား မရှိဘူးလို့  ထင်ရပေမဲ့
အိမ်ဈေးတွေ က အခုထိ တတ်နေတာတွေ ရှိနေသေးတာ ကို အခွန် တိုးကောက်ပြီး ထိန်းမယ် ဆိုပဲ
တသက်လုံး အခွန် ရှောင်လာတာ အခုမှ အခွန်ဆောင်တာ တင်းကျပ် မယ် ဆိုတော့ အံသြစရာပါ
တင်းကျပ် ပါပြီတဲ့ ဝန်ထမ်းတွေ က လစာ လုံလောက် လို့ လား ဒေါ်လာ ဈေး က ထိန်း လို့  ရသေးလို့ လားပေါ့ ဘဏ်တွေ မှာ ဒေါ်လာတွေ လိုသလောက် ဝယ် လို့  ရသေးလို့ လား..
လာဘ်ပေးရမဲ့ ပိုက်ဆံ က အခွန် ပေးဖို့ ရဲ့ တဝက် လောက် တောင်ပေးစရာ မလိုတာပါ..
ရန်ကုန် မှာတော့ ကားတွေ တအားပေါနေလို့  လမ်းတွေ ကျပ် ပါကင်တွေ မရှိ ဖြစ်နေတာ ကတော့ နည်းစနစ်တွေ လိုနေသေး တာပါ ကားတွေ သွင်းရမဲ့ အစီးရေ အထိ ရောက် ဖို့  အဝေးကြီး လိုနေသေးတာတောင် ဈေးတွေ တော်တော် ကျနေပါပြီ
ပုံမှန်လည်ပတ်သော ဈေးဖြစ် ဖို့  ကတော့ ဒေါ်လာ ကလည်းဈေးတည်ငြိမ်သင့်သလို အခွန် ကလည်း သတ်သတ်မှတ်မှတ် ဘယ်တော့ ဖြစ် မလဲ မသိရသေးတာပါ..
အိမ်ဈေး က မကျတော့ နိုင်ငံ တကာ ရင်းနှီးမြုပ်နှံ မဲ့ သူတွေ က နေရာ ဖိုး ကို ပေးတာနဲ့  ရင်းနှီးစရာတွေ အဲဒါနဲ့ တင် တော်တော် စိတ်ပျက်စရာဖြစ်နေမှာပါ...
အိမ်ဈေး ဘာကြောင့် တတ်လို့ ရတာလည်း ဆိုတော့ အစိုးက က ပိုင်ဆိုင်တာ ဘာမြေယာ ဘာ စီမံချက် တွေ ဆိုတာထက်
မြန်ပြည်သူတွေ နေစရာ အိမ်တွေ ဆောက်မပေးနိုင်တာပါ
နေစရာ မစီစဉ် နိုင်သရွေ့ တော့ အိမ်ဈေးက အစိုးရ လက်ထဲမှာမဟုတ်ပဲ မြေရှင်တွေ ကို အစိုးရ ကြောက်နေရမလို ဖြစ်နေမှာပါ..
အစိုးရ အဆောက် အဦး နေစရာ အိမ်တွေ ဖော်ထုတ်ရမှာပါ မြေပေးတာ က မြေကို ပေးပြီး အစိုးရက မြေယာမဲ့ဖြစ်ပြီး မြေဈေးကြီး ဖို့ သာဖြစ်စေတာပါ..
အစိုးရ ပိုင် တိုက်တာ တွေ နေအိမ်တွေ ကို လူဦးရေ သန်း ၆၀ ဆို အိမ် ၁၀ သန်း အနည်းဆုံး လိုသလို အခု ရှိ အိမ်က ဘယ်လောက် ၁သန်း ရှိတယ် ဆို နောက် အိမ်အလုံးရေ ဖြစ်ဖြစ် ကွန်ဒိုလို တိုက်ခန်း ဖြစ်ဖြစ် ၉ သန်းလောက် ဆောက်ဖို့  လိုနေတာပါ..
ပြည်သူတွေ အတွက် နည်းနည်းလေးတောင် လုပ်မပေးနိုင်ရင် နိုင်ငံတကာ က ဒီလို အိမ်မြေ ဈေးတွေ နဲ့  ဘယ်လိုမှ ဝင်လာဖို့  မဖြစ်နိုင်ပါဘူး
ဒေါ်လာဈေးတတ်ရင် အလုပ်သမားဆန္ဒ ပြ နိုင်သလို နေစရိတ် ကြီးရင် လည်း လုပ်ငန်းရှင်တွေ အိမ်ရှင် မြေရှင် တွေ လုပ်ကြွေးသလို ဖြစ်ပြီး သူနိုင်ငံ ကို လက်ချဉ်းသက်သက် ပြန်ဖို့ ပဲ ဖြစ်လာမှာပါ...
ကွန်ဒို ငှား တာ တစ်လ ကို ၆၅ သိန်း ဆိုတော့ နေဖို့ ပဲ ရှိသေးတာ ဟော်တယ်ခ က တရက် ကို ဒေါ်လာ ၁၀၀ ကျော် ကဲ ဘယ်လို လုပ်ငန်းရှင် တွေ လာနိုင်မှာလဲ..
နိုင်ငံတကာ မှာ တော်တော်များများတိုင်းပြည်တွေ မှာ တော်ရုံငွေ နဲ့  ရင်းနှီးမြှပ်နှံခွင့်ပေး နေထိုင်ခွင့်ပါ ချပေးတာ အပြင် နေစရာ အတွက် ရင်းနှီးမတည်ငွေ ရဲ့  ၅ ရာနှုန်းတောင် မရှိတာပါ..
လုပ်ငန်းလာလုပ်ချင်ရင် ဘီလီယံနာ အရင် ဖြစ်အောင် လုပ် မြန်မာ ပြည် မှာ လာလှူ လိုက်ရမှာ လို ဖြစ်နေပါတယ်...
ဒေါ်လာ က ဝယ်ချင်သလောက် ဝယ်မရ အခုဆို အက်အီးစီ တွေ ပြန်ရောင်းတော့ ရောင်းသလောက် မဝယ်နိုင် ဆိုတော့ မြန်မာ စီးပွားရေး ဦးမော့ မမော့ တော့ မသိဘူး
ဘဏ်တွေ က ဦးမော့ ဖို့  နှစ် အတော်ကြာမှာ လားတော့ မသိ..ဘဏ်တောင် ဒီလို ဖြစ်နေရင် ကျန်တာတွေ ကတော့ မသေချာမရေရာ သလိုပါ..
ကားလေး တစ်ခုပဲ အခြေအနေကောင်းလာတာ ဒါတောင် အဲဒါကြောင့် စီးပွားပျက်သွားသူတွေ အတော်များများရှိနေမှာပါ..
ကောင်းတာကတော့ တော်တော်များများ ကားဆိုတာ အနားကပ်လို့ ရသွားတာပါ..အထိနာ တာကလည်း အရင် စားထား သိမ်းထား မတရား ရထားသူတွေ အထိများတာ ပါ အဲလူတွေ နဲ့ ပေါင်း အချင်းချင်း အမြတ်လိုသူတွေ သာ အဖြစ်များတာပါ..
နောက်တစ်ခုက ဆန္ဒပြတိုင်းကောင်းတယ် ထင်သူတွေ ပါ..
ဖယောင်းတိုင် ဆန္ဒပြလိုက်တာ မြန်ပြည် အောက်ပိုင်းမှာ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ ကြီး ထလည် ပါရောလား..
ဆန္ဒပြရင် အကျိုးအပြစ် ရယ် လူအများအသုံးချ ခံဖြစ်သွားမှာ လား ကို တွေးဖို့ လိုသလို..
ဆန္ဒပြရင်း အစိုးရနဲ့ ထိပ်တိုက်တွေ့ လို့  အခက်အခဲဖြစ် ရင် မီဒီယာတွေ က အဲဒါမျိုးဆို မသိသလို နာစည်း နေတာပါ..
ဘယ်လိုမီဒီယာတွေ လည်းမသိ ပြည်သူအတွက်မဟုတ် သူထမင်းစားရဖို့  ပြည်သူတွေ ကို ထောင်ထဲပို့ ဖို့ ဆိုရင် တော့ မကောင်းပါဘူး
ပုသိမ်ရန်ကုန်လမ်း ပိုတောင် ရှည်လာတာ မီဒီယာ တွေ လမ်းဘယ်လိုသွားတာလည်း မသိဘူး ကွေ့ ပတ်သွားတတ်တာ မီဒီယာတွေ အကျင့်လားတော့ မသိပါဘူး
ဆန္ဒ ပြ မယ်ဆိုရင်  ခွင့်ပြုမိန့် တွေ တင် ရတာတွေ ကတော့ ဟုတ်ပါပြီ ရဲ ဘယ်နှစ်ယောက် စောင့်ရှောက်ပေးမှာလည်း ခွင့်ပြုမိန့် တောင်းသူတွေ ကသိရမှာဖြစ်သလို
ဘယ်အချိန်
ဘယ် နှစ်နာရီ ကနေ ဘယ်နှစ်နာရီ အထိ
ဘယ်နေရာ ကနေ ဘယ်နေရာ အထိ လုံခြုံရေး ဘယ်လောက် တာဝန်ယူပေးမှာလည်း ကို အမိန့် ချပေးသူဆီ က တောင်း ဆိုရမှာပါ..
ဆန္ဒပြပါပြီ ဘာ ကို ပြချင်တာလဲ ပေါ့
အဲဒါ က အဓိကပါ..
မီးမလာတာဆို ဘာအတွက်ကြောင့် ပြတာလည်း မီးမရှိသေးတဲ့ နေရာ အတွက်ရော..နောက်အကျိုးဆက်ကဘာလည်းပေါ့..
မီးအတွက်ပြလိုက်တာ ကျောက်မီးသွေးစက်ကြီးလည်တော့ အသုံးချခံ ဆန္ဒပြပွဲ ဖြစ်သွားပါလေရော..
အလုပ်သမားတွေ ဆန္ဒပြတာ ကိုလည်းကြည့် အစာငတ်ခံ ဆန္ဒပြတာ ဆိုကြည့် အလုပ်ရှင် က အငတ်ထားချင်လို့  မဝရေစာပေးပြီး ခိုင်းစေနေတာ အကြင်နာတရားမရှိတဲ့ အလုပ်ရှင် ကို အဲလို ဆန္ဒ ပြစရာ မလိုပါဘူး
အားရှိအောင်နေပြီး ရေရှည် လုပ်ငန်းမလည်ပတ်နိုင်အောင် လုပ်ရမှာပါ..
ဘယ်သူ ကြောင့် လည်နေတာလည်း လုပ်အားမရှိရင် လည်မရတာ က အလုပ်သမားတွေ လုပ်ရသလို ဆန္ဒမတူသူတွေ က လည်ပေးနေရင် ဆန္ဒပြသူတွေ အတွက် အားနည်းနေရင် ကုန်ကြမ်း ကို ဘယ်လိုမရောက် အောင် လုပ်ရမှာတို့ 
စက်ရုံ အဝင်အထွက် ပိတ်တာထက် ကျဉ်းအောင် လုပ်တာတို့ တွေ လုပ်ရမှာပါ အရင်းအမြစ် ရပ်အောင် မီဒီယာ ကို အသုံးချ ဘယ်နိုင်ငံ ကို ပို့ တာ က အစ သိအောင်လုပ်ပြီးမှ ဆန္ဒပြ ရမည့် အပြင်
ဖိနှိပ်ခံ ရတာတွေ ကို ဘယ်နေ့ ဘယ် ရက် ဘယ်အချိန် ဘယ်သူ ကို ပြီးခဲ့သော ဘယ်နှစ်နှစ် က အစ အတိအကျ နဲ့  မှတ်တမ်းမှတ်ရာ တွေ စုစည်း ပြီးမှ ခံရတာတွေ ကို စုဆောင်း တင်ပြ မီဒီယာ မှာ တင် မြန်မာ လိုရော အင်္ဂလိပ်လိုရော ဘာသာပြန်လို့ ရရင် ပြန် မရရင် လုပ်နိုင်သူတွေ ကို အကူ အညီတောင်း
ပြီးမှ ခွင့်ပြုမိန့် ယူ မယူခင် လိုချင်သော အချက် အလက်တွေ ဘယ် နှစ်မျိုး ကို အတိအကျ ရယ်
နိုင်ငံတကာ စံနှုန်း က ဒီလို အခု တောင်းတာ က ဒီလို နှိုင်းယဉ်ပြီး စနစ်တကျ တောင်း ဆိုရမယ့် အပြင်
အဲဒီပတ်ဝန်းကျင် က ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် က ဘယ်သူ အုပ်ချုပ်ရေးတာဝန် ရှိသူ က ဘယ်သူ က အစ ဘယ် လိုလုပ်ပေးတာ ဘယ်လို မလုပ်ပေးတာ ရယ် ဘယ် ပါတီ က လူ ကအစ အသေးစိတ် စနစ် တကျ လုပ်ဆောင် မှ ဆန္ဒပြ ပွဲ မအောင်မြင် ရင်တောင်မှ အခြေအနေ အရပ်ရပ် ကို မီးမှောင်း ထိုးပြ အဆုံးသတ် ပေးရမှာပါ.. နောက်တစ်ကြိမ်ဆို ဘာလိုတာ ကို ပြန်ကြည့် အောင်မြင်အောင် ထပ်လုပ် မလုပ်ရင် ဒီမိုကရေစီ အစိုးရမဟုတ် အာဏာရှင် အစိုးရ လို ပြောပြီး အဆုံးသတ် လိုက်ရင် အစိုးရ က လုပ်ကို လုပ်ပေးရမှာပါ ဒီမိုကရေစီ အစိုးရ ဖြစ်ချင် ရင်ပေါ့..
အမြင်မတော် ကနောက် ဆုံး ကတော့
ကလေးငယ် လေးတွေ ကို ထိန်းရခက် တော့ တစ်ချို့ မိဘ တွေ မိခင်တွေ ဖခင်တွေ က ကြိုးနဲ့ ဆွဲ ပြီး ထိန်းတာ ကို ဂုဏ်ယူစရာ လိုလို ဘာလိုလို လုပ်နေတာ ကို တွေ့ ရတာပါ
အဲလိုဆိုတော့ အဲဒီကလေး ကြီးလာလို့  အဲဒီမိဘအသက်ကြီး လို့ ပြန်ထိန်းရရင် ကြိုးနဲ့ ချီပြီး အိမ်မှာထား ခဲ့ အလုပ်သွား  ရင် အဲဒီ ကလေး ကမှားသလား အဲဒီမိဘ က မှားသလားပေါ့
ကလေးဆိုတာ ဆိုးတာတော့ ဆိုးတာပေါ့
သူ့  ကို ကြိုးချီ မှ တော့ သူကလည်း ကြိုးချီ ပြန်ထိန်းရင် အဲဒီမိဘ ရင် မှာ ဘယ်လိုရှိမှာလည်း..
ဘယ်သူ မတရားတာလည်းတော့ မပြောချင်ပေမဲ့
မိမိထိန်းကျောင်းလာသောသူ သည် မိမိကို ထိုကဲ့သို့ ပြန်ထိန်းကျောင်း နိုင်သည် ဆိုတာ ကို သိဖို့ လိုပါတယ်
အခု နိုင်ငံတကာမှာဆို အမျိုးမျိုးတွေ့ နေရတာပါ မိဘတွေ ကို ဆက်ဆံတာ တွေ ကိုပေါ့ တကယ်တော့ သူတို့  ကိုယ်တိုင် အဲ လိုဖြစ်အောင် လုပ်ခဲ့တာ ကို သိစေချင်ပါတယ်.
အဲဒါမျိုးတွေ နဲ့ စာတွေ ရေးမယ်ကြံရင်း ရေးဖို့  တွန့် ရင်း မရေးဖြစ်နေတာပါ..
ငဝန်နဒီ
Friday, August 17, 2012
လူမိုက် ရလဒ်
လူမိုက် အားဖြောင်းဖြ ပြောဆို လေပြေ မလို  သူထက် မိုက်မဲ ဆိုးဝါးဖြစ်ပျက် စနစ်တကျ ပေးအပ်ခြင်း က သူလိုအပ်သော ရလဒ်ပါတကား။   ။
ငဝန်နဒီ
Wednesday, August 15, 2012
ရန်ကုန်၊ မန္တလေး စက်မှုတက္ကသိုလ်များ ပြန်ဖွင့်တော့မည်
ရန်ကုန်၊ မန္တလေး စက်မှုတက္ကသိုလ်များ ပြန်ဖွင့်တော့မည်
စွယ်တော်ရိပ်မှာ ပြန်ဆုံခွင့် အတွက်လမ်းစလေလား
စွယ်တော်ရိပ် အနမ်းသစ်
အချိန်တွေပြောင်းပေမဲ့
စွယ်တော်ကတော့ အရင်အတိုင်း
စောင့်မျှော်ရင်း
Monday, August 6, 2012
ဆမ်ဆောင်း က အိုင်ဖုန်း မတိုင်ခင် ထွက်မယ်
ဆမ်ဆောင်း က ဂလက်စ်ဆီ S- 3 ကို ထွက် ပြီးတော့ အိုင်ဖုန်း မတိုင် နောက် တစ်မျိုး ထပ်ထုတ်မယ် တော့ ကြားနေရပါတယ်..
S-3 ကတော့ 4G ရပါတယ် နယူး အိုင်ပက်စ် လိုပေါ့
4G ကဘာထူးလည်းဆိုတော့ ဂျပန်မှာတော့ နှုန်း အမှန်ဆို  ၇၀ ကျော် Mb လို့ ဆိုပါတယ်..
Wednesday, August 1, 2012