Sunday, October 28, 2012
ကရင်စာ အိုင်ဖုန်းနဲ့  ရေးဖို့ မေးလ်ပို့ ဖို့  စာရိုက်ဖို့ 
http://operation-red.blogspot.com
ရေးသူ ကို အဲဒီမှာ တွေ့ နိုင်မှာပါ။
၂၅ ရက်နေ့  က တင်တာ လို့ တွေ့ ရပါတယ်။
ကရင်လို မေးလ်ပို့ ချင်သူတွေ
ကရင်လို စာရေးချင်သူတွေ အတွက် ဖုန်းလေး နဲ့ တင် အတော်လွယ်လွယ်ကူကူ သုံးလို့ ရမှာပါ
ငဝန်နဒီ
KNU မူလနေရာမှန် ကို ပြန်လည်ပေးအပ်လိုက်ရ
အရင်လူတွေခွဲထွက်တာ မဟုတ်ပဲ ထုတ်ပယ်ခံရခြင်းသက်သက် သာ
အခုဆိုဝိညာဉ် က အလုပ်ပြန်လုပ်ဖို့ ဆိုတာ မဖြစ်နိုင်သလို
နှစ်ပေါင်းများစွာ ကရင်တွေ အတွက် ဘယ်လောက်ပေးဆပ်ပေးဆပ် သေခါနီးမှာတောင် အထုတ်ခံခဲ့ရတာ
ကရင်တွေသိဖို့ လိုပြီ
ကရင်ကို ကရင်သတ်တာ နောက်တခါ မဖြစ်ဖို့  အဓိက တာဝန်ရှိသူ ကိုယ့်ကို ကိုယ်သိဖို့ လိုပါတယ်။
တိုင်းရင်းသားတိုင်း အတွက် ကရင်က အမြဲ နမူနာကောင်း ပြတာ ဒီတခါ အတော် လေး စိတ်မကောင်းစွာ ဖြစ်ပျက်သွားပါတယ်
ဝိညာဉ်ရေးသောလမ်း အရှက်မရှိသူ မလျှောက်သင့်ပေ
တိုင်းရင်းသားတိုင်း ကောင်းသော သမိုင်းမျက်နှာစာသစ် ဖွင့်နိုင်ပါစေ
ကညော်ကလူ

Saturday, October 27, 2012
ပုသိမ် သမိုင်း ကို ပုသိမ်နေသူ တွေ ကပဲ ရေးမယ်
ကိုယ့်လက်ကိုယ့်ခြေ နဲ့  ကိုယ်သမိုင်း ကိုယ်ရေးခဲ့ သူ တွေ နုတ်ထွက်တာ စိတ်မကောင်းပါဘူး
နစ်နာခဲ့တာ တွေ ပေးဆပ်ရတာတွေ
သူတို့ ကိုယ်တိုင်ရယ်
ပုသိမ်သားစစ်စစ်တွေ ကသိနေတော့
ကိုယ့်သမိုင်းသစ် ကို မိမိ စိတ်တိုင်းကျ ဖော်ဆောင်နိုင်ပါစေ
ပုသိမ် သမိုင်း ကို ပုသိမ်နေသူတွေ လက်ထဲမှာပဲ ရှိပါစေ

Thursday, October 18, 2012
ဧည့် သည် ကိုလက်မခံချင်ရင်
အိမ်ရှင်က လက်မခံချင်တာ ကို အတင်းတတ်လာရင်
မြန်ပြည်မှာ ဘယ်လို လုပ်တတ်လဲဆိုတော့
အေးအေးဆေးဆေးပါပဲ
ဆန်ကုန်မြေလေး ပြန်တော့
အဲဒါမှမရရင်
လှေကားအောက် ပိုက်ဆံကျသလို လုပ်ပြီး ဧည့်သည် ကို မှေးငြော့ပြပြီး ကန်ချမှ ရမဲ့ သူ က
ကန် ကို ချမှ။
ပြောလို့ မရဘဲကိုး
အရိပ်သုံးပါး နားမလည်ရင်တော့
နားလည်အောင်ပြောနေတာထက်
လူမိုက်စာရင်းသွင်း မြန်ပြည် မကောင်းဇတ်သွင်း က လုပ်တတ်တာ တပိုင်း ကို သေ လို့ 
အမည်ပျက် လုပ်ပေးရုံကလွဲလို့ 
လုပ်ပေးလို့ မရ။

Wednesday, October 17, 2012
Viber ပိတ်တော့ နောက်နည်းပညာတွေ အတိုအထွာ လေး ဖုန်းလိုင်း မသုံးဘူး အင်တာနက်သန့် သန့်  လဲရတယ်
နည်းပညာကို ပိတ်ဖို့ လုပ်တာ ပညာတတ်တွေ မြန်ပြည်ပြန်ပါ နဲ့ 
ရင်းနှီးမဲ့သူ တွေ မလာနဲ့  ပြောတာ အတူတူပဲ
အောက်က ပုံ မှာ အင်တာနက် သုံးပြီး စကားပြော လို့ ရတာ တင်ပေးလိုက်ပါတယ်
ဖုန်းလိုင်း မသုံးပဲ ပြောလို့  ရပါတယ်။
အင်တာနက်သီးသန့် ပါလို့ ပြော လို့ ရတာတွေပါ ပါတယ်။
အိုင်ပေါ့တပ်စ် ကို အင်တာနက် ချိတ်ပြီးပြော
ဖုန်း မသုံးဘူး လို့ 
တေဘယ်လက်စ် ရောပဲ အင်တာနက် ချိတ်ပြီးပြော ရပါတယ်။
နည်းပညာအသုံးချပြီး
နိုင်ငံတိုးတတ်အောင် မလုပ်ပဲ
ခရိုနီ အောက်ဆွဲ
အသုံးချခံ မြန်ပြည် ပညာတတ်များ နေရာပျောက်နေသေးတာ အသေအချာပါ
ပညာသာ တတ်ပြီးမသုံးရတာ များလာရင်
လူမိုက် အလုပ် ကို စနစ်တကျ အဖျက် ကို အားပေးဖြစ်လာ မှာ စိုးရပါတယ်။
အစိုးရသစ် နည်းပညာသစ် ကို အားပေးနိုင်ပါစေ
ငဝန်နဒီ
(ထပ်ပိတ်တာတွေ ရှိရင် နောက် နည်းအသစ် တွေ တင်ပါမယ်။ မြန်ပြည်မှာ နေ မြန်ပြည် ဥပဒေ ကို လေး စား ရင်း နည်းပညာသစ် ကို ဥပဒေဘောင် အတွင်း ကနေ သုံး ရအောင် တင်ပါမယ်။)

သမ္မတကြီးငယ်ဘ၀ပုံရိပ်တချို့
။ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ကျုံကူးကျေးရွာကလေးက သမ္မတကြီးရဲ့အိမ်။
By- Yangon Times Journal
သမ္မတကြီး ပညာသင်ကြားခဲ့တဲ့ တိုင်တစ်ရာဘုန်းကြီးကျောင်း။ (ယခု ဓမ္မပါလကျောင်း)။
ဓာတ်ပုံ- သန့်ကျော်ဇင်
ဧရာဝတီသင်္ဘောကြီးပေါ်က သမ္မတကြီးရဲ့ ငယ်ဘဝ

Monday, October 15, 2012
ဖုန်းတွေ ကို ပိတ်ဖို့  လုပ်နေတော့ နိုင်ငံတကာ က ပညာ တတ်တွေ ပညာတွေ ပြန်ပိတ်ချင်ပြန် လို့ ရပြီ
သိတာတွေ တတ်တာတွေ တုံးချင်ရင်မြန်ပြည် ပြန်ပါ
ဖုန်း ကို ပိတ်ဖို့  လုပ်လာပါပြီ
အတော်တော်တဲ့ ဆက်သွယ်ရေး
၂ ဂျီ ပဲသုံး ဖို့ သင့်သေးတယ် ပြောတဲ့ သူ ကပြော
ပညာရှင်တွေ ပြန်ဖို့  လာဖို့ ပြောပြီး
ဆက်သွယ်ရေး က အရင်အတိုင်း ပိတ်ဖို့  လုပ်ရင် ဖုန်း မဝယ် ဘဲ
ကလေးတုန်း က နို့ ဆီခွက် အပ်ချည် ဆွဲပြီ ပြော တာ ပဲ ကောင်းတော့ မယ်
LTEတောင် ပေါ်လာတာ ကို အသာထား ၃ဂျီလေး နားလည်အောင် မြန်ပြည်သား တွေ တတ်မလို့ ဖြစ်စ မှာအဲလို ပိတ်နေရင် မြန်ပြည် တော့
လူတုံး တွေ တော်တော် များများမွေးထုတ်ဖို့  အားထုတ်နေတာ သိသာပါတယ်။
ဖုန်း မပြောချင်သူတွေ နည်း ပညာ ဖျောက်ဆုံး လိုသူ တွေ မြန်ပြည် ပြန်သင့် ပြီ
သံရည်ဖြစ်မဲ့ ကား သိန်း ၉၀ ပေးတာ မြန်မာပြည်ကွ
ကား အကောင်း စီးလို့ ရတာ သိန်း ၂၅
ကဲ ရှက်တတ်ရင် အတော် ရှက်ဖို့ ကောင်းနေပြီ
နိုင်ငံခြား က ကုန်မဲ့ ငွေ တွေ မြန်ပြည် ရောက်မှာ မတွေးဘူး
ဆင်းကဒ် ၂သိန်း နဲ့  မရောင်းချင်တော့ ဘူးထင်တယ်
အလကား ပေးတာတောင် မယူ ချင်တဲ့ သူတွေ ရှိတယ် ပရီပိတ် ဆို တော့ မသုံးလည်း ပိုက်ဆံ ကုန်သွားရော ဆို လို တဲ့
နောက်ဆို အဲလိုအေးအေးဆေးဆေး နေလို လူတွေ ဘယ်လောက်များ
လာ မလဲ လို့ ။
အေးချမ်းစွာ နေလို လူ တွေ ဆို လို့  စကားမစပ်ပြော ရအုံး ရေးချင်တာ က အစော ကတည်းက
ငြိမ်းချမ်းရေးလုပ်တဲ့သူ ကို ထုတ်ပယ် ပြီးရင် လမ်းပွင့် လာတော့ အဲဒီလမ်း ကို အရှက်မရှိ လျှောက် ပြီး ငါဖောက်တဲ့ ငြိမ်းချမ်းရေးဆိုပြီး ပြောမယ်
နေမကောင်းတာ ကို သိလျက်နဲ့  အချိန်ကို အမြန် အသုံးချရင်း ငြိမ်းချမ်းရေးအတွက် အသက်ပါ ပေးဆပ်သွားသော
ငြိမ်းချမ်းသော လမ်း ကို ထာဝရ လျှောက်သွားသော ငြိမ်းချမ်း ရေးဦးဆောင်သူ အေးချမ်းသော ခရစ်တော် မှာ အိပ်ပျော် နိုင်ပါစေ။
အဲလို တွေ ရှိနေသရွေ့ တော့
ဖုန်းပိတ် ငုတ်တုတ်ထိုင် ပေခေါက်
ရေနွေးသောက် ပဲလျှော် စား အီးတဘူဘူ ပေါက်နေလိုက်တော့ တာပဲ ကောင်းမှာပါ။

Sunday, October 14, 2012
Mini အိုင်ပက်စ် ကတော့ ဒီလမကုန်ခင်လာမယ်ဆိုပဲ
အခု အိုင်အိုအက်စ် အသစ်ကတော့ လမ်းပျောက်တာ တော်တော် ဆိုးတယ်
မြန်မြန် အပ်ဒိတ်လုပ်ရမှာဖြစ်တော့မယ်။
ဂျေးဘရိတ်ကတော့ အိုင်ဖုန်း ၄ ရယ် အိုင်ပက်စ် ၁ ကတော့ အိုင်အိုအက်စ် ၆ မှာ ဖေါက်လို့ ရပါတယ်
Ipad2 ,iphone 4s ကတော့ မရသေးပါဘူး

Sunday, September 30, 2012
ဒီမိုကရေစီမှာ ...ဖာ လို့ တော့ မအော်နဲ့  ခွင့်မပြုဘူး
အညာရွာက ကို အညာသား ထန်းပင်ကြီး ကြည့်ပြီး
ထန်းရည် ကလည်း ရောင်းမကောင်း ထန်းလျက် ကလည်း သိပ်မရောင်းရ ဆိုတော့
ထန်းခေါက်ဖာ တွေ ယက်ရောင်းမှ ဆိုပြီး လုပ်သတဲ့
ဒီလိုနဲ့ ထန်းခေါက်ဖာ တွေ လည်း ယက်ပြီးရော ရန်ကုန် ဆင်းပြီးရောင်းမယ် လုပ်တော့
လူတွေ က တစ်ခုခုဆို နေပြည်တော် ဆိုတာကြီး ပြောပြော နေတော့
အဲဒီမှာတော့ လူတွေ တော်တော်စည်ပြီးရောင်းကောင်းမယ်ဆိုတဲ့ အတွေးနဲ့ နေပြည်တော် ကို
ဖာတွေ ရောင်းဖို့ သွားသတဲ့
ဟိုလည်းရောက်ရော ဘယ်မှာရောင်းရမှန်းမသိဖြစ်နေသတဲ့
ဒီလိုနဲ့ လူတွေ ဝင်လိုက်ထွက်လိုက် အရမ်းများတဲ့ အဆောက်အဦး ကြီး နား ကို ရောက်သွားရောသတဲ့
လွတ်တော် ဆိုတာ ကို ကို အညာသား သိမှမသိဘဲ ကိုး
ဒီလိုနဲ့  သူ က ထန်းခေါက်ဖာတွေ ကို လူတွေ လည်းမြန်မြန်သိအောင် အတိုလည်းခေါ်လို့ ကောင်းဆိုပြီး
ဖာ လို့ အော်ပြီးရောင်းရင် ကောင်းမယ်ထင်တယ် ဆိုပြီး တွေးနေတုန်း
အဆောက်အဦးကြီး အထဲ က..
ဒီမိုကရေစီ ...ဒီမိုကရေစီ ...ဒီမိုကရေစီ ဒီမိုကရေစီ..ဒီမိုကရေစီ ..
အော်သံတွေ ကြားတော့ ကိုအညာသား ဒီမိုကရေစီ ကို အထဲ မှာ အော်ရောင်းနေတာ ထင်ပြီး
သူကလည်း အား ကျမခံ ဖာ...တွေရမယ်....ဖာ...ဖာ ဖာ...
အော်သတဲ့
ဒီလိုနဲ့  ဒီမိုကရေ စီ လို့  အထဲ က ကျယ်ကျယ် အော်လေ အပြင် က ဖာ လို့ ကျယ်ကျယ်အော် တော့
လမ်းသွားလမ်းလာတွေ က အထူးအဆန်းဆိုပြီး လာကြည့် ကြတော့ လူတွေ အတော် များလာသတဲ့
ဒီမိုကရေစီ ဖာ ဆိုတာကြီး ကဘာ လည်းပေါ့
အဲဒါနဲ့ လွတ်တော်ထဲ ကသိပြီး ကို အညာသား ကို ဘာလို့ ဖာ လို့ အော်တာလည်းပေါ့..
သူထန်းခေါက်ဖာ လာရောင်းတာပါ ထန်းခေါက်ဖာ ကို ဖာ ဆိုပြီးအော်ရောင်းတာပါ လို့ ပြောသတဲ့
ဒါနဲ့ လွတ်တော် က
ဖာ လို့ အော်တာကို တော့ ခွင့်မပြုဘူး ထန်းခေါက်ဖာလို့ အော်ရောင်းမှ ခွင့်ပြုမယ် ပြောလိုက်သတဲ့...
အင်းလေ သူတို့ ဒီမိုကရေစီမှာ ဖာ မရဘူးကိုး... ထန်းခေါက်ဖာတော့ ရသေးတာတော့ တော်သေးပါရဲ့ ...
ငဝန်နဒီ
မြန်ပြည်ဒီမိုကရေစီ ကို လုပ်ချင်တိုင်း လုပ်ရန် အတွက် မြန်ပြည်သားတိုင်းခွင့်ပြုရန် မလိုသလို မြန်ပြည်သားတိုင်းတာဝန်ရှိပေသည်။

တရုတ် အထွက် အမေရိကန် အကွက် ဂျပန်အချက်
တရုတ်ကိုစ္စည်းတွေပို့ ရတာ အကန့်  အသတ်တွေ များလာတော့
အမေရိကန်ကို ပစ္စည်းပို့ ခွင့် ရဖို့  လုပ်လာပြီး
ဂျပန် ကတော့ ငွေတွေ ချေး ကုန်တွေ ပို့  အကူအညီတွေ ပေး စက်ရုံတွေ မြန်ပြည်မှာ လုပ်ဖို့ ကြိုးစားလာတာကောင်းသော အရာတွေပါ

Subscribe to:
Posts (Atom)