ပင်မစာမျက်နှာ မြန်ပြည်သတင်း နိုင်ငံတကာသတင်း ဓာတ်ပုံ ဗီဒီယို ဆောင်းပါး ၀တ္တု ကဗျာ ဟာသ မြင်ကွင်း ပျိုး

Saturday, May 11, 2013

မြန်မာပြည် သို့  နီးကပ်လာသော မုန်တိုင်း အခြေအနေ


မုန်တိုင်း အခြေအနေ ကတော့ နီးကပ်လာသလို ဖြစ်နေသဖြင့် ကြိုတင် ကာကွယ် မှုများ လုပ်နိုင်ရန်အတွက် လုပ်သင့်တာ လုပ်ထားခြင်းဖြင့် ကာကွယ် နိုင်ရန် တင်လိုက်တာပါ

အချိန်နှင့် အမျှ အခြေအနေ ပြောင်းလဲတတ်ပါသည်

ကြိုတင်ကာကွယ်မှုသည် အချည်းနှီး မဖြစ်ပေ


Friday, May 10, 2013

ဘောင်ကျဉ်းအောင် လုပ်သူများနှင့် စိန်ခေါ် သူများအား ပဝါမကူ ရေမရှု ကြေး လောင်းကြေးထပ်သူများ

တကယ်တော့ အတော်များများ က စာရေးသူတွေ ကို တစ်ဖက်သတ် ပြဿနာ ရှာတွေ မြင်နေရလို့  စာတွေ ရေးဖြစ်နေတာပါ...အနေတော့အနေသာကြီး ဆိုပေမဲ့ အခုမှ စဖို့ ကြိုးစားသူတွေ အညွှန့် အချိုးခံရမယ် ဆိုသလို ချိန်းချောက်သလို ဥပဒေ လိုလို အရေးယူဖို့ တွေ ပြောလာသူတွေ များလာတာ တွေ့ ရပါတယ်

တရားဝင် လုပ်ခွင့်ရသူတွေ က လုပ်နေတာ တွေ က ယဉ်ကျေးမှုစော်ကားတာတွေ လူတွေ ကို စိန်ခေါ်တာတွေ တစ်ဆိပ်မရှိ စာရေးသူတွေ ကို အသရေဖျက်တာတို့ ဘာတို့ နဲ့  အရေးယူမှာတော့ လုပ်နေကြပြီး

မြန်မာ့ယဉ်ကျေးမှု စော်ကားတာတွေ တစ်ဖက်သားနစ်နာအောင်း ပြောခွင့်ရှိသူတွေ က ပြောချင်ရာပြောနေတာ တော့ လုပ်လို့ ရနေပြီး စာရေးနေသူတွေ ကို အမှားတစ်ခုကို အကြောင်းပြ တိုးတတ်မှု ဆုတ်ယုတ်အောင် လုပ်နေတာတွေ တွေ့ နေရပါတယ်

ဒီနေရာမှာ ဘယ်သူကို နာမည်တပ် ရေးသလဲ အရေးခံရသူက တိုက်ရိုက် တရားစွဲ ဒါမှ ဒီမိုကရေစီ ဖြစ်မှာ အခုတော့ ယောင်ဝါးဝါး အားလုံးဝါးချ ပြီး လုပ်သူက လုပ်ခွင့်ရှိပြီး ရေးသူကို ကြပ်ဖို့ ကြိုးစားတာကတော့ မလုပ်သင့်တဲ့အရာပါ

မြန်ပြည်တိုးတတ်လမ်း ကို ပိတ်စေပါတယ် လွတ်လပ်မှု ကို ပိတ်တာထက် မှားတဲ့သူ ကို တိုက်ရိုက် လုပ်တာ အကောင်းဆုံးပါပဲ လွတ်လပ်မှု ကို မပိတ်ပါနဲ့ 

ဘောင်ကျဉ်းအောင်လုပ်တာထက် မိမိရဲ့ စိတ်ကို မြှင့်အောင်ကြိုးစားပြီး မိမိဘာပြင်ရမယ်ကို သင်ယူ နိုင်ကြပါစေ
အပြုသဘောဆောင်တဲ့ စာတွေ မရေးမရလိုဖြစ်ကုန်မှာပေါ့
မြန်ပြည် အနာဂတ် မြန်ပြည်သားတွေ လက်ထဲမှာပဲ ရှိရပါမယ် ဘေးလူတွေ ဝင်ပါလာရင်တော့ မြန်ပြည်အနာဂတ် ဘောင်ခတ်ခံလိုက်ရသလိုပါပဲ

မြန်ပြည်အနာဂတ် မြန်ပြည်သား လက်နဲ့ ရေးနေတာ ကို မကူညီချင်နေပါ ဘောင်လိုက်မခတ်ပါနဲ့ 
မြန်ပြည်သားတွေ တော်တော်များများ လက်ရှောင်နေတာ အဲလို အပြင်လူတွေ ဝင်ပါတာကို မရေးချင်လို့ ရယ် နေရာဝင်ယူသူ ကို မပတ်သက်ချင်တာကြောင့် ဖြစ်ပေမည်။

တကယ်တော့ မြန်မာလို စာရေးနေသူတိုင်းဟာ မိမိ ဘဝ ကိုလည်းရင်းထား ရတဲ့ အခြေအနေ တွေ များပါတယ် စိန်ခေါ်သူတွေ ကို ဘောင်ကျဉ်းအောင်လုပ်တတ်သူတွေ ကို ရေးတာထက် မိမိတိုင်းပြည်အတွက် ကောင်းရာရေးရင်း မကောင်းလုပ်သူ အနေနဲ့  သူတို့  အသရေဖျက်သလို ထင်ခံရသလို ဖြစ်ကုန် ကြပါတယ် ..

တကယ်တော့ မြန်မာစကား အရဆိုရရင် အရေခွံ အခွာ ခံရတာ ကို ရေးသူတွေ ဂျိုကိုင်တောင်းပန်လိုက်ရင် နားလည်ခွင့်လွှတ်လို့ ရတဲ့ အခြေအနေပါ

တောင်းပန်တာနဲ့ ကျေအေးဖို့ ဆိုတာထက် မကောင်းတာ လူအများရှေ့ မှာ အဆီအငြော် မတည့်တာတွေ လုပ်သူတွေ ကို မရှိအောင် လုပ်နိုင်သူတွေ အရေးယူသူတွေ ရှိဖို့ လိုနေတာကို ဘောင်ကျော် ပြောလာတာတော့ တစ်ခုခုတော့ မှားနေတာပါ...

လူငယ်ခြေတတ်တွေ တိုးတတ်ဖို့ လုပ်သင့်နေပါပြီ

နိုင်ငံအတွက် မြန်ပြည်သားတွေ အတွက် စာရေးနေသူတွေ အယောက်တစ်ရာ မရှိပါဘူး

မကောင်းတဲ့ စာရေးသူတွေ ကလည်း အယောက် ၅၀ တောင် မရှိပါဘူး တကယ်လုပ်ချင်ရင် သူတို့ တွေ ရေးချင်ရာရေးနေတာ ဆယ်စုနှစ်တောင်ပြည့်တော့မယ် ပိုလွတ်လပ်လာပေမဲ့
တတ်သစ်စ တွေ ကို တော့ပိတ်ဖို့ မကြိုးစားသင့်ပါဘူး

၁၉၉၀ ခုနှစ်က နိုင်ငံရေးပါတီတွေ မဲနိုင်တဲ့အချိန်မှာတစ်ချို့ ကျောင်းသားလူငယ်တွေ ဘဝ ခြေနင်းခံခဲ့ရတာ ဘယ်ပါတီ တွေ က ကာကွယ်ပေးခဲ့ဘူးလဲ အခုလည်း ဘယ်သူမှ မကယ်တာတွေ ရှိနေသေးတာပါ

ပါတီနိုင်လို့ ပျော်နေချိန်မှာ လူငယ်ဘဝတစ်ချို့ ပေးဆပ်နေရတာကို မမေ့သင့်ပါဘူး

ပုသိမ် ကို အဖိုးဆီကို လာလည်တဲ့ ငယ်ငယ်က စောစံဖိုးသင် ပြောတာတစ်ချို့  မှတ်မိတာ လေး တွေ သတိလည်းရမိပါရဲ့ 

အာဇာနည်တွေ မပါသွားတဲ့ စောစံဖိုးသင်ပေါ့

ဒီမှာတော့ မရေးတော့ပါဘူး လောင်းကြေးထပ်စာရေးသူ တွေ ချိန်းချောက်သူတွေ ကြတော့ ဘယ်လိုအရေးယူလို့ ရပါသလဲ သိချင်နေမိပါတယ်

အဲဒါ ကို အရေးယူလို့ ရတဲ့ အခြေအနေဖန်တီးပေးဖို့ သင့်နေပါပြီ
တကယ်ဒီမိုကရေစီ ဆိုရင် အဖက်ဖက် က ဖန်တီးခွင့် ကာကွယ်ခွင့်ရှိသင့်ပါတယ် ဒါမှ တရားမျှတမှာပေါ့

တရားဥပဒေ တရားရုံးမှာ ပဲ ရှိတဲ့ အခြေအနေမဟုတ်ရတော့ပါဘူး...

ကျောင်းသားတွေ အကြောင်းရေးတုန်း က ကျောင်းသားတွေ ကျောင်းချိန် မှာ ကျောင်းမှာမရှိပဲ အပြင်မှာဆို မည်သူမဆို ဥပဒေအရ ကျောင်းသား ကို တစ်ချို့ သော အခြေအနေအရ ကလွဲလို့  လူတိုင်းပဲ့ပြင်လို့ ရတဲ့ စနစ် အတွက် ရေးသလိုပေါ့ ကျောင်းသား က ကျောင်းတစ်ခုပဲ သက်ဆိုင်တာမဟုတ် လူတိုင်းလူတိုင်း ရဲ့  အနာဂတ်မျိုးဆက် တိုးတတ်ဖို့  လူတိုင်းနဲ့ ဆိုင်အောင် ရေးထားတာပါ ဒါပေမဲ့ ဟိုရှောင်ရေးဒီရှောင်ရေး ရင်း လိုရင်း မရောက်တာတွေ ဖြစ်နေတာတွေ ရှိပါတယ်...

အခုနောက်ပိုင်း လူငယ်တော်တော်များများ စာရေးတောင်ရှောင်လာကြတာ မပြည့်သူတွေ အော်ဟစ်သံတွေ များနေလို့ ပါ

စာတိုင်းကောင်းတယ် မဆိုလိုချင်ပေမဲ့  စာကောင်းတွေ အညွှန့် ချိုးစကားပြောသူတွေ ကို ဘာနဲ့ ထိန်းမလဲ

မြန်ပြည်သမိုင်းမြန်ပြည်သားတွေ လက်မှာပဲဖြစ်ဖို့  ပိတ်ပင်တာတွေ အာစီးထည့်လိုက်စို့ 

ငဝန်နဒီ

အမေရိကန် ၁ ဒေါ်လာ ကို မနေ့ က ၁၀၀ ယန်း ဒီနေ့ တော့ဂျပန် ယန်း ၁၀၁ ယန်း

၂၀၁၂ ခုနှစ် စက်တင်ဘာလလောက် က တစ်ဒေါ်လာ ၇၇ ယန်း ကနေ ၂၀၁၃ ခုနှစ် မေလ ၁၀ ရက်နေ့  ဒီနေ့ တော့ ၁၀၁ ယန်း အထိ တတ်သွားပါပြီ

မနေ့ က မေလ ၉ ရက်နေ့  က ၁၀၀ ယန်း ရှစ်နာရီ အတွင်းမှာ နောက်ထပ် တစ်ယန်းထပ်တတ်သွားတာပါ


Thursday, May 9, 2013

မြန်မာ့ ယဉ်ကျေးမှု နဲ့  သုခုမအနုပညာ

မြန်မာ့ ယဉ်ကျေးမှု ဆိုတော့ မယဉ်ကျေးသူတွေ အတွက်မဟုတ်တာအသေအချာပါ...သုခုမ အနုပညာဆိုတာ ကလည်း အရိုင်းအစိုင်းတွေမပါ အနုပညာ ကို သိမ်မွေ့ နူးညံစွာဖော်ဆောင် ကြတဲ့ သူတွေ အတွက် ရေးတာပါ...

မြန်မာ့ယဉ်ကျေးမှု ကို မြန်မာတွေ ကပဲ ထိန်းသိမ်းရမှာ ဆိုတော့ တစ်ချို့ သော အခြေအနေတွေ မှာ မယဉ်ကျေးသူတွေ ကြားမှာ စိတ်ပျက်စရာဖြစ်တာထက် အလိုလိုနေရင်း မယဉ်ကျေးသူတွေ ကို အားပေးသလိုမျိုး ဖြစ်နေရတဲ့ အဖြစ်မျိုးတွေ ဖြစ်လာရတော့ မြန်မာ့ယဉ်ကျေးမှု ဆိုးဝါးတယ်လို့  အများထင်စရာ ဖြစ်လာရတာပါ

ဘယ်လိုပဲဖြစ်ဖြစ် မယဉ်ကျေးသူ တွေ ကို ပြောရင် ကိုယ်ပါ ရိုင်းရာဖြစ်ပြီး မယဉ်ကျေးသူ ဖြစ်ရတဲ့ အဖြစ်မျိုးမဖြစ်စေဖို့ 

တတ်နိုင်ရင် ဝေးဝေး ကရှောင်တာထက် လုံးဝသက်ဆိုင်ဖို့ မသင့်တဲ့သူ အဖြစ်ရောက်အောင် များများပင့်ပေးမယဉ်ကျေးသူ ဘဝကနေ ပျက်ဖျက် တဲ့အဆင့်ကို တွန်းပို့ သူတွေ လက်ထဲ ပံပိုးရုံနဲ့ ရောက်အောင် လုပ်လိုက်ရင် တစ်စတစ်စနဲ့  လုံးလုံးလားလား ဆိုစရာမရှိဖြစ်သွားမှာပါ..

မယဉ်ကျေးသူ အကြောင်းဖြစ်ဖြစ် အရုပ်ဖြစ်ဖြစ် အသံဖြစ်ဖြစ် မိမိဆီရောက်လာခဲ့ရင် မကောင်းတဲ့အရာတွေ ဆို မိမိဆီမှာ မထားရအောင် မကောင်းတဲ့ နေရာကို များများ ပို့ ပြီး မိမိဆီမှာ မရှိအောင်လုပ်ဆောင်တာအကောင်းဆုံးပါ

တစ်ချိန်တုန်းကဆို မယဉ်ကျေးသူတွေ ကို ခဏတော့ အားပေးပေမဲ့ နောက်တော့ အရေးမလုပ်တော့တာနဲ့  ယဉ်ကျေးသူ အသိုင်းအဝိုင်းကြားကနေ ဖယ်ခွာသွားကြရတာပါ..

ထို့ အတူပါပဲ အနုပညာ ကို လုပ်သူတွေ ကလည်း သူမှန်တာ လုပ်တတ်ကြတာမှန်ပေမဲ့ အများအတွက် ရင်ဘတ်ရင်းသူတွေ ကတော့ မှန်ရာလမ်းတွေ လုပ်ရင်း အနုပညာကို ဖော်ပြတတ်ကြပါတယ်

ဒီနေရာမှာ မြန်မာ့မြေမှာနေ မြန်ပြည်သားစစ်စစ်တွေ ကတော့ သူကြောင့် အနုပညာခုတုန်းလုပ် ကျော်ကြားတာမျိုး မလုပ်ပဲ မြန်ပြည်ယဉ်ကျေးမှု ကိုလေးစားရင်း မြန်ပြည်စိတ်ရင်းကို ဖြေချပြတတ်တာ လေးစားလောက်စရာတွေ တွေ့ ရပါတယ်

တကယ်ပါ အခုထိကို လေးစားစရာ အနုပညာကိုသစ္စာမပျက် မြန်ပြည်အတွက်ကိုလည်း ရင်ထဲမှာ နုလုံးသွင်းရင်း လုပ်နေသူတွေ ရှိနေသေးတာပါ

စာရေးသူတွေ က သူတစ်ပါးအသေရေဖျက်တာဆို အနုပညာပျောက်ဆုံးပြီး အတင်းဖြစ် သွားနိုင်တာပါ
အပြုသဘောရေးတော့ ဟိုဘက်ရှောင်ဒီဘက်ရှောင်ရင်း လိုရင်းမရောက်ရတာအကြိမ်ကြိမ်ဖြစ်ပါ များတော့လည်း အနုပညာဖော်ဆောင်ဖို့ လမ်းပျောက်ရပေမဲ့ သူတစ်ပါးမထိခိုက်တော့လည်း စိတ်အေးချမ်းစွာ ထပ်ထပ်ရေးဖို့ တွေ ဖြစ်နေမှာပါ..

အနုပညာကို အနုပညာလို လုပ်တာ တည့်တိုးချပြတာ များလာရင် အနုပညာအဆင့်သတ်မှတ်ခံရတာမျိုးဖြစ်နိုင်သလို အနုပညာအမွေတို့  ယဉ်ကျေးမှု အမွေ တို့ ကို ထိန်းသိမ်းနည်းတွေ စည်းမျဉ်းတွေ ထွက်လာတတ်တာပါ

မြန်မာ့နှစ်သစ်သင်္ကြန်တော့ စည်းမျဉ်းလေးထွက်လာလိုက်တော့ အတော်လေး ယဉ်ကျေးသွားတာတွေ့ ရတော့ ဝမ်းသာစရာပါ..

ဘာပဲဖြစ်ဖြစ် အနာဂတ် ယဉ်ကျေးသော အနုပညာတွေ ပေါ်လာစေဖို့  မလိုတာတွေ ပယ် လိုတာတွေ လုပ်ဆောင်ရင်း တိုးတတ်ရစ်ပါစေ...

ငဝန်နဒီ

ကဲ ဘာဖြစ်ချင်လဲ

စိန်ခေါ် ချင်လား..... ဇာတ်သဘင်မှာ မင်းသားလုပ်

ဆဲဆိုချင်သလား ... ရုပ်ရှင်ရိုက် မင်းသားလုပ်

အပြာကားရိုက်ချင်လား ....ဒါရိုက်တာလုပ်...

မြန်ပြည် ကားဟောင်းကားစုတ်တွေ ကားသစ်နဲ့ မလဲ ရသေးလို့  ပျင်းနေလား တိုက်ကြေကားတွေ အဖော်လာမည်

ဘ အလှည့်ရောက်တော့မှာပါ အ ကတော့ ဖြည်းဖြည်းပေါ့ အဖော်တွေ လာနေပြီလေ...နင့်ထက်ပိုဆိုးတာ လာမှာ တစ်နှစ်လောက်နဲ့  ဒီလိုလာရင် နောက် နှစ်ဝက်ဆို နင်တောင် ကားသစ်ထက်သာလာမှာ ကြာလေကောင်းလေ ကိုး

အကြွေးကျန်တွေ သတိထား အရင်အကြွေး ပြန်တောင်းတတ်တယ် စိတ်တော့မကောင်းပါဘူး သံသရာကြွေး မပါစေချင်လို့ ဖြစ်မှာပေါ့

မီးပိတ်အိပ်လိုက် နားရတာပေါ့ စက်တွေခမျှာသနားပါတယ် နားလည်မှုပေးလိုက်ပါ သိတတ်သူတွေက လုပ်ပေးနေတာပဲ

မြန်ပြည်သားတွေ ယဉ်ကျေးမှုထိန်းသိမ်းချင် သလား

မကြည့်သင့်တာတွေ မကြည့်ပဲ နေလိုက် စိတ်ဓာတ်လည်းမပျက် အကုသိုလ်လည်းမပွားတော့ဘူးပေါ့

ရေ မလိုပါဘူး ရေနံ ရေချိုး ဆေးရိုးမီးလုံ ရတော့မယ်

နေပူ လိုချင် လယ်တွေမစိုက်ရအောင်လုပ် မြေယာဆို ဘာမှမသုံးလေ မြေယာတန်ဖိုးတတ်လေ..

မသုံးတတ်သူလက်ထဲ များများရှိလေ တိုင်းပြည် ဈေးတတ်လေ ဟုတ်နေသလိုကိုး

သုံးပြီးသား ဦးနှောက်ထက် မသုံးရသေးတဲ့ ဦးနှောက် က ပိုတန်ဖိုးကြီးသလိုပေါ့

ဈေးကစားပြီး ဈေးကြီးပေးပြီး ဝယ်ရောင်းမှတော့ ရှုံးမှာပေါ့ ကိုယ်ရှုံးတိုင်း လူတိုင်းရှုံးအောင် လုပ်တာတော့မကောင်းပေမဲ့ ဒါမှ ကျေနပ်မှာကိုး အစကတည်းက ယဉ်သကိုး

နောက်တော့ မလှည့်တတ်ဘူး ကြာလှ နှစ် ၂၀ကျော်ပေါ့ အရင်ကလည်း ဒီလို ပုံစံ နဲ့  အခုဆို မှ ၃ ကြိမ်မြောက်ပဲဖြစ်ရင်ဖြစ်မှာ ကောင်းတွေရေး ကောင်းတာတွေ ပေးရင်း ကောင်းတာတွေ လုပ်ကြည့်တာပေါ့

သင့်မှာလဲတာဝန်ရှိမှာကိုး...သင်ဖြစ်သင်ခံ သင်လုပ်ချင်တာသင်လုပ် သင်မလုပ်ခင် သင်လိုက်ပါ..

နမူနာတွေ ရှိပါသည်...

ကဲ ဘာဖြစ်ချင်လဲ...သင်ဖြစ်ချင်တာ အကုန်ဖြစ်လို့ ရတယ်

ငဝန်နဒီ

Wednesday, May 8, 2013

3 D ပရင့်တာကနေ ပလပ်စတစ်သေနတ် ကို ထုတ်လို့ ရပြီ

တစ်ယောက် ကတော့ တကယ်ပစ်လို့ ရတဲ့သေနတ် ကို အတွင်းအစိတ်အပိုင်းတွေ တစ်စချင်းထုတ်ပြီး ပရင့်ထုတ်တာအောင်မြင်သွားပါတယ်။အချက်အများကြီးတော့ ပစ်မရပါဘူး။

Tuesday, May 7, 2013

ကျောင်းသားကျောင်းသူလေးတွေ ကျောင်းချိန် မှာ အဖြူအစိမ်း နဲ့ ဆို အနာဂတ် မြန်ပြည်လှလာမှာပါ

ကျောင်းနေအရွယ် ကလေးတွေ အသက် ၁၆နှစ်အောက်တွေ ကျောင်းသားကျောင်းသူ အဖြစ်နဲ့  ကျောင်းချိန်မှာ အဖြူအစိမ်းလေးတွေ နဲ့ ဆို မြန်ပြည် အနာဂတ် လှလာမှာမလွဲပါဘူး

လက်တွေ့ ချက်ချင်းအကျိုးဖြစ်ထွန်းလာမှာကတော့...

ကလေး လုပ်သား ပပျောက်သွားမှာရယ်

ကလေးစစ်သား မရှိမှာ အသေအချာပါ

ကလေးခိုင်းသော အလုပ်တွေ မှာ အရွယ်ရောက်ပြီးသူတွေ ကျောင်းချိန်မှာ ဝင်လုပ်ပေးရမှာဆိုတော့

အလုပ်အကိုင်အခွင့်အလမ်း တိုးတတ်လာမှာပါ

ပညာတတ်သူ ကို အလုပ်ပေးရတာ ပညာမတတ်သူထက် သာမှာပါ

ကလေးတွေ လေလွင့်မရတော့တာပါ

ကျောင်းချိန်မှာ အသက်၁၆ နှစ်အောက် ကျောင်းမှာပဲ ရှိရတော့မှာဆိုတော့ အပြင်မှာ တွေ့ တာနဲ့ ချက်ချင်း ပဲ့ပြင် ထိန်းသိမ်း လို့ လွယ်ကူသွားမှာပါ

ကျောင်းချိန်မှာ ကျောင်းသားဟာကျောင်းမှာပဲရှိရမှာ လုပ်လို့ ရသွားမှာပါ

လယ်သမားသားသမီးလည်း ပညာသင်ရ အလုပ်သမားသားသမီးလည်း ပညာသင်ရ မြန်ပြည်ရှိ မည်သည့်ကလေးမဆို ပညာသင်ရမယ်ဆိုတာ ဖြစ်သွားမှာပါ

ကျောင်းချိန်တွေ မနက် ညခွဲတာတွေ က အဆောက်အဦးမလုံလောက်တာ ကို ဖော်ပြမှာဖြစ်တော့ အဆောက်အဦး သစ်တွေ ဆောက်ပြီး ကျောင်းချိန် တစ်ခုထဲမှာ အားလုံးညီညီညာညာ စည်းလုံးသွားတော့မှာပါ..

စာမသင်ရသော နယ်တွေမှာလည်း ကျောင်းတွေ ပေါ်လာမှာပါ တာဝန်ယူသူတွေ ပေါ်လာတော့မှာပါ..

မြန်ပြည်တစ်ပြည်လုံး ကကျောင်းချိန်မှာ ကျောင်းသားကျောင်းသူတွေ ကျောင်းမှာပဲ ဖြစ်လာရင် အများအားကိုးနေသူတွေ အတွက် အများအားကိုးတာထက် ကိုယ်အားကိုယ်ကိုးလာနိုင်မှာရယ်
ပံပိုးသူတွေ ကလည်း တာဝန်အနည်းငယ်သက်သာသွားပြီး စားရေးဝတ်ရေး ကို နည်းလမ်းရှာဖြေရှင်းနည်းတွေ လုပ်ဆောင်လာမှာပါ

အနည်းငယ်သောအခက်အခဲထက် ရသင့်တာတွေရ လုပ်သင့်တာတွေ လုပ်ရင်း အဆင်ပြေတာတွေတွေ့ လာနိုင်မှာပါ...

ခေါင်းလောင်းသံ တွေညီညာစွာ ကြားနိုင်ရန်မျှော်ရည်ရင်း

ငဝန်နဒီ

မြန်မာပြည်ရဲ့  ပထမဆုံး အခမဲ့ သတင်းစာ Messenger Daily Newspaper


      ၂၀၁၃ ခုနှစ် မေလ ရ ရက်နေ့ မှ စတင်၍ထုတ်ဝေလိုက်သော Messenger Daily Newspaper... 
 



   စတင် ထုတ်ဝေ သည့်နေ့မှ စပြီး နေ့စဉ် နေ့တိုင်းအခမဲ့....
ပရိုမိုးရှင်းလုပ်ပြီးပေးတဲ့အခမဲ့ လုံးဝလုံးဝ မဟုတ်ပါ .......
Messenger Daily Newspaper အား အခမဲ့ ရယူ ဖတ်ရှုနိုင်မည့် ရန်ကုန်မြို့အတွင်း နေရာတချို့
၁။ ရွှေကောင်းကြွယ် သင်္ဃန်းကျွန်း ၂ဝ(ဃ) တိုက်အမှတ်-ဝဝ၁၊ လေးထောင့်ကန်လမ်းမ၊ (စ)သုမင်္ဂလာ။
၂။ စည်းစိမ်ရှင် သင်္ဃန်းကျွန်း BOC- မှတ်တိုင်
၃။ မဟာရန်ကုန် သင်္ဃန်းကျွန်း စံပြဈေးမှတ်တိုင်
၎။ စိတ်တိုင်းကျ တောင်ဥက္ကလာ လိုင်စင်ရုံးမှတ်တိုင်
၅။ it တောင်ဥက္ကလာ အမှတ်-၁ဝ၂၃၊ သံသုမာလမ်းမ၊ မိုးဆွေမှတ်တိုင်အနီး။
၆။ ရွှေကောင်းကြွယ် တောင်ဥက္ကလာ ၃၁ဝ(က)၊ သစ္စာလမ်း၊ (၉) ရပ်ကွက်။
၇။ GALAXY POINT တောင်ဥက္ကလာ သံသုမာလမ်းမ၊ မြင်သာဈေးမှတ်တိုင်အနီး။
၈။ ရွှေကောင်းကြွယ် မြောက်ဒဂုံ အမှတ်-(၈၉၁၊၈၉၂)၊ ပင်လုံလမ်းနှင့် သင်းဝင်လမ်းထောင့်၊(၃၄) ရပ်ကွက်။ ဖုန်း-ဝ၉-၇၃၂ဝ၄၂၉၅
၉။ BO BO MIN TEA GARDEN မြောက်ဒဂုံ အမှတ်-၃၄/၈၆၅၊ ဦးဝိစာရလမ်း၊ မြောက်ဒဂုံ။ ဝ၉-၅ဝ၄၇၂၃၊ ဝ၁-၅၈၆ဝ၁၂၊ ဝ၉-၅ဝ၄၇၂၄၁။
၁ဝ။ လှိုင်မင်း လှိုင်မြို့နယ် အင်းစိန်လမ်း
၁၁။ အောင်စည်းစိမ် လှိုင်မြို့နယ် ကမာရွတ်သံလမ်း။ ဝ၉-၄၉၂၅၁၇၂။
၁၂။ စတိုင်ဝမ်း ကမာရွတ်မြို့နယ်အင်းစိန်လမ်းမ၊ ဘူတာရုံလမ်းမှတ်တိုင်။
၁၃။ it လှည်းတန်း ဝ၉-၄၂၅၂၉၃၃၁ဝ
၁၄။ အောင်ကောင်းစံ ကြည့်မြင်တိုင်အောက်လမ်းဗဟိုစံပြငါးဈေး (လက်ဖက်ရည်စားဖွယ်စုံ)
၁၅။ သုံးပန်လှ စမ်းချောင်းဗဟိုလမ်း ၆၈/၇ဝ။ ဝ၁-၅၁၉၂၉၆ (café & restaurant)
၁၆။ စည်းစိမ်ရှင် တာမွေမြို့နယ် သတိပဌာန်လမ်း
၁၇။ ကဖီးနှင့် မင်္ဂလာမုန့်တိုက် ပန်းဘဲတန်း အမှတ်-၂၇၉၊ (၂၈) လမ်းထိပ်၊ အနော်ရထာလမ်း။
၁၈။ SUPER KING လမ်းမတော်မြို့နယ်
၁၉။ စံပြ ဒေါ်ကြည်မုန့်ဟင်းခါး လမ်းမတော်မြို့နယ် အမှတ်-၈၈၊ ဝါးတန်းလမ်း၊ ဝ၁-၂၂၃၆၅၉။
၂ဝ။ မဟာရန်ကုန် လမ်းမတော်မြို့နယ် အမှတ်-၈၃၄၊ မဟာဗန္ဓုလလမ်း၊ (၉) လမ်းထိပ်။
၂၁။ မဟာရန်ကုန် လမ်းမတော်မြို့နယ် အမှတ်-၂၈၆၊ (၆) လမ်းထိပ်၊ အနော်ရထာလမ်း၊ ဝ၉-၄၃ဝ၉၄၆၆၆၊ ဝ၉-၄၂၅၃ဝ၅၆၆၆။
၂၂။ အောင်ဘရားသား သာကေတ ၈-ဂိတ်
၂၃။ ပွိုင့် သာကေတ ဦးစိန်ထွန်း၊ အဝိုင်းဂိတ်။
၂၄။ မဟာရန်ကုန် ပုဇွန်တောင် အထက်ပုဇွန်တောင်လမ်းမကြီး။
၂၅။ အောင်ဘရားသား သာကေတ ဦးသိန်းစိုး၊ ခိုင်ရွှေဝါမှတ်တိုင်၊ ရှုခင်းသာမြို့ပတ်လမ်း၊ (၇) ရပ်ကွက်။
၂၆။ ခရေဖူး ကြည့်မြင်တိုင် ထီးတန်းအိမ်ရာ၊ အမှတ်-ဝဝ၇၊ အခန်း-၅၈/၆၄။
၂၇။ လွန်ဌေး ကြည့်မြင်တိုင် သီရိမင်္ဂလာဈေးဟောင်းအနီး၊ ကမ်းနားလမ်း၊ ထီးတန်း၊ အမှတ်-၅၄ဝ။
၂၈။ ကာကာမင်း ကြည့်မြင်တိုင် ကြည့်မြင်တိုင်ကမ်းနားလမ်းနှင့် အိုးဘိုလမ်းထောင့်၊ အမှတ်-(၁ဝ) ဖုန်း-၈၇၄၃ဝ၈၄။
၂၉။ King အလုံမြို့ သီရိမင်္ဂလာဈေးဟောင်းရှေ့။
၃ဝ။ ကြယ်စင်သန့် အလုံမြို့ အလုံမြောင်းကြီးဆိပ်မှတ်တိုင်၊ သီရိမင်္ဂလာဈေးဟောင်း အိမ်ရာဝင်း။
၃၁။ ကာကာမင်း အလုံမြို့ ဆင်မင်းဈေးမှတ်တိုင်၊ ကမ်းနားလမ်း။
၃၂။ ကုဋေကြွယ် အလုံမြို့ ကွင်းကျောင်းလမ်း၊ အမှတ်-၅၁၊ ဖုန်း-၅၄ဝ၃၈၅၊ ဝ၉-၄၂ဝ၂၇၆၃၁၁။
၃၃။ သီဟမင်း အလုံမြို့ အလုံ ကမ်းနားလမ်း၊ ကပရဝင်း၊ အမှတ်-၁၉၅။
၃၄။ သုံးပန်လှ သုဝဏ္ဏ၊ သင်္ဃန်းကျွန်း သံသုမာလမ်း၊ ကသစ်မြိုင်လမ်းထိပ်၊ ၅၇၈၄၉၂။
၃၅။ သုံးပန်လှ ကျောက်တံတား မဟာဗန္ဓုလလမ်း၊ (၃၂) လမ်းထိပ်။
၃၆။ ရွှေခေါင်းလောင်း ပန်းဘဲတန်း အမှတ်-၃၆၅၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ၂၄ဝ၂၂၅။
၃၉။ မဟာရန်ကုန် ပုဇွန်တောင်မြို့နယ် တိုက်အမှတ်-၁ဝ၅၊ မြေညီထပ်၊ အနော်ရထာလမ်းနှင့် ၅၁ လမ်းထောင့်။
၃၈။ မာကျူရီ ဗိုလ်တထောင်မြို့နယ် (၄၆) လမ်းထိပ်၊ အနော်ရထာလမ်း။
၃၉။ လောကနတ် ဗိုလ်တထောင်မြို့နယ် (၅ဝ/၅၁) လမ်းကြား၊ မဟာဗန္ဓုလလမ်း။
၎ဝ။ it ဗိုလ်တထောင်မြို့နယ် (၅၁)လမ်း၊ ကုန်သည်လမ်း။
 


လစာ တွေ တိုး ဆန်ဈေးတတ် ဒေါ်လာဈေးပါတတ်

မြန်ပြည် မှာ ပြောင်းလဲတာတွေ လုပ်နေတာတွေ အများကြီးပါ ဒီနေရာမှာ ပြောင်းလဲတာတွေ ကို လက်ခံရမှာပါ

တစ်ခုဘာသွားတွေ့ လည်းဆိုတော့ အရင်လို လှည့်စားပြီး ကိုယ်ကျိုးစီးပွားသမား ပြောင်းဖူးတွေ လက်ထဲ မှာ တံတွေးခွက်မျောတာ များလာလို့ 

Progress Nil ဖြစ်နေပါပြီ

အလုပ်တစ်ခု က တိုးတတ်မူ ရှိလားမရှိလား အကျိုးအမြတ် ရှိလားမရှိလား ကြည့်ရမှာပါ

ကားကိစ္စ    အများသုံး Bus ကားတွေ ကြပ်နေသေးလား ဆိုတော့ သက်တောင့်သက်သာ ထင်သလောက်မရှိသေးတော့ ကားသွင်းခွင့်ပေးတာတို့ 

လှည်းအစား ကားအသေးတွေ လယ်သမားလက်ထဲ ရောက်ပြီလား ဆိုတော့ အဝေးကြီးမှာပါ

ဝန်ထမ်းတွေ ကားစီးဖို့  ဝေလာဝေး ဖယ်ရီစနစ်တွေ ရော မရှိလာတော့

ကားကိစ္စ Progress Nil

ဖုန်း ကိစ္စ က တော့ လုပ်နေတုန်းဆိုတော့ မပြောသာသေးပေမဲ့ ထိန်းချုပ်ထားတဲ့ စနစ်ထက် စနစ်တကျနဲ့  လုပ်တဲ့ စနစ် ကို အတူတူ ဖြစ်ဖို့ လုပ်နို်င်ရင် အကောင်းဆုံးပေါ့

လစာ တိုးတာကတော့ Progress Nil ဆိုတာထက် အနုတ်တောင် ထွက်သွားတာပါ

လစာတိုးတာ ဝန်ထမ်းတွေ လာဘ်စားဖို့  လုပ်စရာမလိုအောင် ကောင်းမွန်လာအောင် အထောက်အကူ ဖြစ်အောင် လုပ်တာဖြစ်မှာပါ

လစာ တိုးတာတော့ ကြိုဆိုပါတယ် ဒေါ်လာဈေး က ရှစ်ရာ ကျပ်ဝန်းကျင်ကနေ ကိုးရာ ကျပ်ဝန်းကျင် တတ်လာတော့

တဖက်ကလုပ် တဖက်ကဖျက်တာ ကို တွေ့ ရသလို အဲတာထက် လစာတိုးတာကနည်းနည်း ဒေါ်လာက တတ်သွားတာ လစာတိုးတာထက် အဆအတော်လေးများတာ တွေ့ ရတော့ လစာတိုးတာ Progress Nil

အဲတာထက်ဆိုးတာက ဆန်ဈေး တတ်သွားတာ အများပြည်သူတွေ စားဝတ်နေရေး ကို ထိခိုက်သွားပြီး အပြင်အလုပ်သမားတွေ ဆန္ဒတွေ ပြကုန်တော့ အနုတ်ကို ပြတော့တာပဲ

ဒီနေရာမှာ ကားဈေး ကိုပါတတ်လာတော့ အရင်အတိုင်း ကို ပြန်ဖြစ်နေတာ့ ဘာမှာ မပြောင်းတဲ့စနစ် ကို ပြန် အသက်သွင်းသလို ဖြစ်နေပါတယ်

ဒီနေရာမှာ ကောင်းတာ တစ်ခုတော့ ရေးရရင် ပြောင်းလဲ နေပါပြီလို့ ပြောတဲ့ အရာအားလုံး ကို ကြိုဆိုပါတယ်

အဲလိုပြောပြီး ပြောင်းတဲ့အရာ တစ်လလောက်တော့ အဲဒီပြောစကားနဲ့ ဝမ်းသာ ကြည်နှုးရတဲ့ စိတ် နဲ့  တစ်လတော့ စိတ်ချမ်းသာ သယောင်ဖြစ်ရတာ ကောင်းတာကိုတွေ့ ရပါတယ်
 ဒေါ်လာဈေး ကတော့ ၂ပတ်အတွင်းမှာတတ်တာဆိုတစ်လတောင် စိတ်မပျော်လိုက်ရပါဘူး
တကယ်ရတာ စိတ်ကျေနပ်မှုသက်သက်ရယ်ပါ  ရုပ်ဝတ္ထုကတော့ အဝေးကြီးမှာပါ

နောက်ကအဖျက် က ထပ်ကြပ်မကွာ လိုက်လာတာတွေ တွေ့ ရတော့ စိတ်မကောင်းဖြစ်ရပါတယ် အခုတော့
ဘာမဆိုင်တဲ့ ပြည်သူတွေ ပါခံနေရတော့ ပြောင်းလဲရင်လည်း Progress ကို မြင်ချင်ကြတာပါ

ဒေါ်လာ ဆို ဗဟိုဘဏ် က ထိန်းချုပ်တာဆိုတော့ မထိန်းတာ ကို တွေ့ ရတော့ တမင်လုပ်တာဆို ရင်တော့
စနစ်တကျ နဲ့  အရာရာကို လုပ်တာလား အဖျက်က အင်အားကြီးနေတာလား

ခံလိုက်ရတာကတော့ ပြည်သူတွေပါ...

ဒါပေမဲ့ မြန်မာတွေပဲဆိုတော့ ရိုးနေတာနဲ့  ရောင့်ရဲတတ်တာနဲ့  ပြောင်းဖူးကို ပြုပ်စားလိုက်ပါတာ အကောင်းဆုံးပါပဲ...

အလုပ်ဆိုသည်မှာ ဘယ်လောက်ချွေးထွက်ထွက် ထမင်းဝအောင်လုပ်အားခမရရင် ဘေးထွက်ဆိုးကျိုးတွေသာများနေမှာပါ...

မြန်ပြည်အနာဂတ်လှဖို့  မြန်ပြည်အရေးလုပ်သူတိုင်း Progress ရနိုင်ကြပါစေ

ငဝန်နဒီ

Wednesday, May 1, 2013

May Day မရှိတဲ့ ဂျပန် မှာ နေပြီး မှတ်မှတ်ရရ ပျိုး ကို စရေးပါမယ်

ပျိုး က ဘယ်သူကြိုက်ကြိုက် မကြိုက်ကြိုက် ရေး ကို ရေးသင့်လို့ ရေးမှာပါ
 
မြန်မာနိုင်ငံသားဖြစ်နေတာကိုး

ပျိုး က သုံးမယ်ဆိုသုံး အသုံးတော့ တစ်ချိန်ချိန်တော့ အသုံးဝင်နိုင်သလို တစ်ခါတရံ မှာ မလိုအပ်တော့တာတွေ ဖြစ်နေမှာပါ သူထက် ရှင်သန်လို့ ကောင်းတဲ့ ချက်ချင်းချစိုက် အခုချက်ချင်းစား သီးပင်တွေ ရှိနေရင်ပေါ့

ဘယ်အရာမှ လွယ်လွယ် ထိုးဖောက်လို့ ရမှာလဲ

ပျိုးရေးရတဲ့ အကြောင်းက....

ကလေးတွေ ကျောင်းနဲ့ ဝေးနေလို့ 

ကျောင်းတတ်နေတဲ့ ကျောင်းသားတွေ တက္ကသိုလ်ကျောင်းသားတွေ အပါအဝင် နိုင်ငံအတွက် လုပ်ရင်း ပေးဆပ်နေရတဲ့ ဘဝတွေ ကို ကာကွယ်ပေးဖို့  ပါတီသီးသန့် ပေါ်လာစေချင်တာရယ်

၈၈ မျိုးဆက်ကျောင်းသားတွေ မကာကွယ်နိုင်တဲ့ အခါ လွတ်တော်ကနေ တရားဝင် စနစ်တကျ လူငယ်တွေ ကို ကာကွယ်စေရန် အတွက် ပါ

အလုပ်လုပ် ရင်း ငတ်မွတ် နေသူတွေ အလုပ်သမားတွေ ရသင့်သောလုပ်အားခရပြီး မသမာနည်းမလို  ဆန္ဒ ပြစရာမလို ကာကွယ် မှု အပြည့် ပေးမဲ့ အလုပ်သမားအသံ နားထောင်သော ပါတီမဟုတ် အလုပ်သမားတွေ ကိုယ်တိုင်ပါဝင်ပြီး အလုပ်သမား အရေး ကို တရားဝင် နည်းလမ်း နဲ့  လွတ်တော်မှာ ပြောဆိုနိုင်ရန် အလုပ်သမားပါတီ သီးသန့် ပေါ်လာပြီး နိုင်ငံရေး စားဖားများအောက်က လွတ်လွတ်လပ်လပ် ပါတီ ပေါ်လာစေဖို့ 

မြေယာပျောက်ရင်း နေရာပါပျောက်နေသူ လယ်သမားတွေ အတွက် တရားဝင် ပါတီ လယ်သမားကိုယ်တိုင်ဖြစ်သော လွတ်တော် ကိုယ်စားလှယ်ပေါ်ပေါက်လာရေး လယ်သမားအရေး ကို လယ်သမားလက်ထဲ ရောက်စေဖို့ 

ပြည်သူတွေ အတွက် ကတော့ ထွေထွေရာရာ လိုရာတွေ အတွေးသစ်ဖောက်ထွက်နိုင်အောင် ရေးပါမယ်
ဥပမာ ရထားဆို  မီးမလာတော့ ဘက်ထ္ထရီ နဲ့  အင်ဂျင်နဲ့ ရောတဲ့ ရထားမှာ မြန်ပြည်မှာက  ကာဗွန်လည်းအထွက်နည်း နည်းသစ်လည်းရ
နေကပူ ဆိုတော့ ဆိုလာ ရထား တို့ 

မြေဈေး ကလည်းကြီးတော့ မြေအောက်ရထားတို့ 
လှည်းဆိုရင်တော့ အောက်က ပုံအတိုင်းပေါ့ ကား
ပါမစ်ဈေးကြီးတော့ ထမင်းတောင် တစ်နပ်ပဲစားဆိုတော့ ဘီးလည်း တစ်ဘီးပဲတပ်တဲ့ လှည်း

အတွေးသစ်တွေ က ပျိုး

ငဝန်နဒီ